Advertisement

Responsive Advertisement

ဆုပေး

ဆုပေး

 Oval: qkay;

သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။

သပ်ဘီတိရော ဝိဝတ်ဇန်တု သောကော ရောဂေါ ဝိနတ် သတု

မာ တေဘဝန္တွ'န္တရာယာ သုခီ ဒီဃာယုကော ဘဝ။

မာတေ ဘဝန် တွန် တရာယာ သုခီ ဒီဃာ ယုကော ဘဝ

အဘိဝါဒန သီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။       

 အဘိဝါဒန သီလိတ်သ နိတ်စံ ဝုတ်ဒါ ပစာယိနော

စတ္တာရော ဓမ္မာ ဝဍ္ဎန္တု အာယု ဝဏ္ဏော သုခံ ဗလံ။

စက်တာရော ဓမ္မာ ဝတ်ဒန်တု အာယု ဝန်နော သုခံ ဗလံ..

 

မြန်မာပြန်

" သဗ္ဗီတိယော ဝိဝဇ္ဇန္တု "- ဘေးရန်ခပ်သိမ်းတို့ ကင်းငြိမ်းကြပါစေကုန်သတည်း။

" သဗ္ဗသောကော ဝိနဿတု "- စိုးရိမ်ခပ်သိမ်း ကင်းငြိမ်းပါစေသတည်း။

"သဗ္ဗရောဂေါ ဝိနဿတု "-- ရောဂါခပ်သိမ်း ကင်းငြိမ်းပါစေတည်း။

" မာ တေဘဝန္တွ'န္တရာယာ "- သင်တို့ ဘေးရန် အန္တရာယ် ဘာတစ်ခုမျှ မရှိကြပါစေကုန်သတည်း။

သုခီ ဒီဃာယုကာ ဘဝန္တု ၊ကိုယ်စိတ်နှစ်ပါး ချမ်းချမ်းသာသာ အသက်ရှည်ကြပါစေ ကုန်သတည်း။

အသောကာ ဒီဃာယုကာ ဘဝန္တု- စိုးရိမ်ကင်းကွာ စိတ်ချမ်းသာစွာဖြင့် အသက်ရှည်ကြပါစေကုန်သတည်း။

အရောဂါ ဒီဃာယုကာ ဘဝန္တု- အနာကင်းကွာ ကျန်းမာစွာဖြင့် အသက်ရှည်ကြပါစေကုန်သတည်း။

အဘိဝါဒန သီလိဿ-ဘုရား တရား သံဃာ ရတနာသုံးပါးနှင့် မိဘဆရာကို ရှိခိုးသော အလေ့အကျင့် ရှိကြပေကုန်သော။

ဝုဍ္ဎာပစာယိနော- ကြီးကုန် ကြီးကုန်သော ပုဂ္ဂိုလ်တို့ကို အရိုအသေပြုတတ်သော အလေ့အကျင့် ရှိကြကုန်သော သင်သူတော်ကောင်း အပေါင်းတို့မှာ

အာယု -အသက်တမ်းရှည်ခြင်းလည်းကောင်း ဝဏ္ဏော -ရုပ်အဆင်း ကောင်းခြင်းလည်းကောင်း။ သုခံ -ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းလည်းကောင်း။ ဗလံ - ခွန်အားဉာဏ်အားနဲ့ ပြည့်စုံခြင်းလည်းကောင်း။ အာရောဂျံ - အနာကင်းကွာ ကျန်းမာခြင်းလည်းကောင်း။ ဣတိ -ဤသို့၊ ပဉ္စဓမ္မာ-အကျိုးတရား ဤငါးပါးတို့သည် နိစ္စံ-အမြဲ မပြတ် တစ်သက်ပတ်လုံး ဝဍ္ဎန္တု - တက်လာသော နေလို, တိုးလာသော ရေလို, တစ်နေ့တခြား တိုးတက် စည်ကားကြပါစေကုန်သတည်း။

သာဓု     သာဓု     သာဓု


 

Post a Comment

0 Comments