
Uni & Zawgyi
သေနေ့ကိုပင် ရွှေ့ပစ်နိုင်သော ကျောင်းလှူခြင်းအကျိုး
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ဗေဒင် ကျွမ်းကျင်သော ပုဏ္ဏားမိသားစု ရှိလေ၏။ ပုဏ္ဏားကြီးသည် မိမိကို်ယ်ကို ဗေဒင်တွက်ကြည့်ရာ အသက်(၆၀)ပြည့်သည့်နေ့တွင် သေရမည်ကို သိပြီး စိုးရိမ်သောကရောက်ကာ ဆောက်တည်ရာမရ ဖြစ်နေ၏။
ထိုအခါ ပုဏ္ဏားကြီးသည် မြတ်စွာဘုရားကို မကိုးကွယ်သော်လည်း သေရမည်ကို ကြောက်လန့်၍ ဘုရားထံ သွားရောက်ပြီး မေးလျှောက်လေသော် မြတ်စွာဘုရားက " သင့်ဗေဒနည်း အတိုင်း သေရမည်မှာ မှန်၏။ အသက်(၆၀)ပြည့်သည့်နေ့ နေမွန်းတည့်ချိန်တွင် သေမည်။ သေလျှင် မြောက်ဘက် တောတန်းတွင် မျောက်ဖြစ်လိမ့်မည် " ဟု ဟောကြားလိုက်လေသည်။
ပုဏ္ဏားလည်း အိမ်ပြန်ပြီးနောက် မျောက်ဘဝရောက်လျှင် စားသောက်နိုင်ရန် တောတန်းတွင်
- ဥယျာဉ်စိုက်ခြင်း၊
- နေရန် ဇရပ်ဆောက်ခြင်း၊
- ရေတွင်းတူးခြင်း၊
- လမ်းဖောက်ခြင်း၊
- တံတားဆောက်ခြင်း၊
စသည်တို့ကို ပြုလုပ်လေတော့၏။
ထိုအတွက်ကြောင့် လူအများ သွားလာရပ်နားမှုများ အဆင်ပြေနေတော့သည်။
ပုဏ္ဏားကြီးသည် အသက်(၆၀) ပြည့်၍ မသေသောအခါ ဘုရားရှင်ထံ သွားရောက်၍ ဘုရားရှင်အား မုသာဝါဒဖြင့် စွပ်စွဲကာ အပြစ်တင်လေရာ မြတ်စွာဘုရားက "ကိုယ်ကျိုးအတွက် မဟုတ်ဘဲ အများအတွက် ပြုလုပ်ပေးသော ဥယျာဉ်စိုက်ခြင်း ဇရပ်ဆောက်လုပ်လှူဒါန်းခြင်း စသော အလုပ်များသည် သေနေ့ကိုပင် ရွှေ့ပစ်နိုင်သော ကုသိုလ်များဖြစ်သည်"ဟု ပြောဆိုကာ တရားစကား ဟောကြားတော်မူလေရာ ပုဏ္ဏားကြီး သောတာပန်တည်သွားလေ၏။
❦ ဇရပ် တန်ဆောင်း ကျောင်းဆောင် လှူဒါန်းရခြင်းအကျိုး❦
=================================
အထက်ပါ (၇)မျိုးတို့တွင် ဇရပ် တန်ဆောင်း ကျောင်းဆောင် ဆောက်လုပ် လှူဒါန်းခြင်းကြောင့် ရရှိနိုင်သော အကျိုး(၇)ပါးကို မင်းကွန်းဆရာတော်ဘုရားကြီးက ဤသို့ လင်္ကာဖွဲ့ဆိုထားလေသည်…
သုံးတန်စေတနာ၊ ညီညွတ်စွာဖြင့်၊ သာသနိက၊ ဝိဟာရကျောင်း၊ တန်ဆောင်းအလှူ၊ ဆောက်လှူသူတို့၊ ကြီးထူကဲမှန်၊ ကျိုးရ ဟန်ကို၊ ကျမ်းဂန်ထောင့်ချင့်၊ နိဒါန်းဖွင့်သော်....
၁။● နတ်နှင့်လူနှယ်၊ သန္ဓေတွယ်၍၊
၂။● စိတ်ဝယ်တောင်းတ၊ ဆောက်အုံရ၏။
၃။● မထကြက်သီး၊ ကိုယ်လည်းမလှုပ်၊
ကြောက်ရုပ်မထင်၊ ထိတ်လန့်စင်၏။
၄။● ခြင်္သေ့ သစ် ကျား၊ သားရဲ များနှင့်၊
ဖမ်းစားကလူ၊ နှိပ်စက်မူသား၊
တောသူ ဖုတ် ပြိတ်၊ အဆိပ် ထန်ပြင်း၊
မြွေနှင့် ကင်းက၊ အဆင်း ဖောက်ပြန်၊
ကုမ႓ဏ် ရက္ခိုက်၊ နတ်မိုက် ရန်ပေါင်း၊
ဘေးလွတ် ရှောင်း၏။
၅။● မကောင်း အိပ်မက်၊ မမြင်မက်ဘူး၊
၆။● ထင်လျက်သတိ၊ မြဲခိုင်ဘိ၍၊
ဝိပရိဏံ၊ ဖောက်ပြန်စိတ်ရင်း၊
ရူးသွတ်ခြင်းမှ၊ ရှင်းရှင်းလွတ်ရှောင်း၊
ကျိုးဆက်ကောင်း၏၊
၇။● နောက်နောင်ဘဝ၊ ပစ္ဆိမဝယ်၊
ဂုဏကဲမို၊ အရဟတ္တဖိုလ်၊
ထိုထိုကျေးဇူး၊ လွန်ပြန့်ပြူးသည်၊
ဆောက်ဦးအလှူကျိုး ခုနစ်တည်း။
(တိပိဋကဓရ မင်းကွန်းဆရာတော် )
Zawgyi
ေသေန႔ကိုပင္ ေ႐ႊ႕ပစ္ႏိုင္ေသာ ေက်ာင္းလႉျခင္းအက်ိဳး
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;
ျမတ္စြာဘုရား သက္ေတာ္ထင္ရွားရွိစဥ္က ေဗဒင္ ကြၽမ္းက်င္ေသာ ပုဏၰားမိသားစု ရွိေလ၏။ ပုဏၰားႀကီးသည္ မိမိကို္ယ္ကို ေဗဒင္တြက္ၾကည့္ရာ အသက္(၆၀)ျပည့္သည့္ေန႔တြင္ ေသရမည္ကို သိၿပီး စိုးရိမ္ေသာကေရာက္ကာ ေဆာက္တည္ရာမရ ျဖစ္ေန၏။
ထိုအခါ ပုဏၰားႀကီးသည္ ျမတ္စြာဘုရားကို မကိုးကြယ္ေသာ္လည္း ေသရမည္ကို ေၾကာက္လန႔္၍ ဘုရားထံ သြားေရာက္ၿပီး ေမးေလွ်ာက္ေလေသာ္ ျမတ္စြာဘုရားက " သင့္ေဗဒနည္း အတိုင္း ေသရမည္မွာ မွန္၏။ အသက္(၆၀)ျပည့္သည့္ေန႔ ေနမြန္းတည့္ခ်ိန္တြင္ ေသမည္။ ေသလွ်င္ ေျမာက္ဘက္ ေတာတန္းတြင္ ေမ်ာက္ျဖစ္လိမ့္မည္ " ဟု ေဟာၾကားလိုက္ေလသည္။
ပုဏၰားလည္း အိမ္ျပန္ၿပီးေနာက္ ေမ်ာက္ဘဝေရာက္လွ်င္ စားေသာက္ႏိုင္ရန္ ေတာတန္းတြင္
- ဥယ်ာဥ္စိုက္ျခင္း၊
- ေနရန္ ဇရပ္ေဆာက္ျခင္း၊
- ေရတြင္းတူးျခင္း၊
- လမ္းေဖာက္ျခင္း၊
- တံတားေဆာက္ျခင္း၊
စသည္တို႔ကို ျပဳလုပ္ေလေတာ့၏။
ထိုအတြက္ေၾကာင့္ လူအမ်ား သြားလာရပ္နားမႈမ်ား အဆင္ေျပေနေတာ့သည္။
ပုဏၰားႀကီးသည္ အသက္(၆၀) ျပည့္၍ မေသေသာအခါ ဘုရားရွင္ထံ သြားေရာက္၍ ဘုရားရွင္အား မုသာဝါဒျဖင့္ စြပ္စြဲကာ အျပစ္တင္ေလရာ ျမတ္စြာဘုရားက "ကိုယ္က်ိဳးအတြက္ မဟုတ္ဘဲ အမ်ားအတြက္ ျပဳလုပ္ေပးေသာ ဥယ်ာဥ္စိုက္ျခင္း ဇရပ္ေဆာက္လုပ္လႉဒါန္းျခင္း စေသာ အလုပ္မ်ားသည္ ေသေန႔ကိုပင္ ေ႐ႊ႕ပစ္ႏိုင္ေသာ ကုသိုလ္မ်ားျဖစ္သည္"ဟု ေျပာဆိုကာ တရားစကား ေဟာၾကားေတာ္မူေလရာ ပုဏၰားႀကီး ေသာတာပန္တည္သြားေလ၏။
❦ ဇရပ္ တန္ေဆာင္း ေက်ာင္းေဆာင္ လႉဒါန္းရျခင္းအက်ိဳး❦
=================================
အထက္ပါ (၇)မ်ိဳးတို႔တြင္ ဇရပ္ တန္ေဆာင္း ေက်ာင္းေဆာင္ ေဆာက္လုပ္ လႉဒါန္းျခင္းေၾကာင့္ ရရွိႏိုင္ေသာ အက်ိဳး(၇)ပါးကို မင္းကြန္းဆရာေတာ္ဘုရားႀကီးက ဤသို႔ လကၤာဖြဲ႕ဆိုထားေလသည္…
သုံးတန္ေစတနာ၊ ညီၫြတ္စြာျဖင့္၊ သာသနိက၊ ဝိဟာရေက်ာင္း၊ တန္ေဆာင္းအလႉ၊ ေဆာက္လႉသူတို႔၊ ႀကီးထူကဲမွန္၊ က်ိဳးရ ဟန္ကို၊ က်မ္းဂန္ေထာင့္ခ်င့္၊ နိဒါန္းဖြင့္ေသာ္....
၁။● နတ္ႏွင့္လူႏွယ္၊ သေႏၶတြယ္၍၊
၂။● စိတ္ဝယ္ေတာင္းတ၊ ေဆာက္အုံရ၏။
၃။● မထၾကက္သီး၊ ကိုယ္လည္းမလႈပ္၊
ေၾကာက္႐ုပ္မထင္၊ ထိတ္လန႔္စင္၏။
၄။● ျခေသၤ့ သစ္ က်ား၊ သားရဲ မ်ားႏွင့္၊
ဖမ္းစားကလူ၊ ႏွိပ္စက္မူသား၊
ေတာသူ ဖုတ္ ၿပိတ္၊ အဆိပ္ ထန္ျပင္း၊
ေႁမြႏွင့္ ကင္းက၊ အဆင္း ေဖာက္ျပန္၊
ကုမ႓ဏ္ ရကၡိဳက္၊ နတ္မိုက္ ရန္ေပါင္း၊
ေဘးလြတ္ ေရွာင္း၏။
၅။● မေကာင္း အိပ္မက္၊ မျမင္မက္ဘူး၊
၆။● ထင္လ်က္သတိ၊ ၿမဲခိုင္ဘိ၍၊
ဝိပရိဏံ၊ ေဖာက္ျပန္စိတ္ရင္း၊
႐ူးသြတ္ျခင္းမွ၊ ရွင္းရွင္းလြတ္ေရွာင္း၊
က်ိဳးဆက္ေကာင္း၏၊
၇။● ေနာက္ေနာင္ဘဝ၊ ပစၦိမဝယ္၊
ဂုဏကဲမို၊ အရဟတၱဖိုလ္၊
ထိုထိုေက်းဇူး၊ လြန္ျပန႔္ျပဴးသည္၊
ေဆာက္ဦးအလႉက်ိဳး ခုနစ္တည္း။
(တိပိဋကဓရ မင္းကြန္းဆရာေတာ္ )
0 Comments