
#သေခါနီးရုပ်နာမ်ချုပ်ပုံ
လူတစ်ယောက် သေခါနီးလို့ ပက်လက် ဖြစ်နေပြီ
ဆိုပါတော့ သေခါနီးမှာဝါယောဓါတ်များအား
လျော့ ချုပ်လာပြီဖြစ်တဲ့ အတွက် လူနာဟာ လှုပ်ချင်တိုင်းလှုပ်လို့ မရတော့ပါ။ ခေါင်း ခြေ လက် စသည်တို့ကိုကြိုးများနဲတုပ်ထားသလိုဖြစ်နေ
ပါတယ် လှုပ်ချင်၍လှုပ်လို့မရပါ ပြောချင်ပေမဲ့ ပြောလို့မရတော့ပါ။
ဒါကြောင့် မိမိတို့ပါးစပ်နဲ့လက်ကို ပိုင်ပိုင်နိူင်နိူင်
လှုပ်နိူင်တုးံ ပါးစပ်မှ ဘုရားစာများ၊ တရားစာများကို များများရွတ်ဖတ်နေ
ဖို့အရေးကြီးပါတယ်။ ကိုယ့်လက်ကို ကိုယ်ပိုင်
နေတုးံ မကြာမကြာလက်အုပ်ကလေးတချီချီ
နဲ့ ဘုရားရှိခိုးဖို့အရေးကြီးပါတယ်။
သေခါနီးကျမှ ဘေးလူက လက်နှစ်ဖက်ကိုင်ပေးပြီး
လက်ယှက် ရှိခိုးခိုင်းရတဲ့ ဘဝမျိုးကို အဖြစ်မခံဘို့
လိုပါတယ် နေကောင်းနေစဉ် ကိုယ့်ပါးစပ်ကလေး
ကိုယ်ပိုင်နေ့စဉ် ပရိတ်၊ ပဌာန်း စသည်တွေကို များများ ရွတ်ဖို့သတိရှိရပါမယ်။
သေခါနီးကျမှဟိုလူရွတ်သံဒီလူရွတ်သံနာခံရတဲ့
ကျေနပ်ရတဲ့ဘဝမျိုး မရောက် အောင် ကြိုးစားရပါမယ် ဒါကြောင့် ကိုယ့်ပါးစပ်
နဲ့ကိုယ့်လက်နဲ့ကုသိုလ်တွေ အများကြီး
ရအောင် ယူသွားကြပါလို့တိုက်တွန်းပါတယ်။
#တန်ဖိုးရှိစွာအသုးံချပါ
သေခါနီးပက်လက်ဖြစ်နေတဲ့ လူနာဟာ ကမ္မဇရုပ်
တွေက စပြီးချုပ်ပါတယ် ခြေဖျား၊ လက်ဖျား
စမ်းကြည့်ရင် အေးလာပါတယ် သွေးဆုတ်လာခြင်း
(ကမ္မဇရုပ်များချုပ်လာခြင်း) ဖြစ်ပါတယ်။
မျက်ဖြူဆိုက်လာခြင်း မျက်လုးံအလည် တဖြေးဖြေးရပ်ခြင်း၊ နှာခေါင်းတိုသွားခြင်း၊ နားရွက်များကပ်သွားခြင်းစတဲ့ လက္ခဏာများဟာ သက်ဆိုင်ရာ ပသာဒရုပ်(ကမ္မဇအကြည်ရုပ်) များ ချုပ်လာခြင်း လက္ခဏာများဖြစ်ပါတယ်။
ခြေပိုင်းက သွေးဆုတ်၍ရုပ်များချုပ်လာသလို ခေါင်းပိုင်းကလည်း တဖြေးဖြေးချုပ်လာပါတယ် စက္ခုပသာဒရုပ်(မျက်စိအကြည်ရုပ်) မချုပ်သေး
ခင် ဘုရား၊ သံဃာ၊ မိဘ စတဲ့ ပုဂ္ဂိုလ်တွေကို မြင်နိုင်သေးပေမဲ့မျက်စိအကြည်ရုပ်ချုပ်သွား
ရင်တော့ဘုရားအဆူတစ်ထောင်၊ သံယာအပါး တစ်ထောင် အနား လာရပ်ပေမဲ့ မြင်နိူင်စွမ်း မရှိတော့ပါ။
ဒါကြောင့် မိမိမျက်စိလေးကို လိမ္မာစွာအသုးံချပြီး ဘုရားဖူးခြင်း၊တရားစာဖတ်ခြင်း၊ သံယာတော် များကို ဖူးမြော်ခြင်းတို့ဖြင့် ကုသိုလ်တွေ
ရအောင် မသေခင် ယူတတ်ကြစေလိုပါတယ်။
ထိုနည်းတူပါဘဲ နားအကြည်ရုပ်(သောတပသာဒ)
မချုပ်သေးရင်ပရိတ်တော်သံ၊ တရားကက်ဆက်
ခွေသံစသည်တို့ကို ကြားနိူင် အာရုံပြုနိူင်ပေမဲ့ နားအကြည်ရုပ် ချုပ်သွားပြီဆိုရင်တော့ ကြေးစည်တစ်ထောင်ထိုးခတ်ပေမဲ့ ကြားနိူင်ခွင့် မရှိတော့ပါ။ ထိုကြောင့် မိမိနားလေးကို လိမ္မာစွာ အသုးံချပြီး တရားတော်များကို နာကြားခြင်း ဆုးံမစကားများကို နာကြားခြင်းစတဲ့ သောဝစဿတာ (စကားနားထောင်ခြင်း) မင်္ဂလာ နဲ့ပြည်စုံအောင် ကြိုးစားထားသင့်ကြပါတယ်။
#တစ်ဦးခြင်းတိုက်ပွဲ
သေမင်းနဲ့စစ်ခင်းကြရာမှာ မျက်စိ နားစသည့် ပသာဒရုပ်တွေ မချုပ်သေးခင် ဘေးက ကလျာဏမိတ္တ ခေါ ်တဲ့ မိတ်ကောင်း ဆွေကောင်းတွေက ဘုရားရှိခိုးစေခြင်း၊
တရားတော် များရွတ်ဖတ်ပေးခြင်း၊ ကြေးစည်သံပေးခြင်း၊ သံယာတော်များပင့်ပြီး ပရိတ်ရွတ်ပေးခြင်းစတဲ့ အကူအညီများကို စစ်ကူသဘောနဲ့ပေးနိူင်ကြပေမဲ့ မျက်စိစတဲ့ ပသာဒရုပ်များ ချုပ် သွားတဲ့အခါမှာတော့ ဘေးကဘာအကူအညီမှပေးလို့မရတော့ဘဲ
လူနာနဲ့သေမင်းနဲ တစ်ဦးချင်းတိုက်ပွဲ ဆင်နွဲ ရတော့မှာဖြစ်ပါတယ်။
ခြေပိုင်းက တဖြေးဖြေးချုပ်လာတာ ရင်ဝရောက်ပါပြီ ဒွါရခြောက်ပါးရှိတဲ့အနက် စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွာရ၊ ဇိဝှါဒွါရ၊ ကာယဒွါရ ပသာဒရုပ် ငါးပါး ချုပ်သွားပြီဆို
တော့ လူနာမှာ မနောဒွါရ သာကျန်ရှိပါတော့
တယ်။
သိတယ်ဆိုတဲ့နေရာမှာ နာကျင်ခံခက် နှိပ်စက်ဖိစီးနေတဲ့ဝေဒနာ ဒဏ်ချက်ကိုသိခြင်း၊ သားသမီး၊ ဇနီး၊ ခင်ပွန်း၊ ပစ္စည်း ဥစ္စာစသည်တို
ကို သတိရနေခြင်းကုသိုလ်ကောင်းမှုတွေကိုသတိ
ရနေခြင်း၊ တရားနှလုးံသွင်းဆင်ခြင်နေခြင်း၊ ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ် တစ်ပါးပါးကို အာရုံပြု သိနေခြင်းစသည့်ဖြင့် အသိအမျိုးမျိုး ရှိပါတယ်။
များသောအားဖြင့် လက်ရှိဘဝနဲ့ ဇနီးမယား၊ သမီးသား စသည်တို့နဲ့ခွဲခွာရတော့မယ်ဆိုတဲ့ ဝမ်းနဲခြင်းသောကဗျာပါဒ အသိကအများဆုးံ ဖြစ်တတ်ပါတယ် ဒါကြောင့် သေခါနီးမှာ အာရုံကောင်းရဖို့ တရားနှလုးံသွင်းနိူင်ဖို့အတွက် "မအိုခင်၊ မနာခင်၊ မသေခင်" ကကြိုတင်ပြီး
တရား အလုပ်တွေကို အားထုတ် ထုံမွမ်းထား
ဖို့လိုအပ်ပါကြောင်း သတိပြုမိစေလိုပါသည်။
#တရားစစ်ကူ
ရှေ ့စိတ်ကို နောက်စိတ်က မှတ်သားတဲ့ စိတ္တာနုပဿနစတဲ့ အမျိုးမျိုးသော သမထ၊ ဝိပဿနာ၊ ကမ္မဋ္ဌန်းတို့ဟာ သေခါနီးသေမင်း
နဲ့ တစ်ဦးချင်းရင်ဆိုင်ရတဲ့အခါ အကောင်း
ဆုးံတရားစစ်ကူများ ဖြစ်ပါတယ်။ ရုပ်တွေ အားလုးံနီးနီး ချုပ်လာနေတာကို စိတ် နာမ် တရားလေးက သိနေပါတယ် အဲဒီလို နောက်ဆုးံအချိန်မှာ ဝိပဿနာကမ္မဋ္ဌန်း အလေ့အကျင့် ရှိထားသူအဖို့တရားစစ်ကူ
တွေ ရကြပါတယ်။
တဖြေးဖြေးချုပ်လာနေတဲ့ ရုပ် နာမ်တွေကို ရှု့မှတ်နေခြင်း(ဓမ္မာနုပဿနာ)၊ ခံစားနေရတဲ့ဝေဒနာသဘောကိုရှု့မှတ်နေခြင်း
(ဝေဒနာနုပဿနာ)၊ သိသိနေတဲ့စိတ်ကလေးကို သတိမပြတ် ရှ ု့မှတ်နေခြင်း (စိတ္တာနုပဿနာ)
စတဲ့ကမ္မဌန်းများနဲ့သေမင်းကို ရင်ဆိုင်ကြပြီး သုဂတိဘဝများသို့ တက်လှမ်းနိူင်ကြပါ
တယ်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလထုတ် အ တွဲ (၅၁) အ မှတ်(၆)ဓ မ္မ ဗျူ ဟာ စာ စောင် မှ ကူး ယူ ပူ ဇော် ပါ သည်။
0 Comments