၁။ တရားမေဟာမီ
တရားမနာမီ
"ဘုရားပင့်
ဘုရားရှိခိုး"ဂါထာအနက်များစုစည်းမှု။
ဣန္ဒုုဝ အာနနံ
သောဘံ၊
ဒမေန္တိ
ဓမ္မဒေသကံ။
ကန္တိတံ သဗ္ဗ
ကန္တာနံ၊
ဣန္ဒကံတံ နမာမဟံ။
#ဘန္တေ =
ဘုန်းတော်စက်ရှိန် ရန်လုံး
နှိမ်၍
ဂုဏ်သိရ်တင့်ထပ် လွန်မြင့်
မြတ်တော်မူသော
အရှင်ဘုရား။
#တေ =
ဘုန်းတော်ကြီးမား အရှင်ဘုရား၏။
#အာနနံ =
ရှုမြှော်ဦးတင် ဖူးမြင်မဝ
အားမရနိူင်သောမျက်နာတော်
အပြင်သည်။
#ဣန္ဒူဝ =
အာကာဝေဟင် ထက်ကောင်းကင်ဝယ်။
မောင်းနှင်လှည့်တန့်း
ယုန်နန်းသော်တာ
ရောင်ဝါထိန်လင်း
ရွှေလမင်းကြီးကဲ့သို့။
#သောဘံ = ရှုမြင်ရသူ
ဖူးအာသာ အဆာမပြေ
တင့်တယ်လှပတော်မူပါပေသည်ဘုရား။
#ဣန္ဒူဝအာနနံသောဘံ
= သော်တာယုန်ရေး
ဖြူဖွေးထိန်လင်း
ငွေလမင်း
ကြီးတမျှ
ကြည်ညိုဖွယ်ကောင်းလှ
သော
မျက်နှာတော်အပြင်လည်း
ရှိပေထသော။
#ဒမေန္တိ =
တရားကျောခိုင်း ထုံထိုင်းထိုင်းနှင့်
ရိုင်းစိုင်းနေသူ
နတ်လူအပေါင်းကို
နည်းလမ်းကောင်းပြ
ယဉ်ကျေးအောင်
ဆုံးမတော်မူထသော။
#ဓမ္မဒေသကံ =
ပွင့်လုချင်ချင် ကျွတ်ပွဲဝင်မည့်
လူရှင်တစ်သိုက်
ကြာတိုက်ပင်္ကဇာ ဝေနေယျာကို ဒေသနာရေအေး တိုက်ကျွေးကာ ဟောပြောတော်မူနိူင်ထသော။
#သဗ္ဗကန္တာနံ =
အလုံးစုံသော အရာ့အရာ
ရတနာ့ ရတနာ
ဟူသမျှတို့ထက်။
#ကန္တိတံ =
အဆတစ်ရာ မကသာအောင်
နှစ်သက်ဖွယ်ရာလည်းရှိတော်မူပေထသော။
#ဣန္ဒကံ =
ရှိရှိသမျှ ဓမ္မဥဿုံ
အလုံးစုံကို
သိမ်းကျူံးပိုင်သ
အစိုးရတော်မူပေထသော။
#တံနာယကံ =
မဂ္ဂင်ရှစ်ဆူ အောင်လံထူ၍ နိဗ္ဗူ
သောင်မို့ဖောင်ကူးတို့ဖြင့်
ပို့ဆောင်
တော်မူငြား
ထိုရှင်တော်မြတ်ဘုရားကို။
#အဟံ = ဓမ္မကထာ
ဒေသနာကို
ရှာဖွေဟောမည်
စိတ်ကရည်၍
ကြံစည်အားထုတ်
အကျွနု်ပ်သည်။
#နမာမိ = ကာယဝစီ
မနောချီလျက်
ရွင်ကြည်ညွတ်လျှိုး
လက်စုံမိုးကာ
ရှိခိုးကန်တော့လိုက်ပါ၏
မြတ်စွာဘုရား။
#နမာမိ =
ကိုယ်နှုတ်နှလုံး
ပါးပြောင်းပျော့
မာန်ကိုလျော့၍
ကန်တော့မြတ်နိူး
လက်စုံမိုးကာ
ရှိခိုးကန်တော့လိုက်ပါ၏
မြတ်စွာဘုရား။
++++++++++++++++++++++++
(၂)တရားမေဟာမီ
တရားမနာမီ
"ဂုဏ်တော်ဘွဲ့
ဘုရားရှိခိုး"ဂါထာ+အနက်
မဟာပညံ မဟာတေဇံ။
နာထံ ဇိနံ ဒယံ
ဓရံ။
ဧကရာဇံ
သိရိပုဏ္ဏံ။
ဝန္ဒေ တံ
သိရသာမဟံ။(သိရသာမယံ)
(ဆရာတော်တစ်ပါးရေး)
မဟာပညံ=
မြေရေလေထု!ပမာပြုလည်း
နှိုင်းတုမမြင်!သို့လောက်စင်အောင်။
မယှဉ်သာသောပညာလည်း
ရှိတော်မူထသော--။
မဟာတေဇံ=
သတ္တောကာသ သင်္ခါရဟု
လောကဓာတ်လုံး
ပဲ့တင်ချုန်းမျှ
ဆုံးစမမြင်သို့လောက်စင်အောင်
မယှဉ်သာသောတန်ခိုးတော်လည်း
ရှိတော်မူပေထသော--။
နာထံ=
ဗြဟ္မာနတ်လူ သုံးရပ်သူတို့၏
ို့ ကြည်ဖြူခစား
ဦးညွှတ်တွားလျက်
အားထားရာလည်းဖြစ်တော်မူပေထသော--။
ဇိနံ= ဒေဝပုတ္တ
ကိလေသနှင့်
စသည်ငါးရပ်
မာရ်စစ်တပ်ကို
လူနတ်ဗြဟ္မာ
မကူပါဘဲ
ပါရမီစက်
မဂ်သန်လျက်ဖြင့်
ပယ်ဖျက် ဖြတ်လှီး
အောင်ခြင်းကြီး
အောင်မြင်တော်မူပေထသော--။
ဒယံ= ရင်သွေးရာဟု
ပမာပြုလျက်
ကရုဏာဓါတ်
လွန်ကြီးမြတ်သဖြင့်
သတ္တဝါများ
သုံးတိုက်သားတို့၌
သနားကြင်နာတော်မူပေထသော--။
ဓရံ=
ရှစ်ပါးမဂ္ဂင် သင်္ဘောယာဉ်ဖြင့်
့် အမျှင်မပြတ်
မြဲဆက်စပ်လျက်
ဖြစ်လတ်ပျက်ချုပ်
နာမ်ရုပ်နှစ်ဝ ဒုက္ခကုန်ခမ်း
နိဗ္ဗာန်နန်းသို့
ပို့မြန်းဆောင်ယူတော်မူပေထသော။
ဧကရာဇံ= ဇာတိအာဏာ
ဝိသယာဟု
ု
သုံးဖြာခေတ်တွင်း ပြိုင်ဘက်ကင်းသဖြင့်
တရားမင်းတစ်ဆူလည်း
ဖြစ်တော်မူပေထသော။
သိရီပုဏ္ဏံ=
သုံးဆယ့်နှစ်ဖြာ လက္ခဏာနှင့်
့်
ခြောက်ဖြာရောင်ခြည် ကွန့်မြူးလည်သဖြင့်
့
ထိန်ကြည်ပြက်သန်းသော်တာစန်းထက်
် အဆန်းတကြယ်
တင့်တယ်ပြည့်စုံ
ကျက်သရေဂုဏ်လည်းရှိတော်မူပေထသော။
တံ=
ထိုဆိုခဲ့ပြီး ဂုဏ်တော်ကြီးတို့ကြောင့်
့ အံ့ချီးမကုန်
အလုံးစုံပင် သုံးဘုံထင်ရှား
မြတ်ဘုရားကို။
မယံ= တရားဟော
တရားနာ သူငါသမုတ်
အကျွန်ုပ်တို့သည်။
မယံ=
ရုပ်ဓါတ်နာမ်ဓါတ် နှစ်ရပ်ဖွဲ့စည်း
ပရမတ်နည်းဖြင့်
ငါလည်းမဟုတ်
် ငါသမုတ်နေကြကုန်သော
အကျွန်ုပ်တို့သည်။
သိရသာ=
တစ်ကိုယ်လုံးတွင် အမြတ်ဆုံးထင်ပြီး
ဂုဏ်တင်ထားကာ
ဦးခေါင်းအင်္ဂါဖြင့်။
ဝန္ဒေ ဝန္ဒာမ=
ကြည်လင်ယိုဖိတ် သဒ္ဓါစိတ်ဖြင့်
အိပ်လေတိုင်းရှိခိုး
နိုးလေတိုင်းဦးချ
ထလေက အဉ္ဇလီ
သွားလေသည်
သက္ကစ္စနှင့်
ကြည်စွခါခါ ရှိခိုးလိုက်ပါ၏
မြတ်စွာဘုရားး။
မှတ်ချက်
(အဟံ-တပည့်တော်သည်/ဟု
တစ်ဦးတည်းအတွက်
ဝန္ဒေ-ဝန္ဒာမိ/ဟုပြောင်းဆိုရန်)"လူပုဂ္ဂိုလ်များအတွက်။
သီးသန့်ဘုရားရှိခိုးလိုပါက
ဆိုခဲ့ပြီး မယံ= အနက်နှစ်ခု
တွင် ပထမ မယံကို
ချန်ထား၍ ဒုတိယ မယံကိုဆိုရမည်။
တစ်ဦးတည်းအတွက်-
မယံကို အဟံ/ဟု ပြောင်းဆိုပါ။
" ဥပမာ"
အဟံ=ရုပ်ဓာတ်
နာမ်ဓာတ်-------
တပည့်တော်သည်(အကျွန်ုပ်သည်)/ဟုဆို။
အကျွန်ုပ်(တို့)သည်ဟုမဆိုရ။တို့ကိုချန်ထားပါ။
ဤဂါထာပါဠိ+အနက်များကို
ယတိဝိစက္ခဏ
(ဘုရားဖြူ)ရေးသား
ထုတ်ဝေသည့် ဟောကွက်
ပြောကွက်
နာရီဝက်တရားတော်များ အတွဲ(၁)
စာအုပ်မှ
ကူးယူဖော်ပြ ဓမ္မဒါန ဝေမျှပါသည်။
ဓမ္မမိတ်ဆွေများ
အားလုံး ကိုယ်ကျန်းမာ
စိတ်ချမ်းသာ၍
လိုရာဆန္ဒ ပြည့်ဝကြပါစေ။
၃။
မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာ အရှင်ကောဝိဒ၏
တရားမဟောကြားမီရွတ်ဆိုပူဇော်လေ့ရှိသော
"ပလ္လင်ဖွင့်
ဘုရားရှိခိုး"
ဗုဒ္ဓေါလောကေ
သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ။
ဓမ္မောလောကေ
သမုပ္ပန္နော သုခါယ သဗ္ဗပါဏိနံ။
သံဃောလောကေ
သမုပ္ပန္နော ပုညက္ခေတ္တံ အနုတ္တရံ။
ဧတေန သစ္စဝဇ္ဇေန
သုခိတာ ဟောန္တု သာဓဝေါ။
ဗုဒ္ဓေါ=အရဟံတစ်ဆူ
သယမ္ဘူဂိုဏ်း တုနှိုင်းမမြင် ဂေါတမဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။
သဗ္ဗပါဏိနံ=ခပ်သိမ်းများစွာ
သတ္တဝါတို့၏။
ဟိတာယ=လောကီ
လောကုတ္တရာ နှစ်ဖြာသော အစီးအပွားအလို့ငှာ။
လောကေ=လူ့ပြည်နတ်ရပ်
လောကဓါတ်အတွင်း၌။
သမုပ္ပန္နော=ကောင်းစွာမသွေ
ပွင့်ထွန်းပေါ်ပေါက်တော်မူလာပါပေ၏ ။
ဓမ္မော=မဂ်လေးတန်
ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်ဟုဆိုအပ်သော အမြတ်ထွဋ်ထား ဆယ်ပါးသော
တရားတော်မြတ်ကြီးသည်။
သဗ္ဗပါဏိနံ၊
ခပ်သိမ်းများစွာ သတ္တဝါတို့၏။
သုခါယ=ကိုယ်ချမ်းသာဖို့ရန်
စိတ်ချမ်းသာဖို့ရန် ဒီဘဝချမ်းသာဖို့ရန် ဘဝသံသရာချမ်းသာဖို့ရန်အလို့ငှာ။
လောကေ=လူ့ပြည်နတ်ရပ်
လောကဓါတ်အတွင်း၌။
သမုပ္ပန္နော=ကောင်းစွာမသွေ
ပွင့်ထွန်းပေါ်ပေါက်တော်မူလာပါပေ၏ ။
သံဃော=မဂ္ဂဋ္ဌာန်လေးယောက်
ဖလဋ္ဌာန်လေးယောက်ဟုဆိုအပ်သော
ရှစ်ယောက်သော
အရိယာသံဃာတော် အရှင်မြတ်တို့နှင့်တကွ ယ္ခုလက်ရှိထင်ပေါ် သံဃာတော်အရှင်မြတ်
အပေါင်းတို့သည်။
သဗ္ဗပါဏိနံ၊
ခပ်သိမ်းများစွာ သတ္တဝါတို့၏။
အနုတ္တရံ၊
အတုမရှိမြတ်လှစွာသော။
ပုညက္ခေတ္တံ
ကောင်းမှုမျိုးတို့ စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းကြီးသဖွယ်။
လောကေ=လူ့ပြည်နတ်ရပ်
လောကဓါတ်အတွင်း၌
သမုပ္ပန္နော=ကောင်းစွာမသွေ
ပွင့်ထွန်းပေါ်ပေါက်တော်မူလာပါပေ၏ ။
ဧတေန
သစ္စဝဇ္ဇေန=ဤသို့နှုတ်သံ ဖေါ်ထုတ်ပြန်၍ ဟုတ်မှန်စွာ ပြောဆိုရသော ပဏာမသစ္စာစကားကြောင့်။
သာဓဝေါ=တရာချစ်ခင်
စိတ်ကောင်းဝင်ကြကုန်သော သင်သူတော်စင် တရားနာပရိတ်သတ် အပေါင်းတို့သည်။
သုခိတာ=အန္တရာယ်ပျောက်ပျက်
စီးပွားတက်လျက် စိတ်စက်ရွှင်လန်းဝမ်းပန်းတသာချမ်းသာခြင်းရှိကြ
ကုန်သည်။ဟောန္တု=ဖြစ်ကြပါစေ
ကုန်သတည်း။
#နိဒ္ဒုက္ခာစ=ကိုယ်၏ဆင်းရဲခြင်း၊
စိတ်၏ဆင်းရဲခြင်း၊ ကိုယ်စိတ်နှစ်ပါးတို့၏ ဆင်းရဲခြင်းဟုဆိုအပ်သော
ဆင်းရဲခြင်းအပေါင်းတို့မှလည်း ကင်းဝေးကြကုန်သည်။
#ဟောန္တုဖြစ်ကြပါစေ
ကုန်သတည်း။
#နိဗ္ဘယာစ=အတ္တာနုဝါဒဘေး၊
ပရာနုဝါဒဘေး၊
ဒဏ္ဍဘေး၊
ဒုဂ္ဂတိဘေး အစရှိကုန်သော မကောင်းသော ဘေးအပေါင်းတို့မှလည်း ကင်းဝေးကြကုန်သည်။
#ဟောန္တု=ဖြစ်ကြပါစေ
ကုန်သတည်း။
#နိသောကာစ=မညှိုးမမှိန်
တန်ခိုးရှိန်၍ စိုးရိမ်မနှောင့် ကြောင့်ကြပူဆွေး ငိုကြွေးခြင်းတို့မှလည်း
ကင်းဝေးကြကုန်သည်။
#ဟောန္တု=ဖြစ်ကြပါစေ
ကုန်သတည်း။
#ဟောန္တု=ယ္ခုဆိုအပ်သော
သစ္စာစကားနှင့် ပို့လွှတ်အပ်သော မေတ္တာဓါတ် အရှိန်အဝါတို့ကြောင့် အချိန်မကြာ
ကိုယ်စီ ကိုယ်ငှ ဖြစ်တော် မူနိုင်ကြပါစေ ကုန်သတည်း . . . ။
(သာဓု---သာဓု----သာဓု)
ဆရာတော်၏
လုပ်ဆောင်ချက် ရပ်တည်ချက်
မှန်သမျှတို့ကို
လေးစားကြည်ညိုသောအားဖြင့်
တပည့်တော် ကေသရ
မှ ပြန်လည်ရွတ်ဖတ်၍
ပူဇော်ပါသည်ဘုရား။
ဤပလ္လင်ဖွင့်ဘုရားရှိခိုးကို
ရန်ကုန်တိုင်းဒေသကြီး
ထန်းတပင်မြို့နယ်
သနပ္ပင်အခြေခံပညာမူလတန်း
ကျောင်းတွင်(2/10/17)ကရွတ်ဖတ်ပူဇော်ပါသည်။
၄။
အရှင်ကောသလ္လ(ဇလွန်ဆရာတော်)၏
ညခင်းများနှင့်ဓမ္မအလင်းအားစာအုပ်မှကူယူ
ပူဇော်
မျှဝေသည့်"ဘုရားရှိခိုး ဂါထာ+အနက်"
နမော တေ
သဗ္ဗဒဿာဝီ၊
နမော တေ ကရုဏာ
ကရ။
နမော တေ
တိဏ္ဏသံသာရ၊
နမော တေ အမတံ ဒဒ။
#သဗ္ဗဒဿာဝီ =
သစ္စာလေးပါး မြတ်တရားကို
ပိုင်းခြားထင်ထင်
သိမြင်တော်မူပေသည့်မြတ်စွာဘုရား။
#တေ = သားရာဟုလာ
ကဲ့ပမာသို့ သတ္တဝါအများ
အကျွနု်ပ်တို့အားလည်းပဲ
သစ္စာလေးပါး မြတ်တရား
ကို
ပိုင်းခြားထင်ထင် သိမြင်စေတော်မူပေသော
ရှင်တော်မြတ်ဘုရားအား။
#နမော =
အရှင့်ဂုဏ်တော် အောက်မေ့မျှော်၍
ကိုယ်ကိုညွတ်ကျိုး
မာန်ကိုချိုးကာ ရှိခိုးကန်တော့
ပါ၏ အရှင်ဘုရား။
#ကရုဏာကရ =
ကြီးမားသော ကရုဏာရှိတော်
မူသည့်
မြတ်စွာဘုရား။
#တေ = သားရာဟုလာ
ကဲ့ပမာသို့ သတ္တဝါအများ
အကျွနု်ပ်တို့အားလည်းပဲ
ကရုဏာရှိတောမူပေ
သော
ရှင်တော်မြတ်ဘုရားအား။
#နမော =
အရှင့်ဂုဏ်တော် အောက်မေ့မျှော်၍
ကိုယ်ကိုညွတ်ကျိုး
မာန်ကိုချိုးကာ ရှိခိုးကန်တော့
ပါ၏ အရှင်ဘုရား။
#တိဏ္ဏသံသာရ =
ကာမောဃ ရေပြင်ကျယ်
ဘဝေါဃ ရေပြင်ကျယ်
ဒိဋ္ဌောဃ ရေပြင်ကျယ်
အဝိဇ္ဇောဃ
ရေပြင်ကျယ်ဟုဆိုအပ်သော
သြဃလေးသွယ်
သံသရာ့ရေပြင်ကျယ်မှ
ကူးမြောက်တော်မူပေသည့်
မြတ်စွာဘုရား။
#တေ = သားရာဟုလာ
ကဲ့ပမာသို့ သတ္တဝါအများ
အကျွနု်ပ်တို့အားလည်းပဲ
ကာမောဃ ရေပြင်ကျယ်
ဘဝေါဃ ရေပြင်ကျယ်
ဒိဋ္ဌောဃ ရေပြင်ကျယ်
အဝိဇ္ဇောဃ
ရေပြင်ကျယ်ဟုဆိုအပ်သော
သြဃလေးသွယ်
သံသရာ့ရေပြင်ကျယ်မှ
ကူးမြောက်စေတော်မူပေသော
ရှင်တော်
မြတ်စွာဘုရားအား။
#နမော =
အရှင့်ဂုဏ်တော် အောက်မေ့မျှော်၍
ကိုယ်ကိုညွတ်ကျိုး
မာန်ကိုချိုးကာ ရှိခိုးကန်တော့
ပါ၏ အရှင်ဘုရား။
#အမတံဒဒ =
မသေရာမှန် မြတ်နိဗ္ဗာန်ကို
ပေးတော်မူပေသည့်
မြတ်စွာဘုရား။
#တေ = သားရာဟုလာ
ကဲ့ပမာသို့ သတ္တဝါအများ
အကျွနု်ပ်တို့အားလည်းပဲ
မသေရာမှန် မြတ်နိဗ္ဗာန်ကို
ပေးတော်မူပေသော
ရှင်တော်မြတ်ဘုရားအား။
#နမော =
အရှင့်ဂုဏ်တော် အောက်မေ့မျှော်၍
ကိုယ်ကိုညွတ်ကျိုး
မာန်ကိုချိုးကာ ရှိခိုးကန်တော့
ပါ၏ အရှင်ဘုရား။
"မှတ်ချက်"
ဂါထာ၏ စတုတ္ထပါဒ
အနက်ကို
(စာရွက်ကျန်နေခြင်းကြောင့်) ဖြည့်စွက်ပူဇော်လိုက်ပါသည်။
၅။ #ဘုရားရှိခိုး
အရှင်တေဇောသာရ(ပဲခူး)
ဥဒေတိ ဒါနိ
လောကညူ၊
စန္ဒိမာ
ဓမ္မသီတဂူ။
ပဘာသေဟိ
ဣမေဇန္တူ၊
ဓမ္မ ရံသီဟိ
ဓာတုဇူ။
ဒါနိ-ဣဒါနိ=ဘုရားတည်းဟူသော
ရတနာစန်းရုံကြောင့်
သဒ္ဓါပန်းအငုံတို့
အဖြာဖြာ ဆန်းစုံတင့်၍ အစွမ်းကုန်ပွင့်ရ
မည့်ယခုအခါကာလသမယ၌။
ဓမ္မသီတဂူ=ရွှေမြအရောင်
နေလအရောင် အထွေထွေ
လအရောင်တို့ထက်
အကုဋေမကအောင် ဝင်းပကြည်လင်
၍
အလင်းသီတလအဖြာဖြာ ပွားနိုင်သဖြင့် ကမ္ဘာတလွှား
မှာ
ရတနာတရားတည်းဟူသော အရောင်အဝါလည်းရှိ
တော်မူထသော။
လောကညူ=လူအကြောင်းတွေ
နတ်အကြောင်းတွေ
ဗြဟ္မာအကြောင်းတွေ
ရှိရှိသမျှ မိမိရရ အခက်မထင်
မျက်ရှင်ပတ္တမြား
လက်တွင်ထားသကဲ့သို့ ပိုင်းခြားဝေဖန်
သဗ္ဗညုတရွှေဉာဏ်တော်ဖြင့်
ဧကန်သိမြင်တော်မူထသော။
စန္ဒိမာ=တစ်ကမ္ဘာလုံးမှာ
အသာဆုံး အထိန်ဆုံးဖြစ်၍
စိန်တစ်လုံး
မြသော်တာလို ခဏမပေါ်လာလျှင် တ-မျှော်
ကာမှန်းနေလင့်ရသည့်
စန်းငွေပွင့်ပုံသွင်ဘုရားရှင်သည်။
ဥဒေတိ=အမိုက်ကိုခွါရှောင်
အမှောင်ကိုဖြတ်ခွင်း၍
အလင်းဓာတ်က
တကြည်ကြည် ဖိုဥဒီတောင်တော်
ထိတ်ဆီက
မြရောင်ခြည်တဖိတ်ဖိတ်နှင့် တရိပ်ရိပ်
ပေါ်ထွန်းတော်မူခဲ့လေပြီ။
စန္ဒိမာ=လေးကျွန်းကိုလှည့်ပတ်၍လေးရပ်ကိုမြန်းတော်
မူ
သီတဂူမြနန်းနှင့်လစန်းရတနာဖြစ်တော်မူသောအရှင်
မြတ်ကြီးသည်။
ဓာတုဇူ=ရှေးရှေးသော
ပါရမီ သမ္ဘာအညီဓာတ်စော၍
အမြတ်သဘောဝါသနာထုံကြသဖြင့်
ဓမ္မတာအတိုင်းဖြောင့်
မှန်ကာနေကြကုန်သော။
ဣမေဇန္တူ=ရှေးဘဝစရိုက်တို့ကြောင့်
အအေးအမြကိုသာ
ကြိုက်ကြကုန်သော
ထိုထိုများစွာ သတ္တဝါအနန္တမှန်သမျှ
တို့ကို။
ဓမ္မရံသီဟိ=ဂုဏ်တော်ညွန့်ခြောက်စုံ
ကြည်ပုံတော်ခြောက်
ခန်း
တရားတည်းဟူသောမြရောင်ခြည်ပန်းတို့ဖြင့်။
ပဘာသေဟိ=ပါရမီဓိဋ္ဌာန်
မချို့ခဲ့ကြသည့်အတိုင်း
နိဗ္ဗာန်မြို့နန်းအမတာမြေမှာ
ချမ်းသာစေမှောင်ချွေ
မသန်းရအောင်
ရောင်ငွေစန်းတကြည်ကြည် ထိန်ထိန်
လည်ပပဝင်း၍
ထွန်းလင်းတောာ်မူလည့်ပါ ကမ္ဘာ့အမှောင်
မသီ
မြရောင်ခြည်အညွန့်အဖူးတို့ဖြင့် ကွန့်မြူးကာ
အသရေမဆုံးနိုင်သည့်
ရွှေဘုန်းတော်သခင် ရှင်တော်
မြတ်ကြီးဘုရား။
(သာဓု--------သာဓု----------သာဓု)
0 Comments