Advertisement

Responsive Advertisement

❝ဧဟိဘိက္ခုရဟန်းတော်ပေါင်း ၂၈၆၄၇- ပါး❞

 

❝ဧဟိဘိက္ခုရဟန်းတော်ပေါင်း ၂၈၆၄၇- ပါး❞

▬▬▬▬▬▬▬▬▬▬▬▬▬▬▬

။ မြတ်စွာဘုရားလက်ထက်တော်၌ ဧဟိဘိက္ခုရဟန်းအဖြစ်ရယူသွားကြသော ရဟန်းတော်များ အရေအတွက် သရုပ်ကား

ဝိနည်း ပိဋကတော်၌ ပဉ္စဝဂ္ဂီငါးပါး၊

ယသသတို့သားနှင့်အပေါင်းအဖေါ်များ၊ ပေါင်း ၅၅-ပါး၊

ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်၊

ရသေ့ (ရှင်) ၁၀၀၀၊

အဂ္ဂသာဝက ၂-ပါးနှင့် ပရိဗိုဇ်များ၊ ပေါင်း ၂၅၀။

အင်္ဂုလိမာလ ၁-ပါး၊ ပေါင်း ၁၃၄၄-ပါး၊

သုတ္တန်ပိဋကထိုထိုနိကာယ်တို့၌ကား သေလပုဏ္ဏားနှင့် အဖေါ် ၃၀၀၊

မဟာကပ္ပိနမင်းကြီးနှင့် အမတ် ၁၀၀၀၊

ကပိလဝတ်ပြည်သား ၁၀၀၀၀၊

ပါရာယနိက ပုဏ္ဏားနှင့် အဖေါ် ၁၆၀၀၀၊ ပေါင်း ၂၇၃၀၃ဖြစ်၍

၂-ရပ်ပေါင်းသော် ၂၈၆၄၇-ပါးဖြစ်၏။

မှတ်ချက်။ ။ ဤကား ဝိနည်းနှင့် သုတ္တန် ပိဋကတော်လာ ထင်ရှားသောနေရာများမှ ယူပြခြင်းသာဖြစ်၍ထို့ထက်အလွန်လည်း များစွာပင်ရှိတန်ရာသေးသည်ဟု မှတ်ယူရမည်။

မူရင်းcrd, တိပိဋက မြန်မာပြန်

Post a Comment

0 Comments