အတွေးတစ်ချက် ဆေးတစ်ခွက်
==================
ပီသတဲ့ အရေးနဲ့
ညီမျှတဲ့ အတွေးတွေကသာ
သင့်ရဲ့စိတ်ကို အမှန်တကယ်
အေးချမ်းစေနိုင်မှာပါ..။
စာအုပ် စာပေဆိုတာ..
အကြံဉာဏ်ကောင်းတို့ နားခိုရာ..
အတွေးခေါ် ကောင်းတို့ ကျက်စားရာ..
ခံစားချက်တို့ မျှဝေရာ..
သမိုင်းကြောင်းတို့ ရေးထိုးရာ..
ဓမ္မစာပေတို့ ဖြန်ဝေရာ..
ခွန်အားသစ်တို့ မွေးဖွားရာ..
ကိုယ့်ကိုကိုယ်တောင်
တည်ငြိမ်အောင် မထိန်းချုပ်နိုင်ဘူးဆိုရင် …
ကိုယ့်ကိုကိုယ်တောင်
ရင့်ကျက်အောင် မတည်ဆောက်နိုင်ဘူးဆိုရင်..
ကိုယ့်ကိုကိုယ်တောင်
စိတ်ချမ်းသာအောင် မထားနိုင်ဘူးဆိုရင်..
ကိုယ့်ကိုကိုယ်တောင်
ဒုက္ခလွတ်ရာ လမ်းကြောင်းကို မရှာဖွေနိုင်ဘူးဆိုရင်..
ဟိုလူ့အတွက် ဟိုဟာလုပ်ပေးမယ်
ဒီလူ့အတွက် ဒီလုပ်မယ်ဆိုပြီး
စိတ်ကူးယဉ်မနေပါနဲ့..
လောကမှာ
ငွေတစ်ခုထဲ အာရုံစိုက်ထားရင်
တခြားအရာတွေ လွတ်ကုန်တယ်...
ရလာဘ်က
သင်လဲကျချိန်မှာ တွဲထပေးမယ့်သူ မရှိတော့ဘူး ဆိုတာပဲ..
လောက ဓမ္မ နှစ်ဌာနမှာ အကျိုးရှိအောင်
အပြောတွေ ကောင်းနေဖို့ထက်
အကောင်းတွေသာ ပြောနေပါ...
ဟိတ်-ဟန် ရှိဖို့ထက်
စိတ်မှန်ကိုသာ သိအောင်လုပ်ပါ...
သေနေသော ရှင်ဘုရင်ထက်
ရှင်နေတဲ့ သူတောင်းစားက မြတ်တယ်..
အသက်ရှင်ခြင်း၏ တန်ဖိုးကို နားလည်ပါ..
ကိုယ့်ဘဝကို ပျော်ရွှင်မှု ပေးနေတဲ့ အရာတိုင်းလည်း
ကိုယ့်အတွက် ရွေးချယ်မှုအမှန် မဖြစ်နိုင်ဘူးနော်...
ပစ်ပြီးသော - မြှား
ပြောပြီးတဲ့ - စကား
ကုန်သွားသော - အချိန်
ဆုံးသွားတဲ့ - မိဘ
ပြန်ရရိုး ထုံးစံမရှိ ။
ထိုကြောင့်
မပစ်မီ - ချိန်ဆ
မပြောမီ - စဉ်းစား
မလွန်မီ - အသုံးချ
မိဘရှိစဉ် - ပြုစုကြ ။
ယခု သင့်ဘဝမှာ
ကောင်းတာတွေပဲ ကြုံနေ ကြုံနေ
မကောင်းတာတွေပဲ ကြုံနေ ကြုံနေ
အမြဲထာဝရ မဟုတ်ဘူးဆိုတာ အမှတ်ရပါ..
တစ်ဖက်သားကို
လက်ညှိုးထိုး အပြစ်တင်နေသမျှ
ရှေ့လျှောက်
လူတွေနဲ့ ပေါင်းသင်းဖို့လည်း ခက်နေဦးမှာဘဲ...
သာမန်ထက်
စကားပြော ကောင်းနေတဲ့သူဆိုရင်
သတိသာ ထားတော့ ။
Pressure !
ဖိအားတွေကြောင့်
လူမှန်တွေ - လူမှားဖြစ်ကုန်တယ်
ဖိအားတွေကြောင့်
လမ်းပျောက်သူတွေ - ပန်းတိုင်တွေ့ကြတယ်
ဖိအားတွေကြောင့်
ကျရှုံးလျက်နဲ့ - ဇာတ်သိမ်းကုန်တယ်..
ဖိအားတွေကြောင့်
ဇာတ်သိမ်းမယ့်သူတွေ - ပန်းဝင်ကုန်တယ်..
ဖိအားတွေကြောင့်
ပန်းဝင်သူတွေ - ဇာတ်သိမ်းကုန်ပြန်တယ်
ဖိအား ဖိအား သတိထား…
ကျွန်ုပ်ရဲ့ လျှို့ဝှက်စကား ပြောကြားခြင်းဟာ
သင့်အပေါ် ယုံကြည်လို့ဆိုတာ
နားလည်ပေးပါ မိတ်ဆွေ ။
စားဘူးတဲ့သူက ပိုငတ်တယ်..
ဖားဘူးတဲ့သူက ပိုနပ်တယ်...
မှားဘူးတဲ့သူက ပိုတတ်တယ်..
အချိန်မရှိတော့ဘူး
အရှုပ်တွေနဲ့ ကင်းအောင် နေကြ ..။
စိတ်ချမ်းသာမှုရဲ့ အဓိက သော့ချက်ဟာ
အတွေးလေးတွေကောင်းပြီး...
အကောင်းလေးတွေ တွေးနေဖို့ပဲ လိုတယ်..
“ ငွေရှိရင် ဘာမဆို ပြည့်စုံတယ် “ ဆိုတဲ့
လူတွေဟာ
ငွေနဲ့ ဖြေရှင်းလို့ မရတဲ့ ပြဿနာတွေနဲ့
မကြာခဏ ကြုံတွေ့နေကြရတယ်..
အော်… ဒုက္ခ ဒုက္ခ
အကောင်းဆုံးဖြစ်အောင် ကြိုးစား
အဆိုး ဆုံးတွေကိုလည်း မျှော်လင့်ထားရင်
နှိမ့်တစ်ခါ မြင့်တစ်လှည့် လောကဓံ လှိုင်းတံပိုးမှာ
အလိုက်သင့်စွာ နေတတ်လာလိမ့်မယ်..
စာဖတ်တိုင်းလည်း အသိဉာဏ် မတိုးနိုင်ဘူး
စားတိုင်းလည်း အသားမဖြစ်ဘူး
သွားတိုင်းလည်း ခရီးမရောက်ဘူး
ကြိုးစားတိုင်းလည်း မအောင်မြင်နိုင်ဘူး
ဘွဲ့ရတိုင်းလည်း ပညာမတတ်ဘူး..
ပညာတတ်တိုင်းလည်း အသိဉာဏ် မရှိဘူး
အပေါင်းသင်းများတိုင်းလည်း မိတ်ကောင်းမရှိနိုင်ဘူး
ငွေရှိတိုင်းလည်း စိတ်မချမ်းသာနိုင်ဘူး
ဘာပဲလုပ်လုပ် လုပ်ဆောင်ချက်တိုင်း ထိရောက်ဖို့အတွက်
နည်းမှန် လမ်းမှန်တော့ ဖြစ်ဖို့လိုတယ်..
အဲဒါ ခရာပဲ...
ကိုယ့်ကို တန်ဖိုးမထားသူတွေရဲ့ကြားမှာ
တန်ဖိုးရှိအောင် နေထိုင်ခြင်းသည်ပင်
ဘ၀ရဲ့ စိန်ခေါ်မှုတစ်ရပ် မည်၏
သင် ဒုက္ခရောက်နေချိန်
အတိုးမယူ သက်သေမရှိ ချေးငှားပေးသူကို
ကျေးဇူးတင်ပါ..
ထိုသူ့ကိုမှ ပြန်ဆပ်ဖို့ရန် တွန့်ဆုတ်နေတဲ့
သင့်ကိုသင် အပြစ်တင်ပါ..
မိမိကိုယ်တိုင်က မကောင်းသေးရင်
မိတ်ဆွေကောင်းကို မရှာပါနဲ့...
ဘဝမှာ အခက်အခဲဆိုတာ တစ်ကြိမ်တစ်ခါနဲ့
ပြီးမသွားသလို..
အခမဲ့ကူညီသူ မိတ်ဆွေကောင်းကလည်း
နောက်တစ်ယောက် ရဖို့ရာ မလွယ်ဘူးဆိုတာ
သတိပြုပါ..
ပန်းတစ်ပင်ကို ရေဘယ်လောက် လောင်းလောင်း
အခါမဟုတ်ရင် ပွင့်မလာဘူး..
စားစရာတွေ ဘယ်လောက်ကောင်းကောင်း
မစာသေးရင် စားမဝင်ဘူး..
အဟောအပြော ဘယ်လောက်ကောင်းကောင်း
အခါမဟုတ်ရင် အရာမဝင်ဘူး..
အနေအထိုင် ဘယ်လောက်မှန်မှန်
အချိန်မတန်ရင် ဘာမှဖြစ်မလာဘူး..
အရာရာမှာ အောင်မြင်ဖို့အတွက်
အချိန်ကောင်းတစ်ခု လိုအပ်တယ်..
အမြင့်ဆုံးနေရာကို ရောက်ဖို့အတွက်
တခါတရံမှာ
ကိုယ်အနှစ်သက်ဆုံး အရာတွေနဲ့
လဲသင့်ရင် လဲရမယ်..
ဘဝဆိုတာ အလောင်းအစားတစ်ခုပဲ...
နူးညံ့သော မှိုတစ်ပွင့်ဟာ
မာကျောခက်ထန်တဲ့ မြေပြင်ကို
ဖောက်ထွက်နိုင်စွမ်းရှိသကဲ့သို့...
သူတော်ကောင်းတွေရဲ့ စကားတစ်ခွန်းဟာလည်း
လူမိုက်တို့နှလုံးသားကို ပျော့ပြောင်းသွားအောင်
ပြုပြင်နိုင်စွမ်း ရှိကြတယ်..
အဲ့ဒါ ယုံ…
ငါဟာ အများအတွက်ဆိုပြီး
အများဟာ ငါ့အတွက် ဖြစ်နေတတ်တယ်..
ငါဟာ တိုင်းပြည်အတွက်ဆိုပြီးတယ်..
တိုင်းပြည်ဟာ ငါ့အတွက် ဖြစ်နေတတ်တယ်..
ငါဟာ သာသနာအတွက်ဆိုပြီး
သာသနာဟာ ငါ့အတွက် ဖြစ်နေတတ်တယ်..
ဦးတည်ချက်တွေလွဲကုန်ရင် သမိုင်းဆိုးတွေကျန်မယ်..
တစ်ချိန်မှာ နောင်တတွေနဲ့ ခံနေရမယ်..
လမ်းလျှောက်ရင်း လမ်းမပျောက်ကြစေနဲ့...။
ပုထုဇဉ်လူသားမှန်သမျှ တဏှာ လောဘ ရှိကြတာပဲ..
ကိုယ့်လောဘကြောင့် တဖက်သားကို မထိခိုက်စေတာ..
ကိုယ့်တဏှာအကြောင့် သူများအပေါ် မနစ်နာရအောင်
စောင့်ထိန်းနိုင်မှသာ
လူပီသတဲ့ လူသားမည်တာ...
လပြည့်ည ဆိုသော်လည်း
တိမ်မည်းတို့ အုပ်ဖုံးနေပါက
ကောင်းစွာ သာခွင့်မရနိုင်...
ကိုယ်မှန်တယ်ဆိုသော်လည်း
အဖျက်အင်အား လွန်ကြီးမားပါက
အမှန်တရားကို ချမပြနိုင်...
သည်းခံ၍သာ နေရရှာ၏
ကြီးမားသော အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ
ခက်ခဲတဲ့ စွန့်စားမှုတွေ ရှိတယ်..
သူမတူတဲ့ အောင်မြင်မှုကို ရဖို့ဆိုရင်
သူမတူတဲ့ ကြိုးစားမှုမျိုး
ရှိဖို့လိုအပ်တယ်..
ကြိုးစားမှုရဲ့ နောက်မှာ
ရိုးသားမှုကို တွဲထားပါ..
ကြိုးစားပြိး မရိုးသားရင်
အမြတ်ကိုအသာထား
ရှိနေတဲ့ အရင်းများထဲကပါ
ကိုယ့်ကို စွန့်ခွါသွားလိမ့်မယ်..
မှောင်တယ်ဆိုပြီး
မလျှောက်ဘဲ နေရင်..
လိုချင်တဲ့ ပန်းတိုင်ကို
လှန်းကိုင်နိုင်မှာ မဟုတ်…
ပြိုင်ဘက်
ကျွန်ုပ်တို့မှာ ပြိုင်ဘက်ကိုယ်စီ ရှိကြတယ်...
ကျွန်ုပ်တို့ ပြိုင်ဘက်ဟာ
ကျွန်ုပ်တို့အောက်မှာ မဟုတ်
ကျွန်ုပ်တို့ အထက်မှာသာဖြစ်တယ်..
ပေါင်းအသင်း
အတက်မှာ တွန်းချမယ့်သူတွေ ရှိသလို..
အကျမှာ ပင့်တင်ပေးတဲ့သူတွေလည်း ရှိတယ်..
သင်ကိုယ်တိုင် ရွေးချယ်ပေါင်းသင်းတတ်ဖို့ပဲ လိုတာ..
အလုပ်ကြီးအကိုင်ကြီး လုပ်နေချိန်
ကိစ္စသေးသေးလေးတွေကြောင့် အချိန်ကုန်မခံနဲ့ ။
ကိစ္စလေးတွေကို အလေးထားမှလည်း
အကြီးကြီးတွေ အောင်မြင်တယ်ဆိုတာလည်း မမေ့နဲ့ ။
တန်ဖိုးမဲ့ သူများအကြောင်းတွေပြောပြီး..
တန်ဖိုးရှိတဲ့ ကိုယ့်အချိန်တွေကို
မဖြုန်းမိစေနဲ့..။
လောကကြီးကပြောတယ်..
ငွေရှိရင် ချမ်းသာပြီ..
ဥစ္စာတွေရှိရင် ပြည့်စုံပြီ..
လိုချင်တာတွေရနေရင် အောင်မြင်ပြီ..
ဓမ္မကပြောတယ်..
လိုချင်တာ..
ဖြစ်ချင်တာ..
ရချင်တဲ့စိတ်တွေ မရှိတော့တဲ့ နေ့ဟာ
ချမ်းသာအစစ်ကို တွေ့တဲ့နေပါ..တဲ့ ။
စိတ်ရိုင်းတွေကို မောင်းထုတ်ပါ
တစ်ဖက်လူ အောင်မြင်မှုကိုကြည့်ပြီး..
နှုတ်ဖျားက ချီးမွမ်းစကား ထုတ်ဟဖို့
ဘာကြောင့် စွန့်အနေရတာလဲ..
လက်ကြားက ထောက်ခံစကားရေးသားဖို့
ဘာကြောင့် ခက်နေရတာလဲ..
ပါးထက်မှာ နှစ်လိုဖွယ်ပြုံးပြဖို့
ဘာလို့ သတိမရတာလဲ..
စက္ကူတစ်ရွက်ကို တစ်ခါလောက် ဆုပ်ချေလိုက်တာနဲ့
အကြိမ်ကြိမ် ပြန်ဆန့်သော်လည်း
အကောင်းပကတိ ပြန်မဖြစ်လာသကဲ့သို့...
လူတစ်ယောက်ရဲ့ ယုံကြည်မှုကို ဖျက်ဆီးမိသူဟာလည်း
အထပ်ထပ်အခါခါ တောင်းပန်ပေမယ့်
ဆက်ဆံရေးတွေ အရင်လို နွေးထွေးလာမှာ မဟုတ်တော့ပါ..
အမြင့်မှာနေရင် လေတိုက်ပြီး ကြွေနိုင်သလို...
အနိမ့်ရောက်နေရင်လည်း
မြွေကိုက်လို့ သေတတ်ပါတယ်..
သင် ကြိုးစားနေချိန်မှာ
လူတွေက သင့်ကို
တွန်းကြည့်မယ်.. တိုက်ကြည့်မယ်..
လှဲကြည့်မယ်..
တွန်းလို့ တိုက်လို့ လှဲလို့မှ မရရင်
သင့်နောက်ကို လိုက်လာကြလိမ့်မယ်..
သူတို့တိုက်ခိုက်နေချိန်မှာ သင် လဲကျမသွားဖို့သာ အားတင်းထားပါ..
ဆားနဲ့သကြားသည်
အရောင်တူသော်လည်း အရသာကွဲ၏။
မိတ်ဆွေနှင့် ရန်သူသည်
လူခြင်းတူသော်လည်း
အကျင့်စရိုက်ကွဲ၏။
ဆားနဲ့သကြားကို မြည်းကြည့်မှ သိခြင်းထက်
မြင်ယုံနဲ့ သိအောင် လေ့ကျင့်ထား.. ။
မိတ်ဆွေနဲ့ ရန်သူကို
ပေါင်းကြည့်မှ သိတာထက်
မပေါင်းခင်က သိအောင် လေ့လာထားပါ..။
တန်ဖိုးထားပါ..
ပတ်ဝန်းကျင်ရဲ့ ယုံကြည်မှုရအောင်
ဘယ်လောက်အထိ ကြိုးစားထားရသလဲ ?
အဲဒါကို ခြေဖျက်ချင်ရင်တော့
စက္ကန့်ပိုင်းလောက်ပဲ ကြာမယ်..
သင့်အပေါ်မှာ
ကောင်းတဲ့သူ ၂၀ ? မကောင်းတဲ့သူ ၈၀ ရှိနေတယ်ဆိုရင်..
သင့်အကျိုးလိုလားသူ ၂၀ အတွက်ပဲ လုပ်ရမယ်ဆိုတာ
မမေ့ပါနဲ့...
စိတ်မရှိပါနဲ့
မာနကြီးတာမဟုတ်ပါဘူး..
နှလုံးသားမတူရင် မပေါင်းတတ်လို့ပါ...
လူတစ်ယောက် ကံတွေနိမ့်လာပြီဆိုရင်..
လူကောင်းကို လူဆိုးထင်ပြီး..
လူဆိုးကို လူကောင်းထင်နေတတ်တယ်..
မကြာပါဘူး အဲဒီလူ ဒုက္ခတွေ့တော့တာပဲ...။
ပေးထားသလောက် ပြန်ရမယ်..
ယူထားသလောက်
ပြန်ပေးဆပ်ရမယ်.. ဆိုတာ သိထားရင်
ဘဝမှာ နေတတ်လာမှာပါ...
လက်နက်တစ်ခုဟာ
သူယုတ်လက်ထဲရောက်နေရင်
အသက်အန္တရာယ်ကို ပေးနိုင်ပြီး...
သူကောင်းလက်ထဲ ရောက်ရင်တော့
လုံခြုံမှုကို ပေးနိုင်တယ်...
စာအုပ်စာပေတွေ လေ့လာရာမှာလည်း
သူကောင်းတို့ ဖတ်ရှုထားသည့် စာပေတွေဟာ
အများအကျိုး လောကအကျိုးအတွက်
ဖြစ်စေပြီး...
သူယုတ်တို့ ဖတ်ရှုလေ့လာထားရင်တော့
တဖက်သားအပေါ် တိုက်ခိုက်ဖို့၊ ယှဉ်ပြိုင်ဖို့နဲ့
ဖိနှိပ်အနိုင်ယူဖို့အတွက် ဖြစ်လာတယ်..
ဘုရားပြီးလို့ ငြမ်းဖျက်တယ် ဆိုသော်လည်း
ငြမ်းရဲ့ ကျေးဇူးကို မမေ့ဖို့ လိုတယ်..
ကျလာတဲ့တာဝန်ကို ငြင်းပယ်လိုက်ခြင်းဟာ
ရလာမယ့် အခွင့်အရေးတွေကို
ပုတ်ထုတ်လိုက်တာနဲ့ တူတယ်..
ဒါကြောင့်
အခွင့်အရေးကိုလိုချင်ရင်..
တာဝန်တွေကို မငြင်းပါနဲ့..။
မိတ်ဆွေကောင်းကို မရှာခင်
ကိုယ်တိုင်
ကောင်းအောင် ကြိုးစား
အလုပ်ရှင်ကောင်းကို မရှာခင်
ကိုယ်တိုင်
အလုပ်သမားကောင်းဖြစ်အောင် ကြိုးစား
သင် ထင်နေသလို...
ဘဝဆိုတာ..
တိုက်ပွဲလည်း မဟုတ်
စစ်ပွဲလည်း မဟုတ်ဘဲ
အိပ်မက်တစ်ခု ဖြစ်နေတယ်ဆိုတာ
သိခဲ့ရင်...
စာမေးပွဲဆိုတာ အမြဲတမ်း စစ်မေး မနေဘူး..
အချိန်ရောက်မှ မေးတာ..
ဘဝဟာလည်း ဒီအတိုင်းပဲ..
ဒါနတွေပြု ၊ သီလတွေ ဆောက်တည်
ကိုယ်ကျင့်တရားတွေ ထိန်းသိမ်းထား..
အချိန်ရောက်ရင် မေးမှာ..
အောင်မြင်နေချိန် သုခရဲ့ဓါဏ် ခံနိုင်/မနိုင် ဆန်းစစ်
ဒုက္ခရောက်နေချိန် စာရိတ္တ ဖောက်ပြန်/မပြန် ဆန်းစစ်
ပိုက်ဆံရနေနချိန် လောဘ များ/မများ ဆန်းစစ်
သူတပါးပုတ်ခတ်လာချိန် သည်းခံနိုင်/မနိုင် ဆန်းစစ်
အာဏာရလာချိန် မာနထား/မထား ဆန်းစစ်
ဒါတွေကိုအောင်မြင်မှသာ လက်မထောင်ပါ..
မြင်နေရတဲ့
ဟန်ဆောင်အပြုံး
ကြားနေရတဲ့
ဟန်ဆောင်အသုံးတွေကို ကြည့်ပြီး
အနှစ်မပါတဲ့ လူတွေနဲ့
ပေါင်းရမှာ တွန့်ဆုတ်လာမိတယ်...
ဆရာဂုဏ်
ကိုယ်တိုင် တတ်သိထားတဲ့ ပညာကို
သွေးသားမတော် တပည့်တွေပေါ်မှာ
ထိန်ချန်မှုမရှိ၊ စေတနာ ကရုဏာအပြည့်ဖြင့်၊
စိတ်ရှည် ဇွဲသန်စွာ သင်ပေးတတ်တဲ့
ကြီးမားတဲ့ ဂုဏ် တစ်ခုတည်းနဲ့
လေးစား ဦးညွှတ် ဂါရဝ ပြုသင့်နေပါပြီ...
တချို့အသီးတွေက မှည့်နေတာထက်
စိမ်းနေတာတွေက ပိုပြီး
အရသာ ရှိနေတတ်တယ်
တခါတခါမှာလည်း
လူရင်းတွေထက်
ပိုကောင်းတဲ့ သူစိမ်းတွေလည်း တွေ့ခဲ့ဘူးတယ်....
ကုန်ပစ္စည်းကောင်းနေသော်လည်း
ထုပ်ပိုးမှုညံ့ဖျင်းရင်
ဈေးကောင်းမရနိုင်...
လူတစ်ယောက်
စာရိတ္တကောင်းသော်လည်း
ချီးမွမ်းထောက်ပံ့မှု ပတ်ဝန်းကျင်ကောင်းမှာ
မနေရင်
အရာမထင်နိုင်...
မိဘတွေရှိနေတဲ့ အခိုက်အတန့်သည်
ကျွန်ုပ်တို့ဟာ ကမ္ဘာပေါ်မှာ
ကံအကောာင်းဆုံး လူသွားတွေပါ...
ရုပ်ဝတ္ထုတို့ရဲ့ တ
တိုးတက်မှုနောက် လိုက်ရင်း လိုက်ရင်း..
အဖြူရောင်စိတ်လေးတွ
အရောင်ပြောင်းစ ပြုလာတာ
စိတ်မကောင်းစရာပါ...
ငှက်ကလေးတွကိုကြည့်ပြီး
အဆုံးအစမရှိ ကောင်းကင်ပြင်မှာ
လွတ်လပ်စွာ ပျံသန်းချင်စိတ်တွေ
ဖြစ်ခဲ့ဘူးတယ်...
သူတို့ရဲ့
သားရှာ ငါးရှာ အပူပင်တွေကို
မသိခင်အထိပေ့ါ..။
ချမ်းသာတဲ့ လူတွေကိုကြည့်ပြီး..
ကျေနပ်,အားကျ အတုယူချင်စိတ်တွေ
ဖြစ်ခဲ့မိဘူးတယ်..
ဥစ္စာပစ္စည်းတို့ရဲ့ မမြဲတဲ့ အနိစ္စသဘောကို
မမြင်ခင်အထိပေါ့...
ဒီအချိန်
သင့်စိတ်တွေကို ထိန်းချုပ်မထားရင်
နောင်တချိန် - လှောင်အိမ်မှာ
ထိန်းချုပ််ခြင်း ခံရလိမ့်မယ် ဆိုတာ
သတိရပါ..
ကိုယ် ချမ်းသာမှုနောက် လိုက်ကြရင်း..
မိမိတို့ရဲ့ စိတ်တွေ ဆင်းရဲနေတာ
သတိပြုမိကြရဲ့လား.
ရုပ်လှတာ / မလှတာ မပြိုင်နဲ့
စိတ်ထားလှတာခြင်း ပြိုင်
ကားရှိတာ / မရှိတာ မပြိုင်နဲ့
မေတ္တာရှိတာခြင်း ပြိုင်
ပညာတတ်တာ / မတတ်တာ မပြိုင်နဲ့
အနေထိုင် တတ်တာခြင်း ပြိုင်
ရာထူးကြီးတာ / မကြီးတာ မပြိုင်နဲ့
အသိဉာဏ်ကြီးတာခြင်း ပြိုင်..
ငွေချမ်းသာတာ / မချမ်းသာတာ မပြိုင်နဲ့
စိတ်ချမ်းသာတာခြင်း ပြိုင်..
ကိုယ်တိုင် ကောင်း/မကောင်း
သိချင်ရင်
သူများကောင်းစားတာကိုကြည့်ပြီး
ကိုယ့်စိတ်မှာ
ဝမ်းသာနိုင် / မနိုင် ဆန်းစစ်ကြည့်
သူ့ဘက်က ကြည့်ရအောင်
ငွေမရှိလို့ လူမခင်တာ မဟုတ်ပါဘူး
ငွေရှာနိုင်စွမ်း ရှိရက်နဲ့
မရှာတဲ့သင့်ကို လူတွေက
အသိအမှတ် မပြုတာပါ...
သူများအကြောင်း
မကောင်းလိုက်ပြောနေသူကို ကြည့်ပြီး
စဉ်းစားမိလာတယ်..
တလောကလုံးမှာ သူတစ်ယောက်သာ
လူကောင်းရှိပါလား...လို့
စာ
ရေးသင့် မရေးသင့် သိပါ..
စကား
ပြောသင့် မပြောသင့် သိပါ..
စိတ်ခံစားချက်အတိုင်းသာ
ရေးချင်ရာ ရေး… ပြောချင်ရာ ပြော..နေမယ်ဆိုရင်
လူပုံအလယ်..
ကိုယ့်အထုပ်ကိုယ် ဖြည်ပြသလို ဖြစ်နေလိမ့်မယ်..
သည်းခံမှုဆိုတာ - အတိုင်းအတာနဲ့
ခွင့်လွတ်မှုဆိုတာ - အချိုးအစားနဲ့
နားလည်မှုဆိုတာ - ကန့်သတ်ချက်နဲ့
လိုက်လျောမှုဆိုတာ - ဘောင်အကန့်သတ်နဲ့
အရာရာမှာ စည်းမကျော်ပါစေနဲ့...
များပြားတဲ့ ပေးဆပ်မှုတွေကြောင့်
ကြီးမားတဲ့ အကျိုးရလာဘ်တွေ
ခံစားနေရတာ
မနာလို မဖြစ်စေနဲ့...
သင့်ခေါင်းထဲမှာ Quention တွေရှိနေသမျှ
ဘဝဟာ ဒီထက် အောင်မြင်ဦးမှာပါ...
Quention တွေ ဆိတ်သုန်းသွားတဲ့ တစ်နေ့
သင့်ဘဝဟာလည်း
ရပ်တန့်သွားလိမ့်မယ်..။
ခွန်အားတွေ နည်းနေသမျှ
အိမ်မက်တွေ ဈေးကြီးနေလိမ့်မယ်..
ခွန်အားတွေ ပြည့်ဝလာတဲ့ တစ်နေ့
ဖြစ်ချင်တဲ့ အိပ်မက်တွေ ဈေးကျလာမှာပါ..
အိပ်မက်တွေ အကောင်အထည်ဖော်ဖို့အတွက်
သင့်မှာ လုံလောက်တဲ့ ခွန်အားတွေ ရှိနေဖို့ လိုအပ်တယ်...
လောကကြီးအကြောင်း..
စီးပွားရေးတွေ အကြောင်း..
လူတွေရဲ့ အကြောင်း သိလှပြီ ဆိုပြီး
အဟုတ်ကြီး ထင်မနေပါနဲ့..
ကိုယ့်အကြောင်းကိုယ် အရင်သိအောင် လုပ်ပါ..
သင့် အနားမှာ..
သာလို့ ပေါင်းနေသူတွေ..
စားရလို့ ကပ်နေသူတွေ..
ရလို့ ခြူနေသူတွေ..
အေးမြမေတ္တာ ခံယူချင်သူတွေ..
နွေးထွေးရိပ်မှာ အေးဆေးစွာ အိပ်ချင်နေသူတွေ..
လေးစားအားကျ အတုယူချင်သူတွေ...
ဒီလူတွေကို ခွဲခြားတတ်ရင်
အန္တရာယ်ကင်းပြီ....
မငြီးပါနဲ့..
မီးပုံနားက မခွါနိုင်သမျှတော့
ပူလောင်မှုဒါဏ်ကို
ခံနေရအုံးမှာဘဲ...။
ကွယ်တာများရင်
အပယ်ခံရလိမ့်မယ်...
ပျောက်တာများရင်
အဖျောက်ခံရလိမ့်မယ်..
မကြာမကြာ
မိမိရှိနေတဲ့အကြောင်းလေး ထွက်ပြပေး..
အောင်မြင်သူတို့ နောက်ကွယ်မှာ
ကြမ်းတမ်းတဲ့ ပုံရိပ်တွေ ရှိခဲ့ဘူးတယ်...
ယခု သင့်ဘဝ ပင်ပန်းနေမှုသည်
နောင်တချိန်
အောင်မြင်ဖို့အတွက်
အရင်းနှီးဖြစ်တယ်ဆိုတာ
နားလည်ထားပါ...
အလုပ်ကြောင့် အဆင်ပြေနေရင်..
အလုပ်နဲ့ပတ်သတ်သူတွေရဲ့ ကျေးဇူးကို
မမေ့နဲ့...
မိဘကြောင့် လူဖြစ်လာရင်
မိဘတို့ရဲ့ မေတ္တာကို မမေ့နဲ့...
စွမ်းနိုင်သမျှ အကောင်းဆုံး
လုပ်ဆောင်ပါ..
သင်ထွက်ခွါသွားတဲ့ တစ်နေ့
တမ်းတနေကြလိမ့်မယ်..
သင်အိပ်နေသော်လည်း အချိန်တွေက မအိပ်
သင်အနားယူနေသော်လည်း
အချိန်တွေက မနား..
သင့်ဘဝ သာယာ အေးမြတယ် ထင်နေသော်လည်း
မရဏလက်တွင်း သေမင်းဆီသို့ သက်ဆင်းနေခြင်းသည်..
ရပ်တန့်မနေ.. တစ်ရက်ပြီးတစ်ရက် ကုန်လွန်၍သာ နေကြလေ၏..
တချို့ တချို့သောသူတွေက
အနားရှိတဲ့ ထင်းမီးဖိုလေးကို ပစ်ပြီး
အဝေးက လမင်းကြီးက အနွေးဓါတ် ပိုပြီး
ပေးနိုင်လိမ့်နိုးနဲ့
မျှော်လင့် နေတတ်တာမျိုး...ဗျ
တခါတခါ
ကိုယ့်အပေါ် အထင်လွဲမှားနေမှုကို
ရှင်းပြခွင့် ရပေမယ့်... ရှင်းမပြတော့ဘဲ
ဥပေက္ခာပြုလိုက်မိကြတယ်..
အဲဒါဟာ မီးတောက်ကြီးရဲ့ အစ
မီးပွားလေးဖြစ်မှန်း မသိကြဘူး...
ရွေးချယ်စရာ နှစ်ခုရှိခဲ့ရင်
အကောင်းဆုံးအရာကိုသာ
သင်.. ရွေးခဲ့တာပဲ..
ကုသိုလ်နဲ့ အကုသိုလ်
နှစ်ခုရှိတယ်..
ဘာကိုရွေးမလဲ ??
သင်ပြုမူ ပြောဆို လုပ်ကိုင်နေတဲ့
ရွေးချယ်မှုတွေဟာ
သင့်ဘဝ အနာဂါတ်အတွက်
အကျိုးရလာဘ်တွေ ဖြစ်လာလိမ့်မယ်...
တစ်ယောက်နဲ့ တစ်ယောက်
ရင်ကျက်မှုခြင်း မတူဘူး..
တည်ငြိမ်မှုခြင်း မတူဘူး..
ခံယူချက်ခြင်း မတူဘူး...
ရည်မှန်းချက်ခြင်း မတူဘူး...
ယုံကြည်မှုသဒ္ဓါခြင်း မတူဘူး..
ကျင်လည်ရာ ပတ်ဝန်းကျင်ခြင်း မတူဘူး..
ဒါကြောင့် ဘဝပေး အခြေနေခြင်းလည်း
တူမှာမဟုတ်ဘူး...
ဘဝတစ်လျှောက်လုံး စိတ်ချမ်းသာချင်ရင်
လှမ်းလက်နဲ့ မပျော်နဲ့
ကမ်းလက်နဲ့ ပျော်တတ်အောင် နေပါ..
သင် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း
ရလာဘ်ဆိုးများနှင့် ကြုံခဲ့ရင်
စိတ်မပျက်ပါနဲ့...
ပန်းတစ်ပင်ကို ရမည်မျှ လောင်းသော်လည်း
အချိန်တန်မှသာ ပွင့်မှာမို့ပါ..
ဒီအချိန်ထိ
အသောက်စားတွေနဲ့ မှောက်မှားနေရင်...
နောင်တချိန်..
ခြောက်ခြားစရာတွေနဲ့ ကြုံရလိမ့်ဦးမယ်...
စိတ်မပျက်ပါနဲ့..
သင့်လိုပဲ.. ဖြစ်ချင်တဲ့ ဆန္ဒနဲ့
ဖြစ်နေတဲ့ဘဝ
တစ်ထပ်တည်း မကျတဲ့သူတွေ အများကြီးပါ..
အရာရာကို စေတနာအပြည့်နဲ့သာ လုပ်ဆောင်ပါ..
အချိန်တန်ရင် လမ်းကြောင်းမှန်ပေါ် ရောက်သွားပါလိမ့်မယ်..
အရာင်စုံလူတွေရဲ့ကြား..
ပတ်ဝန်းကျင် ပြောနေကြတဲ့
ကိုယ့်အကြောင်း..
မကောင်းသတင်းလေးတွေဖယ်
ကောင်းသတင်းလေးတွေဆည်ပြီး
လာလာပြောတတ်တဲ့ မိတ်ဆွေတွေကို
ကျေးဇူးတင်ပါ...
မိုက်ရိုင်းတော့ ထင်ပေါ်
လိမ်နိုင်တော့ ပညာရှိ
မှန်ကန်တော့ လူမုန်း
ရိုးသားတော့ လူမသုံး..
အဆိုး လောကဓံကို ခံနိုင်တယ်ဆိုပြီး
ချီးမွှမ်းမယ် လုပ်နေတုန်း..
အကောင်း လောကဓံမှာ
လောဘ, မာန. ဣဿာတွေ
တစ်ပွေ့ကြီးပိုက်ကာ
ကျရှုံးသွားသူတွေ ကြည့်ပြီး..
စိတ်မကောင်းဖြစ်မိတယ်...
တန်ဖိုးကြီး အဝတ်တစ်ထည်
အစွန်တစ်ချက်ကြောင့်
စွန့်ပစ်ခြင်း ခံရတယ်..
သူတော်ကောင်း သတ်မှတ်ခံရသူတစ်ယောက်
အမှားတစ်ခုကြောင့်
ပတ်ဝန်းကျင်မှ ကျဉ်ဖယ်ခြင်း ခံရတယ်..
သိထားရမှာက
အမှန်တစ်ရာကို အမှားတစ်ခု
ချေဖျက်နိုင်တယ်ဆိုတာ
မမေ့နဲ့...
လူမိုက်တစ်ရာ ဆိုးသွမ်းနေခြင်းထက်
လူကောင်းတစ်ယောက်
နှုတ်ဆိတ်နေခြင်းက
လောကကို ပိုပြီး
အကျည်းတန်စေတယ်...
တိကျတဲ့သူဆီမှာ တစ်ရက်စာ Plan ရှိတယ်..
အောင်မြင်သူဆီမှာ တစ်ဘဝစာ Plan ရှိတယ်..
ဗုဒ္ဓစကား နားထောင်တဲ့ သူဆီမှာတော့
သံသရာအတွက် Plan ရှိနေတယ်..
နာကျည်းစိတ်ဟာ
ရဲရင့်မှုတွေကို မွေးဖွားပေးတယ်..
ဒေါသစိတ်ဟာ
ပူလောင်မှုတွေကို
ဖန်တီးပေးတယ်..
အားနာစိတ်ဟာ
နောင်တတွေကို
ယူဆောင်ပေးတယ်..
သည်းခံစိတ်ဟာ
ငြိမ်းချမ်းမှုတွေနဲ့အတူ
အေးမြစေတယ်...
သင်ကျရှုံးနေချိန်
ကူညီမယ့်သူ တစ်ယောက်ရှိတယ်
အဲဒါ … သင်ကိုယ်တိုင်ပဲ..
ခံစားနေရတဲ့မှာ
အားပေးနှစ်သိမ့်ပေးမယ့်သူ
တစ်ယောက်ရှိတယ်..
အဲဒါ … သင်ကိုယ်တိုင်ပဲ..
ငိုကျွေးမြည်တမ်းနေချိန်
ချော့မြူပေးမယ့်သူတစ်ယောက် ရှိတယ်..
အဲဒါ … သင်ကိုယ်တိုင်ပဲ..
လမ်းမှားနေချိန်မှာ
လမ်းမှန် ပို့ဆောင်ပေးသူ တစ်ယောက်ရှိတယ်..
အဲဒါ … သင်ကိုယ်တိုင်ပဲ..
သူတို့အပေါ် သင်ကောင်းနေသမျှ
သူတို့သင့်ကို ကြည်ဖြူကြမယ်..
သူတောင်းတာ ပေးနေသမျှ
သင့်စကားကို နားထောင်ကြလိမ့်မယ်..
သူခိုင်းတာ လုပ်နေသမျှ
သင့်ကိုပဲ ထောက်ခံကြလိမ့်မယ်..
ဒါတွေအားလုံး ပြောင်းပြန်ဖြစ်တဲ့ တစ်နေ့
သူတို့မျက်နှာဖုံးတွေ ကွာကျတဲ့နေ့ပဲ..။
ကိုယ့်သမိုင်း ကိုယ်ရေးပါ..
သို့သော်..
လက်ရေးတော့ လှပါစေ..
သမိုင်းဘယ်လောက် ကောင်းကောင်း
လက်ရေးမလှရင်
ဖတ်မည့်သူ မရှိဘူးဆိုတာ သိထားပါ..
နေ့စဉ်
တရားတစ်ပုဒ်နာ
စာတစ်အုပ်ဖတ်
ဘဝလှဖို့အတွက်..
ဘုရားပွင့်တုန်း ပူဇော်ပါ..
တရားသံကြားခိုက် များများနာ
သံဃာတွေ့ခိုက် ရှိခိုးရာ
နားကောင်းတုန်း တရားနာ
မျက်စိကောင်းတုန်း စာတွေဖတ်
ကျန်းမာတုန်း တရားထိုင်
မှတ်ဉာဏ်ကောင်းတုန်း တရားမှတ်
သာသနာကြုံခိုက် ကုသိုလ်စိုက်
ဆရာရှိခိုက် အဆုံးအမခံ
အသက်ရှင်တုန်း အဝိဇ္ဇာဖုံးသော်
နောက်ဘဝခန္ဓာ ဒုဂ္ဂတိရွာသို့
ကျကာဖြစ်လိမ့် ဖြေမသိမ့်ဘူး
ပြင်ချိန်မရ မှားနောင်တကြောင့်
ရောက်ရပါယ်ရွယ် ဖြစ်ရမှာမို့
လူသားတစ်စု ကောင်းမှုပြုလော့...။
သဘောကောင်းလွန်းရင်
အစော်ကားခံရမယ်..
အလိုက်သိလွန်းရင်
အ,တယ်လို့ အထင်ခံရမယ်..
အယုံလွယ်လွန်းရင်
အလိမ်ခံရမယ်..
ဆင်ခြင်မှုအားနည်းရင်
ဆုံးရှုံးမှု များမယ်..
ဗဟုသုတနည်းရင်
သူပြောတိုင်း ယုံနေရမယ်..
ဘယ်အရာမှ
အတိုင်းထက် မလွန်မိစေနဲ့.. ။
ရောမရောက်ရင်
ရောမလိုကျင့်ပါ..
ကိုယ်ကျင့်တရားတော့
အထိခိုက် မခံပါနဲ့...
ယုံကြည်မှုဟာ
မြေအိုးတစ်လုံးလိုပဲ..
ကျကွဲသွားပြီဆိုရင်
အကောင်းပကတိ ပြန်ဖြစ်ဖို့
မရတော့ဘူး..
မကွဲခင်က သတိရှိကြ...
အရေးကြုံချိန်မှာ
သမားပေးတဲ့ဆေးကို သောက်ရသလို..
ဘုရားပေးတဲ့ တရားဆေးကိုလည်း
သောက်ဖို့ မမေ့ကြနဲ့...
လူမိုက်တွေ ချီးမွှမ်းပြီး
ပညာရှိ ကဲ့ရဲ့နေရင်
သတိထားတော့
နေဝင်ချိန် နီးလာပြီ...
စာဖတ်ကြ စာဖတ်ကြလို့
ဆိုသော်လည်း
စာအုပ်ထဲ မပါတဲ့ သင်္ခန်းစာတွေ
အပြင်မှာ ဒုနဲ့ဒေး…
တခါတလေမှာ
ကိုယ့်ဘက်က မှန်တဲ့စကားကြောင့်
တစ်ဖက်သား ဒုက္ခရောက်ရမယ်ဆိုရင်
နှုတ်ဆိတ်နေလိုက်ခြင်းက
သူ့ကို ကူညီရာ ရောက်စေတယ်...
အမှားတွေကို လိုက်ရှာနေတာ - လူငယ်
အမှားတွေနဲ့ ပျော်နေတာ - လူလတ်
လုပ်ပြီး အမှားတွေကို ပြန်စဉ်းစားနေတာ - လူကြီး
သင်ရုပ်မဆိုးပါဘူး
ငွေမရှိသေးလို့ပါ..
သင် လူရာမဝင်တာ မဟုတ်ပါဘူး
မအောင်မြင်သေးလို့ပါ..
ရင်းနှီးတိုင်း မမြတ်နိုင်ဘူး..
ကြိုးစားတိုင်း မအောင်မြင်နိုင််ဘူး..
ပေးဆပ်တိုင်းလည်း ပြန်မရနိုင်ဘူး..
မျှော်လင့်တိုင်းလည်း ဖြစ်မလာနိုင်ဘူး..
ဘဝဆိုတာ လောင်းကစားတစ်ခုလိုပဲ..
နိုင်ဖို့အတွက် မျှော်လင့်ထားသလို..
ရှုံးလာရင်လည်း ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ..
အရာရာမှာ
နေရာလိုချင်တဲ့စိတ်နဲ့ မလုပ်နဲ့
တာဝန်ယူချင်တဲ့ စိတ်နဲ့လုပ်..
ပလ္လင်ဆိုတာ သင်နဲ့အထိုက်တန်ဆုံး ဖြစ်လာမှာပါ..
ကျရှုံးတိုင်း ငိုနေရင်
ငိုနေချိန်တိုင်း ကျရှုံးမှာပေါ့..
ဒေါသထွက်တိုင်း ရန်လိုနေရင်..
ရန်လိုနေတိုင်း ဒေါသဖြစ်နေမှာပေ့ါ...
အလိုမကျတိုင်း အရွဲ့တိုက်နေရင်..
အရွဲ့တိုက်တိုင်း အလိုမကျ ဖြစ်နေမှာပေါ့..
စိတ်ညစ်တိုင်း ထင်ရာလုပ်နေရင်
ထင်ရာလုပ်တိုင်း စိတ်ညစ်နေရမှာပေါ့
ပြဿနာတိုင်းမှာ အကြောင်းဆိုတာရှိတယ်..
အဲဒါကို ရှာ၊ ခေါင်းအေးအေးထား စဉ်းစား
ဖြစ်သင့် / မသင့် ချင့်ချိန်၊ ဟုတ်၏ / မဟုတ်၏ ဆုံးဖြစ်
အဲဒါ - ပညာရှိတို့အကွက် ။
တိတ်ဆိတ်ခြင်းဟာ ပညာ..
ငပါကြီးတော့ ဘယ်ဟုတ်ပါ့မလဲ..
ကိုယ့်အပေါ်လှည့်စားသွားသူကို ငှဲ့ညှာလိုက်တာ ပညာ..
လူရိုးကြီးတော့ ဘယ်ဟုတ်ပါ့မလဲ..
သိသလောက် ထုတ်မပြတတ်တာ ပညာ..
လူအ,ကြီးတော့ ဘယ်ဟုတ်ပ့ါမလဲ..
နည်းနည်းပြောပြီး များများနားထောင်တတ်တာ ပညာ..
လောဘမရှိဘူးတော့ ဘယ်ဟုတ်ပ့ါမလဲ..
လိုချင်မှုကို လူသိအောင် ထုတ်မပြတတ်တာ ပညာ..
ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ..
ပေါက်ကွဲမှုကို အများမမြင်အောင် မြိုသိပ်နိုင်တာ ပညာ..
မခံစားရဘူးတော့ ဘယ်ဟုတ်ပ့ါမလဲ..
ခံစားမှုကို မပေါ်လွင်အောင် ထိမ်းထားနိုင်တာ ပညာ..
ဝမ်းမနည်းတတ်ဘူးတော့ ဘယ်ဟုတ်ပါ့မလဲ..
လူရှေ့မှာ ကြေကွဲပြမနေတတ်တာ ပညာ..
“ချစ်ခြင်း” ဟူသော စာတစ်စောင်သည်
စိုးရိမ်ခြင်း, ပူဆွေးခြင်း, လွမ်းဆွတ်ခြင်း, ငိုကျွေးခြင်းတည်း ဟူသော
များစွာသော သောက ပရိဒေဝတွကို ပေးနိုင်စွမ်းရှိသည်...
ကိုယ်တန်ဖိုးထားတဲ့ အရာတွေ..
ဖျက်ဆီးခံရတဲ့ အခါတိုင်း
ကိုယ်မျှော်လင့်ထားတဲ့ အရာတွေ
ဖြစ်မလာတော့တဲ့ အချိန်တိုင်း..
ကိုယ်အလေးနက်ထားတဲ့ အရာကို
ပျက်ရယ်ပြုခြင်း ခံရလေတိုင်း..
ငိုကြွေး စိတ်ပျက် နေမယ်ဆိုရင်..
ဘဝဟာ နှစ်ခါ ကျရှုံးသွားနိုင်တယ်...
ကိုယ့်အပေါ် ယုံကြည်သူကိုမှ ရွေးပြီး
စော်ကားတာလောက်
သစ္စာမဲ့တဲ့ လုပ်ရပ်
လောကမှာ ရှိမယ်မထင်...
တစ်ယောက်တည်းနေရင်
စိတ်တွေကို ဂရုစိုက်…
အများနဲ့နေရင်..
နှုတ်တွေကို ဂရုစိုက်..
စိတ်ကွယ်ရာဆိုတာ
မကောင်းမှုတို့ရဲ့ နယ်မြေ..
လူအများ စုဝေးရာက
မုသားစကားတို့ရဲ့ နယ်မြေ…
ကြမ်းကျွံရင်ရင်လည်း နှုတ်လို့ရတယ်..
စကားကျွံရင်လည်း တောင်းပန်လို့ရတယ်..
စာမှားရင်လည်း ဖျက်လို့ရတယ်..
ဘာသာတော့ မမှားကြစေနဲ့
ဖျက်စရာခဲဖျက်ဟာ ငရဲမှတပါး အခြားမရှိလို့..
လောကမှာ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ရာ
ခက်ခဲတယ်..
ရလာတဲ့ အောင်မြင်မှုကို ထိန်းထားနိုင်ဖို့ရာ
ပိုပြီး ခက်ခဲတယ်..
သူအပြစ်တွေကြည့်ပြီး
အကုသိုလ်ဖြစ်ပြီး ပူလောင်နေမည့်အစား
ကောင်းကွက်လေးတွေရှာပြီး
ကုသိုလ်စိတ်နဲ့ နေလိုက်စမ်းပါ..
အေချမ်းပါတယ်..
လောကရဲ့အထှာ..
ဖုန်း - နှစ်ခါဆက်လို့မှ မကိုင်ရင် မခေါ်ပါနဲ့..
စကား - နှစ်ကြိမ်ပြောလို့မှ ဂရုမစိုက်ရင် မပြောပါနဲ့..
အကူအညီ - နှစ်ခါတောင်းလို့မှ မပေးရင် မတောင်းပါနဲ့..
သင် အောင်မြင်နေချိန်
သင် ဘယ်သူလည်းဆိုတာ သင့် မိတ်ဆွေတွေ
သိကြလိမ့်မယ်..
သင် ကျရှုံးသွားချိန်
သင့် မိတ်ဆွေတွေ ဘယ်လိုဆိုတာ
သင် သိလာလိမ့်မယ်..
အရှုံး
စေးနှဲသူကို ဈေးထဲ ခေါ်မိရင် ရှုံးမယ်..
အချေးငှားထူသူကို အရေးထား ထုတ်ကြွားမိရင် ရှုံးမယ်..
အရှက်နည်းသူကို ခိုက်ရန်တိုက်ပွဲ ဖြစ်မိရင် ရှုံးမယ်..
ကောက်ကျစ်သူကို မိတ်ဆွေလူအဖြစ် သတ်မှတ်မိရင် ရှုံးမယ်..
နှုတ်မလုံသူကို ထုတ်ယုံ ရင်ဖွင့်မိရင် ရှုံးမယ်..
အတင်းပြောသူကို (အင်း-အော) လိုက်လျောမိရင် ရှုံးမယ်..
ကတိမထားသူကို ငှဲ့ညှာသနား ငွေချေးမိရင် ရှုံးမယ်..
ယုတ်မာသူကို ထုတ်ကာယုံကြည်မိရင် ရှုံးမယ်..
အလေးနက်မထားသူကို ပွေ့ဖက်ထားမိရင် ရှုံးမယ်..
သစ္စာမသိသူကို မေတ္တာရှိမိရင် ရှုံးမယ်..
စောင်တစ်ထည်ရဲ့ တန်ဖိုးဟာ
ဆိုင်ရှင်ပြောကြား ဈေးစကား မဟုတ်၊
ချမ်းအေးလွန်းလှ ဟေမန္တဆောင်း ကာလပြောင်းမှ သိရတယ်..
ထီးတစ်ချောင်းရဲ့ တန်ဖိုးဟာ
ရေးထားသင်္ချာ ဂဏန်းအက္ခရာတွေမဟုတ်၊
မိုးစက်တို့ကျ ဝဿန္တအခါ မိုးတွေရွာမှ သိရတယ်..
ပန်ကာတစ်လက်ရဲ့တန်ဖိုးဟာ
Label တံဆိပ် ကပ်နှိပ်ကာထား အမှတ်သားမဟုတ်၊
ပူအိုက်လွန်းလှ ဂိမန္တအခါ နွေရာသီရောက်မှ သိရတယ်..
လူတစ်ယောက်ရဲ့ တန်ဖိုးဟာ
ပစ္စည်းဥစ္စာ အသပြာတွေလည်းမဟုတ်
ရာထူး အာဏာ ပါဝါတွေလည်း မဟုတ်
ကိုယ်လက်ကျန်းမာ စိတ်ချမ်းသာနေချိန်လည်း မဟုတ်
အများကျိုးပြု မြတ်ကောင်းမှုကို
ကာယ,ဗလ, ဉာဏ,ပညာ စွမ်းနိုင်ရာဖြင့်
စဉ်ကာရှေးရှု သူကောင်းပြုသည်
လူတစ်ယောက်၏ တန်ဖိုးတည်း....။။
ချမ်းသာ ရှာနေသူတွ ဆင်းရဲပြီး..
ဆင်းရဲတယ်လို့ ထင်နေသူတွ
ချမ်းသာနေခြင်းသည်လည်း
လောကရဲ့ လှည့်ကွက်တစ်ခုပဲ..
သူ့ကိုအကြောင်းပြုပြီး
အလိုမကျ ဒေါသဖြစ်နေခြင်းဟာ
ကိုယ့်စိတ်ကိုယ် မီးမြှိုက်နေခြင်းနဲ့ တူတယ်..
လူတစ်ယောက် မွေးဖွားဖို့က ခက်ခဲပြီး
သေဆုံးဖို့က အရမ်းလွယ်တယ်..
ကိုယ့်အသက်ကိုယ် တန်ဖိုးထားပါ..
ကားတစ်စီးဟာ အိမ်မှာရပ်ထားရင် အန္တရာယ် အကင်းဆုံး
ဒါဟာ.. ကားထုတ်လုပ်သူတို့ရဲ့ ရည်ရွယ်ချက်မဟုတ်ဘူး..
လှေတစ်စီးဟာ ကမ်းမှာကပ်ထားရင် စိတ်အချရဆုံး..
ဒါဟာ.. လှေထွင်းသူတို့ရဲ့ ရည်ရွယ်ချက်မဟုတ်ဘူး..
စာအုပ်တွေကို ဘီဒိုထဲမှာ ထည့်ထားရင် ကြည့်လို့အလှဆုံး
ဒါဟာ.. စာရေးသူတို့ရဲ့ ရည်ရွယ်ချက်မဟုတ်ဘူး..
လူတစ်ယောက်ဟာ.. အိပ်,စား,ကာမ ဤသုံးဝကိုပဲလုပ်နေရင် အချမ်းသာဆုံး..
ဒါဟာ..လူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက် မဟုတ်ဘူး...
မွမ်းကြပ်နေတဲ့ အခံစားချက်တွေကို
အခြားလူကို ဖွင့်ပြောလိုက်ရင်
ပေ့ါသွားမယ် ထင်နေကြတာ..
အမှန်တော့
ကိုယ်ပေးလိုက်တဲ့ အပူအထုပ်ကြီး
သူတစ်ပါးခေါင်းပေါ် တင်မိသွားတာ
သတိမထားမိကြဘူး..
ကောင်းတာလုပ်ရင် စွံ့ ,အ
မကောင်းတာလုပ်ရင် ရှုံ့ချ တတ်တဲ့
လောကအလယ်
စိတ်ထားမှန်မှန် စေတနာ အရင်းခံဖြင့်
ပန်းတိုင်သို့သာ လျှောက်နေပါ..
အခက်အခဲတွေ့တိုင်း
ကူညီသူ ကယ်တင်ရှင်ကို မရှာဘဲ
ရုန်းထွက်နိုင်အောင် ကြိုးစားမှ
ကိုယ့်ကိုကိုယ် ယုံကြည်မှုဆိုတာ ဖြစ်လာမှာ...
ဖုန်းတစ်လုံးဟာ လူတွေကို
မဖျက်ဆီးနိုင်ပါဘူး
အသုံးပြုသူပေါ်မူတည်ပြီး
ဓမ္မအတွက်သုံးခြင်း
အဓမ္မအတွက် သုံးခြင်း ဆိုပြီး
ကောင်းကံ ဆိုးကံတွေကို
ဖန်တီးပေးတာ..။
ငွေရဖို့ တစ်ခုအတွက်နဲ့ မလုပ်ဘဲ..
မိမိဝါသနာပါရာ တတ်ကျွမ်းတာကို လုပ်ခြင်းဖြင့်
နောင်တစ်ချိန် ကြုံလာမယ့်
နောင်တနဲ့ ငြီးငွေ့ခြင်းတွေကို
ဖယ်ရှားနိုင်မှာပါ..
တစ်ယောက်နဲ့ တစ်ယောက်
ဝါသနာမတူဘူး..
စရိုက်မတူဘူး..
အကြိုက်မတူဘူး..
- မတူတာတွေကို လိုကညှိနေတော့
- စိတ်ဆင်းရဲရတာပေ့ါ...
လောက
တစ်ကိုယ်ကောင်းဆန်သူတွေ များတယ်..
အားမနာတတ်သူတွေ များတယ်..
အလိုက်မသိသူတွေ များတယ်..
မငဲ့ညှာသူတွေ များတယ်..
ယုတ်မာသူတွေ များတယ်..
အယောင်ဆောင်သူတွေ များတယ်..
အမှိုက်တွေများပေမယ့်
ပတ္တမြားဟာ ပတ္တမြားဘဲ..
ကိုယ့်တန်ဖိုးကိုယ် မလျော့ကျအောင် နေပါ..။
ကိုယ့်ထမင်းကိုယ်စားပြီး ဘယ်သူ့ကို ဂရုစိုက်ရမှာလည်း မပြောနဲ့..
ပတ်ဝန်းကျင်ဟာ သင့်ကို
မြင့်အောင်လည်း မြှင့်နိုင်တယ်..
တည်အောင်လည်း တန့်နိုင်တယ်..
ကျအောင်လည်း ချနိုင်တယ်..
သတိထားပါ...
ပတ်ဝန်းကျင်ကို
အရမ်းဂရုစိုက်လွန်းရင်လည်း
လုပ်နိုင်တဲ့ ဘောင်တွေ ကျဉ်းသွားတယ်..
မလျော့မတင်း စောင်းကြိုးညှင်းပမာ ဆက်ဆံပါ..
အတတ်ပညာတွေနောက် လိုက်ပြီး..
အသိပညာမှ မရှိိဘူးဆိုရင်
တတ်ထားပညာတွေဟာ
မကောင်းမှုလုပ်ဖို့အတွက်
အားကြီးတဲ့ အထောက်အပံ့ဖြစ်သွားမယ်..
(( သတိချပ် ))
ပြောတွေကောင်းနေဖို့ထက်
အကောင်းတွေသာ ပြောနေပါ..
ဟိတ်ဟန်တွေ ရှိနေဖို့ထက်
မိမိစိတ်မှန်ကိုသာ သိအောင်လုပ်ပါ...
အယုံကြည်ရဆုံး လူတွေဆီက
သစ္စာဖောက်မှုကို ခံရတယ်..
အချစ်ရဆုံးဆိုတဲ့ လူတွေကပဲ
ပူလောင်မှုတွေ ပေးခဲ့ပြန်တယ်..
အဲ့လောက်ဆို ကိုယ့်အားနည်းချက်ကိုယ် သိတော့..
လူတွေက သင့်ကို မလိုအပ်တဲ့အခါ
“အလုပ်တွေ မအားလို့ပါ”ဆိုတဲ့ဆင်ခြေတွေနဲ့
တုံ့ပြန်ကြလိမ့်မယ်..
သို့သော်လည်း
သင့်အကူအညီ လိုအပ်လာတဲ့အခါ
အကြောင်းမရှိ အကြောင်းရှာပြီး
သင့်ထံ အရောက်လာကြလိမ့်မယ်..။
လူတိုင်းကို ယုံကြည်ဖို့ မလိုအပ်ဘူး..
လူတိုင်းက ယုံကြည်လာအောင်ပဲ
လုပ်ပြရမှာ...
ဒေါသထွက်နေချိန် လုပမိတဲ့အလုပ်
ပြောမိတဲ့ စကားတွေဟာ
ဒေါသတွေ ပြေလျော့လို့ အနေပေ့ါတဲ့အချိန်
မှားမှန်းသိလိုက်ရတယ်..
ဒါပေမယ့် နောက်ကျသွားပြီ...
မလုပ်မီ ဆင်ခြင်
မပြောခင် စဉ်းစား
ဒါမှ အမှန်တရား..
ဆန်းကြယ်စွာနေလို့ ထင်ပေါ်ကျော်ကြားနေခြင်းဟာ
ဆန်းပြားမှုတွေကို မလုပ်နိုင်တဲ့ တစ်နေ့
တိမ်မြုပ်သွားလိမ့်မယ်..
ဒါကြောင့် - ရိုးရိုးလေးသာ နေပါ..
စာတွေတတ်ပြီး စာမဖတ်သူသည်
ပြတင်းပေါက်တွေ ပိတ်ထားတဲ့ အိမ်နဲ့တယ်..
စာတွဖတ်ပြီး လက်တွေ့အသုံးမချသူသည်
ပြတင်းပေါက်တွေ ဖွင့်ထားပါလျက်
အပြင်ကို ထွက်မကြည့်သူနဲ့ တူတယ်..
ဒါကြောင့် -
ပြတင်းပေါက်ဖွင့်ပါ.. ထွက်ကြည့်ပါ..
သာယာအေးမြတဲ့လောကကို မြင်ရပါလိမ့်မယ်..
အမှတ်မထားတဲ့ စိတ်
အပျက်သားတဲ့ စိတ်တွေဟာ
နောက်ထပ်တဖန်
ပူလောင်မှုတွေကို ယူလာပေးလိမ့်မယ်..
ပေးနေတဲ့ ဆင်ခြေ
လေးနေတဲ့ ခွန်အားတွေဟာ
အောင်မြင်မှုရဲ့
ဆန့်ကျင်ဘက်အရပ်ကို ဦးတည်နေတယ်ဆိုတာ
သတိပြုပါ...
ယဉ်ကျေးစွာ နှုတ်ဆက်ဖို့
ဆွံ့,အ နေသူတွေ..
ပွင့်လင်းစွာ ချီးမွှမ်းဖို့
နှုတ်ဆိတ်နေသူတွေ..
ဖော်ရွေစွာ ပြုံးပြဖို့
မေ့လျော့နေသူတွေဟာ
အများကြားမှာ
အကျဉ်းတန် အထီးကျန်
နေတတ်တယ်...
သူတစ်ပါးတို့ရဲ့ အခက်ခဲများကို
ကူညီဖြေရှင်း ပေးခြင်းသည်လည်း
စိတ်ထား မြင့်မြတ်သူတို့အတွက်
ပျော်ရွှင်စရာ လုပ််ရပ်တစ်ခုပါ..
သူတစ်ပါးကို ကူညီတတ်သူ
တစ်ဖက်သားအပေါ် သည်းခံနိုင်သူ
အများအပေါ် ငဲ့ကွက်ကြသူများနဲ့
သဘောမှန် မနောခံ ကောင်းသူတို့ရဲ့ဘဝဟာ
နေရတာ အဓိပ္ပါယ်ပြည့်ဝ ကျေနပ်လှပနေလိမ့်မယ်...
တခါတခါ
ရှင်းပြခွင့်မရတဲ့
နားလည်မှုလေးတွေ ၊
ဖြေရှင်းခွင့် မပေးတဲ့
ပြဿနာလေးတွေ တွေ့တတ်တယ်..။
သူတို့အမြင်စောင်းသော်လည်း
ကိုယ့်ဘက်အသွင် မပြောင်းအောင်
ထိန်းသိမ်းခြင်းဖြင့်
အမုန်းကို အပြုံးဖြင့် အောင်နိုင်ပါ..
အရာရာမှာ
ငါမရှိရင် မဖြစ်ဘူးမထင်နဲ့
သင်ရှိနေလို့ တစ်ချို့အရာတွေမှာ
နှောင့်နှေးနေတာလည်း ဖြစ်နိုင်တယ်..
အခွင့်အရေးရတိုင်း မယူမိစေနဲ့
တစ်ချို့အရာတွေက
သင့်စာရိတ္တကို စမ်းသပ်နေတာလည်း
ဖြစ်နိုင်တယ်..
တချိန်က အလူးအလဲ ခံခဲ့ရတဲ့ ဒုက္ခတွေဟာ
ခုချိန်မှာ ပြန်စဉ်းစားကြည့်ရင်
ဟာသတစ်ပုဒ်ထက် မပိုဘူး..
အခုတွေ့နေရတဲ့ ဒုက္ခတွေဟာလည်း
နောင်တချိန် အမှတ်ရစရာ ပုံရိပ်တစ်ခုကလွဲလို့ ပိုမလာနိုင်ပါဘူး
တွေ့ကြုံခိုက်မှာ အားတင်းထားပါ..
လုပ်ငန်းတစ်ခု
ဘယ်လောက်ပင် ကြီးကျယ်နေပါစေ..
စေတနာကောင်းလေးမှ မထည့်ရင်
ရာနှုန်းပြည့် အောင်မြင်ဖို့ရာ
မဖြစ်နိုင်ဘူး...
ကိုယ်နဲ့အမြင်မတူ အသွင်ကွဲပြားနေသူတိုင်း
ရန်သူ မဟုတ်သလို..
ကိုယ့်ဘက်လိုက်ပြီး ကိုယ့်အကြိုက် ဆောင်နေသူတိုင်းကလည်း
မိတ်ဆွေမဟုတ်ဘူး...။
ရန်သူ-မိတ်ဆွေ ခွဲခြားတတ်ပါစေ...
အောင်မြင်မှုတွေနဲ့ လွဲနေရခြင်းဟာ
ဖြစ်ချင်တဲ့ ဆန္ဒ,
ကြိုးစားမှု ဝီရိယ,
အားထုတ်မှု လုံ့လ,
မြော်မြင်မှု ပညာ တို့
နည်းပါးနေတယ်ဆိုတာ..
သတိပြုပါ...
အတိတ်က အရိပ်တွေကို
လွမ်းနေလို့ကတော့
နာကြင်မှုနဲ့ နောင်တတွေပဲ
ရနေလိမ့်မယ်..
တွယ်တာမှု သံယောဇဉ်ကို
မဖြတ်တောက်နိုင်သရွေ့
ပူလောင်မှု သောကဓါဏ်ကို
အလူးအလဲ ခံရနေရဦးမှာဘဲ...
တဒင်္ဂ ဒေါသကြောင့်
လွတ်လပ်တဲ့ လောကကို
ကျောမခိုင်းရစေနဲ့...
ဝိနည်းဟာ
ဘုရားရှင်တို့ရဲ့ သတ်မှတ်ချက်..
ဥပဒေဟာ
နိုင်ငံတစ်ခုရဲ့ သတ်မှတ်ချက်..
စည်းကမ်းဟူသည်
လူတို့ရဲ့ သတ်မှတ်ချက်..
ကုန်ဈေးနှုန်းဟာလည်း
ကုန်သည်တို့ရဲ့ သတ်မှတ်ချက်..
သင့်-ဘဝ၊ သင့်-တန်ဖိုးကိုတော့
သင်ကိုယ်တိုင်ပဲ သတ်မှတ်ရမှာပါ မိတ်ဆွေ…
ဖြောင့်နေတဲ့ လမ်းကို လျှောက်ချင်ရင်
ကောက်နေတဲ့စိတ်ကို အရင်ပြင်ပါ..
မရိုးမဖြောင့် ကောက်ကျစ်တဲ့စိတ်နဲ့
ဘဝခရီး ဖြောင့်ဖြူးလိမ့်မယ်လို့
ထင်မထားနဲ့...
သနားငဲ့ညှာ စာနာတတ်သူများဟာ
မိသားစုရဲ့ဒါဏ်ကို
အခံရဆုံး...
ဒါကိုသည်ပင် သူတို့အတွက်
ဆုလဘ်ကြီးလို သဘောထားပြီး
အမုန်းမပျက် ပြုံးလျက်နဲ့ ပေးဆပ်နေကြသည်..
သွေးထားတဲ့ ဓါး ခုတ်နေမှ
သိထားတဲ့ အရာ လုပ်နေမှ
တတ်ထားတဲ့ ပညာ သုံးနေမှ
တတ်ပြီးပညာ မလေ့လာရင်
မရှည်မကြာ ပျောက်သွားမှာ..
ပတ်ဝန်းကျင် မကောင်းတိုင်းသာ ပြောင်းနေရင်
ဘယ်မှာ နေစရာ ရှိမလဲ..
မိတ်ဆွေမကောင်းတိုင်းသာ ပြောင်းနေရင်..
ဘယ်မှာ ပေါင်းစရာလူ ရှိမလဲ..
အလုပ်မကောင်းတိုင်းသာ ပြောင်းနေရင်..
ဘယ်မှာ လုပ်စရာ ရှိမလဲ..
အားလုံးနဲ့ အဆင်ပြေဖို့အတွက်
အဖြေက
မိမိစိတ်ကိုယ်မိမိ ပြောင်းရမှာ...
လောကမှာ
ငွေရှိရင် ဘာမဆို ပြည့်စုံတယ်
ဆိုတဲ့ လူတွေက
ငွေနဲ့ ဖြေရှင်းလို့မရတဲ့ ပြဿနာတွေနဲ့
မကြာခန ကြုံတွေ့နေကြရတယ်..
အဝေးက ရန်ထောင်လာသူထက်
အနီးမှာ ဟန်ဆောင်နေသူကို ပိုပြီး သတိထားပါ..
ကိုယ့်အမှားကို ဖုံးဖို့အတွက်
သူ့အပြစ်မကို ရှာနေသူတွေ
အနားမှာ ရှိတယ် ဂရုစိုက်..
စိတ်ကူးယဉ် အိပ်မက်ကို
လူတိုင်း မက်ခွင့်ရှိတယ်..
သို့သော်..
စိတ်ဓါတ် ပြင်းပြ ထက်သန်သူ တချို့သာ
အကောင်ထည် ဖော်ခွင့် ရကြတာ..
“ သပ်ရပ်စွာ နေထိုင်
ဖော်ရွေစွာ ဆက်ဆံ
နှစ်လိုကာ ပြုံးပြ
အောင်မြင်မှုရဲ့ လမ်းစ “
ကိုယ့်အကျိုး မလို၊ ယုံကြည်မှုကင်း၊
မြှော်မြင်နည်းပါး၊ စိုးရိမ်လွန်ကဲ။
ကြောက်အားကြီးတတ် ၊ ဆုံးဖြတ်နှေးကွေး
မပြတ်မသား၊ အချိန်ဆွဲထား၊
သူ့ဘက်ပါလျှက်၊ ပေါ်ယံပေါင်းတတ်
ခေါင်းရှောင်သောသူ များထိုလူအား
ကိစ္စကြီးငယ် မတိုင်ပင်နဲ့...
မိတ်ကောင်းတို့စွန့်ခွါ
ပညာရှိတို့ ကဲ့ရဲ့
အခွင့်လမ်းတို့ ပိတ်ဆို့
ပတ်ဝန်းကျင်ပစ်ပယ်
အောင်မြင်မှုနှေးကွေး
ချစ်သူနည်းပါး လူမုန်းများ
ရန်သူပေါများ ဒုဂ္ဂတိလား
ငြင်းခုန်ခြင်း၏ အကျိုးများ..။
ယုံကြည်မှုကို အသုံးချသွားသူတွေ
အားနာစိတ်ကို အခွင့်ကောင်း ယူသွားသူတွေ
သည်းခံစိတ်ကို အနိုင်ကျင့်တတ်သူတွေကြာင့်
ဘဝဟာ
ပင့်သက်နဲ့အတူ ရင့်ကျက်ခဲ့ပါပြီ...
စာအုပ်ထဲကထက်
လက်တွေ့ဘဝ အတွေ့အကြုံတွေက
ပိုပြီး နက်ရှိုင်းတယ်..
သို့သော်လည်း
ဘဝ လောကဓံကို ဖြတ်သန်းဖို့အတွက်
လမ်းညွှန်ချက် ကောင်းတွေကိုတော့
စာအုပ်ထဲမှာဘဲ ရှာရလိမ့်မယ်..
တစ်ဖက်က ပေါ့ပျက်ပျက် ပြောသွားတဲ့
စကားတစ်ခွန်းအတွက်
ရင်ဘတ်ကြီးနဲ့ ခံစားမနေနဲ့..
ကိုယ်ပဲ ပူလောင်ရလိမ့်မယ်..
ဖော်ရွေတတ်ပါစေ..
လူပေါကြီး မဖြစ်စေနဲ့ ။
သည်းခံတတ်ပါစေ..
အနိုင်ကျင့်မခံပါနဲ့ ။
ပိုက်ဆံစုပါ..
ကပ်စေးတော့ မနှဲပါနဲ့ ။
ပျော်ပျော်နေပါ..
ဘောင်မကျော်ပါစေနဲ့..။
အမှတ်သညာထားပါ..
အငြိုးတော့ မထားပါနဲ့ ။
ရိုသေပါ..
အောက်ကျို့မခံပါနဲ့ ။
သစ္စာရှိပါ..
ဆုပ်ကိုင်မထားပါနဲ့.. ။
အတုယူပါ..
ခိုးမချပါနဲ့..။
ထိုက်သင့်တဲ့ မာနထားပါ..
မာန်မတက်ပါနဲ့ ။
ချစ်တတ်ပါစေ..
အချစ်ရူး မဖြစ်ပါစေနဲ့..။
ရင့်ကျက်ပါ
ရိပ်သာတွေသွား
အဘိဇ္ဈာတွေ ပွားနေတုန်းလား..
ရောဂါတွေကြား
သောကတွေ ပွားနေတုန်းလား
အများနဲ့ယှဉ်ပြိုင်
စကားနိုင်တွေ လုပြောနေတုန်းပဲလား..
သံယောဇဉ် အကြောင်းပြု
ကောင်းမှုလေးတွ မေ့နပြီလား..
အချစ်ကို အကြောင်းပြု
တောင်းဆုလေးတွေ ခြွေနေတုန်းလား..
စီးပွားလေးအောင်မြင်
လက်မလေးတွေ ထောင်ချင်နေပြီလား.
ခေါင်းတွေလည်းဖြူ
ကျောင်းသူတွေလို လှချင်နေတုန်းလား..
သေရက်တွေနီးသော်လည်
လောဘတွေ ကြီးနေတုန်းပဲလား..
ပြောသမျှစကား အောင်မြင်
မာန်မာနတွေ ထောင်ချင်နေပြီလား..
အတိတ်က ရွှေထီးဆောင်းတာကို
စိတ်ရေစီးကြောင်းက ဆွဲမထုတ်နိုင်ဘူးလား..
သုခတွေကြား
ဗုဒ္ဓဘုရားကို မေ့နေပြီလား..
အမှားလုပ်မိမှာ ကြောက်နေသူတစ်ယောက
အတွေးတစ်ချက် ဆေးတစ်ခွက်
==================
ပီသတဲ့ အရေးနဲ့
ညီမျှတဲ့ အတွေးတွေကသာ
သင့်ရဲ့စိတ်ကို အမှန်တကယ်
အေးချမ်းစေနိုင်မှာပါ..။
စာအုပ် စာပေဆိုတာ..
အကြံဉာဏ်ကောင်းတို့ နားခိုရာ..
အတွေးခေါ် ကောင်းတို့ ကျက်စားရာ..
ခံစားချက်တို့ မျှဝေရာ..
သမိုင်းကြောင်းတို့ ရေးထိုးရာ..
ဓမ္မစာပေတို့ ဖြန်ဝေရာ..
ခွန်အားသစ်တို့ မွေးဖွားရာ..
ကိုယ့်ကိုကိုယ်တောင်
တည်ငြိမ်အောင် မထိန်းချုပ်နိုင်ဘူးဆိုရင် …
ကိုယ့်ကိုကိုယ်တောင်
ရင့်ကျက်အောင် မတည်ဆောက်နိုင်ဘူးဆိုရင်..
ကိုယ့်ကိုကိုယ်တောင်
စိတ်ချမ်းသာအောင် မထားနိုင်ဘူးဆိုရင်..
ကိုယ့်ကိုကိုယ်တောင်
ဒုက္ခလွတ်ရာ လမ်းကြောင်းကို မရှာဖွေနိုင်ဘူးဆိုရင်..
ဟိုလူ့အတွက် ဟိုဟာလုပ်ပေးမယ်
ဒီလူ့အတွက် ဒီလုပ်မယ်ဆိုပြီး
စိတ်ကူးယဉ်မနေပါနဲ့..
လောကမှာ
ငွေတစ်ခုထဲ အာရုံစိုက်ထားရင်
တခြားအရာတွေ လွတ်ကုန်တယ်...
ရလာဘ်က
သင်လဲကျချိန်မှာ တွဲထပေးမယ့်သူ မရှိတော့ဘူး ဆိုတာပဲ..
လောက ဓမ္မ နှစ်ဌာနမှာ အကျိုးရှိအောင်
အပြောတွေ ကောင်းနေဖို့ထက်
အကောင်းတွေသာ ပြောနေပါ...
ဟိတ်-ဟန် ရှိဖို့ထက်
စိတ်မှန်ကိုသာ သိအောင်လုပ်ပါ...
သေနေသော ရှင်ဘုရင်ထက်
ရှင်နေတဲ့ သူတောင်းစားက မြတ်တယ်..
အသက်ရှင်ခြင်း၏ တန်ဖိုးကို နားလည်ပါ..
ကိုယ့်ဘဝကို ပျော်ရွှင်မှု ပေးနေတဲ့ အရာတိုင်းလည်း
ကိုယ့်အတွက် ရွေးချယ်မှုအမှန် မဖြစ်နိုင်ဘူးနော်...
ပစ်ပြီးသော - မြှား
ပြောပြီးတဲ့ - စကား
ကုန်သွားသော - အချိန်
ဆုံးသွားတဲ့ - မိဘ
ပြန်ရရိုး ထုံးစံမရှိ ။
ထိုကြောင့်
မပစ်မီ - ချိန်ဆ
မပြောမီ - စဉ်းစား
မလွန်မီ - အသုံးချ
မိဘရှိစဉ် - ပြုစုကြ ။
ယခု သင့်ဘဝမှာ
ကောင်းတာတွေပဲ ကြုံနေ ကြုံနေ
မကောင်းတာတွေပဲ ကြုံနေ ကြုံနေ
အမြဲထာဝရ မဟုတ်ဘူးဆိုတာ အမှတ်ရပါ..
တစ်ဖက်သားကို
လက်ညှိုးထိုး အပြစ်တင်နေသမျှ
ရှေ့လျှောက်
လူတွေနဲ့ ပေါင်းသင်းဖို့လည်း ခက်နေဦးမှာဘဲ...
သာမန်ထက်
စကားပြော ကောင်းနေတဲ့သူဆိုရင်
သတိသာ ထားတော့ ။
Pressure !
ဖိအားတွေကြောင့်
လူမှန်တွေ - လူမှားဖြစ်ကုန်တယ်
ဖိအားတွေကြောင့်
လမ်းပျောက်သူတွေ - ပန်းတိုင်တွေ့ကြတယ်
ဖိအားတွေကြောင့်
ကျရှုံးလျက်နဲ့ - ဇာတ်သိမ်းကုန်တယ်..
ဖိအားတွေကြောင့်
ဇာတ်သိမ်းမယ့်သူတွေ - ပန်းဝင်ကုန်တယ်..
ဖိအားတွေကြောင့်
ပန်းဝင်သူတွေ - ဇာတ်သိမ်းကုန်ပြန်တယ်
ဖိအား ဖိအား သတိထား…
ကျွန်ုပ်ရဲ့ လျှို့ဝှက်စကား ပြောကြားခြင်းဟာ
သင့်အပေါ် ယုံကြည်လို့ဆိုတာ
နားလည်ပေးပါ မိတ်ဆွေ ။
စားဘူးတဲ့သူက ပိုငတ်တယ်..
ဖားဘူးတဲ့သူက ပိုနပ်တယ်...
မှားဘူးတဲ့သူက ပိုတတ်တယ်..
အချိန်မရှိတော့ဘူး
အရှုပ်တွေနဲ့ ကင်းအောင် နေကြ ..။
စိတ်ချမ်းသာမှုရဲ့ အဓိက သော့ချက်ဟာ
အတွေးလေးတွေကောင်းပြီး...
အကောင်းလေးတွေ တွေးနေဖို့ပဲ လိုတယ်..
“ ငွေရှိရင် ဘာမဆို ပြည့်စုံတယ် “ ဆိုတဲ့
လူတွေဟာ
ငွေနဲ့ ဖြေရှင်းလို့ မရတဲ့ ပြဿနာတွေနဲ့
မကြာခဏ ကြုံတွေ့နေကြရတယ်..
အော်… ဒုက္ခ ဒုက္ခ
အကောင်းဆုံးဖြစ်အောင် ကြိုးစား
အဆိုး ဆုံးတွေကိုလည်း မျှော်လင့်ထားရင်
နှိမ့်တစ်ခါ မြင့်တစ်လှည့် လောကဓံ လှိုင်းတံပိုးမှာ
အလိုက်သင့်စွာ နေတတ်လာလိမ့်မယ်..
စာဖတ်တိုင်းလည်း အသိဉာဏ် မတိုးနိုင်ဘူး
စားတိုင်းလည်း အသားမဖြစ်ဘူး
သွားတိုင်းလည်း ခရီးမရောက်ဘူး
ကြိုးစားတိုင်းလည်း မအောင်မြင်နိုင်ဘူး
ဘွဲ့ရတိုင်းလည်း ပညာမတတ်ဘူး..
ပညာတတ်တိုင်းလည်း အသိဉာဏ် မရှိဘူး
အပေါင်းသင်းများတိုင်းလည်း မိတ်ကောင်းမရှိနိုင်ဘူး
ငွေရှိတိုင်းလည်း စိတ်မချမ်းသာနိုင်ဘူး
ဘာပဲလုပ်လုပ် လုပ်ဆောင်ချက်တိုင်း ထိရောက်ဖို့အတွက်
နည်းမှန် လမ်းမှန်တော့ ဖြစ်ဖို့လိုတယ်..
အဲဒါ ခရာပဲ...
ကိုယ့်ကို တန်ဖိုးမထားသူတွေရဲ့ကြားမှာ
တန်ဖိုးရှိအောင် နေထိုင်ခြင်းသည်ပင်
ဘ၀ရဲ့ စိန်ခေါ်မှုတစ်ရပ် မည်၏
သင် ဒုက္ခရောက်နေချိန်
အတိုးမယူ သက်သေမရှိ ချေးငှားပေးသူကို
ကျေးဇူးတင်ပါ..
ထိုသူ့ကိုမှ ပြန်ဆပ်ဖို့ရန် တွန့်ဆုတ်နေတဲ့
သင့်ကိုသင် အပြစ်တင်ပါ..
မိမိကိုယ်တိုင်က မကောင်းသေးရင်
မိတ်ဆွေကောင်းကို မရှာပါနဲ့...
ဘဝမှာ အခက်အခဲဆိုတာ တစ်ကြိမ်တစ်ခါနဲ့
ပြီးမသွားသလို..
အခမဲ့ကူညီသူ မိတ်ဆွေကောင်းကလည်း
နောက်တစ်ယောက် ရဖို့ရာ မလွယ်ဘူးဆိုတာ
သတိပြုပါ..
ပန်းတစ်ပင်ကို ရေဘယ်လောက် လောင်းလောင်း
အခါမဟုတ်ရင် ပွင့်မလာဘူး..
စားစရာတွေ ဘယ်လောက်ကောင်းကောင်း
မစာသေးရင် စားမဝင်ဘူး..
အဟောအပြော ဘယ်လောက်ကောင်းကောင်း
အခါမဟုတ်ရင် အရာမဝင်ဘူး..
အနေအထိုင် ဘယ်လောက်မှန်မှန်
အချိန်မတန်ရင် ဘာမှဖြစ်မလာဘူး..
အရာရာမှာ အောင်မြင်ဖို့အတွက်
အချိန်ကောင်းတစ်ခု လိုအပ်တယ်..
အမြင့်ဆုံးနေရာကို ရောက်ဖို့အတွက်
တခါတရံမှာ
ကိုယ်အနှစ်သက်ဆုံး အရာတွေနဲ့
လဲသင့်ရင် လဲရမယ်..
ဘဝဆိုတာ အလောင်းအစားတစ်ခုပဲ...
နူးညံ့သော မှိုတစ်ပွင့်ဟာ
မာကျောခက်ထန်တဲ့ မြေပြင်ကို
ဖောက်ထွက်နိုင်စွမ်းရှိသကဲ့သို့...
သူတော်ကောင်းတွေရဲ့ စကားတစ်ခွန်းဟာလည်း
လူမိုက်တို့နှလုံးသားကို ပျော့ပြောင်းသွားအောင်
ပြုပြင်နိုင်စွမ်း ရှိကြတယ်..
အဲ့ဒါ ယုံ…
ငါဟာ အများအတွက်ဆိုပြီး
အများဟာ ငါ့အတွက် ဖြစ်နေတတ်တယ်..
ငါဟာ တိုင်းပြည်အတွက်ဆိုပြီးတယ်..
တိုင်းပြည်ဟာ ငါ့အတွက် ဖြစ်နေတတ်တယ်..
ငါဟာ သာသနာအတွက်ဆိုပြီး
သာသနာဟာ ငါ့အတွက် ဖြစ်နေတတ်တယ်..
ဦးတည်ချက်တွေလွဲကုန်ရင် သမိုင်းဆိုးတွေကျန်မယ်..
တစ်ချိန်မှာ နောင်တတွေနဲ့ ခံနေရမယ်..
လမ်းလျှောက်ရင်း လမ်းမပျောက်ကြစေနဲ့...။
ပုထုဇဉ်လူသားမှန်သမျှ တဏှာ လောဘ ရှိကြတာပဲ..
ကိုယ့်လောဘကြောင့် တဖက်သားကို မထိခိုက်စေတာ..
ကိုယ့်တဏှာအကြောင့် သူများအပေါ် မနစ်နာရအောင်
စောင့်ထိန်းနိုင်မှသာ
လူပီသတဲ့ လူသားမည်တာ...
လပြည့်ည ဆိုသော်လည်း
တိမ်မည်းတို့ အုပ်ဖုံးနေပါက
ကောင်းစွာ သာခွင့်မရနိုင်...
ကိုယ်မှန်တယ်ဆိုသော်လည်း
အဖျက်အင်အား လွန်ကြီးမားပါက
အမှန်တရားကို ချမပြနိုင်...
သည်းခံ၍သာ နေရရှာ၏
ကြီးမားသော အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ
ခက်ခဲတဲ့ စွန့်စားမှုတွေ ရှိတယ်..
သူမတူတဲ့ အောင်မြင်မှုကို ရဖို့ဆိုရင်
သူမတူတဲ့ ကြိုးစားမှုမျိုး
ရှိဖို့လိုအပ်တယ်..
ကြိုးစားမှုရဲ့ နောက်မှာ
ရိုးသားမှုကို တွဲထားပါ..
ကြိုးစားပြိး မရိုးသားရင်
အမြတ်ကိုအသာထား
ရှိနေတဲ့ အရင်းများထဲကပါ
ကိုယ့်ကို စွန့်ခွါသွားလိမ့်မယ်..
မှောင်တယ်ဆိုပြီး
မလျှောက်ဘဲ နေရင်..
လိုချင်တဲ့ ပန်းတိုင်ကို
လှန်းကိုင်နိုင်မှာ မဟုတ်…
ပြိုင်ဘက်
ကျွန်ုပ်တို့မှာ ပြိုင်ဘက်ကိုယ်စီ ရှိကြတယ်...
ကျွန်ုပ်တို့ ပြိုင်ဘက်ဟာ
ကျွန်ုပ်တို့အောက်မှာ မဟုတ်
ကျွန်ုပ်တို့ အထက်မှာသာဖြစ်တယ်..
ပေါင်းအသင်း
အတက်မှာ တွန်းချမယ့်သူတွေ ရှိသလို..
အကျမှာ ပင့်တင်ပေးတဲ့သူတွေလည်း ရှိတယ်..
သင်ကိုယ်တိုင် ရွေးချယ်ပေါင်းသင်းတတ်ဖို့ပဲ လိုတာ..
အလုပ်ကြီးအကိုင်ကြီး လုပ်နေချိန်
ကိစ္စသေးသေးလေးတွေကြောင့် အချိန်ကုန်မခံနဲ့ ။
ကိစ္စလေးတွေကို အလေးထားမှလည်း
အကြီးကြီးတွေ အောင်မြင်တယ်ဆိုတာလည်း မမေ့နဲ့ ။
တန်ဖိုးမဲ့ သူများအကြောင်းတွေပြောပြီး..
တန်ဖိုးရှိတဲ့ ကိုယ့်အချိန်တွေကို
မဖြုန်းမိစေနဲ့..။
လောကကြီးကပြောတယ်..
ငွေရှိရင် ချမ်းသာပြီ..
ဥစ္စာတွေရှိရင် ပြည့်စုံပြီ..
လိုချင်တာတွေရနေရင် အောင်မြင်ပြီ..
ဓမ္မကပြောတယ်..
လိုချင်တာ..
ဖြစ်ချင်တာ..
ရချင်တဲ့စိတ်တွေ မရှိတော့တဲ့ နေ့ဟာ
ချမ်းသာအစစ်ကို တွေ့တဲ့နေပါ..တဲ့ ။
စိတ်ရိုင်းတွေကို မောင်းထုတ်ပါ
တစ်ဖက်လူ အောင်မြင်မှုကိုကြည့်ပြီး..
နှုတ်ဖျားက ချီးမွမ်းစကား ထုတ်ဟဖို့
ဘာကြောင့် စွန့်အနေရတာလဲ..
လက်ကြားက ထောက်ခံစကားရေးသားဖို့
ဘာကြောင့် ခက်နေရတာလဲ..
ပါးထက်မှာ နှစ်လိုဖွယ်ပြုံးပြဖို့
ဘာလို့ သတိမရတာလဲ..
စက္ကူတစ်ရွက်ကို တစ်ခါလောက် ဆုပ်ချေလိုက်တာနဲ့
အကြိမ်ကြိမ် ပြန်ဆန့်သော်လည်း
အကောင်းပကတိ ပြန်မဖြစ်လာသကဲ့သို့...
လူတစ်ယောက်ရဲ့ ယုံကြည်မှုကို ဖျက်ဆီးမိသူဟာလည်း
အထပ်ထပ်အခါခါ တောင်းပန်ပေမယ့်
ဆက်ဆံရေးတွေ အရင်လို နွေးထွေးလာမှာ မဟုတ်တော့ပါ..
အမြင့်မှာနေရင် လေတိုက်ပြီး ကြွေနိုင်သလို...
အနိမ့်ရောက်နေရင်လည်း
မြွေကိုက်လို့ သေတတ်ပါတယ်..
သင် ကြိုးစားနေချိန်မှာ
လူတွေက သင့်ကို
တွန်းကြည့်မယ်.. တိုက်ကြည့်မယ်..
လှဲကြည့်မယ်..
တွန်းလို့ တိုက်လို့ လှဲလို့မှ မရရင်
သင့်နောက်ကို လိုက်လာကြလိမ့်မယ်..
သူတို့တိုက်ခိုက်နေချိန်မှာ သင် လဲကျမသွားဖို့သာ အားတင်းထားပါ..
ဆားနဲ့သကြားသည်
အရောင်တူသော်လည်း အရသာကွဲ၏။
မိတ်ဆွေနှင့် ရန်သူသည်
လူခြင်းတူသော်လည်း
အကျင့်စရိုက်ကွဲ၏။
ဆားနဲ့သကြားကို မြည်းကြည့်မှ သိခြင်းထက်
မြင်ယုံနဲ့ သိအောင် လေ့ကျင့်ထား.. ။
မိတ်ဆွေနဲ့ ရန်သူကို
ပေါင်းကြည့်မှ သိတာထက်
မပေါင်းခင်က သိအောင် လေ့လာထားပါ..။
တန်ဖိုးထားပါ..
ပတ်ဝန်းကျင်ရဲ့ ယုံကြည်မှုရအောင်
ဘယ်လောက်အထိ ကြိုးစားထားရသလဲ ?
အဲဒါကို ခြေဖျက်ချင်ရင်တော့
စက္ကန့်ပိုင်းလောက်ပဲ ကြာမယ်..
သင့်အပေါ်မှာ
ကောင်းတဲ့သူ ၂၀ ? မကောင်းတဲ့သူ ၈၀ ရှိနေတယ်ဆိုရင်..
သင့်အကျိုးလိုလားသူ ၂၀ အတွက်ပဲ လုပ်ရမယ်ဆိုတာ
မမေ့ပါနဲ့...
စိတ်မရှိပါနဲ့
မာနကြီးတာမဟုတ်ပါဘူး..
နှလုံးသားမတူရင် မပေါင်းတတ်လို့ပါ...
လူတစ်ယောက် ကံတွေနိမ့်လာပြီဆိုရင်..
လူကောင်းကို လူဆိုးထင်ပြီး..
လူဆိုးကို လူကောင်းထင်နေတတ်တယ်..
မကြာပါဘူး အဲဒီလူ ဒုက္ခတွေ့တော့တာပဲ...။
ပေးထားသလောက် ပြန်ရမယ်..
ယူထားသလောက်
ပြန်ပေးဆပ်ရမယ်.. ဆိုတာ သိထားရင်
ဘဝမှာ နေတတ်လာမှာပါ...
လက်နက်တစ်ခုဟာ
သူယုတ်လက်ထဲရောက်နေရင်
အသက်အန္တရာယ်ကို ပေးနိုင်ပြီး...
သူကောင်းလက်ထဲ ရောက်ရင်တော့
လုံခြုံမှုကို ပေးနိုင်တယ်...
စာအုပ်စာပေတွေ လေ့လာရာမှာလည်း
သူကောင်းတို့ ဖတ်ရှုထားသည့် စာပေတွေဟာ
အများအကျိုး လောကအကျိုးအတွက်
ဖြစ်စေပြီး...
သူယုတ်တို့ ဖတ်ရှုလေ့လာထားရင်တော့
တဖက်သားအပေါ် တိုက်ခိုက်ဖို့၊ ယှဉ်ပြိုင်ဖို့နဲ့
ဖိနှိပ်အနိုင်ယူဖို့အတွက် ဖြစ်လာတယ်..
ဘုရားပြီးလို့ ငြမ်းဖျက်တယ် ဆိုသော်လည်း
ငြမ်းရဲ့ ကျေးဇူးကို မမေ့ဖို့ လိုတယ်..
ကျလာတဲ့တာဝန်ကို ငြင်းပယ်လိုက်ခြင်းဟာ
ရလာမယ့် အခွင့်အရေးတွေကို
ပုတ်ထုတ်လိုက်တာနဲ့ တူတယ်..
ဒါကြောင့်
အခွင့်အရေးကိုလိုချင်ရင်..
တာဝန်တွေကို မငြင်းပါနဲ့..။
မိတ်ဆွေကောင်းကို မရှာခင်
ကိုယ်တိုင်
ကောင်းအောင် ကြိုးစား
အလုပ်ရှင်ကောင်းကို မရှာခင်
ကိုယ်တိုင်
အလုပ်သမားကောင်းဖြစ်အောင် ကြိုးစား
သင် ထင်နေသလို...
ဘဝဆိုတာ..
တိုက်ပွဲလည်း မဟုတ်
စစ်ပွဲလည်း မဟုတ်ဘဲ
အိပ်မက်တစ်ခု ဖြစ်နေတယ်ဆိုတာ
သိခဲ့ရင်...
စာမေးပွဲဆိုတာ အမြဲတမ်း စစ်မေး မနေဘူး..
အချိန်ရောက်မှ မေးတာ..
ဘဝဟာလည်း ဒီအတိုင်းပဲ..
ဒါနတွေပြု ၊ သီလတွေ ဆောက်တည်
ကိုယ်ကျင့်တရားတွေ ထိန်းသိမ်းထား..
အချိန်ရောက်ရင် မေးမှာ..
အောင်မြင်နေချိန် သုခရဲ့ဓါဏ် ခံနိုင်/မနိုင် ဆန်းစစ်
ဒုက္ခရောက်နေချိန် စာရိတ္တ ဖောက်ပြန်/မပြန် ဆန်းစစ်
ပိုက်ဆံရနေနချိန် လောဘ များ/မများ ဆန်းစစ်
သူတပါးပုတ်ခတ်လာချိန် သည်းခံနိုင်/မနိုင် ဆန်းစစ်
အာဏာရလာချိန် မာနထား/မထား ဆန်းစစ်
ဒါတွေကိုအောင်မြင်မှသာ လက်မထောင်ပါ..
မြင်နေရတဲ့
ဟန်ဆောင်အပြုံး
ကြားနေရတဲ့
ဟန်ဆောင်အသုံးတွေကို ကြည့်ပြီး
အနှစ်မပါတဲ့ လူတွေနဲ့
ပေါင်းရမှာ တွန့်ဆုတ်လာမိတယ်...
ဆရာဂုဏ်
ကိုယ်တိုင် တတ်သိထားတဲ့ ပညာကို
သွေးသားမတော် တပည့်တွေပေါ်မှာ
ထိန်ချန်မှုမရှိ၊ စေတနာ ကရုဏာအပြည့်ဖြင့်၊
စိတ်ရှည် ဇွဲသန်စွာ သင်ပေးတတ်တဲ့
ကြီးမားတဲ့ ဂုဏ် တစ်ခုတည်းနဲ့
လေးစား ဦးညွှတ် ဂါရဝ ပြုသင့်နေပါပြီ...
တချို့အသီးတွေက မှည့်နေတာထက်
စိမ်းနေတာတွေက ပိုပြီး
အရသာ ရှိနေတတ်တယ်
တခါတခါမှာလည်း
လူရင်းတွေထက်
ပိုကောင်းတဲ့ သူစိမ်းတွေလည်း တွေ့ခဲ့ဘူးတယ်....
ကုန်ပစ္စည်းကောင်းနေသော်လည်း
ထုပ်ပိုးမှုညံ့ဖျင်းရင်
ဈေးကောင်းမရနိုင်...
လူတစ်ယောက်
စာရိတ္တကောင်းသော်လည်း
ချီးမွမ်းထောက်ပံ့မှု ပတ်ဝန်းကျင်ကောင်းမှာ
မနေရင်
အရာမထင်နိုင်...
မိဘတွေရှိနေတဲ့ အခိုက်အတန့်သည်
ကျွန်ုပ်တို့ဟာ ကမ္ဘာပေါ်မှာ
ကံအကောာင်းဆုံး လူသွားတွေပါ...
ရုပ်ဝတ္ထုတို့ရဲ့ တ
တိုးတက်မှုနောက် လိုက်ရင်း လိုက်ရင်း..
အဖြူရောင်စိတ်လေးတွ
အရောင်ပြောင်းစ ပြုလာတာ
စိတ်မကောင်းစရာပါ...
ငှက်ကလေးတွကိုကြည့်ပြီး
အဆုံးအစမရှိ ကောင်းကင်ပြင်မှာ
လွတ်လပ်စွာ ပျံသန်းချင်စိတ်တွေ
ဖြစ်ခဲ့ဘူးတယ်...
သူတို့ရဲ့
သားရှာ ငါးရှာ အပူပင်တွေကို
မသိခင်အထိပေ့ါ..။
ချမ်းသာတဲ့ လူတွေကိုကြည့်ပြီး..
ကျေနပ်,အားကျ အတုယူချင်စိတ်တွေ
ဖြစ်ခဲ့မိဘူးတယ်..
ဥစ္စာပစ္စည်းတို့ရဲ့ မမြဲတဲ့ အနိစ္စသဘောကို
မမြင်ခင်အထိပေါ့...
ဒီအချိန်
သင့်စိတ်တွေကို ထိန်းချုပ်မထားရင်
နောင်တချိန် - လှောင်အိမ်မှာ
ထိန်းချုပ််ခြင်း ခံရလိမ့်မယ် ဆိုတာ
သတိရပါ..
ကိုယ် ချမ်းသာမှုနောက် လိုက်ကြရင်း..
မိမိတို့ရဲ့ စိတ်တွေ ဆင်းရဲနေတာ
သတိပြုမိကြရဲ့လား.
ရုပ်လှတာ / မလှတာ မပြိုင်နဲ့
စိတ်ထားလှတာခြင်း ပြိုင်
ကားရှိတာ / မရှိတာ မပြိုင်နဲ့
မေတ္တာရှိတာခြင်း ပြိုင်
ပညာတတ်တာ / မတတ်တာ မပြိုင်နဲ့
အနေထိုင် တတ်တာခြင်း ပြိုင်
ရာထူးကြီးတာ / မကြီးတာ မပြိုင်နဲ့
အသိဉာဏ်ကြီးတာခြင်း ပြိုင်..
ငွေချမ်းသာတာ / မချမ်းသာတာ မပြိုင်နဲ့
စိတ်ချမ်းသာတာခြင်း ပြိုင်..
ကိုယ်တိုင် ကောင်း/မကောင်း
သိချင်ရင်
သူများကောင်းစားတာကိုကြည့်ပြီး
ကိုယ့်စိတ်မှာ
ဝမ်းသာနိုင် / မနိုင် ဆန်းစစ်ကြည့်
သူ့ဘက်က ကြည့်ရအောင်
ငွေမရှိလို့ လူမခင်တာ မဟုတ်ပါဘူး
ငွေရှာနိုင်စွမ်း ရှိရက်နဲ့
မရှာတဲ့သင့်ကို လူတွေက
အသိအမှတ် မပြုတာပါ...
သူများအကြောင်း
မကောင်းလိုက်ပြောနေသူကို ကြည့်ပြီး
စဉ်းစားမိလာတယ်..
တလောကလုံးမှာ သူတစ်ယောက်သာ
လူကောင်းရှိပါလား...လို့
စာ
ရေးသင့် မရေးသင့် သိပါ..
စကား
ပြောသင့် မပြောသင့် သိပါ..
စိတ်ခံစားချက်အတိုင်းသာ
ရေးချင်ရာ ရေး… ပြောချင်ရာ ပြော..နေမယ်ဆိုရင်
လူပုံအလယ်..
ကိုယ့်အထုပ်ကိုယ် ဖြည်ပြသလို ဖြစ်နေလိမ့်မယ်..
သည်းခံမှုဆိုတာ - အတိုင်းအတာနဲ့
ခွင့်လွတ်မှုဆိုတာ - အချိုးအစားနဲ့
နားလည်မှုဆိုတာ - ကန့်သတ်ချက်နဲ့
လိုက်လျောမှုဆိုတာ - ဘောင်အကန့်သတ်နဲ့
အရာရာမှာ စည်းမကျော်ပါစေနဲ့...
များပြားတဲ့ ပေးဆပ်မှုတွေကြောင့်
ကြီးမားတဲ့ အကျိုးရလာဘ်တွေ
ခံစားနေရတာ
မနာလို မဖြစ်စေနဲ့...
သင့်ခေါင်းထဲမှာ Quention တွေရှိနေသမျှ
ဘဝဟာ ဒီထက် အောင်မြင်ဦးမှာပါ...
Quention တွေ ဆိတ်သုန်းသွားတဲ့ တစ်နေ့
သင့်ဘဝဟာလည်း
ရပ်တန့်သွားလိမ့်မယ်..။
ခွန်အားတွေ နည်းနေသမျှ
အိမ်မက်တွေ ဈေးကြီးနေလိမ့်မယ်..
ခွန်အားတွေ ပြည့်ဝလာတဲ့ တစ်နေ့
ဖြစ်ချင်တဲ့ အိပ်မက်တွေ ဈေးကျလာမှာပါ..
အိပ်မက်တွေ အကောင်အထည်ဖော်ဖို့အတွက်
သင့်မှာ လုံလောက်တဲ့ ခွန်အားတွေ ရှိနေဖို့ လိုအပ်တယ်...
လောကကြီးအကြောင်း..
စီးပွားရေးတွေ အကြောင်း..
လူတွေရဲ့ အကြောင်း သိလှပြီ ဆိုပြီး
အဟုတ်ကြီး ထင်မနေပါနဲ့..
ကိုယ့်အကြောင်းကိုယ် အရင်သိအောင် လုပ်ပါ..
သင့် အနားမှာ..
သာလို့ ပေါင်းနေသူတွေ..
စားရလို့ ကပ်နေသူတွေ..
ရလို့ ခြူနေသူတွေ..
အေးမြမေတ္တာ ခံယူချင်သူတွေ..
နွေးထွေးရိပ်မှာ အေးဆေးစွာ အိပ်ချင်နေသူတွေ..
လေးစားအားကျ အတုယူချင်သူတွေ...
ဒီလူတွေကို ခွဲခြားတတ်ရင်
အန္တရာယ်ကင်းပြီ....
မငြီးပါနဲ့..
မီးပုံနားက မခွါနိုင်သမျှတော့
ပူလောင်မှုဒါဏ်ကို
ခံနေရအုံးမှာဘဲ...။
ကွယ်တာများရင်
အပယ်ခံရလိမ့်မယ်...
ပျောက်တာများရင်
အဖျောက်ခံရလိမ့်မယ်..
မကြာမကြာ
မိမိရှိနေတဲ့အကြောင်းလေး ထွက်ပြပေး..
အောင်မြင်သူတို့ နောက်ကွယ်မှာ
ကြမ်းတမ်းတဲ့ ပုံရိပ်တွေ ရှိခဲ့ဘူးတယ်...
ယခု သင့်ဘဝ ပင်ပန်းနေမှုသည်
နောင်တချိန်
အောင်မြင်ဖို့အတွက်
အရင်းနှီးဖြစ်တယ်ဆိုတာ
နားလည်ထားပါ...
အလုပ်ကြောင့် အဆင်ပြေနေရင်..
အလုပ်နဲ့ပတ်သတ်သူတွေရဲ့ ကျေးဇူးကို
မမေ့နဲ့...
မိဘကြောင့် လူဖြစ်လာရင်
မိဘတို့ရဲ့ မေတ္တာကို မမေ့နဲ့...
စွမ်းနိုင်သမျှ အကောင်းဆုံး
လုပ်ဆောင်ပါ..
သင်ထွက်ခွါသွားတဲ့ တစ်နေ့
တမ်းတနေကြလိမ့်မယ်..
သင်အိပ်နေသော်လည်း အချိန်တွေက မအိပ်
သင်အနားယူနေသော်လည်း
အချိန်တွေက မနား..
သင့်ဘဝ သာယာ အေးမြတယ် ထင်နေသော်လည်း
မရဏလက်တွင်း သေမင်းဆီသို့ သက်ဆင်းနေခြင်းသည်..
ရပ်တန့်မနေ.. တစ်ရက်ပြီးတစ်ရက် ကုန်လွန်၍သာ နေကြလေ၏..
တချို့ တချို့သောသူတွေက
အနားရှိတဲ့ ထင်းမီးဖိုလေးကို ပစ်ပြီး
အဝေးက လမင်းကြီးက အနွေးဓါတ် ပိုပြီး
ပေးနိုင်လိမ့်နိုးနဲ့
မျှော်လင့် နေတတ်တာမျိုး...ဗျ
တခါတခါ
ကိုယ့်အပေါ် အထင်လွဲမှားနေမှုကို
ရှင်းပြခွင့် ရပေမယ့်... ရှင်းမပြတော့ဘဲ
ဥပေက္ခာပြုလိုက်မိကြတယ်..
အဲဒါဟာ မီးတောက်ကြီးရဲ့ အစ
မီးပွားလေးဖြစ်မှန်း မသိကြဘူး...
ရွေးချယ်စရာ နှစ်ခုရှိခဲ့ရင်
အကောင်းဆုံးအရာကိုသာ
သင်.. ရွေးခဲ့တာပဲ..
ကုသိုလ်နဲ့ အကုသိုလ်
နှစ်ခုရှိတယ်..
ဘာကိုရွေးမလဲ ??
သင်ပြုမူ ပြောဆို လုပ်ကိုင်နေတဲ့
ရွေးချယ်မှုတွေဟာ
သင့်ဘဝ အနာဂါတ်အတွက်
အကျိုးရလာဘ်တွေ ဖြစ်လာလိမ့်မယ်...
တစ်ယောက်နဲ့ တစ်ယောက်
ရင်ကျက်မှုခြင်း မတူဘူး..
တည်ငြိမ်မှုခြင်း မတူဘူး..
ခံယူချက်ခြင်း မတူဘူး...
ရည်မှန်းချက်ခြင်း မတူဘူး...
ယုံကြည်မှုသဒ္ဓါခြင်း မတူဘူး..
ကျင်လည်ရာ ပတ်ဝန်းကျင်ခြင်း မတူဘူး..
ဒါကြောင့် ဘဝပေး အခြေနေခြင်းလည်း
တူမှာမဟုတ်ဘူး...
ဘဝတစ်လျှောက်လုံး စိတ်ချမ်းသာချင်ရင်
လှမ်းလက်နဲ့ မပျော်နဲ့
ကမ်းလက်နဲ့ ပျော်တတ်အောင် နေပါ..
သင် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း
ရလာဘ်ဆိုးများနှင့် ကြုံခဲ့ရင်
စိတ်မပျက်ပါနဲ့...
ပန်းတစ်ပင်ကို ရမည်မျှ လောင်းသော်လည်း
အချိန်တန်မှသာ ပွင့်မှာမို့ပါ..
ဒီအချိန်ထိ
အသောက်စားတွေနဲ့ မှောက်မှားနေရင်...
နောင်တချိန်..
ခြောက်ခြားစရာတွေနဲ့ ကြုံရလိမ့်ဦးမယ်...
စိတ်မပျက်ပါနဲ့..
သင့်လိုပဲ.. ဖြစ်ချင်တဲ့ ဆန္ဒနဲ့
ဖြစ်နေတဲ့ဘဝ
တစ်ထပ်တည်း မကျတဲ့သူတွေ အများကြီးပါ..
အရာရာကို စေတနာအပြည့်နဲ့သာ လုပ်ဆောင်ပါ..
အချိန်တန်ရင် လမ်းကြောင်းမှန်ပေါ် ရောက်သွားပါလိမ့်မယ်..
အရာင်စုံလူတွေရဲ့ကြား..
ပတ်ဝန်းကျင် ပြောနေကြတဲ့
ကိုယ့်အကြောင်း..
မကောင်းသတင်းလေးတွေဖယ်
ကောင်းသတင်းလေးတွေဆည်ပြီး
လာလာပြောတတ်တဲ့ မိတ်ဆွေတွေကို
ကျေးဇူးတင်ပါ...
မိုက်ရိုင်းတော့ ထင်ပေါ်
လိမ်နိုင်တော့ ပညာရှိ
မှန်ကန်တော့ လူမုန်း
ရိုးသားတော့ လူမသုံး..
အဆိုး လောကဓံကို ခံနိုင်တယ်ဆိုပြီး
ချီးမွှမ်းမယ် လုပ်နေတုန်း..
အကောင်း လောကဓံမှာ
လောဘ, မာန. ဣဿာတွေ
တစ်ပွေ့ကြီးပိုက်ကာ
ကျရှုံးသွားသူတွေ ကြည့်ပြီး..
စိတ်မကောင်းဖြစ်မိတယ်...
တန်ဖိုးကြီး အဝတ်တစ်ထည်
အစွန်တစ်ချက်ကြောင့်
စွန့်ပစ်ခြင်း ခံရတယ်..
သူတော်ကောင်း သတ်မှတ်ခံရသူတစ်ယောက်
အမှားတစ်ခုကြောင့်
ပတ်ဝန်းကျင်မှ ကျဉ်ဖယ်ခြင်း ခံရတယ်..
သိထားရမှာက
အမှန်တစ်ရာကို အမှားတစ်ခု
ချေဖျက်နိုင်တယ်ဆိုတာ
မမေ့နဲ့...
လူမိုက်တစ်ရာ ဆိုးသွမ်းနေခြင်းထက်
လူကောင်းတစ်ယောက်
နှုတ်ဆိတ်နေခြင်းက
လောကကို ပိုပြီး
အကျည်းတန်စေတယ်...
တိကျတဲ့သူဆီမှာ တစ်ရက်စာ Plan ရှိတယ်..
အောင်မြင်သူဆီမှာ တစ်ဘဝစာ Plan ရှိတယ်..
ဗုဒ္ဓစကား နားထောင်တဲ့ သူဆီမှာတော့
သံသရာအတွက် Plan ရှိနေတယ်..
နာကျည်းစိတ်ဟာ
ရဲရင့်မှုတွေကို မွေးဖွားပေးတယ်..
ဒေါသစိတ်ဟာ
ပူလောင်မှုတွေကို
ဖန်တီးပေးတယ်..
အားနာစိတ်ဟာ
နောင်တတွေကို
ယူဆောင်ပေးတယ်..
သည်းခံစိတ်ဟာ
ငြိမ်းချမ်းမှုတွေနဲ့အတူ
အေးမြစေတယ်...
သင်ကျရှုံးနေချိန်
ကူညီမယ့်သူ တစ်ယောက်ရှိတယ်
အဲဒါ … သင်ကိုယ်တိုင်ပဲ..
ခံစားနေရတဲ့မှာ
အားပေးနှစ်သိမ့်ပေးမယ့်သူ
တစ်ယောက်ရှိတယ်..
အဲဒါ … သင်ကိုယ်တိုင်ပဲ..
ငိုကျွေးမြည်တမ်းနေချိန်
ချော့မြူပေးမယ့်သူတစ်ယောက် ရှိတယ်..
အဲဒါ … သင်ကိုယ်တိုင်ပဲ..
လမ်းမှားနေချိန်မှာ
လမ်းမှန် ပို့ဆောင်ပေးသူ တစ်ယောက်ရှိတယ်..
အဲဒါ … သင်ကိုယ်တိုင်ပဲ..
သူတို့အပေါ် သင်ကောင်းနေသမျှ
သူတို့သင့်ကို ကြည်ဖြူကြမယ်..
သူတောင်းတာ ပေးနေသမျှ
သင့်စကားကို နားထောင်ကြလိမ့်မယ်..
သူခိုင်းတာ လုပ်နေသမျှ
သင့်ကိုပဲ ထောက်ခံကြလိမ့်မယ်..
ဒါတွေအားလုံး ပြောင်းပြန်ဖြစ်တဲ့ တစ်နေ့
သူတို့မျက်နှာဖုံးတွေ ကွာကျတဲ့နေ့ပဲ..။
ကိုယ့်သမိုင်း ကိုယ်ရေးပါ..
သို့သော်..
လက်ရေးတော့ လှပါစေ..
သမိုင်းဘယ်လောက် ကောင်းကောင်း
လက်ရေးမလှရင်
ဖတ်မည့်သူ မရှိဘူးဆိုတာ သိထားပါ..
နေ့စဉ်
တရားတစ်ပုဒ်နာ
စာတစ်အုပ်ဖတ်
ဘဝလှဖို့အတွက်..
ဘုရားပွင့်တုန်း ပူဇော်ပါ..
တရားသံကြားခိုက် များများနာ
သံဃာတွေ့ခိုက် ရှိခိုးရာ
နားကောင်းတုန်း တရားနာ
မျက်စိကောင်းတုန်း စာတွေဖတ်
ကျန်းမာတုန်း တရားထိုင်
မှတ်ဉာဏ်ကောင်းတုန်း တရားမှတ်
သာသနာကြုံခိုက် ကုသိုလ်စိုက်
ဆရာရှိခိုက် အဆုံးအမခံ
အသက်ရှင်တုန်း အဝိဇ္ဇာဖုံးသော်
နောက်ဘဝခန္ဓာ ဒုဂ္ဂတိရွာသို့
ကျကာဖြစ်လိမ့် ဖြေမသိမ့်ဘူး
ပြင်ချိန်မရ မှားနောင်တကြောင့်
ရောက်ရပါယ်ရွယ် ဖြစ်ရမှာမို့
လူသားတစ်စု ကောင်းမှုပြုလော့...။
သဘောကောင်းလွန်းရင်
အစော်ကားခံရမယ်..
အလိုက်သိလွန်းရင်
အ,တယ်လို့ အထင်ခံရမယ်..
အယုံလွယ်လွန်းရင်
အလိမ်ခံရမယ်..
ဆင်ခြင်မှုအားနည်းရင်
ဆုံးရှုံးမှု များမယ်..
ဗဟုသုတနည်းရင်
သူပြောတိုင်း ယုံနေရမယ်..
ဘယ်အရာမှ
အတိုင်းထက် မလွန်မိစေနဲ့.. ။
ရောမရောက်ရင်
ရောမလိုကျင့်ပါ..
ကိုယ်ကျင့်တရားတော့
အထိခိုက် မခံပါနဲ့...
ယုံကြည်မှုဟာ
မြေအိုးတစ်လုံးလိုပဲ..
ကျကွဲသွားပြီဆိုရင်
အကောင်းပကတိ ပြန်ဖြစ်ဖို့
မရတော့ဘူး..
မကွဲခင်က သတိရှိကြ...
အရေးကြုံချိန်မှာ
သမားပေးတဲ့ဆေးကို သောက်ရသလို..
ဘုရားပေးတဲ့ တရားဆေးကိုလည်း
သောက်ဖို့ မမေ့ကြနဲ့...
လူမိုက်တွေ ချီးမွှမ်းပြီး
ပညာရှိ ကဲ့ရဲ့နေရင်
သတိထားတော့
နေဝင်ချိန် နီးလာပြီ...
စာဖတ်ကြ စာဖတ်ကြလို့
ဆိုသော်လည်း
စာအုပ်ထဲ မပါတဲ့ သင်္ခန်းစာတွေ
အပြင်မှာ ဒုနဲ့ဒေး…
တခါတလေမှာ
ကိုယ့်ဘက်က မှန်တဲ့စကားကြောင့်
တစ်ဖက်သား ဒုက္ခရောက်ရမယ်ဆိုရင်
နှုတ်ဆိတ်နေလိုက်ခြင်းက
သူ့ကို ကူညီရာ ရောက်စေတယ်...
အမှားတွေကို လိုက်ရှာနေတာ - လူငယ်
အမှားတွေနဲ့ ပျော်နေတာ - လူလတ်
လုပ်ပြီး အမှားတွေကို ပြန်စဉ်းစားနေတာ - လူကြီး
သင်ရုပ်မဆိုးပါဘူး
ငွေမရှိသေးလို့ပါ..
သင် လူရာမဝင်တာ မဟုတ်ပါဘူး
မအောင်မြင်သေးလို့ပါ..
ရင်းနှီးတိုင်း မမြတ်နိုင်ဘူး..
ကြိုးစားတိုင်း မအောင်မြင်နိုင််ဘူး..
ပေးဆပ်တိုင်းလည်း ပြန်မရနိုင်ဘူး..
မျှော်လင့်တိုင်းလည်း ဖြစ်မလာနိုင်ဘူး..
ဒီသဘောတွေကို ကြိုတင်သိထားရင်
အရာရာကို နားလည်လက်ခံလာနိုင်မှာပါ..
အရာရာမှာ
နေရာလိုချင်တဲ့စိတ်နဲ့ မလုပ်နဲ့
တာဝန်ယူချင်တဲ့ စိတ်နဲ့လုပ်..
ပလ္လင်ဆိုတာ သင်နဲ့အထိုက်တန်ဆုံး ဖြစ်လာမှာပါ..
ကျရှုံးတိုင်း ငိုနေရင်
ငိုနေချိန်တိုင်း ကျရှုံးမှာပေါ့..
ဒေါသထွက်တိုင်း ရန်လိုနေရင်..
ရန်လိုနေတိုင်း ဒေါသဖြစ်နေမှာပေ့ါ...
အလိုမကျတိုင်း အရွဲ့တိုက်နေရင်..
အရွဲ့တိုက်တိုင်း အလိုမကျ ဖြစ်နေမှာပေါ့..
စိတ်ညစ်တိုင်း ထင်ရာလုပ်နေရင်
ထင်ရာလုပ်တိုင်း စိတ်ညစ်နေရမှာပေါ့
ပြဿနာတိုင်းမှာ အကြောင်းဆိုတာရှိတယ်..
အဲဒါကို ရှာ၊ ခေါင်းအေးအေးထား စဉ်းစား
ဖြစ်သင့် / မသင့် ချင့်ချိန်၊ ဟုတ်၏ / မဟုတ်၏ ဆုံးဖြစ်
အဲဒါ - ပညာရှိတို့အကွက် ။
တိတ်ဆိတ်ခြင်းဟာ ပညာ..
ငပါကြီးတော့ ဘယ်ဟုတ်ပါ့မလဲ..
ကိုယ့်အပေါ်လှည့်စားသွားသူကို ငှဲ့ညှာလိုက်တာ ပညာ..
လူရိုးကြီးတော့ ဘယ်ဟုတ်ပါ့မလဲ..
သိသလောက် ထုတ်မပြတတ်တာ ပညာ..
လူအ,ကြီးတော့ ဘယ်ဟုတ်ပ့ါမလဲ..
နည်းနည်းပြောပြီး များများနားထောင်တတ်တာ ပညာ..
လောဘမရှိဘူးတော့ ဘယ်ဟုတ်ပ့ါမလဲ..
လိုချင်မှုကို လူသိအောင် ထုတ်မပြတတ်တာ ပညာ..
ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ..
ပေါက်ကွဲမှုကို အများမမြင်အောင် မြိုသိပ်နိုင်တာ ပညာ..
မခံစားရဘူးတော့ ဘယ်ဟုတ်ပ့ါမလဲ..
ခံစားမှုကို မပေါ်လွင်အောင် ထိမ်းထားနိုင်တာ ပညာ..
ဝမ်းမနည်းတတ်ဘူးတော့ ဘယ်ဟုတ်ပါ့မလဲ..
လူရှေ့မှာ ကြေကွဲပြမနေတတ်တာ ပညာ..
“ချစ်ခြင်း” ဟူသော စာတစ်စောင်သည်
စိုးရိမ်ခြင်း, ပူဆွေးခြင်း, လွမ်းဆွတ်ခြင်း, ငိုကျွေးခြင်းတည်း ဟူသော
များစွာသော သောက ပရိဒေဝတွကို ပေးနိုင်စွမ်းရှိသည်...
ကိုယ်တန်ဖိုးထားတဲ့ အရာတွေ..
ဖျက်ဆီးခံရတဲ့ အခါတိုင်း
ကိုယ်မျှော်လင့်ထားတဲ့ အရာတွေ
ဖြစ်မလာတော့တဲ့ အချိန်တိုင်း..
ကိုယ်အလေးနက်ထားတဲ့ အရာကို
ပျက်ရယ်ပြုခြင်း ခံရလေတိုင်း..
ငိုကြွေး စိတ်ပျက် နေမယ်ဆိုရင်..
ဘဝဟာ နှစ်ခါ ကျရှုံးသွားနိုင်တယ်...
ကိုယ့်အပေါ် ယုံကြည်သူကိုမှ ရွေးပြီး
စော်ကားတာလောက်
သစ္စာမဲ့တဲ့ လုပ်ရပ်
လောကမှာ ရှိမယ်မထင်...
တစ်ယောက်တည်းနေရင်
စိတ်တွေကို ဂရုစိုက်…
အများနဲ့နေရင်..
နှုတ်တွေကို ဂရုစိုက်..
စိတ်ကွယ်ရာဆိုတာ
မကောင်းမှုတို့ရဲ့ နယ်မြေ..
လူအများ စုဝေးရာက
မုသားစကားတို့ရဲ့ နယ်မြေ…
ကြမ်းကျွံရင်ရင်လည်း နှုတ်လို့ရတယ်..
စကားကျွံရင်လည်း တောင်းပန်လို့ရတယ်..
စာမှားရင်လည်း ဖျက်လို့ရတယ်..
ဘာသာတော့ မမှားကြစေနဲ့
ဖျက်စရာခဲဖျက်ဟာ ငရဲမှတပါး အခြားမရှိလို့..
လောကမှာ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ရာ
ခက်ခဲတယ်..
ရလာတဲ့ အောင်မြင်မှုကို ထိန်းထားနိုင်ဖို့ရာ
ပိုပြီး ခက်ခဲတယ်..
သူအပြစ်တွေကြည့်ပြီး
အကုသိုလ်ဖြစ်ပြီး ပူလောင်နေမည့်အစား
ကောင်းကွက်လေးတွေရှာပြီး
ကုသိုလ်စိတ်နဲ့ နေလိုက်စမ်းပါ..
အေချမ်းပါတယ်..
လောကရဲ့အထှာ..
ဖုန်း - နှစ်ခါဆက်လို့မှ မကိုင်ရင် မခေါ်ပါနဲ့..
စကား - နှစ်ကြိမ်ပြောလို့မှ ဂရုမစိုက်ရင် မပြောပါနဲ့..
အကူအညီ - နှစ်ခါတောင်းလို့မှ မပေးရင် မတောင်းပါနဲ့..
သင် အောင်မြင်နေချိန်
သင် ဘယ်သူလည်းဆိုတာ သင့် မိတ်ဆွေတွေ
သိကြလိမ့်မယ်..
သင် ကျရှုံးသွားချိန်
သင့် မိတ်ဆွေတွေ ဘယ်လိုဆိုတာ
သင် သိလာလိမ့်မယ်..
အရှုံး
စေးနှဲသူကို ဈေးထဲ ခေါ်မိရင် ရှုံးမယ်..
အချေးငှားထူသူကို အရေးထား ထုတ်ကြွားမိရင် ရှုံးမယ်..
အရှက်နည်းသူကို ခိုက်ရန်တိုက်ပွဲ ဖြစ်မိရင် ရှုံးမယ်..
ကောက်ကျစ်သူကို မိတ်ဆွေလူအဖြစ် သတ်မှတ်မိရင် ရှုံးမယ်..
နှုတ်မလုံသူကို ထုတ်ယုံ ရင်ဖွင့်မိရင် ရှုံးမယ်..
အတင်းပြောသူကို (အင်း-အော) လိုက်လျောမိရင် ရှုံးမယ်..
ကတိမထားသူကို ငှဲ့ညှာသနား ငွေချေးမိရင် ရှုံးမယ်..
ယုတ်မာသူကို ထုတ်ကာယုံကြည်မိရင် ရှုံးမယ်..
အလေးနက်မထားသူကို ပွေ့ဖက်ထားမိရင် ရှုံးမယ်..
သစ္စာမသိသူကို မေတ္တာရှိမိရင် ရှုံးမယ်..
စောင်တစ်ထည်ရဲ့ တန်ဖိုးဟာ
ဆိုင်ရှင်ပြောကြား ဈေးစကား မဟုတ်၊
ချမ်းအေးလွန်းလှ ဟေမန္တဆောင်း ကာလပြောင်းမှ သိရတယ်..
ထီးတစ်ချောင်းရဲ့ တန်ဖိုးဟာ
ရေးထားသင်္ချာ ဂဏန်းအက္ခရာတွေမဟုတ်၊
မိုးစက်တို့ကျ ဝဿန္တအခါ မိုးတွေရွာမှ သိရတယ်..
ပန်ကာတစ်လက်ရဲ့တန်ဖိုးဟာ
Label တံဆိပ် ကပ်နှိပ်ကာထား အမှတ်သားမဟုတ်၊
ပူအိုက်လွန်းလှ ဂိမန္တအခါ နွေရာသီရောက်မှ သိရတယ်..
လူတစ်ယောက်ရဲ့ တန်ဖိုးဟာ
ပစ္စည်းဥစ္စာ အသပြာတွေလည်းမဟုတ်
ရာထူး အာဏာ ပါဝါတွေလည်း မဟုတ်
ကိုယ်လက်ကျန်းမာ စိတ်ချမ်းသာနေချိန်လည်း မဟုတ်
အများကျိုးပြု မြတ်ကောင်းမှုကို
ကာယ,ဗလ, ဉာဏ,ပညာ စွမ်းနိုင်ရာဖြင့်
စဉ်ကာရှေးရှု သူကောင်းပြုသည်
လူတစ်ယောက်၏ တန်ဖိုးတည်း....။။
ချမ်းသာ ရှာနေသူတွ ဆင်းရဲပြီး..
ဆင်းရဲတယ်လို့ ထင်နေသူတွ
ချမ်းသာနေခြင်းသည်လည်း
လောကရဲ့ လှည့်ကွက်တစ်ခုပဲ..
သူ့ကိုအကြောင်းပြုပြီး
အလိုမကျ ဒေါသဖြစ်နေခြင်းဟာ
ကိုယ့်စိတ်ကိုယ် မီးမြှိုက်နေခြင်းနဲ့ တူတယ်..
လူတစ်ယောက် မွေးဖွားဖို့က ခက်ခဲပြီး
သေဆုံးဖို့က အရမ်းလွယ်တယ်..
ကိုယ့်အသက်ကိုယ် တန်ဖိုးထားပါ..
ကားတစ်စီးဟာ အိမ်မှာရပ်ထားရင် အန္တရာယ် အကင်းဆုံး
ဒါဟာ.. ကားထုတ်လုပ်သူတို့ရဲ့ ရည်ရွယ်ချက်မဟုတ်ဘူး..
လှေတစ်စီးဟာ ကမ်းမှာကပ်ထားရင် စိတ်အချရဆုံး..
ဒါဟာ.. လှေထွင်းသူတို့ရဲ့ ရည်ရွယ်ချက်မဟုတ်ဘူး..
စာအုပ်တွေကို ဘီဒိုထဲမှာ ထည့်ထားရင် ကြည့်လို့အလှဆုံး
ဒါဟာ.. စာရေးသူတို့ရဲ့ ရည်ရွယ်ချက်မဟုတ်ဘူး..
လူတစ်ယောက်ဟာ.. အိပ်,စား,ကာမ ဤသုံးဝကိုပဲလုပ်နေရင် အချမ်းသာဆုံး..
ဒါဟာ..လူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက် မဟုတ်ဘူး...
မွမ်းကြပ်နေတဲ့ အခံစားချက်တွေကို
အခြားလူကို ဖွင့်ပြောလိုက်ရင်
ပေ့ါသွားမယ် ထင်နေကြတာ..
အမှန်တော့
ကိုယ်ပေးလိုက်တဲ့ အပူအထုပ်ကြီး
သူတစ်ပါးခေါင်းပေါ် တင်မိသွားတာ
သတိမထားမိကြဘူး..
ကောင်းတာလုပ်ရင် စွံ့ ,အ
မကောင်းတာလုပ်ရင် ရှုံ့ချ တတ်တဲ့
လောကအလယ်
စိတ်ထားမှန်မှန် စေတနာ အရင်းခံဖြင့်
ပန်းတိုင်သို့သာ လျှောက်နေပါ..
အခက်အခဲတွေ့တိုင်း
ကူညီသူ ကယ်တင်ရှင်ကို မရှာဘဲ
ရုန်းထွက်နိုင်အောင် ကြိုးစားမှ
ကိုယ့်ကိုကိုယ် ယုံကြည်မှုဆိုတာ ဖြစ်လာမှာ...
ဖုန်းတစ်လုံးဟာ လူတွေကို
မဖျက်ဆီးနိုင်ပါဘူး
အသုံးပြုသူပေါ်မူတည်ပြီး
ဓမ္မအတွက်သုံးခြင်း
အဓမ္မအတွက် သုံးခြင်း ဆိုပြီး
ကောင်းကံ ဆိုးကံတွေကို
ဖန်တီးပေးတာ..။
ငွေရဖို့ တစ်ခုအတွက်နဲ့ မလုပ်ဘဲ..
မိမိဝါသနာပါရာ တတ်ကျွမ်းတာကို လုပ်ခြင်းဖြင့်
နောင်တစ်ချိန် ကြုံလာမယ့်
နောင်တနဲ့ ငြီးငွေ့ခြင်းတွေကို
ဖယ်ရှားနိုင်မှာပါ..
တစ်ယောက်နဲ့ တစ်ယောက်
ဝါသနာမတူဘူး..
စရိုက်မတူဘူး..
အကြိုက်မတူဘူး..
- မတူတာတွေကို လိုကညှိနေတော့
- စိတ်ဆင်းရဲရတာပေ့ါ...
လောက
တစ်ကိုယ်ကောင်းဆန်သူတွေ များတယ်..
အားမနာတတ်သူတွေ များတယ်..
အလိုက်မသိသူတွေ များတယ်..
မငဲ့ညှာသူတွေ များတယ်..
ယုတ်မာသူတွေ များတယ်..
အယောင်ဆောင်သူတွေ များတယ်..
အမှိုက်တွေများပေမယ့်
ပတ္တမြားဟာ ပတ္တမြားဘဲ..
ကိုယ့်တန်ဖိုးကိုယ် မလျော့ကျအောင် နေပါ..။
ကိုယ့်ထမင်းကိုယ်စားပြီး ဘယ်သူ့ကို ဂရုစိုက်ရမှာလည်း မပြောနဲ့..
ပတ်ဝန်းကျင်ဟာ သင့်ကို
မြင့်အောင်လည်း မြှင့်နိုင်တယ်..
တည်အောင်လည်း တန့်နိုင်တယ်..
ကျအောင်လည်း ချနိုင်တယ်..
သတိထားပါ...
ပတ်ဝန်းကျင်ကို
အရမ်းဂရုစိုက်လွန်းရင်လည်း
လုပ်နိုင်တဲ့ ဘောင်တွေ ကျဉ်းသွားတယ်..
မလျော့မတင်း စောင်းကြိုးညှင်းပမာ ဆက်ဆံပါ..
အတတ်ပညာတွေနောက် လိုက်ပြီး..
အသိပညာမှ မရှိိဘူးဆိုရင်
တတ်ထားပညာတွေဟာ
မကောင်းမှုလုပ်ဖို့အတွက်
အားကြီးတဲ့ အထောက်အပံ့ဖြစ်သွားမယ်..
(( သတိချပ် ))
ပြောတွေကောင်းနေဖို့ထက်
အကောင်းတွေသာ ပြောနေပါ..
ဟိတ်ဟန်တွေ ရှိနေဖို့ထက်
မိမိစိတ်မှန်ကိုသာ သိအောင်လုပ်ပါ...
အယုံကြည်ရဆုံး လူတွေဆီက
သစ္စာဖောက်မှုကို ခံရတယ်..
အချစ်ရဆုံးဆိုတဲ့ လူတွေကပဲ
ပူလောင်မှုတွေ ပေးခဲ့ပြန်တယ်..
အဲ့လောက်ဆို ကိုယ့်အားနည်းချက်ကိုယ် သိတော့..
လူတွေက သင့်ကို မလိုအပ်တဲ့အခါ
“အလုပ်တွေ မအားလို့ပါ”ဆိုတဲ့ဆင်ခြေတွေနဲ့
တုံ့ပြန်ကြလိမ့်မယ်..
သို့သော်လည်း
သင့်အကူအညီ လိုအပ်လာတဲ့အခါ
အကြောင်းမရှိ အကြောင်းရှာပြီး
သင့်ထံ အရောက်လာကြလိမ့်မယ်..။
လူတိုင်းကို ယုံကြည်ဖို့ မလိုအပ်ဘူး..
လူတိုင်းက ယုံကြည်လာအောင်ပဲ
လုပ်ပြရမှာ...
ဒေါသထွက်နေချိန် လုပမိတဲ့အလုပ်
ပြောမိတဲ့ စကားတွေဟာ
ဒေါသတွေ ပြေလျော့လို့ အနေပေ့ါတဲ့အချိန်
မှားမှန်းသိလိုက်ရတယ်..
ဒါပေမယ့် နောက်ကျသွားပြီ...
မလုပ်မီ ဆင်ခြင်
မပြောခင် စဉ်းစား
ဒါမှ အမှန်တရား..
ဆန်းကြယ်စွာနေလို့ ထင်ပေါ်ကျော်ကြားနေခြင်းဟာ
ဆန်းပြားမှုတွေကို မလုပ်နိုင်တဲ့ တစ်နေ့
တိမ်မြုပ်သွားလိမ့်မယ်..
ဒါကြောင့် - ရိုးရိုးလေးသာ နေပါ..
စာတွေတတ်ပြီး စာမဖတ်သူသည်
ပြတင်းပေါက်တွေ ပိတ်ထားတဲ့ အိမ်နဲ့တယ်..
စာတွဖတ်ပြီး လက်တွေ့အသုံးမချသူသည်
ပြတင်းပေါက်တွေ ဖွင့်ထားပါလျက်
အပြင်ကို ထွက်မကြည့်သူနဲ့ တူတယ်..
ဒါကြောင့် -
ပြတင်းပေါက်ဖွင့်ပါ.. ထွက်ကြည့်ပါ..
သာယာအေးမြတဲ့လောကကို မြင်ရပါလိမ့်မယ်..
အမှတ်မထားတဲ့ စိတ်
အပျက်သားတဲ့ စိတ်တွေဟာ
နောက်ထပ်တဖန်
ပူလောင်မှုတွေကို ယူလာပေးလိမ့်မယ်..
ပေးနေတဲ့ ဆင်ခြေ
လေးနေတဲ့ ခွန်အားတွေဟာ
အောင်မြင်မှုရဲ့
ဆန့်ကျင်ဘက်အရပ်ကို ဦးတည်နေတယ်ဆိုတာ
သတိပြုပါ...
ယဉ်ကျေးစွာ နှုတ်ဆက်ဖို့
ဆွံ့,အ နေသူတွေ..
ပွင့်လင်းစွာ ချီးမွှမ်းဖို့
နှုတ်ဆိတ်နေသူတွေ..
ဖော်ရွေစွာ ပြုံးပြဖို့
မေ့လျော့နေသူတွေဟာ
အများကြားမှာ
အကျဉ်းတန် အထီးကျန်
နေတတ်တယ်...
သူတစ်ပါးတို့ရဲ့ အခက်ခဲများကို
ကူညီဖြေရှင်း ပေးခြင်းသည်လည်း
စိတ်ထား မြင့်မြတ်သူတို့အတွက်
ပျော်ရွှင်စရာ လုပ််ရပ်တစ်ခုပါ..
သူတစ်ပါးကို ကူညီတတ်သူ
တစ်ဖက်သားအပေါ် သည်းခံနိုင်သူ
အများအပေါ် ငဲ့ကွက်ကြသူများနဲ့
သဘောမှန် မနောခံ ကောင်းသူတို့ရဲ့ဘဝဟာ
နေရတာ အဓိပ္ပါယ်ပြည့်ဝ ကျေနပ်လှပနေလိမ့်မယ်...
တခါတခါ
ရှင်းပြခွင့်မရတဲ့
နားလည်မှုလေးတွေ ၊
ဖြေရှင်းခွင့် မပေးတဲ့
ပြဿနာလေးတွေ တွေ့တတ်တယ်..။
သူတို့အမြင်စောင်းသော်လည်း
ကိုယ့်ဘက်အသွင် မပြောင်းအောင်
ထိန်းသိမ်းခြင်းဖြင့်
အမုန်းကို အပြုံးဖြင့် အောင်နိုင်ပါ..
အရာရာမှာ
ငါမရှိရင် မဖြစ်ဘူးမထင်နဲ့
သင်ရှိနေလို့ တစ်ချို့အရာတွေမှာ
နှောင့်နှေးနေတာလည်း ဖြစ်နိုင်တယ်..
အခွင့်အရေးရတိုင်း မယူမိစေနဲ့
တစ်ချို့အရာတွေက
သင့်စာရိတ္တကို စမ်းသပ်နေတာလည်း
ဖြစ်နိုင်တယ်..
တချိန်က အလူးအလဲ ခံခဲ့ရတဲ့ ဒုက္ခတွေဟာ
ခုချိန်မှာ ပြန်စဉ်းစားကြည့်ရင်
ဟာသတစ်ပုဒ်ထက် မပိုဘူး..
အခုတွေ့နေရတဲ့ ဒုက္ခတွေဟာလည်း
နောင်တချိန် အမှတ်ရစရာ ပုံရိပ်တစ်ခုကလွဲလို့ ပိုမလာနိုင်ပါဘူး
တွေ့ကြုံခိုက်မှာ အားတင်းထားပါ..
လုပ်ငန်းတစ်ခု
ဘယ်လောက်ပင် ကြီးကျယ်နေပါစေ..
စေတနာကောင်းလေးမှ မထည့်ရင်
ရာနှုန်းပြည့် အောင်မြင်ဖို့ရာ
မဖြစ်နိုင်ဘူး...
ကိုယ်နဲ့အမြင်မတူ အသွင်ကွဲပြားနေသူတိုင်း
ရန်သူ မဟုတ်သလို..
ကိုယ့်ဘက်လိုက်ပြီး ကိုယ့်အကြိုက် ဆောင်နေသူတိုင်းကလည်း
မိတ်ဆွေမဟုတ်ဘူး...။
ရန်သူ-မိတ်ဆွေ ခွဲခြားတတ်ပါစေ...
အောင်မြင်မှုတွေနဲ့ လွဲနေရခြင်းဟာ
ဖြစ်ချင်တဲ့ ဆန္ဒ,
ကြိုးစားမှု ဝီရိယ,
အားထုတ်မှု လုံ့လ,
မြော်မြင်မှု ပညာ တို့
နည်းပါးနေတယ်ဆိုတာ..
သတိပြုပါ...
အတိတ်က အရိပ်တွေကို
လွမ်းနေလို့ကတော့
နာကြင်မှုနဲ့ နောင်တတွေပဲ
ရနေလိမ့်မယ်..
တွယ်တာမှု သံယောဇဉ်ကို
မဖြတ်တောက်နိုင်သရွေ့
ပူလောင်မှု သောကဓါဏ်ကို
အလူးအလဲ ခံရနေရဦးမှာဘဲ...
တဒင်္ဂ ဒေါသကြောင့်
လွတ်လပ်တဲ့ လောကကို
ကျောမခိုင်းရစေနဲ့...
ဝိနည်းဟာ
ဘုရားရှင်တို့ရဲ့ သတ်မှတ်ချက်..
ဥပဒေဟာ
နိုင်ငံတစ်ခုရဲ့ သတ်မှတ်ချက်..
စည်းကမ်းဟူသည်
လူတို့ရဲ့ သတ်မှတ်ချက်..
ကုန်ဈေးနှုန်းဟာလည်း
ကုန်သည်တို့ရဲ့ သတ်မှတ်ချက်..
သင့်-ဘဝ၊ သင့်-တန်ဖိုးကိုတော့
သင်ကိုယ်တိုင်ပဲ သတ်မှတ်ရမှာပါ မိတ်ဆွေ…
ဖြောင့်နေတဲ့ လမ်းကို လျှောက်ချင်ရင်
ကောက်နေတဲ့စိတ်ကို အရင်ပြင်ပါ..
မရိုးမဖြောင့် ကောက်ကျစ်တဲ့စိတ်နဲ့
ဘဝခရီး ဖြောင့်ဖြူးလိမ့်မယ်လို့
ထင်မထားနဲ့...
သနားငဲ့ညှာ စာနာတတ်သူများဟာ
မိသားစုရဲ့ဒါဏ်ကို
အခံရဆုံး...
ဒါကိုသည်ပင် သူတို့အတွက်
ဆုလဘ်ကြီးလို သဘောထားပြီး
အမုန်းမပျက် ပြုံးလျက်နဲ့ ပေးဆပ်နေကြသည်..
သွေးထားတဲ့ ဓါး ခုတ်နေမှ
သိထားတဲ့ အရာ လုပ်နေမှ
တတ်ထားတဲ့ ပညာ သုံးနေမှ
တတ်ပြီးပညာ မလေ့လာရင်
မရှည်မကြာ ပျောက်သွားမှာ..
ပတ်ဝန်းကျင် မကောင်းတိုင်းသာ ပြောင်းနေရင်
ဘယ်မှာ နေစရာ ရှိမလဲ..
မိတ်ဆွေမကောင်းတိုင်းသာ ပြောင်းနေရင်..
ဘယ်မှာ ပေါင်းစရာလူ ရှိမလဲ..
အလုပ်မကောင်းတိုင်းသာ ပြောင်းနေရင်..
ဘယ်မှာ လုပ်စရာ ရှိမလဲ..
အားလုံးနဲ့ အဆင်ပြေဖို့အတွက်
အဖြေက
မိမိစိတ်ကိုယ်မိမိ ပြောင်းရမှာ...
လောကမှာ
ငွေရှိရင် ဘာမဆို ပြည့်စုံတယ်
ဆိုတဲ့ လူတွေက
ငွေနဲ့ ဖြေရှင်းလို့မရတဲ့ ပြဿနာတွေနဲ့
မကြာခန ကြုံတွေ့နေကြရတယ်..
အဝေးက ရန်ထောင်လာသူထက်
အနီးမှာ ဟန်ဆောင်နေသူကို ပိုပြီး သတိထားပါ..
ကိုယ့်အမှားကို ဖုံးဖို့အတွက်
သူ့အပြစ်မကို ရှာနေသူတွေ
အနားမှာ ရှိတယ် ဂရုစိုက်..
စိတ်ကူးယဉ် အိပ်မက်ကို
လူတိုင်း မက်ခွင့်ရှိတယ်..
သို့သော်..
စိတ်ဓါတ် ပြင်းပြ ထက်သန်သူ တချို့သာ
အကောင်ထည် ဖော်ခွင့် ရကြတာ..
“ သပ်ရပ်စွာ နေထိုင်
ဖော်ရွေစွာ ဆက်ဆံ
နှစ်လိုကာ ပြုံးပြ
အောင်မြင်မှုရဲ့ လမ်းစ “
ကိုယ့်အကျိုး မလို၊ ယုံကြည်မှုကင်း၊
မြှော်မြင်နည်းပါး၊ စိုးရိမ်လွန်ကဲ။
ကြောက်အားကြီးတတ် ၊ ဆုံးဖြတ်နှေးကွေး
မပြတ်မသား၊ အချိန်ဆွဲထား၊
သူ့ဘက်ပါလျှက်၊ ပေါ်ယံပေါင်းတတ်
ခေါင်းရှောင်သောသူ များထိုလူအား
ကိစ္စကြီးငယ် မတိုင်ပင်နဲ့...
မိတ်ကောင်းတို့စွန့်ခွါ
ပညာရှိတို့ ကဲ့ရဲ့
အခွင့်လမ်းတို့ ပိတ်ဆို့
ပတ်ဝန်းကျင်ပစ်ပယ်
အောင်မြင်မှုနှေးကွေး
ချစ်သူနည်းပါး လူမုန်းများ
ရန်သူပေါများ ဒုဂ္ဂတိလား
ငြင်းခုန်ခြင်း၏ အကျိုးများ..။
ယုံကြည်မှုကို အသုံးချသွားသူတွေ
အားနာစိတ်ကို အခွင့်ကောင်း ယူသွားသူတွေ
သည်းခံစိတ်ကို အနိုင်ကျင့်တတ်သူတွေကြာင့်
ဘဝဟာ
ပင့်သက်နဲ့အတူ ရင့်ကျက်ခဲ့ပါပြီ...
စာအုပ်ထဲကထက်
လက်တွေဘဝ အတွေ့အကြုံတွေက
ပိုပြီး နက်ရှိုင်းတယ်..
သို့သော်လည်း
ဘဝလောကဓံကို ဖြတ်သန်းဖို့အတွက်
လမ်းညွှန်ချက် ကောင်းတွေကိုတော့
စာအုပ်ထဲမှာဘဲ ရှာရလိမ့်မယ်..
0 Comments