
ကထိန်ခင်းခြင်း ဆိုင်ရာ
*********************
(Uni & Zawgyi)
ဆောင် = ခံ၊ ရွေး၊ ပေးနှင်း၊ စွန့်၊ ထိုးခြင်း၊ တင် ခင်း နုမောဒါ ၊
ကထိန်နှင့်စပ်၊ ဤရှစ်ရပ်၊ စွဲမှတ်မြဲသေချာ ။
၁ ။ ခံ = ကထိန်သင်္ကန်း အလှူခံခြင်း ။
၂ ။ ရွေး = ကထိန်သင်္ကန်းပေးရမည့်ရဟန်း ရွေးချယ်ခြင်း ။
၃ ။ ပေး = ဉ တ်ကမ္မဝါစာဖြင့် သင်္ကန်းပေးခြင်း ။
၄ ။ စွန့် = အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို စွန့်ခြင်း ။
၅ ။ ထိုး = ကထိန်ခင်းမည့်သင်္ကန်းကို ကပ္ပဗိန္ဒုထိုးခြင်း ။
၆ ။ တင် = ကထိန်ခင်းမည့်သင်္ကန်းကို အဓိဋ္ဌာန်တင်ခြင်း ။
၇ ။ ခင်း = ကထိန်ခင်းခြင်း ။
၈ ။ နုမောဒါ = အနုမောဒနာပြုရန် တိုက်တွန်းခြင်းနှင့် အနုမောဒနာပြုခြင်း ။
ကထိန်ခင်းပုံနှင့်စပ်၍ အစီအစဉ်ရှစ်မျိုးကို မှတ်သားရာ၏ ။
-- -- -- -- -- -- -- -- -- -- --
အစီအစဉ် (၁)
၁ ။ ခံ = ကထိန်သင်္ကန်း အလှူခံခြင်း ။
ကထိန်သင်္ကန်းကို အလှူရှင် (ဒကာ-ဒကာမ စသူ)တို့က
သံဃာအားရည်မှန်း၍ -
``ဣမံ ကထိနစီဝရံ သံဃဿ ဒေမ- ဤကထိန်လျာသင်္ကန်းကို သံဃာအား လှူဒါန်းပါကုန်၏´´ဟု လှူဒါန်းရသည် ။
(အကျယ်လည်း ရှိသေး၏)
သံဃာတော်၏ကိုယ်စား ရဟန်းတစ်ပါးပါး (ဆရာတော်တစ်ပါးပါး)က သံဃိကအဖြစ် အလှူခံရသည် ။
-- -- -- -- -- -- -- -- -- -- -- -- --
အစီအစဉ် (၂)
၂ ။ ရွေး = ကထိန်သင်္ကန်းပေးရွေးရမည့်ပုဂ္ဂိုလ်ကို ရွေးချယ်ခြင်း ။
ကထိန်သင်္ကန်းပေးရမည့် ပုဂ္ဂိုလ်ကို(ရဟန်းကို) သံဃာက ရွေးချယ်ရသည် ။ ထိုသို့ရွေးချယ်ရာ၌ သင်္ကန်းဆွေးမြေ့ (ဟောင်းနွမ်း,ရှားပါး)သော ရဟန်းကို ဦးစားပေး ရွေးချယ်ရမည် ။
သင်္ကန်းဆွေးမြေ့ (ဟောင်းနွမ်း,ရှားပါး)သော ရဟန်းမရှိလျှင် သိက္ခာဝါအကြီးဆုံး မထေရ်အား ပေးလှူရသည် ။
မထေရ်ကြီးက မခံယူလိုလျှင် အဆင့်ဆင့် (သံဃာအားကျေးဇူးများသည့် ပုဂ္ဂိုလ်စသည်ကို)ရွေးချယ်ရသည် ။
သံဃာက သဘောတူ ကျေနပ်သူလည်း ဖြစ်ရမည် ။
ရွေးချယ်ပုံကား-
``သံဃာတော် အရှင်မြတ်တို့ဘုရား ယနေ့ ဤ(...........)ကျောင်းတိုက်၌ သံဃာအား ကထိန်သင်္ကန်းဖြစ်ပေါ်လာပါသည်၊ ထိုကထိန်သင်္ကန်းသည် သင်္ကန်းနွမ်းပါး, ရှားပါးသော ရဟန်းနှင့် သက်ဆိုင်ပါသည်၊ သင်္ကန်နွမ်းပါး, ရှားပါးသော ပုဂ္ဂိုလ်ရှိပါက အမိန့်ရှိ ပြောကြားတော်မူပါ၊ မရှိပါက ဆိတ်တိတ်နေတော်မူပါဘုရား´´ဟု သုံးကြိမ် မေးလျှောက်ရသည် ။ ရှိပါက ထိုရဟန်းအားပေး၍ ၊ မရှိပါက မထေရ်ကြီးအား ပေးလှူရသည် ။
-- -- -- -- -- -- -- -- -- -- -- -- --
အစီအစဉ် (၃)
၃ ။ ပေးနှင်း = ဉ တ်ကမ္မဝါစာဖြင့် သင်္ကန်းပေးခြင်း ။
ထိုသို့ပေးရာ၌ ကထိန်ခင်းမည့်ရဟန်း အပါအဝင် အနည်းဆုံး ရဟန်းငါးပါး ရှိရသည် ။ ငါးပါးထက်ပို၍ကား များနိုင်သည် ။
ဉ တ္တိဒုတိယကမ္မဝါစာဖြင့် သိမ်ထဲ၌ ပေးရသည် ။ ကျောင်းထဲ၌ သိမ်မရှိပါက သိမ်ရှိသည့်နေရာသို့ သွား၍ ပေးရသည် ။
ကမ္မဝါစာရွတ်ဖတ်ရာ၌ မထေရ်ကြီးဖြစ်လျှင် ဂရုဂါရဝ= အရိုအသေပြုမှု၊ (သုခုစ္စာရဏ= ဖတ်ရွတ်လွယ်မှု) ဖြစ်စေရန် တိဿဟုအမည်မှည့်၍ ဖတ်ကြသည်။ ရဟန်းငယ်ဖြစ်လျှင် ဘွဲ့အမည်ရင်းဖြင့်လည်း ဖတ်ကြသည်။ ဥပမာ ဘွဲ့အမည် ဦးဝိလာသဖြစ်လျှင် ဝိလာသဿ ဘိက္ခုနော ဟု - ထည့်ရသည် ။
သံဃာတော် အရှင်မြတ်တို့ဘုရား ကမ္မဝါစာရွတ်ဖတ်ရာ၌ (ဂရုဂါရဝ) သုခုစ္စာရဏ ဖြစ်ပါစေခြင်းအကျိုးငှာ ယခု ကထိန်သင်္ကန်းအလှူခံမည့် (ဦးဝိလာသ၊ ဆရာတော်)ကို တိဿ-ဟု အမည်မှည့်ပါ၏၊ တိဿ-ဟု မှတ်တော်မူကြပါ ဘုရား ။
သုဏာတု မေ ဘန္တေ သံဃော၊ ဣဒံ သံဃဿ ကထိန စီဝရံ ဥပ္ပန္နံ၊
ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ဣမံ ကထိန စီဝရံ တိဿဿ ဘိက္ခုနော ဒဒေယျ ကထိနံ အတ္ထရိတုံ၊ ဧသာဉ တ္တိ ။
သုဏာတု မေ ဘန္တေ သံဃော၊ ဣဒံ သံဃဿ ကထိန စီဝရံ ဥပ္ပန္နံ၊
သံဃော ဣမံ ကထိန စီဝရံ တိဿဿ ဘိက္ခုနော ဒေတိ ကထိနံ အတ္ထရိတုံ ယဿာယသ္မတော ခမတိ ဣမဿ ကထိနစီဝရဿ တိဿဿ ဘိက္ခုနော ဒါနံ ကထိနံ အတ္ထရိတုံ၊ သော တုဏှဿ။
ယဿ နက္ခမတိ၊ သော ဘာသေယျ။
ဒိန္နံ ဣဒံ သံဃေန ကထိနစီဝရံ တိဿဿ ဘိက္ခုနော ကထိနံ အတ္ထရိတုံ။ ခမတိ သံဃဿ၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမိ ။
(မူရင်းကမ္မဝါစာပါဠိ၊ မဟာဝါ-ပါ၊ ၃၅၂)
~~ ကမ္မဝါစာ မြန်မာပြန် ~~
အရှင်ဘုရားတို့! သံဃာတော်သည် တပည့်တော်၏(စကားကို) နာတော်မူပါ၊ သံဃာအား ဤကထိန်သင်္ကန်းသည် ဖြစ်ပေါ်လာ၏၊
အကယ်၍ သံဃာအား လျောက်ပတ်သောအခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ဤကထိန်သင်္ကန်းကို တိဿရဟန်းအား ကထိန်ခင်းခြင်းငှာ ပေးရာ၏။ ဤကား သိစေခြင်းတည်း ။
အရှင်ဘုရားတို့! သံဃာတော်သည် တပည့်တော်၏(စကားကို) နာတော်မူပါ၊ သံဃာအား ဤကထိန်သင်္ကန်းသည် ဖြစ်ပေါ်လာ၏၊ သံဃာသည် ဤကထိန်သင်္ကန်းကို တိဿရဟန်းအား ကထိန်ခင်းခြင်းငှာ ပေး၏။
ဤကထိန်သင်္ကန်းကို တိဿရဟန်းအား ကထိန်ခင်းခြင်းငှာ ပေးခြင်းကို အကြင်အရှင်အား နှစ်သက်၏၊ ထိုအရှင်သည် ဆိတ်ဆိတ်နေရာ၏၊ အကြင်အရှင်အား မနှစ်သက်၊ ထိုအရှင်သည် ပြောဆိုရာ၏ ။
သံဃာတော်သည် ဤကထိန်သင်္ကန်းကို တိဿရဟန်းအား ကထိန်ခင်းခြင်းငှာ ပေးအပ်၏၊ သံဃာအား နှစ်သက်၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏။ ဤသို့ ဆိတ်ဆိတ်နေသဖြင့် နှစ်သက်သည်၏ အဖြစ်ကို သိမှတ်ရပါ၏။
ကထိန်ခင်းသည့်အခါ၌ကား သိမ်ထဲမှာသာမဟုတ်၊ ကျောင်းတိုက်အတွင်း တစ်နေရာ၌လည်း ခင်းနိုင်သည်။ ယခုအခါ ကထိန်သင်္ကန်းပေးသည့် သိမ်ထဲမှာပင် တစ်ခါတည်း ကထိန်ခင်းလေ့ ရှိကြသည် ။
-- -- -- -- -- -- -- -- -- -- -- -- --
အစီအစဉ် (၄)
၄ ။ စွန့်= အဓိဋ္ဌာန်တင်ထားသော သင်္ကန်းရှိလျှင် စွန့်ခြင်း ။
တိစီဝရိက် အဓိဋ္ဌာန်တင်၍ သုံးစွဲလျှင် ကထိန်ခင်းမည့်သင်္ကန်းနှင့်
မျိုးတူသင်္ကန်းကို ပစ္စုဒ္ဓိုရ်ပြုရသည်၊ အဓိဋ္ဌာန်ချ-စွန့်သည်။
တိစီဝရိက် အဓိဋ္ဌာန်မဟုတ်ဘဲ ပရိက္ခာရ စောဠ အဓိဋ္ဌာန်တင်ထားလျှင် ချဖွယ်,စွန့်ဖွယ် မလို ။
အချို့က ``ပေါရာဏိက သံဃာဋိ ပစ္စုဒ္ဓရိတဗ္ဗာ- အဟောင်းဖြစ်သော သင်္ကန်းကြီးကို ပစ္စုဒ္ဓိုရ် ပြုရမည် (အဓိဋ္ဌာန်ချ၊ စွန့်ရမည်)´´ဟု မိန့်ဆိုသော စကားရပ် အင်္ဂါနှင့် ညီညွတ်အောင် ကထိန်ခင်းခါနီးမှ လောလောဆယ် အဓိဋ္ဌာန်တင်၍ အဓိဋ္ဌာန်ချ (စွန့်) ကြသည်လည်း ရှိ၏။ သီးခြား အဓိဋ္ဌာန်တင်ထားသော သင်္ကန်းမရှိ၍ မစွန့်ခြင်းကြောင့် အပြစ်မရှိပါ ။
သီခြား အဓိဋ္ဌာန်တင်ထား၍ စွန့်ရန်လိုအပ်ပါက ဒုကုဋ်(နှစ်ထပ်သင်္ကန်းကြီး)၊ ဧကသီ၊ သင်းပိုင် သုံးထည်တို့တွင် ကထိန်ခင်းမည့် သင်္ကန်းနှင့် မျိုးတူသင်္ကန်းကို စွန့်ရမည် ။
ကထိန်သင်္ကန်းက နှစ်ထပ်သင်္ကန်းကြီးဖြစ်လျှင်-
၁ ။ ဣမံ သံဃာဋိံ ပစ္စုဒ္ဓရာမိ။ (ဤနှစ်ထပ်သင်္ကန်းကြီးကို
ပစ္စုဒ္ဓိုရ်ပြုပါ၏၊ အဓိဋ္ဌာန်ချ၊ စွန့်ပါ၏။)
ဧကသီဖြစ်လျှင်-
၂ ။ ဣမံ ဥတ္တရာသင်္ဂံ ပစ္စုဒ္ဓရာမိ။ (ဤဧကသီသင်္ကန်းကို
ပစ္စုဒ္ဓိုရ်ပြုပါ၏။ အဓိဋ္ဌာန်ချ၊ စွန့်ပါ၏။)
သင်းပိုင်ဖြစ်လျှင်-
၃ ။ ဣမံ အန္တရဝါသကံ ပစ္စုဒ္ဓရာမိ။ (ဤသင်းပိုင်သင်္ကန်းကို
ပစ္စုဒ္ဓိုရ်ပြုပါ၏။ အဓိဋ္ဌာန်ချ၊ စွန့်ပါ၏။)ဟု ဆို၍
ပစ္စုဒ္ဓိုရ်ပြု အဓိဋ္ဌာန်ချ၊ စွန့်ရမည် ။
အချို့ကား သာမန်စွန့်သည့် အနေဖြင့် ``ဣမံ ပစ္စုဒ္ဓရာမိ= ဤသင်္ကန်းကို ပစ္စုဒ္ဓိုရ်ပြုပါ၏။ (အဓိဋ္ဌာန်ချပါ၏၊ စွန့်ပါ၏)´´ဟု ဆို၍ စွန့်ကြသေး၏ ။
-- -- -- -- -- -- -- -- -- -- -- -- -- --
အစီအစဉ် (၅)
၅ ။ ထိုး = ကထိန်ခင်းမည့်သင်္ကန်းကို ကပ္ပဗိန္ဒုထိုးခြင်း ။
ကထိန်ခင်းမည့်သင်္ကန်း၏ ထောင့်စွန်းတစ်နေရာ၌ ခဲတံ(ဘောပင်)
စသည်ဖြင့် ဥဒေါင်းမျက်ကွင်း၊ ကြမ်းပိုးကျောက်ကုန်း ပမာဏခန့် အစက်အပြောက်(အမှတ်အသား)တစ်ခု ထိုးရသည်။ ထိုအစက်အပြောက်ကို ကပ္ပဗိန္ဒု= အပ်အောင်ပြုသော အစက်အပြောက်ဟု ခေါ်သည် ။
● ဤကဲ့သို့ ကြားလပ်မရှိ ပြည့်ပြည်ဝဝ ထိုးရသည် ။
ပါစိတ် ဒုဗ္ဗဏ္ဏကရဏ သိက္ခာပုဒ်၌ ``ပျက်သော အဆင်းရှိအောင် ပြုတတ်သော ကပ္ပဗိန္ဒု ထိုးရမည်´´ဟု မိန့်ဆို၏။
သင်္ကန်းအသစ်ကို အဆင်းပျက်အောင် နီလ= စိမ်းညိုရောင်၊ ကဒ္ဒမ= ရွှံ့ညွန်ရောင်၊ ကာဠသာမ= အမည်း(အနက်)ရောင် ကပ္ပဗိန္ဒု ထိုးရသည် ။ သင်္ကန်းတစ်ထည်လုံးပျက်အောင် ရည်ရွယ်၍ မိန့်တော်မူသည်မဟုတ်၊ ကပ္ပဗိန္ဒုထိုးရမည်ကိုသာ ရည်ရွယ်၍ မိန့်တော်မူသည်။ (ဝိ-ဋ္ဌ၊ ၃၊ ၁၃၁)
လေးထောင့်လုံး၌ဖြစ်စေ, သုံးထောင့်၌ဖြစ်စေ, နှစ်ထောင့်၌ဖြစ်စေ, တစ်ထောင့်၌ဖြစ်စေ ထိုးနိုင်သည်။ သုံးမျိုးထဲမှ တစ်မျိုးမျိုးဖြင့်ထိုးလျှင် ရ၏ ။
အချို့ကား ``နီလံ ဝါ ကဒ္ဒမံ ဝါ ကာလသာမံ ဝါ´´ဟု ဆိုသောကြောင့် သုံးပြောက်ထိုးသည်လည်း ရှိ၏။ ပါစိတ်အဋ္ဌကထာ၌ အစဉ်အတန်းထိုးအပ်သော ကပ္ပဗိန္ဒု, ကြာချက်သဏ္ဌာန် ထိုးအပ်သော(သုံးပွင့်ဆိုင်)ကပ္ပဗိန္ဒု စသည်တို့ကို အဋ္ဌကထာအားလုံးက ပယ်ထားသည်။ တစ်ခုသော (လုံးဝိုင်းသော)ဗိန္ဒုကို ချန်ထား၍ အခြားသော အမျိုးမျိုးသော အခြင်းအရာအားဖြင့် ကပ္ပဗိန္ဒုကို မပြုအပ် မထိုးအပ်ဟု မိန့်ဆို၏။ (ဝိ-ဋ္ဌ၊ ၃၊ ၁၃၁)
-- -- -- -- -- -- -- -- -- -- -- -- -- --
အစီအစဉ် (၆)
၆ ။ တင်= ကထိန်ခင်းမည့် သင်္ကန်းကို အဓိဋ္ဌာန်တင်ခြင်း ။
ကထိန်ခင်းမည့် သင်္ကန်းအမည်ဖြင့် အဓိဋ္ဌာန်တင်ရသည် ။
အဓိဋ္ဌာန်တင်ပုံ-
၁ ။ ဣမံ သံဃာဋိံ အဓိဋ္ဌာမိ။ (သင်္ကန်းကြီး)
၂ ။ ဣမံ ဥတ္တရာသင်္ဂံ အဓိဋ္ဌာမိ။ (ဧကသီ)
၃ ။ ဣမံ အန္တရဝါသကံ အဓိဋ္ဌာမိ။ (သင်းပိုင်)
ဣမံ- ဤသင်္ကန်းကို၊ သံဃာဋိံ- နှစ်ထပ်သင်္ကန်းကြီးဟူ၍၊ အဓိဋ္ဌာမိ- ဆောက်တည်ပါ၏၊ ဝါ- အဓိဋ္ဌာန်ပါ၏။ (ဥတ္တရာသင်္ဂံ- ဧကသီဟူ၍၊ အန္တရဝါသကံ- သင်းပိုင်ဟူ၍၊....)
-- -- -- -- -- -- -- -- -- -- -- -- --
အစီအစဉ် (၇)
၇ ။ ခင်း= ကထိန်ခင်းခြင်း ။
ကထိန်ခင်းရာ၌ ကထိန်သင်္ကန်းက နှစ်ထပ်သင်္ကန်းကြီးဖြစ်လျှင်-
``ဣမာယ သံဃာဋိယာ ကထိနံ အတ္ထရာမိ။´´
(ဤနှစ်ထပ်သင်္ကန်းကြီးဖြင့် ကထိန်ခင်းပါ၏၊)ဟု ဆို၍ ခင်းရမည် ။
ဧကသီဖြစ်လျှင်-
``ဣမိနာ ဥတ္တရာသင်္ဂေန ကထိနံ အတ္တရာမိ။´´
(ဤအပေါ်ရုံ ဧကသီသင်္ကန်းဖြင့် ကထိန်ခင်းပါ၏၊)ဟု ဆို၍ ခင်းရမည်။
သင်းပိုင်ဖြစ်လျှင်-
ဣမိနာ အန္တရဝါသကေန ကထိနံ အတ္ထရာမိ။
(ဤသင်းပိုင်သင်္ကန်းဖြင့် ကထိန်ခင်းပါ၏)ဟု ဆို၍ ခင်းရမည်။
(ဝိ-၅၊ ၃၀၉)
ထို့သို့ ကထိန်ခင်းရာ၌ ကိုယ်အမူအရာဖြင့်(ဖြစ်စေ၊ စိတ်ထဲမှ ဖြစ်စေ)ခင်း၍မရ၊ နှုတ်မြွက်၍ ခင်းရမည်။
(ဝိ-ဋ္ဌ၊ ၃၀၆-၉၊ ဋ္ဌ-၄၊ ၂၁၃၊ ဝိလင်္ကာ-၂၊ ၁၃၀)
-- -- -- -- -- -- -- -- -- -- -- -- --
အစီအစဉ် (၈)
၈။ နုမောဒါ = အနုမောဒနာပြုဖို့ရန် တိုက်တွန်းခြင်းနှင့်
အနုမောဒနာပြုခြင်း ။
ထိုသို့ ကထိန်ခင်းပြီးလျှင် ကထိန်ခင်းသည့်ရဟန်းက အခြားရဟန်းများကို အနုမောဒနာပြုဖို့ရန် တိုက်တွန်းရသည် ။
တိုက်တွန်းပုံကား-
``အတ္ထတံ ဘန္တေ သံဃဿ ကထိနံ၊ ဓမ္မိကော ကထိနတ္ထာရော၊ အနုမောဒထ´´ (သုံးကြိမ်)
သာဓု သာဓု သာဓု ။
ဘန္တေ- အရှင်ဘုရားတို့၊ သံဃဿ- သံဃာသည်၊ ကထိနံ- ကထိန်ကို၊ အတ္ထတံ- ခင်းအပ်ပါပြီ၊ ကထိနတ္ထာရော- ကထိန်ခင်းခြင်းသည်၊ ဓမ္မိကော- ဝိနည်းတရားနှင့် လျော်ပါ၏၊ တုမှေ- အရှင်ဘုရားတို့သည်၊ အနုမောဒထ- ဝမ်းမြောက်(အနုမောဒနာပြု)တော်မူကြပါကုန် ။
အခြားသော သံဃာများကလည်း-
``အတ္ထတံ ဘန္တေ သံဃဿ ကထိနံ၊ ဓမ္မိကော ကထိနတ္ထာရော၊ အနုမောဒါမ´´ (သုံးကြိမ်)
သာဓု သာဓု သာဓု ။
......... မယံ- တပည့်တော်တို့သည်၊ အနုမောဒါမ- ဝမ်းမြောက်ကြ(အနုမောဒနာပြကြ)ပါကုန်၏။
အနုမောဒနာပြုသော ရဟန်းတော်များသည်လည်း
ကထိန်ခင်းသည့် ရဟန်းနည်းတူ ကထိန်အကျိုးအာနိသင် ၅-မျိုးကို ရရှိကြပါသည် ။
မှတ်ချက်။ ။ သိက္ခာဝါ ကြီးငယ်အလိုက် ``အာဝုသော၊ ဘန္တေ´´ဟု
သင့်လျော်သလို ဆိုပါ ။
ကမ္မဝါစာဖတ်ရာ၌လည်း ထို့အတူပင်။ အချို့ဆရာတော်များက သိက္ခာဝါ ငယ်ငယ်ကြီးကြီး သံဃာကို အလေးဂရုပြု၍ ``ဘန္တေ´´ဟု ချည်းသာ ရွတ်ဖတ်ကြပါသည် ။
``ဘန္တေ၊ အာဝုသော´´ပြောင်းလွဲခြင်းကြောင့် ကံ မပျက်ပါ။
အနုမောဒနာပြုရန် တိုက်တွန်းရာ၌ တစ်ပါးတည်းသာရှိလျှင်
``အနုမောဒါဟိ´´ဟု ဆို၍၊ အနုမောဒနာပြုသော ရဟန်းကလည်း ``အနုမောဒါမိ´´ဟု ဆိုပါ ။
ထို့ပြင် ကျောင်းတိုက်အတွင်း၌ ပုရိမဝါကျွတ်သော ရဟန်းမရှိလျှင် ဖြစ်စေ၊ ရှိသော်လည်း ဝါကျိုးပျက်သော ရဟန်း၊ ပစ္ဆိမဝါကပ်သောရဟန်း၊ အခြားကျောင်းမှ ရဟန်းများ အနုမောဒနာပြုဖွယ် မလိုပါ ။
* ကထိန်ခင်းပုံ အစီအစဉ် ပြီး၏ *
မှားတာပါရင်ပြင်ဖတ်ပေးပါဘုရား
(တောင်းပန်လွှာ)
ထေရ်ကျော်ငါးရာ ၊ ရဟန္တာဝသီ
သမ္ဘီဒါဉာဏ်ရ၊ သံဃိန္ဒတို့၊
ဘုရားမိန့်ရွတ်၊ ပိဋကတ်ကို၊
မွတ်မွတ်ဖြူဖွေး၊ပေထက်ရေး၍၊
ဆေးလေးကြပ်ကြပ်၊ အထပ်တရာ၊
တည်းဖြတ်ပါလည်း၊ အက္ခရာပုဒ်ဆွေး၊
မှားယွင်းသေး၏၊ ညစ်ကြေးစပ်ယှဉ်၊ပုထုဇဉ်သာ၊
ငါတို့မှာကား၊မမှားဘယ်သို့၊ ရှိလေမြို့လိမ့်၊
ယွင်းချို့အက္ခရာ၊ ပျက်ယိုရာ၌၊ ပညာကြီးရှင်၊
ငြမ်းကောင်းဆင်သို့၊ ပြင်စေသတည်း။
(ဥတေနပျို့)
Ashin Khemeinda
Zawgyi
ကထိန္ခင္းျခင္း ဆိုင္ရာ
*********************
(Uni & Zawgyi)
ေဆာင္ = ခံ၊ ေ႐ြး၊ ေပးႏွင္း၊ စြန႔္၊ ထိုးျခင္း၊ တင္ ခင္း ႏုေမာဒါ ၊
ကထိန္ႏွင့္စပ္၊ ဤရွစ္ရပ္၊ စြဲမွတ္ၿမဲေသခ်ာ ။
၁ ။ ခံ = ကထိန္သကၤန္း အလႉခံျခင္း ။
၂ ။ ေ႐ြး = ကထိန္သကၤန္းေပးရမည့္ရဟန္း ေ႐ြးခ်ယ္ျခင္း ။
၃ ။ ေပး = ဉ တ္ကမၼဝါစာျဖင့္ သကၤန္းေပးျခင္း ။
၄ ။ စြန႔္ = အဓိ႒ာန္တင္ထားေသာ သကၤန္းကို စြန႔္ျခင္း ။
၅ ။ ထိုး = ကထိန္ခင္းမည့္သကၤန္းကို ကပၸဗိႏၵဳထိုးျခင္း ။
၆ ။ တင္ = ကထိန္ခင္းမည့္သကၤန္းကို အဓိ႒ာန္တင္ျခင္း ။
၇ ။ ခင္း = ကထိန္ခင္းျခင္း ။
၈ ။ ႏုေမာဒါ = အႏုေမာဒနာျပဳရန္ တိုက္တြန္းျခင္းႏွင့္ အႏုေမာဒနာျပဳျခင္း ။
ကထိန္ခင္းပုံႏွင့္စပ္၍ အစီအစဥ္ရွစ္မ်ိဳးကို မွတ္သားရာ၏ ။
-- -- -- -- -- -- -- -- -- -- --
အစီအစဥ္ (၁)
၁ ။ ခံ = ကထိန္သကၤန္း အလႉခံျခင္း ။
ကထိန္သကၤန္းကို အလႉရွင္ (ဒကာ-ဒကာမ စသူ)တို႔က
သံဃာအားရည္မွန္း၍ -
``ဣမံ ကထိနစီဝရံ သံဃႆ ေဒမ- ဤကထိန္လ်ာသကၤန္းကို သံဃာအား လႉဒါန္းပါကုန္၏´´ဟု လႉဒါန္းရသည္ ။
(အက်ယ္လည္း ရွိေသး၏)
သံဃာေတာ္၏ကိုယ္စား ရဟန္းတစ္ပါးပါး (ဆရာေတာ္တစ္ပါးပါး)က သံဃိကအျဖစ္ အလႉခံရသည္ ။
-- -- -- -- -- -- -- -- -- -- -- -- --
အစီအစဥ္ (၂)
၂ ။ ေ႐ြး = ကထိန္သကၤန္းေပးေ႐ြးရမည့္ပုဂၢိဳလ္ကို ေ႐ြးခ်ယ္ျခင္း ။
ကထိန္သကၤန္းေပးရမည့္ ပုဂၢိဳလ္ကို(ရဟန္းကို) သံဃာက ေ႐ြးခ်ယ္ရသည္ ။ ထိုသို႔ေ႐ြးခ်ယ္ရာ၌ သကၤန္းေဆြးေျမ့ (ေဟာင္းႏြမ္း,ရွားပါး)ေသာ ရဟန္းကို ဦးစားေပး ေ႐ြးခ်ယ္ရမည္ ။
သကၤန္းေဆြးေျမ့ (ေဟာင္းႏြမ္း,ရွားပါး)ေသာ ရဟန္းမရွိလွ်င္ သိကၡာဝါအႀကီးဆုံး မေထရ္အား ေပးလႉရသည္ ။
မေထရ္ႀကီးက မခံယူလိုလွ်င္ အဆင့္ဆင့္ (သံဃာအားေက်းဇူးမ်ားသည့္ ပုဂၢိဳလ္စသည္ကို)ေ႐ြးခ်ယ္ရသည္ ။
သံဃာက သေဘာတူ ေက်နပ္သူလည္း ျဖစ္ရမည္ ။
ေ႐ြးခ်ယ္ပုံကား-
``သံဃာေတာ္ အရွင္ျမတ္တို႔ဘုရား ယေန႔ ဤ(...........)ေက်ာင္းတိုက္၌ သံဃာအား ကထိန္သကၤန္းျဖစ္ေပၚလာပါသည္၊ ထိုကထိန္သကၤန္းသည္ သကၤန္းႏြမ္းပါး, ရွားပါးေသာ ရဟန္းႏွင့္ သက္ဆိုင္ပါသည္၊ သကၤန္ႏြမ္းပါး, ရွားပါးေသာ ပုဂၢိဳလ္ရွိပါက အမိန႔္ရွိ ေျပာၾကားေတာ္မူပါ၊ မရွိပါက ဆိတ္တိတ္ေနေတာ္မူပါဘုရား´´ဟု သုံးႀကိမ္ ေမးေလွ်ာက္ရသည္ ။ ရွိပါက ထိုရဟန္းအားေပး၍ ၊ မရွိပါက မေထရ္ႀကီးအား ေပးလႉရသည္ ။
-- -- -- -- -- -- -- -- -- -- -- -- --
အစီအစဥ္ (၃)
၃ ။ ေပးႏွင္း = ဉ တ္ကမၼဝါစာျဖင့္ သကၤန္းေပးျခင္း ။
ထိုသို႔ေပးရာ၌ ကထိန္ခင္းမည့္ရဟန္း အပါအဝင္ အနည္းဆုံး ရဟန္းငါးပါး ရွိရသည္ ။ ငါးပါးထက္ပို၍ကား မ်ားႏိုင္သည္ ။
ဉ တၱိဒုတိယကမၼဝါစာျဖင့္ သိမ္ထဲ၌ ေပးရသည္ ။ ေက်ာင္းထဲ၌ သိမ္မရွိပါက သိမ္ရွိသည့္ေနရာသို႔ သြား၍ ေပးရသည္ ။
ကမၼဝါစာ႐ြတ္ဖတ္ရာ၌ မေထရ္ႀကီးျဖစ္လွ်င္ ဂ႐ုဂါရဝ= အ႐ိုအေသျပဳမႈ၊ (သုခုစၥာရဏ= ဖတ္႐ြတ္လြယ္မႈ) ျဖစ္ေစရန္ တိႆဟုအမည္မွည့္၍ ဖတ္ၾကသည္။ ရဟန္းငယ္ျဖစ္လွ်င္ ဘြဲ႕အမည္ရင္းျဖင့္လည္း ဖတ္ၾကသည္။ ဥပမာ ဘြဲ႕အမည္ ဦးဝိလာသျဖစ္လွ်င္ ဝိလာသႆ ဘိကၡဳေနာ ဟု - ထည့္ရသည္ ။
သံဃာေတာ္ အရွင္ျမတ္တို႔ဘုရား ကမၼဝါစာ႐ြတ္ဖတ္ရာ၌ (ဂ႐ုဂါရဝ) သုခုစၥာရဏ ျဖစ္ပါေစျခင္းအက်ိဳးငွာ ယခု ကထိန္သကၤန္းအလႉခံမည့္ (ဦးဝိလာသ၊ ဆရာေတာ္)ကို တိႆ-ဟု အမည္မွည့္ပါ၏၊ တိႆ-ဟု မွတ္ေတာ္မူၾကပါ ဘုရား ။
သုဏာတု ေမ ဘေႏၲ သံေဃာ၊ ဣဒံ သံဃႆ ကထိန စီဝရံ ဥပၸႏၷံ၊
ယဒိ သံဃႆ ပတၱကလႅံ၊ သံေဃာ ဣမံ ကထိန စီဝရံ တိႆႆ ဘိကၡဳေနာ ဒေဒယ် ကထိနံ အတၳရိတုံ၊ ဧသာဉ တၱိ ။
သုဏာတု ေမ ဘေႏၲ သံေဃာ၊ ဣဒံ သံဃႆ ကထိန စီဝရံ ဥပၸႏၷံ၊
သံေဃာ ဣမံ ကထိန စီဝရံ တိႆႆ ဘိကၡဳေနာ ေဒတိ ကထိနံ အတၳရိတုံ ယႆာယသၼေတာ ခမတိ ဣမႆ ကထိနစီဝရႆ တိႆႆ ဘိကၡဳေနာ ဒါနံ ကထိနံ အတၳရိတုံ၊ ေသာ တုဏွႆ။
ယႆ နကၡမတိ၊ ေသာ ဘာေသယ်။
ဒိႏၷံ ဣဒံ သံေဃန ကထိနစီဝရံ တိႆႆ ဘိကၡဳေနာ ကထိနံ အတၳရိတုံ။ ခမတိ သံဃႆ၊ တသၼာ တုဏွီ၊ ဧဝေမတံ ဓာရယာမိ ။
(မူရင္းကမၼဝါစာပါဠိ၊ မဟာဝါ-ပါ၊ ၃၅၂)
~~ ကမၼဝါစာ ျမန္မာျပန္ ~~
အရွင္ဘုရားတို႔! သံဃာေတာ္သည္ တပည့္ေတာ္၏(စကားကို) နာေတာ္မူပါ၊ သံဃာအား ဤကထိန္သကၤန္းသည္ ျဖစ္ေပၚလာ၏၊
အကယ္၍ သံဃာအား ေလ်ာက္ပတ္ေသာအခါရွိေသာ ကံသည္ ျဖစ္ျငားအံ့၊ သံဃာသည္ ဤကထိန္သကၤန္းကို တိႆရဟန္းအား ကထိန္ခင္းျခင္းငွာ ေပးရာ၏။ ဤကား သိေစျခင္းတည္း ။
အရွင္ဘုရားတို႔! သံဃာေတာ္သည္ တပည့္ေတာ္၏(စကားကို) နာေတာ္မူပါ၊ သံဃာအား ဤကထိန္သကၤန္းသည္ ျဖစ္ေပၚလာ၏၊ သံဃာသည္ ဤကထိန္သကၤန္းကို တိႆရဟန္းအား ကထိန္ခင္းျခင္းငွာ ေပး၏။
ဤကထိန္သကၤန္းကို တိႆရဟန္းအား ကထိန္ခင္းျခင္းငွာ ေပးျခင္းကို အၾကင္အရွင္အား ႏွစ္သက္၏၊ ထိုအရွင္သည္ ဆိတ္ဆိတ္ေနရာ၏၊ အၾကင္အရွင္အား မႏွစ္သက္၊ ထိုအရွင္သည္ ေျပာဆိုရာ၏ ။
သံဃာေတာ္သည္ ဤကထိန္သကၤန္းကို တိႆရဟန္းအား ကထိန္ခင္းျခင္းငွာ ေပးအပ္၏၊ သံဃာအား ႏွစ္သက္၏၊ ထို႔ေၾကာင့္ ဆိတ္ဆိတ္ေန၏။ ဤသို႔ ဆိတ္ဆိတ္ေနသျဖင့္ ႏွစ္သက္သည္၏ အျဖစ္ကို သိမွတ္ရပါ၏။
ကထိန္ခင္းသည့္အခါ၌ကား သိမ္ထဲမွာသာမဟုတ္၊ ေက်ာင္းတိုက္အတြင္း တစ္ေနရာ၌လည္း ခင္းႏိုင္သည္။ ယခုအခါ ကထိန္သကၤန္းေပးသည့္ သိမ္ထဲမွာပင္ တစ္ခါတည္း ကထိန္ခင္းေလ့ ရွိၾကသည္ ။
-- -- -- -- -- -- -- -- -- -- -- -- --
အစီအစဥ္ (၄)
၄ ။ စြန႔္= အဓိ႒ာန္တင္ထားေသာ သကၤန္းရွိလွ်င္ စြန႔္ျခင္း ။
တိစီဝရိက္ အဓိ႒ာန္တင္၍ သုံးစြဲလွ်င္ ကထိန္ခင္းမည့္သကၤန္းႏွင့္
မ်ိဳးတူသကၤန္းကို ပစၥဳဒၶိဳရ္ျပဳရသည္၊ အဓိ႒ာန္ခ်-စြန႔္သည္။
တိစီဝရိက္ အဓိ႒ာန္မဟုတ္ဘဲ ပရိကၡာရ ေစာဠ အဓိ႒ာန္တင္ထားလွ်င္ ခ်ဖြယ္,စြန႔္ဖြယ္ မလို ။
အခ်ိဳ႕က ``ေပါရာဏိက သံဃာဋိ ပစၥဳဒၶရိတဗၺာ- အေဟာင္းျဖစ္ေသာ သကၤန္းႀကီးကို ပစၥဳဒၶိဳရ္ ျပဳရမည္ (အဓိ႒ာန္ခ်၊ စြန႔္ရမည္)´´ဟု မိန႔္ဆိုေသာ စကားရပ္ အဂၤါႏွင့္ ညီၫြတ္ေအာင္ ကထိန္ခင္းခါနီးမွ ေလာေလာဆယ္ အဓိ႒ာန္တင္၍ အဓိ႒ာန္ခ် (စြန႔္) ၾကသည္လည္း ရွိ၏။ သီးျခား အဓိ႒ာန္တင္ထားေသာ သကၤန္းမရွိ၍ မစြန႔္ျခင္းေၾကာင့္ အျပစ္မရွိပါ ။
သီျခား အဓိ႒ာန္တင္ထား၍ စြန႔္ရန္လိုအပ္ပါက ဒုကုဋ္(ႏွစ္ထပ္သကၤန္းႀကီး)၊ ဧကသီ၊ သင္းပိုင္ သုံးထည္တို႔တြင္ ကထိန္ခင္းမည့္ သကၤန္းႏွင့္ မ်ိဳးတူသကၤန္းကို စြန႔္ရမည္ ။
ကထိန္သကၤန္းက ႏွစ္ထပ္သကၤန္းႀကီးျဖစ္လွ်င္-
၁ ။ ဣမံ သံဃာဋႎ ပစၥဳဒၶရာမိ။ (ဤႏွစ္ထပ္သကၤန္းႀကီးကို
ပစၥဳဒၶိဳရ္ျပဳပါ၏၊ အဓိ႒ာန္ခ်၊ စြန႔္ပါ၏။)
ဧကသီျဖစ္လွ်င္-
၂ ။ ဣမံ ဥတၱရာသဂႍ ပစၥဳဒၶရာမိ။ (ဤဧကသီသကၤန္းကို
ပစၥဳဒၶိဳရ္ျပဳပါ၏။ အဓိ႒ာန္ခ်၊ စြန႔္ပါ၏။)
သင္းပိုင္ျဖစ္လွ်င္-
၃ ။ ဣမံ အႏၲရဝါသကံ ပစၥဳဒၶရာမိ။ (ဤသင္းပိုင္သကၤန္းကို
ပစၥဳဒၶိဳရ္ျပဳပါ၏။ အဓိ႒ာန္ခ်၊ စြန႔္ပါ၏။)ဟု ဆို၍
ပစၥဳဒၶိဳရ္ျပဳ အဓိ႒ာန္ခ်၊ စြန႔္ရမည္ ။
အခ်ိဳ႕ကား သာမန္စြန႔္သည့္ အေနျဖင့္ ``ဣမံ ပစၥဳဒၶရာမိ= ဤသကၤန္းကို ပစၥဳဒၶိဳရ္ျပဳပါ၏။ (အဓိ႒ာန္ခ်ပါ၏၊ စြန႔္ပါ၏)´´ဟု ဆို၍ စြန႔္ၾကေသး၏ ။
-- -- -- -- -- -- -- -- -- -- -- -- -- --
အစီအစဥ္ (၅)
၅ ။ ထိုး = ကထိန္ခင္းမည့္သကၤန္းကို ကပၸဗိႏၵဳထိုးျခင္း ။
ကထိန္ခင္းမည့္သကၤန္း၏ ေထာင့္စြန္းတစ္ေနရာ၌ ခဲတံ(ေဘာပင္)
စသည္ျဖင့္ ဥေဒါင္းမ်က္ကြင္း၊ ၾကမ္းပိုးေက်ာက္ကုန္း ပမာဏခန႔္ အစက္အေျပာက္(အမွတ္အသား)တစ္ခု ထိုးရသည္။ ထိုအစက္အေျပာက္ကို ကပၸဗိႏၵဳ= အပ္ေအာင္ျပဳေသာ အစက္အေျပာက္ဟု ေခၚသည္ ။
● ဤကဲ့သို႔ ၾကားလပ္မရွိ ျပည့္ျပည္ဝဝ ထိုးရသည္ ။
ပါစိတ္ ဒုဗၺဏၰကရဏ သိကၡာပုဒ္၌ ``ပ်က္ေသာ အဆင္းရွိေအာင္ ျပဳတတ္ေသာ ကပၸဗိႏၵဳ ထိုးရမည္´´ဟု မိန႔္ဆို၏။
သကၤန္းအသစ္ကို အဆင္းပ်က္ေအာင္ နီလ= စိမ္းညိဳေရာင္၊ ကဒၵမ= ႐ႊံ႕ၫြန္ေရာင္၊ ကာဠသာမ= အမည္း(အနက္)ေရာင္ ကပၸဗိႏၵဳ ထိုးရသည္ ။ သကၤန္းတစ္ထည္လုံးပ်က္ေအာင္ ရည္႐ြယ္၍ မိန႔္ေတာ္မူသည္မဟုတ္၊ ကပၸဗိႏၵဳထိုးရမည္ကိုသာ ရည္႐ြယ္၍ မိန႔္ေတာ္မူသည္။ (ဝိ-႒၊ ၃၊ ၁၃၁)
ေလးေထာင့္လုံး၌ျဖစ္ေစ, သုံးေထာင့္၌ျဖစ္ေစ, ႏွစ္ေထာင့္၌ျဖစ္ေစ, တစ္ေထာင့္၌ျဖစ္ေစ ထိုးႏိုင္သည္။ သုံးမ်ိဳးထဲမွ တစ္မ်ိဳးမ်ိဳးျဖင့္ထိုးလွ်င္ ရ၏ ။
အခ်ိဳ႕ကား ``နီလံ ဝါ ကဒၵမံ ဝါ ကာလသာမံ ဝါ´´ဟု ဆိုေသာေၾကာင့္ သုံးေျပာက္ထိုးသည္လည္း ရွိ၏။ ပါစိတ္အ႒ကထာ၌ အစဥ္အတန္းထိုးအပ္ေသာ ကပၸဗိႏၵဳ, ၾကာခ်က္သဏၭာန္ ထိုးအပ္ေသာ(သုံးပြင့္ဆိုင္)ကပၸဗိႏၵဳ စသည္တို႔ကို အ႒ကထာအားလုံးက ပယ္ထားသည္။ တစ္ခုေသာ (လုံးဝိုင္းေသာ)ဗိႏၵဳကို ခ်န္ထား၍ အျခားေသာ အမ်ိဳးမ်ိဳးေသာ အျခင္းအရာအားျဖင့္ ကပၸဗိႏၵဳကို မျပဳအပ္ မထိုးအပ္ဟု မိန႔္ဆို၏။ (ဝိ-႒၊ ၃၊ ၁၃၁)
-- -- -- -- -- -- -- -- -- -- -- -- -- --
အစီအစဥ္ (၆)
၆ ။ တင္= ကထိန္ခင္းမည့္ သကၤန္းကို အဓိ႒ာန္တင္ျခင္း ။
ကထိန္ခင္းမည့္ သကၤန္းအမည္ျဖင့္ အဓိ႒ာန္တင္ရသည္ ။
အဓိ႒ာန္တင္ပုံ-
၁ ။ ဣမံ သံဃာဋႎ အဓိ႒ာမိ။ (သကၤန္းႀကီး)
၂ ။ ဣမံ ဥတၱရာသဂႍ အဓိ႒ာမိ။ (ဧကသီ)
၃ ။ ဣမံ အႏၲရဝါသကံ အဓိ႒ာမိ။ (သင္းပိုင္)
ဣမံ- ဤသကၤန္းကို၊ သံဃာဋႎ- ႏွစ္ထပ္သကၤန္းႀကီးဟူ၍၊ အဓိ႒ာမိ- ေဆာက္တည္ပါ၏၊ ဝါ- အဓိ႒ာန္ပါ၏။ (ဥတၱရာသဂႍ- ဧကသီဟူ၍၊ အႏၲရဝါသကံ- သင္းပိုင္ဟူ၍၊....)
-- -- -- -- -- -- -- -- -- -- -- -- --
အစီအစဥ္ (၇)
၇ ။ ခင္း= ကထိန္ခင္းျခင္း ။
ကထိန္ခင္းရာ၌ ကထိန္သကၤန္းက ႏွစ္ထပ္သကၤန္းႀကီးျဖစ္လွ်င္-
``ဣမာယ သံဃာဋိယာ ကထိနံ အတၳရာမိ။´´
(ဤႏွစ္ထပ္သကၤန္းႀကီးျဖင့္ ကထိန္ခင္းပါ၏၊)ဟု ဆို၍ ခင္းရမည္ ။
ဧကသီျဖစ္လွ်င္-
``ဣမိနာ ဥတၱရာသေဂၤန ကထိနံ အတၱရာမိ။´´
(ဤအေပၚ႐ုံ ဧကသီသကၤန္းျဖင့္ ကထိန္ခင္းပါ၏၊)ဟု ဆို၍ ခင္းရမည္။
သင္းပိုင္ျဖစ္လွ်င္-
ဣမိနာ အႏၲရဝါသေကန ကထိနံ အတၳရာမိ။
(ဤသင္းပိုင္သကၤန္းျဖင့္ ကထိန္ခင္းပါ၏)ဟု ဆို၍ ခင္းရမည္။
(ဝိ-၅၊ ၃၀၉)
ထို႔သို႔ ကထိန္ခင္းရာ၌ ကိုယ္အမူအရာျဖင့္(ျဖစ္ေစ၊ စိတ္ထဲမွ ျဖစ္ေစ)ခင္း၍မရ၊ ႏႈတ္ႁမြက္၍ ခင္းရမည္။
(ဝိ-႒၊ ၃၀၆-၉၊ ႒-၄၊ ၂၁၃၊ ဝိလကၤာ-၂၊ ၁၃၀)
-- -- -- -- -- -- -- -- -- -- -- -- --
အစီအစဥ္ (၈)
၈။ ႏုေမာဒါ = အႏုေမာဒနာျပဳဖို႔ရန္ တိုက္တြန္းျခင္းႏွင့္
အႏုေမာဒနာျပဳျခင္း ။
ထိုသို႔ ကထိန္ခင္းၿပီးလွ်င္ ကထိန္ခင္းသည့္ရဟန္းက အျခားရဟန္းမ်ားကို အႏုေမာဒနာျပဳဖို႔ရန္ တိုက္တြန္းရသည္ ။
တိုက္တြန္းပုံကား-
``အတၳတံ ဘေႏၲ သံဃႆ ကထိနံ၊ ဓမၼိေကာ ကထိနတၳာေရာ၊ အႏုေမာဒထ´´ (သုံးႀကိမ္)
သာဓု သာဓု သာဓု ။
ဘေႏၲ- အရွင္ဘုရားတို႔၊ သံဃႆ- သံဃာသည္၊ ကထိနံ- ကထိန္ကို၊ အတၳတံ- ခင္းအပ္ပါၿပီ၊ ကထိနတၳာေရာ- ကထိန္ခင္းျခင္းသည္၊ ဓမၼိေကာ- ဝိနည္းတရားႏွင့္ ေလ်ာ္ပါ၏၊ တုေမွ- အရွင္ဘုရားတို႔သည္၊ အႏုေမာဒထ- ဝမ္းေျမာက္(အႏုေမာဒနာျပဳ)ေတာ္မူၾကပါကုန္ ။
အျခားေသာ သံဃာမ်ားကလည္း-
``အတၳတံ ဘေႏၲ သံဃႆ ကထိနံ၊ ဓမၼိေကာ ကထိနတၳာေရာ၊ အႏုေမာဒါမ´´ (သုံးႀကိမ္)
သာဓု သာဓု သာဓု ။
......... မယံ- တပည့္ေတာ္တို႔သည္၊ အႏုေမာဒါမ- ဝမ္းေျမာက္ၾက(အႏုေမာဒနာျပၾက)ပါကုန္၏။
အႏုေမာဒနာျပဳေသာ ရဟန္းေတာ္မ်ားသည္လည္း
ကထိန္ခင္းသည့္ ရဟန္းနည္းတူ ကထိန္အက်ိဳးအာနိသင္ ၅-မ်ိဳးကို ရရွိၾကပါသည္ ။
မွတ္ခ်က္။ ။ သိကၡာဝါ ႀကီးငယ္အလိုက္ ``အာဝုေသာ၊ ဘေႏၲ´´ဟု
သင့္ေလ်ာ္သလို ဆိုပါ ။
ကမၼဝါစာဖတ္ရာ၌လည္း ထို႔အတူပင္။ အခ်ိဳ႕ဆရာေတာ္မ်ားက သိကၡာဝါ ငယ္ငယ္ႀကီးႀကီး သံဃာကို အေလးဂ႐ုျပဳ၍ ``ဘေႏၲ´´ဟု ခ်ည္းသာ ႐ြတ္ဖတ္ၾကပါသည္ ။
``ဘေႏၲ၊ အာဝုေသာ´´ေျပာင္းလြဲျခင္းေၾကာင့္ ကံ မပ်က္ပါ။
အႏုေမာဒနာျပဳရန္ တိုက္တြန္းရာ၌ တစ္ပါးတည္းသာရွိလွ်င္
``အႏုေမာဒါဟိ´´ဟု ဆို၍၊ အႏုေမာဒနာျပဳေသာ ရဟန္းကလည္း ``အႏုေမာဒါမိ´´ဟု ဆိုပါ ။
ထို႔ျပင္ ေက်ာင္းတိုက္အတြင္း၌ ပုရိမဝါကြၽတ္ေသာ ရဟန္းမရွိလွ်င္ ျဖစ္ေစ၊ ရွိေသာ္လည္း ဝါက်ိဳးပ်က္ေသာ ရဟန္း၊ ပစၦိမဝါကပ္ေသာရဟန္း၊ အျခားေက်ာင္းမွ ရဟန္းမ်ား အႏုေမာဒနာျပဳဖြယ္ မလိုပါ ။
* ကထိန္ခင္းပုံ အစီအစဥ္ ၿပီး၏ *
မွားတာပါရင္ျပင္ဖတ္ေပးပါဘုရား
(ေတာင္းပန္လႊာ)
ေထရ္ေက်ာ္ငါးရာ ၊ ရဟႏၲာဝသီ
သမၻီဒါဉာဏ္ရ၊ သံဃိႏၵတို႔၊
ဘုရားမိန႔္႐ြတ္၊ ပိဋကတ္ကို၊
မြတ္မြတ္ျဖဴေဖြး၊ေပထက္ေရး၍၊
ေဆးေလးၾကပ္ၾကပ္၊ အထပ္တရာ၊
တည္းျဖတ္ပါလည္း၊ အကၡရာပုဒ္ေဆြး၊
မွားယြင္းေသး၏၊ ညစ္ေၾကးစပ္ယွဥ္၊ပုထုဇဥ္သာ၊
ငါတို႔မွာကား၊မမွားဘယ္သို႔၊ ရွိေလၿမိဳ႕လိမ့္၊
ယြင္းခ်ိဳ႕အကၡရာ၊ ပ်က္ယိုရာ၌၊ ပညာႀကီးရွင္၊
ျငမ္းေကာင္းဆင္သို႔၊ ျပင္ေစသတည္း။
(ဥေတနပ်ိဳ႕)
Ashin Khemeinda
0 Comments