Advertisement

Responsive Advertisement

ကထိန်နုတ်ခြင်း

ကထိန်နုတ်ခြင်း ++++++++++++ မေး..“ ကျောင်းတိုက်တစ်တိုင်အတွင်းမှာ ကထိန်တစ်ကြိမ်သာ ခင်းကောင်းပါသလား၊ ဒါမှမဟုတ် ခင်းပြီး ကထိန်ကိုနုတ်ပြီး နောက်ထပ် အကြိမ်ကြိမ် ခင်းကောင်းပါသလားဘုရား” “ကျောင်းတိုက်တစ်တိုက်အတွင်းမှာ ကထိန်ကို တစ်ကြိမ်သာခင်းကောင်းတယ်၊ အကြိမ်ကြိမ် မခင်းကောင်းဘူး၊ ကထိန်နုတ်တယ်ဆိုတာ ကထိန်ခင်းချင်လို့မဟုတ်ဘူး၊ ကထိန်ရဲ့ အာနိသင်မရကြတဲ့ ရဟန်းတော်များ သင်္ကန်းအလှူခံယူနိုင်အောင် ကထိန်ရဲ့အာနိသင်ကို အာဏာတော်ဖြင့် ဖျစ်ပစ်လိုက်ခြင်းသာ ဖြစ်တယ်ကွယ့်” “ကထိန်နုတ်တာနှင့် ကထိန်အာနိသင် မရတဲ့ ရဟန်းတော်များ သင်္ကန်းအလှူထ ခံယူနိုင်တာနှင့် ဘယ်လို ဆက်စပ်ပါသလဲဘုရား” “သည်အကြောင်းသိရအောင် ပါစိတ်ပါဠိတော် ဘိက္ခုနီဝိဘင်း နဂ္ဂဝဂ် ဒသမသိက္ခာပုဒ်ကို ပြောပြဦးမယ်” “မိန့်တော်မူပါ ဘုရား” “ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း အရာမ်မှာ မွေ့လျော်တော်မူစဉ်ကာလက ဒါယကာတစ်ဦးဟာ သံဃာတော်ကို ရည်စူးပြီး ကျောင်းဆောက်တယ်၊ ကျောင်းရေစက်ချပွဲမှာ သံဃာတော်အားလုံးကို သင်္ကန်းလှူချင်တယ်၊ သည်အချိန်မှာ သံဃာကလည်း ကထိန်ခင်းပြီး ဖြစ်နေတယ်၊ ကထိန်ခင်းပြီးတော့ ‘ယော စ တ္ထ ဝီဝရုပ္ပါဒ’ အကျိုးအရ ဖြစ်ပေါ်လာသမျှသော သံဃိကသင်္ကန်းဟာ ကထိန်ခင်းပြီးသောရဟန်းအားသာ ရထိုက်တယ်၊ ကထိန်အာနိသင် မရတဲ့ ရဟန်း, ဝါကျိုးပျက်သောရဟန်း, ကျောင်းတိုက်အတွင်းသို့ ကထိန်ခင်းပြီး မှ ရောက်လာတဲ့ ရဟန်းများ သင်္ကန်းကို မရထိုက်ဘူး၊ သင်္ကန်းလှူသူက ကထိန်အကျိုး ရ မရ အားလုံးသော ရဟန်းတော်များအား လှူလိုတယ်၊ ဒါကြောင့် ခင်းပြီး ကထိန်နုတ်တော်မူပါဘုရားလို့ လျှောက်ထားတယ်၊ ကထိန် နုတ်တော်မူပါဆိုတာက ကထိန်အကျိုး ဖျက်ပေးပါလို့ လျှောက်ထားတာပဲ၊ သည်အကြောင်း ဘုရားရှင်ထံလျှောက်ထားတာတော့ ဘုရားရှင်က ဒါယကာရဲ့ သဒ္ဒါတရားကို ထောက်ထားပြီး နုတ်စေလို့ အခွင့်ပေးတော်မူတယ်၊ ကထိန်နုတ်ခွင့် ပေးရာမှာလည်း ‘ကီဒိသော ကထိနုဒါ္ဓရော ဒါတဗ္ဗော’ လို့ အဋ္ဌကထာက ဖွင်ပြတဲ့အတိုင်း မူလ ကထိန်ခင်းစဉ်ကရတဲ့ လှူဖွယ်ဝတ္ထုထက် နောက် ဒါယကာရဲ့ လှူဖွယ်တ္ထုကများပါမှ ကထိန်နုတ်ရတယ်၊ မူလ ကထိန်အောက် လှူဖွယ်ပစ္စည်းနည်းလျှင် နုတ်ခွင့်မရဘူး၊ မူလလှူဖွယ်ဝတ္ထုနှင့် နောက်အလှူဝတ္ထု တူမျှလျှင်လည်း ဒါယကာရဲ့ သဒ္ဓါကိုငဲ့ပြီး ကထိန်နုတ်ခွင့်ရတယ်၊ သည်အခြေခံ ပညတ်တော်ကို ကြည့်ခဲ့လျှင် ကထိန်နုတ်တယ်ဆိုတာဟာ နောက်တစ်ကြိမ် ကထိန်ခင်းလို၍ မဟုတ်ကြောင်း ထင်ရှားပါတယ်၊ ဒါကြောင့် ကျောင်းတိုက်တစ်တိုက်အတွင်း တစ်နှစ်လျှင် တစ်ကြိမ်မျှသာ ကထိန်ခင်းခွင့်ရှိတယ်၊ ကထိန်နုတ်ပြီး နောက် မခင်းအပ်ဘူးလို့ အဖြေပေးလိုက်ပါတယ်ကွယ်” “သာဓု - သာဓု - သာဓု” ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ် (၉၀) ကံ, ဒွါရအကွဲ ဖြူမည်း မဆိုသာ ***ကောက်နုတ်ချက်***နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ - တည်တောဆရာတော်ကြီး) ကထိန်နုတ်ခြင်း မေး..“ ကျောင်းတိုက်တစ်တိုင်အတွင်းမှာ ကထိန်တစ်ကြိမ်သာ ခင်းကောင်းပါသလား၊ ဒါမှမဟုတ် ခင်းပြီး ကထိန်ကိုနုတ်ပြီး နောက်ထပ် အကြိမ်ကြိမ် ခင်းကောင်းပါသလားဘုရား” “ကျောင်းတိုက်တစ်တိုက်အတွင်းမှာ ကထိန်ကို တစ်ကြိမ်သာခင်းကောင်းတယ်၊ အကြိမ်ကြိမ် မခင်းကောင်းဘူး၊ ကထိန်နုတ်တယ်ဆိုတာ ကထိန်ခင်းချင်လို့မဟုတ်ဘူး၊ ကထိန်ရဲ့ အာနိသင်မရကြတဲ့ ရဟန်းတော်များ သင်္ကန်းအလှူခံယူနိုင်အောင် ကထိန်ရဲ့အာနိသင်ကို အာဏာတော်ဖြင့် ဖျစ်ပစ်လိုက်ခြင်းသာ ဖြစ်တယ်ကွယ့်” “ကထိန်နုတ်တာနှင့် ကထိန်အာနိသင် မရတဲ့ ရဟန်းတော်များ သင်္ကန်းအလှူထ ခံယူနိုင်တာနှင့် ဘယ်လို ဆက်စပ်ပါသလဲဘုရား” “သည်အကြောင်းသိရအောင် ပါစိတ်ပါဠိတော် ဘိက္ခုနီဝိဘင်း နဂ္ဂဝဂ် ဒသမသိက္ခာပုဒ်ကို ပြောပြဦးမယ်” “မိန့်တော်မူပါ ဘုရား” “ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း အရာမ်မှာ မွေ့လျော်တော်မူစဉ်ကာလက ဒါယကာတစ်ဦးဟာ သံဃာတော်ကို ရည်စူးပြီး ကျောင်းဆောက်တယ်၊ ကျောင်းရေစက်ချပွဲမှာ သံဃာတော်အားလုံးကို သင်္ကန်းလှူချင်တယ်၊ သည်အချိန်မှာ သံဃာကလည်း ကထိန်ခင်းပြီး ဖြစ်နေတယ်၊ ကထိန်ခင်းပြီးတော့ ‘ယော စ တ္ထ ဝီဝရုပ္ပါဒ’ အကျိုးအရ ဖြစ်ပေါ်လာသမျှသော သံဃိကသင်္ကန်းဟာ ကထိန်ခင်းပြီးသောရဟန်းအားသာ ရထိုက်တယ်၊ ကထိန်အာနိသင် မရတဲ့ ရဟန်း, ဝါကျိုးပျက်သောရဟန်း, ကျောင်းတိုက်အတွင်းသို့ ကထိန်ခင်းပြီး မှ ရောက်လာတဲ့ ရဟန်းများ သင်္ကန်းကို မရထိုက်ဘူး၊ သင်္ကန်းလှူသူက ကထိန်အကျိုး ရ မရ အားလုံးသော ရဟန်းတော်များအား လှူလိုတယ်၊ ဒါကြောင့် ခင်းပြီး ကထိန်နုတ်တော်မူပါဘုရားလို့ လျှောက်ထားတယ်၊ ကထိန် နုတ်တော်မူပါဆိုတာက ကထိန်အကျိုး ဖျက်ပေးပါလို့ လျှောက်ထားတာပဲ၊ သည်အကြောင်း ဘုရားရှင်ထံလျှောက်ထားတာတော့ ဘုရားရှင်က ဒါယကာရဲ့ သဒ္ဒါတရားကို ထောက်ထားပြီး နုတ်စေလို့ အခွင့်ပေးတော်မူတယ်၊ ကထိန်နုတ်ခွင့် ပေးရာမှာလည်း ‘ကီဒိသော ကထိနုဒ္ဓါရော ဒါတဗ္ဗော’ လို့ အဋ္ဌကထာက ဖွင်ပြတဲ့အတိုင်း မူလ ကထိန်ခင်းစဉ်ကရတဲ့ လှူဖွယ်ဝတ္ထုထက် နောက် ဒါယကာရဲ့ လှူဖွယ်တ္ထုကများပါမှ ကထိန်နုတ်ရတယ်၊ မူလ ကထိန်အောက် လှူဖွယ်ပစ္စည်းနည်းလျှင် နုတ်ခွင့်မရဘူး၊ မူလလှူဖွယ်ဝတ္ထုနှင့် နောက်အလှူဝတ္ထု တူမျှလျှင်လည်း ဒါယကာရဲ့ သဒ္ဓါကိုငဲ့ပြီး ကထိန်နုတ်ခွင့်ရတယ်၊ သည်အခြေခံ ပညတ်တော်ကို ကြည့်ခဲ့လျှင် ကထိန်နုတ်တယ်ဆိုတာဟာ နောက်တစ်ကြိမ် ကထိန်ခင်းလို၍ မဟုတ်ကြောင်း ထင်ရှားပါတယ်၊ ဒါကြောင့် ကျောင်းတိုက်တစ်တိုက်အတွင်း တစ်နှစ်လျှင် တစ်ကြိမ်မျှသာ ကထိန်ခင်းခွင့်ရှိတယ်၊ ကထိန်နုတ်ပြီး နောက် မခင်းအပ်ဘူးလို့ အဖြေပေးလိုက်ပါတယ်ကွယ်” “သာဓု - သာဓု - သာဓု” ***ဆက်ရန်*** ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ် (၉၀) ကံ, ဒွါရအကွဲ ဖြူမည်း မဆိုသာ ***ကောက်နုတ်ချက်***နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ - တည်တောဆရာတော်ကြီး) ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၄) (စာမျက်နှာ ၂၀၈ - ၂၁၀)မှ ကောက်နုတ်ပူဇော်ပါသည်။

Post a Comment

0 Comments