Advertisement

Responsive Advertisement

မဟာပလ္လင် ဆိုတာ

မဟာပလ္လင် ထိုင်ပြီး ရရှိခဲ့ သော ကျေးဇူးတရားကတော့ ရုပ်ခန္ဓာ ပေါ်မှ ဖောက်ပြန်မူ များကို သီးခံ လာနိုင်တာ ​နှငိ့အမျှ ဘာဘီ လောကဓံနဲ့ ပတ်ဝန်းကျင် ရဲ့ တိုက်ခိုက်မူ့ အပေါ် သီးခံ နိုင်ပြီးl မကောင်းသောအရာ များ သို့ ရန်မ မူ တော့ပဲ လျစ်လျူ ရှူ နိုင်လာပါပြီ။ ခန္ဓာ ဖောက်ပြန် လာ ရင်လည်း အော်ပြီးပြာယာ မခတ်တော့ ဘူး။ ဖောက်ပြန်နေတာတော့သိတယ်။ စိတ်ကလေးက အေးဆေး။ တရား ထိုင်ပြီး တဲ့ နောက်ပိုင်း စိတ်နူးညံ့ လာတယ်။ ဖီဖီ နဲ့ နောင် ချိန် ဆို မရှိသလောက်။ သီးခံတတ်လာတယ်။ မာန် မာန လျော့လာတယ်။ ဆရာကြီး ဒေါ်ကေသရစာရီ ထံမှ မဟာပလ္လင်၏ ရှင်းလင်းချက် လေး👇👇👇 ✨✨✨✨✨ မဟာပလ္လင်ဆိုတာ ✨✨✨✨✨ မဟာပလ္လင်ဆိုတာ- ◽သည်းခံမှုအစွမ်းကို ဖော်ထုတ်တာ။ (ဘယ်လောက်သည်းခံနိုင်လဲ ဘယ်လိုသည်းခံမှုမျိုးလဲလို့ စစ်ဘို့အကောင်းဆုံးနည်းဖြစ်တယ်။ အောင်အီး ကြိတ်မှိတ်သည်းခံခြင်းမျိုးလား၊ ကြည်ဖြူစွာခွင့်လွတ်သည်းခံခြင်းမျိုးလားဆိုတာ စစ်တဲ့သဘောပါ) မဟာပလ္လင်ဆိုတာ- ◽ခွင့်လွတ်နိုင်မှုအစွမ်းကို ဖော်ထုတ်တာ။ မဟာပလ္လင်ဆိုတာ- ◽စွန့်လွှတ်နိုင်မှုအစွမ်းကို ဖော်ထုတ်တာ။ မဟာပလ္လင်ဆိုတာ- ◽စောင့်ကြည့်နိုင်မှု သတိစွမ်းအားကို ခိုင်မြဲစေတာ။ မဟာပလ္လင်ဆိုတာ- ◽အသေတတ်အောင် လေ့ကျင့်တာ။ မဟာပလ္လင်ဆိုတာ- ◽မိမိသမာဓိခိုင်မခိုင် ဝေဒနာနဲ့စစ်တာ။ မဟာပလ္လင်ဆိုတာ- ◽သမာဓိစခန်း ဉာဏ်စခန်းတက်လှမ်းတဲ့အခါ ပထမအဆင့်အ​နေနဲ့ စိတ်စင်ကြယ်ဘို့ ဝေဒနာမှ တဏှာကို ခွာတာ။ မဟာပလ္လင်ဆိုတာ- ◽ဆင်းရဲအောင်လုပ်တာမဟုတ်ဘူး ◽ဆင်းရဲစေတတ်တဲ့အကြောင်းကို ပယ်ဘို့ပါ။ မဟာပလ္လင်ဆိုတာ- ◽ရုပ်ဆင်းရဲအောင် လုပ်တာလဲ မဟုတ်ဘူး ◽စိတ်ဆင်းရဲအောင် လုပ်တာလဲ မဟုတ်ဘူး ◽ရုပ်နဲ့စိတ်ကို ဆင်းရဲအောင် ဆက်စပ်ပေးတတ်တဲ့ ◽တဏှာမှ စိတ်ကိုအရင်သိမ်းဆည်းဘို့ပါ။ မဟာပလ္လင်ဆိုတာ- ◽ရုပ်ဆင်းရဲ​တဲ့အပေါ်မှာ ပတ်သက်မိလို့ ◽ဆင်းရဲနေတဲ့စိတ်ကို ◽သတိအစွမ်း ဝိရိယအစွမ်း ◽ခန္တီအစွမ်း ဉာဏ်အစွမ်းတွေနဲ့ ◽နောက်ထပ်မပတ်သက်မိအောင် ◽လုပ်ပေးရတဲ့ အခွင့်ထူးမျိုးပါ။ မဟာပလ္လင်ဆိုတာ- ◽ရုပ်ဆင်းရဲတဲ့အပေါ်မှာ သွားညွတ်တတ်တဲ့စိတ် ◽သွားညွတ်ပြီး သညာပေးတတ်တဲ့စိတ် ◽သညာပေးပြီးခံစားတတ်တဲ့စိတ် ◽မခံနိုင်တဲ့စိတ် မဖြစ်နိုင်ဘူးဆိုတဲ့စိတ် ◽တော်ချင်တဲ့စိတ် လှုပ်ချင်တဲ့စိတ် ◽ပြင်ချင်တဲ့စိတ် ဖြုတ်ချင်တဲ့စိတ် ◽အချိန်မျှော်တဲ့စိတ် စသည်ကို ◽လိုက်လျောချင် ထိန်းချုပ်ချင်တဲ့ ◽အလိုကို ပယ်ခွာတဲ့အလုပ်။ မဟာပလ္လင်ဆိုတာ- ◽အသေတတ်ရုံတင်မဟုတ်ဘူး ◽ဝေဒနာနဲ့တွေ့တဲ့အခါ ◽ကြည်ဖြူစွာ ခွင့်လွတ်နိုင်မှု စွန့်လွှတ်နိုင်မှု ရှိမရှိ ◽မိမိရရှိထားတဲ့ သမာဓိ ခိုင်မခိုင်နဲ့ ◽မရရှိသေးတဲ့ သမာဓိစခန်း ဉာဏ်စခန်းကို ◽တက်လှမ်းနိုင်ဘို့ ​ဒေါသကြမ်းကို အရင်သတ်တဲ့အလုပ်ပါ။ မေတ္တာဖြင့်- Credit#ဒေါ်ကေသရစာရီ။

Post a Comment

0 Comments