နာရီတစ်ခုမှာ လက်တံလေး
၃ ခုရှိတယ်..
ဒီလက်တံလေးတွေအနက်က တစ်ခုဟာဆိုရင်တော့ စက္ကန့်တန်လို့ အများပြီး..
အခြားသောလက်တန်များကိုတော့ နာရီ မိနစ် စသည်ဖြင့် သတ်မှတ်ကြသည်..။
စက္ကန့်တံလေးဟာ အခြားသော လက်တံတွေထက် အပတ်ရေပိုများပြီး အလုပ်ကို
ပိုပြီးလုပ်ရပေမယ့်..
ထင်ရှားကျော်ကြားခြင်းကိုတော့ နာရီလက်တံနှင့် မိနစ်လက်တံတို့
သာ ရရှိကြတယ်..။
၄◌င်း နာရီမိနစ် လက်တံတို့ လည်ပတ်နိုင်ဖို့ စွမ်းအားကို စက္ကန့်လေးက ထုတ်ပေးရပြီး..
တကယ်တမ်း လူတွေ တမ်းတ ပြောဆိုနေတာကတော့ ဘယ်နှစ်နာရီ ဘယ်နှစ်မိနစ်ရှိပြီလို့သာ
ပြောကြတယ်..။ ဘယ်နှစ်စက္ကန့်ရှိပြီဟူ၍ မပါရှိပေ…။
. လောကမှာလည်း အလားတမူ မခြားတူပင်. တစ်ချို့တစ်ချို့သော လူတွေက
အများထက်ပိုပြီး
အလုပ်တွေ လုပ်ကြရတယ်..၊ အပင်ပန်း ခံရတယ်..။ အပြောအဆို အထုအထောင်း၊
ကဲ့ရဲ့ပြစ်တင် ညိုငြင်တဲ့ ဓါဏ်တွေကို ခံကြရတယ်.. သို့သော်လည်း အများရဲ့ အသိမှတ်ပြုခြင်း
ချီးမွမ်းမှုကိုတော့ မခံကြရရှာဘူးး..
အဝေးတစ်နေရာမှ လာ သူတို့သာလျှင် သူ့ရဲ့ကြိုးစားထုတ်မှု အသီးအပွင့်ကို
ဆွတ်ချူပြီး အပေါ်ယံနှမ်းဖြူးကာ မျက်နှာကောင်း ရယူသွားကြသူတွေသာ များလှပေတယ်..။ ဒီလိုလုပ်ရပ်တွေကိုလည်း
အမှတ်မထား မပြတ်သားတဲ့ ပတ်ဝန်းကျင်တွေက အသိအမှတ် ပြုထားကြလေရဲ့…။
မည်သို့ပင်ဆိုစေကာမူ သွေဖယ် တိမ်းစောင်း မကောင်းဖြစ်နေတဲ့
ပတ်ဝန်းကျင်နဲ့ လူသားတွေကို အချိန်ကုန်ခံ ဝေဖန်မနေဘဲ.. မိမိအလုပ် မိမိသာလုပ်နေလိုက်ပါ..
အချိန်တန်တဲ့အခါ.. ဘဝမှာ.. ကောက်ရိုးမီးနဲ့ ဖွဲမီးပမာ
ဘယ်သူက ဘာဆိုတာ အချိန်ကပဲ ခွဲခြားပြသွားပါလိမ့်မယ်..။
အရှင်ဇောတိ(နံ့သာနီ)

0 Comments