အရိယာဆိုတာ ဘယ်လိုသိနိုင်မလဲ ?
သောတာပန် အရိယာသည် ကာမဂုဏ်၌ တပ်မက်သော ကာမရာဂ
ကိုမပယ်နိုင်သေး။ ထို့ကြောင့်လောကီကာမ ချမ်းသာထက် အဆပေါင်းများစွာသာလွန်သော
လောကုတ္တရာ ဓမ္မဖလ သမာပတ်ချမ်းသာကို ဝင်စား၍ နေနိုင်ပါလျက် အမြဲ မဝင်စားပဲ ကာမ
ဂုဏ်ချမ်းသာကို ခံစားကြသေးသည်။ ဤသည်မှာ မဟာစည်ဆရာတော်ဘုရားကြီး
မိန်ဆို့ချက်ဖြစ်ပါသည်။ မိမိ လေ့လာခဲ့ဖူးသမျှတွင်လည်း ဤကဲ့သို့ ဆရာတော်များ
ဆိုမိန့်သည်ကို လေ့လာမှတ်သားခဲ့ရသည်။
မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက
အရှင်ကဿပ ရဟန္တာ ကိုယ်တော်မြတ်အား အလုပ်အကျွေးပြုနေသူ ကပ္ပိယသည် “ခုခေတ်မှာ ရဟန္တာ မစဲတမ်းရှိတယ်လို့သာ ပြောတယ် ဘယ်လိုပုဂ္ဂိုလ်က ရဟန္တာမှန်းကိုမသိပါဘူးဘုရား” ဟု အရှင် မြတ်ကို လျှောက်တင်ရာ.. ရဟန္တာ ကိုယ်တော်မြတ်က “ကပ္ပိယကြီး ရဟန္တာ ကိုယ်တော်ကို အနားကပ်ပြီး အလုပ်အကျွေးပြုနေတာတောင် ရဟန္တာမှန်း သိဖို့ခက်ခဲတယ်” ဟူ၍ မိန့်တော်မူဖူး၏။ ဤသည်ကို ထောက်ရှုခြင်းအားဖြင့် ရဟန္တာကိုပင် မသိနိုင်သော ပုထုဇဉ်များသည် ကာမဂုဏ်အာရုံ ခံစားနေသော သောတာပန် အရိယာကို မည်သို့မှ မသိနိုင်ကြပေ။ယခုကဲ့သို့ သာသနာတွင်းကာလ သာသနာတော်
နေလိုလလိုထွန်းတောက်နေချိန်တွင် သောတာပန် သကဒါဂါမ် တို့ ရှိနေမည်ဖြစ်ပြီး ကာမဂုဏ်
အာရုံကိုခံစားနေအုံးမည် ဖြစ်လေသောကြောင့်
မည်သို့မှ ခွဲခြားသိမြင်နိုင်မည် မဟုတ်ပေ။ သို့သော် အရှင်ကဿပ မထေရ် ကဲ့သို့ပင်
အရိပ်အမြွက်သော်မျှ ပြောပြပါလိမ့်မည်။ အသိပညာ ဗဟုသုတတို့ ခေါင်းပါးသော သူတို့သည်
အရိပ်အမြွက် မဆိုထားနှင့် အကောင်လိုက် ကိုယ်ထင်ပြသည်ပင် ဘာကောင်မှန်း သိကြမည်
မဟုတ်။ အရိယာ တို့မည်သည်မှာ အရိပ်အမြွက်သော်မျှ ပြောကြပါလိမ့်မည်။
သို့ပါသောကြောင့် မိမိအနီး ပတ်ဝန်းကျင်မှ အရိပ်အမြွက်သော်မျှ ပြောလာသူကို
လေ့လာမှတ်သား၍ ဆည်းကပ်ပါမူ အကျိုးထူးတို့ ပေးပေလိမ့်မည်။ စော်ကားပြောဆိုခဲ့ပါမူ ဓမ္မန္တရာယ်ထိုက်ကာ မဂ်တားဖိုလ်တားဖြစ်ပြီး
သေသည်၏နောက်၌ အပါယ်လေးပါးသို့ ဆင်းသက်ကြရလိမ့်မည်။ သို့အတွက်ကြောင့် သူတော်ကောင်း ရဟန်းများနှင့်ပတ်သတ်လျှင်
မဝေဖန် ကြပါရန် စေတနာထားကာ မှာကြားပါရစေ...။
0 Comments