Advertisement

Responsive Advertisement

ဓမ္မစကူးလ်ကျောင်း မှတ်ပုံတင်နည်း

#ဓမ္မစကူးလ်ကျောင်း_မှတ်ပုံတင်နည်း

**************************


မိမိတို့ဖွင့်လှစ်ဆဲ ဖွင့်လှစ်မည့် ဓမ္မစကူးလ်ကျောင်းများကို Dhamma School Foundation ကြီး၏ တရားဝင် အသိအမှတ်ပြု ဖြစ်စေရန် မှတ်ပုံတင်နည်းအား ဖော်ပြပေးပါမည်..။


ဓမ္မစကူးလ်ဖောင်ဒေးရှင်းအနေဖြင့် ဓမ္မစကူးလ်များကို အသိအမှတ်ပြုရာတွင် နည်းလမ်းနှစ်မျိုးဖြင့် အသိအမှတ်ပြုပါသည်။


၁။ ဓမ္မစကူးလ်ဖောင်ဒေးရှင်းနှင့် တိုက်ရိုက်ချိတ် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဓမ္မစကူးလ် ကျောင်းများ။


၂။ ဓမ္မစကူးလ်ဖောင်ဒေးရှင်းနှင့် နှစ်ဦးနှစ်ဖက်သဘောတူ ထူထောင်ထားသော ဘာသာရေး၊ ပညာရေး၊ လူမှုရေးအသင်း မိတ်ဖက်အဖွဲ့အစည်းများက ဓမ္မစကူးလ်ဖောင်ဒေးရှင်း မူများနှင့်အညီ သင်ကြားပြသရန် သဘောတူပြီး အကောင်အထည်ဖော် ဆောင်ရွက်နေသော ဓမ္မစကူးလ်ကျောင်းများ။


အဆိုပါ ကျောင်းများကို အသိအမှတ်ပြု ကျောင်းများအဖြစ် ကျောင်းမှတ်ပုံတင်နံပါတ်များ ထုတ်ပေးပြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်းရုံးတွင် ဓမ္မစကူးလ်များ၏ ပညာရေးစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Dhamma School Education Management Information System – DSEMIS) တွင် ထည့်သွင်း မှတ်တမ်းတင်ထားနိုင်ရေးအတွက် အောက်ပါအချက်အလက်များ ထည့်သွင်းကာ အဆိုပြုလျှောက်လွှာ တင်သွင်းရပါမည်..။


ဓမ္မစကူးလ်ကျောင်း မှတ်ပုံတင် အဆိုပြုလျှောက်လွှာ


1. ကျောင်းအမည်


2. ကျောင်းတည်နေရာ


3. ကျောင်းစတင် ဖွင့်လှစ်သည့်နေ့


4. ဖွင့်လှစ်ရန် ရည်ရွယ်ထားသည့် ကျောင်းအဆင့် (မူ/လယ်/ထက်)


5. ကျောင်းအုပ်ကြီး သို့မဟုတ် ကျောင်းတာဝန်ခံ၏အမည်


6. ဆက်သွယ်ရန်လိပ်စာ (စာပေးစာယူအတွက်)


7. ဆက်သွယ်ရန် ဖုန်းနံပါတ်များ


8. အီးမေးလ် (ရှိပါက) လိပ်စာ


9. ကျောင်းကို ပံ့ပိုးသည့်အဖွဲ့အစည်း (အောက်ပါတို့မှ ရွေးပါ။)

(A) ဘာသာရေးအသင်းအဖွဲ့

(B) လူမှုရေးအသင်းအဖွဲ့

(C) ကိုယ်ထူကိုယ်ထ

(D) အခြား


10. ကျောင်းစတင်ဖွင့်လှစ်စဉ် ရှိသော ကျောင်းသားဦးရေနှင့် ဆရာ၊ ဆရာမစာရင်း - စသည်တို့ကိုဖြည့်သွင်းကာ ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဗဟိုသို့ တင်ပြတောင်းဆိုရပါမည်..။


ဓမ္မစကူးလ် ကျောင်းတစ်ကျောင်းတွင် ပြည့်စုံရမည့် အင်္ဂါများနှင့် အချက်အလက်များကိုလည်း ဆက်လက် တင်ပြပေးသွားပါမည်..။

ကလေးငယ်များရင်ထဲ ဘာသာရေး အဆုံးအမများ ကိန်းအောင်းစေရေး..၊ စာရိတ္တများ ကောင်းမွန်စေရေး၊ ဓမ္မစကူးလ်ကျောင်းများ နိုင်ငံအနှံ့ ပေါ်ပေါက်လာရေးနှင့် ဖွင့်လှစ်ရန် စိတ်ကူးစိတ်သန်းရှိနေသော ကျောင်းတိုက်များအတွက် ရည်ရွယ်ပါသည်..။


ဓမ္မစကူးလ် ကျောင်းများ ဖွင့်လှစ်နိုင်ဖို့အတွက် အကြံဉာဏ်များကိုလည်း တောင်းခံနိုင်ပါသည်...။


ဓမ္မစကူးလ် ဖောင်ဒေးရှင်း ဗဟို..

Dhamma School Foundation

ဥက္ကဌဆရာတော်ကြီး

အရွင္ သီရိ ကဥၨန

ပြည်ပအဖွဲ့ခွဲ(၁) ထိုင်းနိုင်ငံ, မဲဆောက်မြို့

မဲဆောက်ကျောင်းကြီး ဓမ္မစကူးလ် #วัดแม่ซอดน่าด่าน (วัดเงี้ยวหลวง)

ဦးဆောင်ဆရာတော်

အရှင် ဇောတိ See less

 

Post a Comment

0 Comments