Advertisement

Responsive Advertisement

သမ္ဗုဒ္ဓေဂါထာ ဘုရားရှိခိုးနှင့် အနက်

ပါဠိ သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။ အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။ နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။ အနေကာအန္တရာယာပိ၊ ဝိနဿန္တု အသေသတော။ အနက် အဋ္ဌဝီသံ – သုံးပါးဘ၀ သုံးလောကတွင် ဉာဏရောင်ဖိတ် အောင်ဘိသိတ်နှင့် နှစ်ကျိပ်ရှစ်ဆူကုန်သော၊ သမ္ဗုဒ္ဓေ စ – တန်ဆောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကိုလည်းကောင်း၊ ဒွါဒသဉ္စ သဟဿကေ – နိဗ္ဗာန်ကိန်းအောင်း စက်မွေ့လျောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော၊ သမ္ဗုဒ္ဓေစ – လရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းပြောင် မြတ်ဘုန်းခေါင်တို့ကိုလည်းကောင်း၊ ပဉ္စသတ သဟဿာနိ – သောင်းတိုက်စကြဝဠာ ဂုဏ်ဝါရောင်ရှိန်း ငါးသိန်းကုန်သော၊ သမ္ဗုဒ္ဓေစ – နေရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းထိန် မြတ်မုနိတို့ကိုလည်းကောင်း၊ အဟံ – အကျွနု်ပ်သည်၊ သိ၇သာ – ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊ နမာမိ – ရိုသေညွတ်ကျိုး လက်အုပ်မိုး၍ ရှိခိုးပါ၏။ ဂင်္ဂါ-ဂင်္ဂါယ – ဂင်္ဂါမြစ်အတွင်း၌၊ ဝါဠုကာ – ရှိကြကုန်သော သဲတို့သည်၊ အပ္ပကာ – နည်းကြကုန်သေး၏၊ နိဗ္ဗုတာ – ဘုံဇာတ်သိမ်း၍ ငြိမ်းအေးတော်မူကြကုန်ပြီးသော၊ ဇိနာ – နှောင့်ယှက်ဖန်လာ မာရ်ငါးဖြာကို အရိယာမဂ် ဘုန်းရောင်စက်ဖြင့် ချိုးဖျက်လွယ်ကူ အောင်တော်မူသော ဘုရားရှင် အပေါင်းတို့ကား၊ အနန္တာ – သင်္ချာဂဏန်း ရေတွက်မှန်းလည်း ဆုံးခန်းတိုင်မြောက် မရောက်နိုင်ကြကုန်။ တေ ဇိနေ စ – ထိုဘုရားရှင်တို့ကိုလည်းကောင်း တေသံ – ထိုငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်၊ မရေတွက်နိုင်သော ဘုရားရှင်တို့၏၊ ဓမ္မဉ္စ – တရားတော်မြတ်တို့ကိုလည်းကောင်း၊ သံဃဉ္စ – တပည့်သား သံဃာတော်မြတ်တို့ကို လည်းကောင်း၊ အဟံ – အကျွနု်ပ်သည်၊ အာဒရေန- အာဒရံ – ရိုသေစွာ၊ နမာမိ – ရှိခိုးပါ၏။ နမက္ကာရာ နုဘာဝေန – ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော ပဏာမကုသိုလ်စေတနာကြောင့်၊ သဗ္ဗေ – ခပ်သိမ်းကုန်သော၊ ဥပဒ္ဒဝေ – ဘေးရန်တို့ကို၊ ဟိတွာ – ပယ်ဖျောက်၍၊ အနေကာအန္တရာယာပိ – တစ်ပါးမက များလှသွယ်သွယ် အန္တရာယ်တို့သည်လည်း၊ အသေသတော – အကြွင်းအကျန် မရှိသောအားဖြင့်၊ ဝိနဿန္တု – ပျောက်ပျက်ပါစေကုန်သတည်း။ ။

Post a Comment

0 Comments