Advertisement

Responsive Advertisement

ဓမ္မကထိကတို့ ထားရှိရမည့် စိတ်ထား(၅) ပါး


 

ဓမ္မကထိကတို့ ထားရှိရမည့်  စိတ်ထား(၅) ပါး

၁။ အစဉ်အတိုင်း တရား စကားကိုဟောမည်ဟု နှလုံးသွင်းလျက် သူတစ်ပါးတို့အား တရားဟောရမည်..။

၂။ အကျိုးအားလျော်သော အကြောင်းကို ပြလျက် တရားစကားကို‌ဟောမည်ဟု နှလုံးသွင်းလျက် သူတစ်ပါးတို့အား တရား ဟောရမည်။

၃။ အစဉ်သနားခြင်းကိုစွဲ၍ တရားစကား ဟောမည်ဟု သူတစ်ပါး တို့အား တရားဟောရမည်..။

၄။ အာမိသကို မငဲ့ကွက်သော စိတ်ရှိသည်ဖြစ်၍ တရားစကားကို ဟောမည်ဟု သူတစ်ပါးတို့အား တရားဟောရမည်။

၅။ မိမိ သူတစ်ပါးတို့ကို မထိပါး မပုတ်ခတ်မူ၍ တရားစကားကို ဟောမည်ဟု နှလုံးသွင်းလျက် သူတစ်ပါးတို့အား တရားဟောရမည်..။ (အံ ပါ၊ ၁၆၂၊ ဌ- ၅၅)

Post a Comment

0 Comments