Advertisement

Responsive Advertisement

သာသနာတော်ဆိုင်ရာ ပရိယတ္တိဘွဲ့များ

 


#သာသနာတော်ဆိုင်ရာ #ပရိယတ္တိဘွဲ့များ

******************

(ကြိုးစားမှသာရသောဘွဲ့များ)


၁။ အခြေပြုမူလတန်း

၂။ ပထမငယ်တန်း

၃။ ပထမလတ်တန်း

၄။ ပထမကြီးတန်း

၅။ ဓမ္မာစရိယတန်း

ဤ ၅ တန်းပြီးမှ သာသနဓဇဓမ္မာစရိယဘွဲ့"ရရှိသည်။


၁။ အခြေပြုမူလတန်း

အခြေပြုမူလတန်းတွင်

ဝိနည်း၊ သဒ္ဒါ၊သင်္ဂြိုဟ်၊မာတိကာ"ဟူ၍

ဘာသာလေးရပ် ပြဌာန်းသည်။


၂။ ပထမငယ်တန်း

ပထမငယ်တန်းတွင်

ဝိနည်း၊သဒ္ဒါ၊ သင်္ဂြိုဟ်၊ မာတိကာ ၊ဇာတ် ဟူ၍

ဘာသာရပ် ငါးရပ်ပြဌာန်းသည်။


၃။ ပထမလတ်တန်း

ပထမလတ်တန်းတွင်

ဝိနည်း၊သဒ္ဒါ၊ သင်္ဂြိုဟ်၊ မာတိကာ ၊‌

အောက်ယမိုက်(၅)ကျမ်း၊ ဇာတ် ဟူ၍

ဘာသာရပ် ၆ ရပ် ပြဌာန်းသည်။


၄။ ပထမကြီးတန်း

ပထမကြီးတန်းတွင်

ဝိနည်း၊သဒ္ဒါ၊ သင်္ဂြိုဟ်၊အဘိဓာန်+အလင်္ကာ+ဆန်း၊

ပဌာန်းကျမ်း၊ အထက်ယမိုက် (၅)ကျမ်း၊

ဇာတ် ဟူ‌၍ ဘာသာရပ် ၇ ရပ် ပြဌာန်းလျက်

၇ ရက်တာ ဖြေဆိုရလေသည်။


၅။ ဓမ္မာစရိယတန်း

ဓမ္မာစရိယတန်း တွင်

ပါရာဇိကဏ်ကျမ်း

သီလက္ခန်ကျမ်း

အဋ္ဌသာလိနီကျမ်း ဟူ၍ ကျမ်းကြီး( ၃) ကျမ်း

ပြဌာန်းသည်။


အခက်ခဲဆုံးလည်း ဖြစ်သော ယင်း ကျမ်း(၃)ကျမ်း

ပြီးမှသာ "သာသနဓဇဓမ္မာစရိယဘွဲ့" ရရှိလေသည်။

✓"#သာသနဓဇဓမ္မာစရိယဘွဲ့" ရရန်အတွက်

ဉာဏ်အင်မတန် ထက်မြတ်သူမှသာ ၇ နှစ်

၈ နှစ်အတွင်းပြီးမြောက်လေ၏။ ဉာဏ်အား

မလိုက်နိုင်၍ ကြိုးစားသူဖြစ်က ၁၀ နှစ် ၁၅ နှစ်ခန့်

ကြိုးစားရလေသည်။

××××××××××××××××××××


#အလင်္ကာရဘွဲ့

အလင်္ကာရအတန်းတွင်

၁။ ပထမဆင့်

၂။ ဒုတိယဆင့်

၃။ တတိယဆင့် ဟူ၍ သုံးဆင့်ရှိလေသည်။


√ ၁။ ပထမဆင့်တွင်

ဝိနည်း(မဟာဝါပါဠိတော်)၊

အင်္ဂုတ္တိုရ်( ဧက၊ဒုက၊တိက)

ဓမ္မပဒ ဟူ၍ ၃ ကျမ်းပြဌာန်းသည်။

√ ၂။ ဒုတိယဆင့်၊ ၃။ တတိယဆင့်တွင်လည်း

ဝိနည်း၊ အင်္ဂုတ္တိုရ်၊ ဓမ္မပဒ ဟူ၍

အထက် အထက် ပါဠိတော်တွေ ပြဌာန်းသည်။


ယင်း (၃) ဆင့် ပြီးမြောက်သော်

ဝိနည်းပိဋကတ် _ ၅ ကျမ်း

အင်္ဂုတ္တိုရ် _ ၁၁ ကျမ်း

ဓမ္မပဒ _ ၃ အုပ် ကုန်၍

ပိဋကတ် ၃ ပုံ တစ်ဝက် ကျိုး ပြီးလေသည်။

အလင်္ကာရ စာမေးပွဲ သည် ၃ _ဆင့်ပင် ရှိသော်လည်း

၃ နှစ်တည်း နှင့် အောင်မြင်သူမှာ ရှားလေသည်။

၅ နှစ် ၆ နှစ် ကျော် ကြိုးစားမှသာ အများအားဖြင့် ပြီးမြောက်ကြလေသည်။

‌ဆရာတော်ကြီးများက ဤ စာမေးပွဲကို

နပန်းပွဲ ဟူ၍ပင် တင်စားကြလေသည်။

အလွန် ခက်ခဲသော စာမေးပွဲဖြစ်သောကြောင့်ပါတည်း။


××××××××××××××××

#အဘိဝံသဘွဲ့

အဘိဝံသ အတန်းဟူသည်

၁။ စာသင်တန်း

၂။ စာချတန်း ဟူ၍ ရှိသည်။

ရဟန်းများသာ ဖြေဆိုခွင့်ရှိသော အတန်းဖြစ်သည်။

၁၀ ဝါ (အသက်_၃၀)အထိ လည်း ကန့်သတ်ထားသည်။ အများဆုံး ၁၅ ဝါ (၃၅_နှစ်အထိဟူ၍လည်း ကန့်သတ်ထားသည်။နှစ်အနည်းဆုံး ၅ နှစ် ၆ နှစ် နှင့်ပြီးသူမှ နည်းပါသည်။၁၀ နှစ် ၁၅ နှစ် အချိန်ပေးကြရသည်။

အလွန့်_အလွန်_အင်မတန်အခက်ခဲဆုံးစာမေးပွဲဖြစ်သည်။

✓ပရိယတ္တိပညာရေးလောကတွင်

ဒုတိယတန်းထိပ်ခေါင်တင် ဘွဲ့"ကြီးလည်း ဖြစ်၏။

တစ်နှစ်မှ_နှစ်ပါး_သုံးပါး မျှသာ ထွက်၏။

ဆရာတော်ဘုရားကြီးများက ထို့ကြောင့်

ဤ အဘိဝံသစာမေးပွဲကြီးကို လူသတ်ပွဲဟူ၍

မိန့်လေ၏။

ကံ ဉာဏ် ဝီရိယ ပြည့်စုံပါမှ အောင်မြင်နိုင်သော

စာမေးပွဲများပါတည်း။

××××××××××××××××××××


"#တိပိဋကဘွဲ့"

***********

ဤ တိပိဋက ဘွဲ့သည်ကား

အရှည်ကြာဆုံး စာမေးပွဲလည်း ဖြစ်၏။

မင်းကွန်းဆရာတော်ဘုရားကြီးအမှုးအစပြုလျက်

သာသနာတော်တွင် (၁၅) ပါး မျှသာ ပေါ်ထွန်းသော

ပဌမထိပ်ခေါင်တင်စာမေးပွဲကြီး ဖြစ်လေသည်။

ဤမျှလောက်ဖြင့် တိပိဋက စာမေးပွဲကြီး၏

ခက်ခဲပုံကား နှိုင်းပြဖို့ပင် မဝံ့တော့ပါ။

*********************

#ပိဋကတ္တယပါဠိပါရဂူဘွဲ့

_______________

ပိဋကတ္တယပါဠိပါရဂူဘွဲ့ဟူသည်

၁။ ဝိနယပါဠိပါရဂူတန်း

၂။ သုတ္တန္တပါဠိပါဂူတန်း

၃။ အဘိဓမ္မပါဠိပါရဂူတန်း ဟူ၍ ရှိသည်။

ဤ စာမေးပွဲများကား ပါဠိဘာသာဖြင့်သာဖြေဆိုရသော စာမေးပွဲဖြစ်လေသည်။ အလွန် ခက်သော စာမေးပွဲဖြစ်၍ ပိဋကတ္တယပါဠိပါဂူဘွဲ့ရသူမှာလည်း

အနည်းငယ်မျှသာ ရှိလေသည်။

Post a Comment

0 Comments