Advertisement

Responsive Advertisement

သတ္တာဝါသ၊ ဘုံကိုးဝနှင့်၊ ဝိညာဏဌိတိ၊ တည်ရှိခုနှစ်ပါး၊


 အမေး။ ။အရှင်ဘုရား…အမျှဝေတဲ့လင်္ကာမှာ မပြတ်စဉ်လာ၊သတ္တာဝါသ၊ ဘုံကိုးဝနှင့်၊ ဝိညာဏဌိတိ၊ တည်ရှိခုနှစ်ပါး၊ ဆိုတာကို သဘောမပေါက် တဲ့အတွက် တပည့်တော်ကိုဖြေကြားပေးတော်မူပါဦးဘုရား။

မောင်အောင်မျိုးလွင် ရုရှား(ခေတ္တ)


အဖြေ။ ။ဝိညာဏဌိတိ ၊တည်ရှိခုနှစ်ပါးဆိုတာ ပဋိသန္ဓေဝိညာဏ်ရဲ့တည်ရာ ခုနှစ်ပါးကို ပြောပါတယ်။ ခုနှစ်ပါးသရုပ်ကိုပြောရရင်..

(၁) လူ့ပြည်၊ နတ်ပြည်ခြောက်ထပ်မှာ ဖြစ်ကြတဲ့ သတ္တဝါများမှာ ကိုယ်သဏ္ဍန်က အထူးထူးအပြားပြားရှိပြီး၊ ပဋိသန္ဓေစိတ်လည်းအမျိုးမျိုးရှိတဲ့ အတွက် နာနတ္ထကာယ၊ နာနတ္ထသညီမည်တယ်။

(၂) ပထမဈာန် ၃ ဘုံ၊ အပါယ်လေးဘုံ ဒီခုနှစ်ဘုံမှာဖြစ်ကြတဲ့သတ္တဝါများမှာ ကိုယ်သဏ္ဍန်က အထူးထူးအပြားပြားရှိပြီး၊ ပထမဈာန် ၃ ဘုံမှာတော့ ပထမဈာန်ဝိပါက်စိတ်ဆိုတဲ့ ပဋိသန္ဓေစိတ်ဖြစ်ပြီး၊ အပါယ်လေးဘုံမှာတော့ အကုသလဝိပါက်သန္တီရဏစိတ်ဆိုတဲ့ ပဋိသန္ဓေစိတ်တစ်ခုစီသာဖြစ် ကြပါတယ်။ ဒါကြောင့် ဒီခုနှစ်ဘုံမှာ ကိုယ်သဏ္ဍန်က အမျိုးမျိုးဖြစ်ပြီး၊ ပဋိသန္ဓေစိတ်ကတော့တစ်မျိုးစီသာရှိပါတယ်။ဒါကြောင့် နာနတ္ထကာ၊ ဧကတ္ထသညီမည်တယ်။

(၃) ဒုတိယဈာန်သုံးဘုံမှာဖြစ်ကြတဲ့သတ္တဝါများရဲ့ ကိုယ်သဏ္ဍန်အရောင်အဝါက တူကြပြီး၊ ဒုတိယဈာန်ဝိပါက်စိတ်၊ တတိယဈာန်ဝိပါက်စိတ်ဆိုတဲ့ ပဋိသန္ဓေစိတ်အမျိုးမျိုး ရှိကြတယ်။ဒါကြောင့် ဧကတ္ထကာယ၊ နာနတ္ထသညီမည်တယ်။

(၄) တတိယဈာန် ၃ ဘုံ၊ ဝေဟပ္ဖိုလ်ဘုံ၊သုဒ္ဓါဝါသ ၅ ဘုံတို့မှာဖြစ်ကြတဲ့ သတ္တဝါများရဲ့ကိုယ်ဏ္ဍန်မှာ တူညီကြပြီး၊ပဋိသန္ဓေစိတ်ကလဲ စတုက္ကနည်း အားဖြင့် စတုတ္ထဈာဝိပါက်စိတ် တစ်မျိုးသာရှိပါတယ်။ဒါကြောင့် ဧကတ္ထကာယ ဧကတ္ထသညီမည်တယ်။

(၅-၆-၇)အာကာသာနဉ္စာယတန (၆)ဝိညာဏဉ္စာယတန (၇)အာကိဉ္စညာယတန ဆိုတဲ့ အရူပသုံးဘုံတို့ရဲ့သတ္တဝါများဟာ ပဋိသန္ဓေဝိညာဏ်စိတ် တစ်မျိုးစီသာ ဖြစ်ကြတယ်။ တစ်ဘုံစီယူရင် ဝိညာဏဌိတိ ၇ ပါးဖြစ်တယ်။

တဖန် သတ္တာဝါသ ဘုံကိုးဝဆိုတာက အထက်ဖေါ်ပြပါ ၇ ပါးမှာ နေဝသညာနာသညာဘုံတစ်ပါးနဲ့အသညသတ်ဘုံတို့ကိုထည့်ပြီး ဘုံကိုးပါးယူရပါတယ်။

Post a Comment

0 Comments