Advertisement

Responsive Advertisement

စရိုက် ( ၆) ပါး ကမ္မဋ္ဌာန်း (၄၀)


Uni & Zawgyi

စရိုက် (၆) ပါး ကမ္မဋ္ဌာန်း (၄၀)”

★★★★★★★★★★★★★★★

★ စရိုက် - ပင်ကိုရိုးရာ သူတကာ ဖြစ်နေကျထက် လွန်ကဲပိုမို၍ အဖြစ်များသည့် အမူအရာကို “စရိုက်” ဟု ခေါ်၏။ရာဂစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊ သဒ္ဓါစရိုက်၊ ဝိတက်စရိုက်နှင့် ဗုဒ္ဓိ(ပညာ) စရိုက် ဟူ၍ (၆) မျိုး ရှိ၏။

ကမ္မဋ္ဌာန်း - သမထဘာဝနာ ပွားများ အားထုတ်မှု၏ တည်ရာဖြစ်သော ပထဝီကသိုဏ်း၊ အာပေါကသိုဏ်း အစရှိသည့် အာရုံများသည် လည်းကောင်း၊ ဝိပဿနာ ဘာဝနာ ပွားများ အားထုတ်မှု၏ တည်ရာဖြစ်သော ရုပ်နာမ် အာရုံတို့သည် လည်းကောင်း “ကမ္မဋ္ဌာန်း” ဖြစ်ကြ၏။

(စရိုက်နှင့် ကမ္မဋ္ဌာန်း (၄၀) ကို အောက်ပိုင်းတွင် ဖော်ပြထားပါသည်)

(၁) ရာဂစရိုက် ရှိသူသည် လောကီအာရုံ ကာမဂုဏ်များကို မရှက်မကြောက် လိုက်စား၏။ ဝတ္ထုကာမ၊ ကိလေသာ ကာမ တို့၌ လွန်ကဲစွာ ကပ်ငြိတတ်၏။

(၂) ဒေါသစရိုက် ရှိသူသည် နေရာတကာတွင် ရှူးရှူးရှဲရှဲ အမြဲစိတ်တို၏။ အာဃာတ၊ ဣဿာ၊ မစ ္ဆရိယ စသည်တို့ လွန်ကဲ၏။

(၃) မောဟစရိုက် ရှိသူသည် ထိုင်းမှိုင်း တွေေ၀ ဖျင်းအ ပြီး အောက်ကျနောက်ကျ ရှိ၏။

(၄) သဒ္ဓါစရိုက် ရှိသူသည် ရတနာမြတ် သုံးပါးကို လွန်စွာ ကြည်ညို၏။ ယုံကြည်လွယ်လေ့ ရှိ၏။

(၅) ဝိတက်စရိုက် ရှိသူသည် အကြံအစည်များပြီး အလုပ် မတွင်ကျယ်ဘဲ ရှိတတ်၏။ လွန်စွာ စိတ်ကူးယဉ်တတ်၏။

(၆) ဗုဒ္ဓိစရိုက် (သို့မဟုတ်) ပညာစရိုက် ရှိသူသည် ထက်မြက်သော ဉာဏ်ပညာဖြင့် အရာရာကို အကြောင်းအကျိုး အကောင်းအဆိုး တို့ကို စဉ်းစား ဆင်ခြင်လေ့ ရှိ၏။ သူများ ပြောတိုင်း မယုံပေ။

☼ ထိုစရိုက်များနှင့် သင့်တော်သော ကမ္မဋ္ဌာန်းများမှာ☼

★ ရာဂစရိုက် ရှိသူသည် အသုဘ (၁၀) ပါးနှင့် ကာယဂတာသတိ ဤကမ္မဋ္ဌာန်း

(၁၁) ပါးတို့နှင့် လျောက်ပတ်၏။ ဤကမ္မဋ္ဌာန်းသည် ရာဂမီးကို ငြိမ်းအေးစေနိုင်၏။ဒေါသစရိုက် ရှိသူသည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော အပ္ပမညာ ခေါ် ဗြဟ္မစိုရ်တရား (၄) ပါး၊ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ ဟူသော ဝဏ္ဏကသိုဏ်း (၄) ပါး ဤ(၈) ပါးသော ကမ္မဋ္ဌာန်းတို့နှင့် လျောက်ပတ်၏။ ဒေါသကြီးသူသည် မကောင်းသော အာရုံများကို ရှုနေရလျှင် ပို၍ ဒေါသ ထွက်လာနိုင်၏။ ဤ(၈) ပါးသော ကမ္မဋ္ဌာန်းတို့သည် သန့်ရှင်း ကြည်လင်ကြသဖြင့် အာရုံပြုသူတို့အား စိတ်ရွှင်လန်း ဝမ်းမြောက်စေ၏။

★ မောဟစရိုက်နှင့် ဝိတက်စရိုက် ရှိသူတို့သည် အာနာပါနဿတိ ကမ္မဋ္ဌာန်းနှင့် သင့်လျော် လျောက်ပတ်၏။ မောဟစရိုက် ရှိသူသည် ဝိစိကိစ္ဆာနှင့် ဥဒ္ဓစ္စတို့ အယှဉ်များသဖြင့် စိတ်ပျံ့လွင့် တုန်လှုပ်၏။ ဝိတက်စရိုက် ရှိသူသည်လည်း စိတ်ကူး အကြံအစည် များသဖြင့် စိတ်ပျံ့လွင့်၏။ အာနာပါနဿတိ ကမ္မဋ္ဌာန်းကား ဝင်သက်နှင့် ထွက်သက်တို့ကို အချက်ကျကျ လိုက်၍ ရှုမှတ်ရသဖြင့် တုန်လှုပ် ပျံ့လွင့်သည့် စိတ်ကို ချုပ်ထိန်း ဖမ်းဆွဲ ထားနိုင်၏။

သဒ္ဓါစရိုက် ရှိသူသည် ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ ဟူသော ကမ္မဋ္ဌာန်း (၆) ပါးတို့နှင့် သင့်လျော်၏။ ပင်ကိုက ကောင်းနေသော သဒ္ဓါတရားသည် ဘုရား၊ တရား၊ သံဃာ စသည့် အာရုံများနှင့် ကြုံတွေ့လျင် ပို၍ အားကောင်းလာ၏။

★ ပညာစရိုက် ရှိသူသည် သိမ်မွေ့ နက်နဲသော မရဏာနုဿတိ၊ ဥပသမာနုဿတိ၊ အာဟာရေ ပဋိကူလသညာ၊ စတုဓာတု၀ ဝတ္ထာန် ဟူသော ကမ္မဋ္ဌာန်း (၄) ပါးနှင့် သင့်လျော်၏။ ပင်ကိုက စဉ်းစားချင့်ချိန် လေ့ရှိသူသည် သိမ်မွေ့ နက်နဲသော အာရုံနှင့် ကြုံတွေ့လျင် ပို၍ နက်နက်နဲနဲ စဉ်းစား ဆင်ခြင်သဖြင့် ဉာဏ်ပညာ တိုးပွားထက်မြက်၏။

အများနှင့် ဆိုင်သော ကမ္မဋ္ဌာန်းတို့ကား ပထဝီကသိုဏ်း၊ အာပေါကသိုဏ်း၊ တေဇောကသိုဏ်း၊ ဝါယောကသိုဏ်း၊ အာကာသကသိုဏ်း၊ အာလောကကသိုဏ်း နှင့် အာရုပ္ပ (၄) ပါး ဖြစ်သော အာကာသာနဉ္စာယတနဈာန်၊ ဝိညာဏဉ္စာယတနဈာန်၊ အာကိဉ္စညာယတနဈာန်၊ နေဝသညာနာသညာယတနဈာန် တို့ ဖြစ်ပွားရန် ရှုပွားရသော ကမ္မဋ္ဌာန်း တို့ဖြစ်ကြ၏။

တစ်နည်း ဆိုရလျှင် ရာဂကို ပယ်ခြင်းငှာ အသုဘ ကမ္မဋ္ဌာန်း ပွားအပ်၏။ ဒေါသကို ပယ်ခြင်းငှာ မေတ္တာကို ပွားအပ်၏။ ဝိတက်ကို ပယ်ခြင်းငှာ အာနာပါနဿတိ ပွားအပ်၏။ မာနကို ပယ်ခြင်းငှာ အနိစ္စသညာကို ပွားအပ်၏။

 ကမ္မဋ္ဌာန်း (၄၀)

ကသိုဏ်း (၁၀) ပါး

(၁) ပထဝီကသိုဏ်း - မြေကသိုဏ်း

(၂) အာပေါကသိုဏ်း - ရေကသိုဏ်း

(၃) တေဇောကသိုဏ်း - မီးကသိုဏ်း

(၄) ဝါယောကသိုဏ်း - လေကသိုဏ်း

(၅) နီလကသိုဏ်း - အညိုရောင် အဆင်းကသိုဏ်း

(၆) ပီတကသိုဏ်း - ရွှေရောင်အဆင်းကသိုဏ်း

(၇) လောဟိတကသိုဏ်း - အနီရောင် အဆင်းကသိုဏ်း

(၈) သြဒါတကသိုဏ်း - အဖြူရောင် အဆင်းကသိုဏ်း

(၉) အာကာသကသိုဏ်း - ကောင်းကင် ဟင်းလင်းပြင်ကသိုဏ်း

(၁၀) အာလောကကသိုဏ်း - အလင်းရောင်ကသိုဏ်း

အသုဘ (၁၀) ပါး

(၁) ဥဒ္ဓုမာတက - သေလွန်ပြီး နှစ်ရက် သုံးရက်ကြာသည့်အခါ ဖူးဖူးရောင် ပုပ်သဖြင့် စက်ဆုပ်ဖွယ်သော မသာလောင်း။

(၂) ဝိနီလက - အသားများရာ၌ နီ၊ ပြည်စုရာ၌ ဖြူ၊ ဤသို့ အနီအဖြူ ရောစပ်လျက် ညိုမည်း ပုပ်ပွနေသော မသာလောင်း။

(၃) ဝိပုဗ္ဗက - ပြည်တစိုစို ပေါက်ကွဲယိုလျက် စက်ဆုပ်ဖွယ်ရာ မသာလောင်း။

(၄) ဝိစိ ္ဆဒ္ဒက - ကိုယ်အထက်ပိုင်း အောက်ပိုင်း နှစ်ပိုင်း သုံးပိုင်း ဖြစ်နေသော မသာလောင်း။

(၅) ဝိက္ခာယိတက - ခွေး၊ လင်းတ၊ ကျီး စသည်တို့ ခဲ စား ကိုက်ဖြတ်ထားသော မသာလောင်း။

(၆) ဝိက္ခိတ္တက - လက်၊ ခြေ၊ ဦးခေါင်း၊ ကိုယ်ခန္ဓာတို့ကို တကွဲတပြားစီ ဖရိုဖရဲ ကြဲပစ်ထားသော မသာလောင်း။

(၇) ဟတဝိက္ခိတ္တက - ဓား၊ လှံ လက်နက်တို့ဖြင့် အစိတ်စိတ် အမြွှာမြွှာ နေအောင် ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ထားသော မသာလောင်း။

(၈) လောဟိတက - သွေးများ ထွက်ယို၍ တစ်ကိုယ်လုံး လိမ်းကျံနေသော မသာလောင်း။

(၉) ပုဠုဝက - ပိုးလောက်များ ပြည့်နှက်နေသော မသာလောင်း။

(၁၀) အဋ္ဌိက - အရိုးများ စုပေါင်း၍ သို့မဟုတ် ပြန့်ကြဲ၍ ကြွင်းကျန်ရစ်သော မသာလောင်း။

အနုဿတိ (၁၀) ပါး

(၁) ဗုဒ္ဓါနုဿတိ - ဘုရား၏ ပုံသဏ္ဍာန်တော်နှင့် ဂုဏ်တော်များကို အဖန်ဖန် အောက်မေ့ ဆင်ခြင်မှု။

(၂) ဓမ္မာနုဿတိ - ပိဋကတ် တရားတော်များနှင့် တကွ မဂ်ဖိုလ် နိဗ္ဗာန် တရားတော်များ၏ ဂုဏ်တော်တို့ကို အဖန်ဖန် အောက်မေ့ ဆင်ခြင်မှု။

(၃) သံဃာနုဿတိ - အရိယာ သံဃာတော်များ၏ ဂုဏ်တော်တို့ကို အဖန်ဖန် အောက်မေ့ ဆင်ခြင်မှု။

(၄) သီလာနုဿတိ - မိမိ စောင့်ထိန်းထားသော သီလ အမျိုးမျိုးတို့၏ ဂုဏ်တော်များကို မကျိုးမပေါက် မပြောက်မကျား ပုံတို့ကို အဖန်ဖန် အောက်မေ့ ဆင်ခြင်မှု။

(၅) စာဂါနုဿတိ - ဂုဏ်ပကာသနကိုလည်း မမျှော်၊ မော်မော်မောက်မောက်လည်း မပြု၊ ဝန်တိုမှုလည်း မဖက်ဘဲ ရက်ရက်ရောရော မိမိစွန့်ကြဲ ပေးလှူအပ်သော အလှူဒါန၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့ ဆင်ခြင်မှု။

(၆) ဒေဝတာနုဿတိ - နတ်ဗြဟ္မာများကို သက်သေပြု၍ မိမိ၏ ကုသိုလ် ကောင်းမှုများကို အဖန်ဖန် အောက်မေ့ ဆင်ခြင်မှု။

(၇) ဥပသမာနုဿတိ - နိဗ္ဗာန်၏ ငြိမ်းအေးပုံ စသည့် ဂုဏ်ကျေးဇူးများကို အဖန်ဖန် အောက်မေ့ ဆင်ခြင်မှု။

(၈) မရဏာနုဿတိ - မိမိ၏ သေခြင်း သဘောကို အဖန်ဖန် တွေးတော အောက်မေ့ ဆင်ခြင်မှု။

(၉) ကာယဂတာသတိ - ဆံပင်၊ မွေးညင်း အစရှိသည့် ၃၂ ကောဋ္ဌာသကို ထင်အောင် အဖန်ဖန် အောက်မေ့ ဆင်ခြင်မှု။

(၁၀) အာနာပါနဿတိ - ဝင်သက်၊ ထွက်သက်ကို အောက်မေ့ ဆင်ခြင်သော သတိတရား။

အပ္ပမညာ (၄) ပါး (သို့မဟုတ်) ဗြဟ္မဝိဟာရ (၄) ပါး

(၁) မေတ္တာ - သတ္တဝါ အများကို ကောင်းစားစေလိုခြင်း၊ ချစ်ခင် မြတ်နိုးခြင်းသဘော။

(၂) ကရုဏာ - ဒုက္ခိတ သတ္တဝါ ပညတ်ကို အာရုံပြု၍ သနား ကြင်နာခြင်းသဘော။

(၃) မုဒိတာ - သုခိတ သတ္တဝါ ပညတ်ကို အရုံပြု၍ ဝမ်းမြောက်ခြင်းသဘော။

(၄) ဥပေက္ခာ - သတ္တဝါ ပညတ်ကို အာရုံပြု၍ ကံစီမ့ရာ ဖြစ်ကြ၏ ဟု အောက်မေ့ ဆင်ခြင်ကာ လျစ်လျူရှုခြင်း သဘော။

အာဟာရေပဋိကူလသညာ (၁) ပါး

စားသောက် မျိုသွင်းအပ်သော ခဲဖွယ်ဘောဇဉ် စသည့် အစာအာဟာရတို့၌ စက်ဆုပ်ဖွယ်ဟု ထင်မြင်လာအောင် အောက်မေ့ဆင်ခြင် ရှုမှတ်တတ်သော သညာကို ခေါ်သည်။

စတုဓာတု၀၀တ္ထာန် (၁) ပါး

ခန္ဓာကိုယ်၌ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟူသည့် ဧာတ် လေပါးကို ပိုင်းခြားတတ်သော ဉာဏ်ကို ခေါ်၏။

အာရုပ္ပ (၄) ပါး

အာကာသာနဉ္စာယတနဈာန်၊ ဝိညာဏဉ္စာယတနဈာန်၊ အာကိဉ္စညာယတနဈာန်၊ နေဝသညာ နာ သညာယတနဈာန် တို့ ဖြစ်၏။

တိပိဋက မြန်မာပြန်

Zawgyi

စ႐ိုက္ (၆) ပါးႏွင့္ ကမၼ႒ာန္း (၄၀)”

★★★★★★★★★★★★★★★

★ စ႐ိုက္ - ပင္ကို႐ိုးရာ သူတကာ ျဖစ္ေနက်ထက္ လြန္ကဲပိုမို၍ အျဖစ္မ်ားသည့္ အမူအရာကို “စ႐ိုက္” ဟု ေခၚ၏။ရာဂစ႐ိုက္၊ ေဒါသစ႐ိုက္၊ ေမာဟစ႐ိုက္၊ သဒၶါစ႐ိုက္၊ ဝိတက္စ႐ိုက္ႏွင့္ ဗုဒၶိ(ပညာ) စ႐ိုက္ ဟူ၍ (၆) မ်ိဳး ရွိ၏။

ကမၼ႒ာန္း - သမထဘာဝနာ ပြားမ်ား အားထုတ္မႈ၏ တည္ရာျဖစ္ေသာ ပထဝီကသိုဏ္း၊ အာေပါကသိုဏ္း အစရွိသည့္ အာ႐ုံမ်ားသည္ လည္းေကာင္း၊ ဝိပႆနာ ဘာဝနာ ပြားမ်ား အားထုတ္မႈ၏ တည္ရာျဖစ္ေသာ ႐ုပ္နာမ္ အာ႐ုံတို႔သည္ လည္းေကာင္း “ကမၼ႒ာန္း” ျဖစ္ၾက၏။

(စ႐ိုက္ႏွင့္ ကမၼ႒ာန္း (၄၀) ကို ေအာက္ပိုင္းတြင္ ေဖာ္ျပထားပါသည္)

(၁) ရာဂစ႐ိုက္ ရွိသူသည္ ေလာကီအာ႐ုံ ကာမဂုဏ္မ်ားကို မရွက္မေၾကာက္ လိုက္စား၏။ ဝတၳဳကာမ၊ ကိေလသာ ကာမ တို႔၌ လြန္ကဲစြာ ကပ္ၿငိတတ္၏။

(၂) ေဒါသစ႐ိုက္ ရွိသူသည္ ေနရာတကာတြင္ ရႉးရႉးရွဲရွဲ အၿမဲစိတ္တို၏။ အာဃာတ၊ ဣႆာ၊ မစ ၦရိယ စသည္တို႔ လြန္ကဲ၏။

(၃) ေမာဟစ႐ိုက္ ရွိသူသည္ ထိုင္းမႈိင္း ေတြေ၀ ဖ်င္းအ ၿပီး ေအာက္က်ေနာက္က် ရွိ၏။

(၄) သဒၶါစ႐ိုက္ ရွိသူသည္ ရတနာျမတ္ သုံးပါးကို လြန္စြာ ၾကည္ညိဳ၏။ ယုံၾကည္လြယ္ေလ့ ရွိ၏။

(၅) ဝိတက္စ႐ိုက္ ရွိသူသည္ အႀကံအစည္မ်ားၿပီး အလုပ္ မတြင္က်ယ္ဘဲ ရွိတတ္၏။ လြန္စြာ စိတ္ကူးယဥ္တတ္၏။

(၆) ဗုဒၶိစ႐ိုက္ (သို႔မဟုတ္) ပညာစ႐ိုက္ ရွိသူသည္ ထက္ျမက္ေသာ ဉာဏ္ပညာျဖင့္ အရာရာကို အေၾကာင္းအက်ိဳး အေကာင္းအဆိုး တို႔ကို စဥ္းစား ဆင္ျခင္ေလ့ ရွိ၏။ သူမ်ား ေျပာတိုင္း မယုံေပ။

☼ ထိုစ႐ိုက္မ်ားႏွင့္ သင့္ေတာ္ေသာ ကမၼ႒ာန္းမ်ားမွာ☼

★ ရာဂစ႐ိုက္ ရွိသူသည္ အသုဘ (၁၀) ပါးႏွင့္ ကာယဂတာသတိ ဤကမၼ႒ာန္း

(၁၁) ပါးတို႔ႏွင့္ ေလ်ာက္ပတ္၏။ ဤကမၼ႒ာန္းသည္ ရာဂမီးကို ၿငိမ္းေအးေစႏိုင္၏။ေဒါသစ႐ိုက္ ရွိသူသည္ ေမတၱာ၊ က႐ုဏာ၊ မုဒိတာ၊ ဥေပကၡာ ဟူေသာ အပၸမညာ ေခၚ ျဗဟၼစိုရ္တရား (၄) ပါး၊ နီလ၊ ပီတ၊ ေလာဟိတ၊ ၾသဒါတ ဟူေသာ ဝဏၰကသိုဏ္း (၄) ပါး ဤ(၈) ပါးေသာ ကမၼ႒ာန္းတို႔ႏွင့္ ေလ်ာက္ပတ္၏။ ေဒါသႀကီးသူသည္ မေကာင္းေသာ အာ႐ုံမ်ားကို ရႈေနရလွ်င္ ပို၍ ေဒါသ ထြက္လာႏိုင္၏။ ဤ(၈) ပါးေသာ ကမၼ႒ာန္းတို႔သည္ သန႔္ရွင္း ၾကည္လင္ၾကသျဖင့္ အာ႐ုံျပဳသူတို႔အား စိတ္႐ႊင္လန္း ဝမ္းေျမာက္ေစ၏။

★ ေမာဟစ႐ိုက္ႏွင့္ ဝိတက္စ႐ိုက္ ရွိသူတို႔သည္ အာနာပါနႆတိ ကမၼ႒ာန္းႏွင့္ သင့္ေလ်ာ္ ေလ်ာက္ပတ္၏။ ေမာဟစ႐ိုက္ ရွိသူသည္ ဝိစိကိစာၦႏွင့္ ဥဒၶစၥတို႔ အယွဥ္မ်ားသျဖင့္ စိတ္ပ်ံ႕လြင့္ တုန္လႈပ္၏။ ဝိတက္စ႐ိုက္ ရွိသူသည္လည္း စိတ္ကူး အႀကံအစည္ မ်ားသျဖင့္ စိတ္ပ်ံ႕လြင့္၏။ အာနာပါနႆတိ ကမၼ႒ာန္းကား ဝင္သက္ႏွင့္ ထြက္သက္တို႔ကို အခ်က္က်က် လိုက္၍ ရႈမွတ္ရသျဖင့္ တုန္လႈပ္ ပ်ံ႕လြင့္သည့္ စိတ္ကို ခ်ဳပ္ထိန္း ဖမ္းဆြဲ ထားႏိုင္၏။

သဒၶါစ႐ိုက္ ရွိသူသည္ ဗုဒၶါႏုႆတိ၊ ဓမၼာႏုႆတိ၊ သံဃာႏုႆတိ၊ သီလာႏုႆတိ၊ စာဂါႏုႆတိ၊ ေဒဝတာႏုႆတိ ဟူေသာ ကမၼ႒ာန္း (၆) ပါးတို႔ႏွင့္ သင့္ေလ်ာ္၏။ ပင္ကိုက ေကာင္းေနေသာ သဒၶါတရားသည္ ဘုရား၊ တရား၊ သံဃာ စသည့္ အာ႐ုံမ်ားႏွင့္ ႀကဳံေတြ႕လ်င္ ပို၍ အားေကာင္းလာ၏။

★ ပညာစ႐ိုက္ ရွိသူသည္ သိမ္ေမြ႕ နက္နဲေသာ မရဏာႏုႆတိ၊ ဥပသမာႏုႆတိ၊ အာဟာေရ ပဋိကူလသညာ၊ စတုဓာတု၀ ဝတၳာန္ ဟူေသာ ကမၼ႒ာန္း (၄) ပါးႏွင့္ သင့္ေလ်ာ္၏။ ပင္ကိုက စဥ္းစားခ်င့္ခ်ိန္ ေလ့ရွိသူသည္ သိမ္ေမြ႕ နက္နဲေသာ အာ႐ုံႏွင့္ ႀကဳံေတြ႕လ်င္ ပို၍ နက္နက္နဲနဲ စဥ္းစား ဆင္ျခင္သျဖင့္ ဉာဏ္ပညာ တိုးပြားထက္ျမက္၏။

အမ်ားႏွင့္ ဆိုင္ေသာ ကမၼ႒ာန္းတို႔ကား ပထဝီကသိုဏ္း၊ အာေပါကသိုဏ္း၊ ေတေဇာကသိုဏ္း၊ ဝါေယာကသိုဏ္း၊ အာကာသကသိုဏ္း၊ အာေလာကကသိုဏ္း ႏွင့္ အာ႐ုပၸ (၄) ပါး ျဖစ္ေသာ အာကာသာနၪၥာယတနဈာန္၊ ဝိညာဏၪၥာယတနဈာန္၊ အာကိၪၥညာယတနဈာန္၊ ေနဝသညာနာသညာယတနဈာန္ တို႔ ျဖစ္ပြားရန္ ရႈပြားရေသာ ကမၼ႒ာန္း တို႔ျဖစ္ၾက၏။

တစ္နည္း ဆိုရလွ်င္ ရာဂကို ပယ္ျခင္းငွာ အသုဘ ကမၼ႒ာန္း ပြားအပ္၏။ ေဒါသကို ပယ္ျခင္းငွာ ေမတၱာကို ပြားအပ္၏။ ဝိတက္ကို ပယ္ျခင္းငွာ အာနာပါနႆတိ ပြားအပ္၏။ မာနကို ပယ္ျခင္းငွာ အနိစၥသညာကို ပြားအပ္၏။

 ကမၼ႒ာန္း (၄၀)

ကသိုဏ္း (၁၀) ပါး

(၁) ပထဝီကသိုဏ္း - ေျမကသိုဏ္း

(၂) အာေပါကသိုဏ္း - ေရကသိုဏ္း

(၃) ေတေဇာကသိုဏ္း - မီးကသိုဏ္း

(၄) ဝါေယာကသိုဏ္း - ေလကသိုဏ္း

(၅) နီလကသိုဏ္း - အညိဳေရာင္ အဆင္းကသိုဏ္း

(၆) ပီတကသိုဏ္း - ေ႐ႊေရာင္အဆင္းကသိုဏ္း

(၇) ေလာဟိတကသိုဏ္း - အနီေရာင္ အဆင္းကသိုဏ္း

(၈) ၾသဒါတကသိုဏ္း - အျဖဴေရာင္ အဆင္းကသိုဏ္း

(၉) အာကာသကသိုဏ္း - ေကာင္းကင္ ဟင္းလင္းျပင္ကသိုဏ္း

(၁၀) အာေလာကကသိုဏ္း - အလင္းေရာင္ကသိုဏ္း

အသုဘ (၁၀) ပါး

(၁) ဥဒၶဳမာတက - ေသလြန္ၿပီး ႏွစ္ရက္ သုံးရက္ၾကာသည့္အခါ ဖူးဖူးေရာင္ ပုပ္သျဖင့္ စက္ဆုပ္ဖြယ္ေသာ မသာေလာင္း။

(၂) ဝိနီလက - အသားမ်ားရာ၌ နီ၊ ျပည္စုရာ၌ ျဖဴ၊ ဤသို႔ အနီအျဖဴ ေရာစပ္လ်က္ ညိဳမည္း ပုပ္ပြေနေသာ မသာေလာင္း။

(၃) ဝိပုဗၺက - ျပည္တစိုစို ေပါက္ကြဲယိုလ်က္ စက္ဆုပ္ဖြယ္ရာ မသာေလာင္း။

(၄) ဝိစိ ၦဒၵက - ကိုယ္အထက္ပိုင္း ေအာက္ပိုင္း ႏွစ္ပိုင္း သုံးပိုင္း ျဖစ္ေနေသာ မသာေလာင္း။

(၅) ဝိကၡာယိတက - ေခြး၊ လင္းတ၊ က်ီး စသည္တို႔ ခဲ စား ကိုက္ျဖတ္ထားေသာ မသာေလာင္း။

(၆) ဝိကၡိတၱက - လက္၊ ေျခ၊ ဦးေခါင္း၊ ကိုယ္ခႏၶာတို႔ကို တကြဲတျပားစီ ဖ႐ိုဖရဲ ႀကဲပစ္ထားေသာ မသာေလာင္း။

(၇) ဟတဝိကၡိတၱက - ဓား၊ လွံ လက္နက္တို႔ျဖင့္ အစိတ္စိတ္ အႁမႊာႁမႊာ ေနေအာင္ ညႇင္းပန္းႏွိပ္စက္ၿပီး သတ္ျဖတ္ထားေသာ မသာေလာင္း။

(၈) ေလာဟိတက - ေသြးမ်ား ထြက္ယို၍ တစ္ကိုယ္လုံး လိမ္းက်ံေနေသာ မသာေလာင္း။

(၉) ပုဠဳဝက - ပိုးေလာက္မ်ား ျပည့္ႏွက္ေနေသာ မသာေလာင္း။

(၁၀) အ႒ိက - အ႐ိုးမ်ား စုေပါင္း၍ သို႔မဟုတ္ ျပန႔္ႀကဲ၍ ႂကြင္းက်န္ရစ္ေသာ မသာေလာင္း။

အႏုႆတိ (၁၀) ပါး

(၁) ဗုဒၶါႏုႆတိ - ဘုရား၏ ပုံသ႑ာန္ေတာ္ႏွင့္ ဂုဏ္ေတာ္မ်ားကို အဖန္ဖန္ ေအာက္ေမ့ ဆင္ျခင္မႈ။

(၂) ဓမၼာႏုႆတိ - ပိဋကတ္ တရားေတာ္မ်ားႏွင့္ တကြ မဂ္ဖိုလ္ နိဗၺာန္ တရားေတာ္မ်ား၏ ဂုဏ္ေတာ္တို႔ကို အဖန္ဖန္ ေအာက္ေမ့ ဆင္ျခင္မႈ။

(၃) သံဃာႏုႆတိ - အရိယာ သံဃာေတာ္မ်ား၏ ဂုဏ္ေတာ္တို႔ကို အဖန္ဖန္ ေအာက္ေမ့ ဆင္ျခင္မႈ။

(၄) သီလာႏုႆတိ - မိမိ ေစာင့္ထိန္းထားေသာ သီလ အမ်ိဳးမ်ိဳးတို႔၏ ဂုဏ္ေတာ္မ်ားကို မက်ိဳးမေပါက္ မေျပာက္မက်ား ပုံတို႔ကို အဖန္ဖန္ ေအာက္ေမ့ ဆင္ျခင္မႈ။

(၅) စာဂါႏုႆတိ - ဂုဏ္ပကာသနကိုလည္း မေမွ်ာ္၊ ေမာ္ေမာ္ေမာက္ေမာက္လည္း မျပဳ၊ ဝန္တိုမႈလည္း မဖက္ဘဲ ရက္ရက္ေရာေရာ မိမိစြန႔္ႀကဲ ေပးလႉအပ္ေသာ အလႉဒါန၏ ဂုဏ္ကို အဖန္ဖန္ ေအာက္ေမ့ ဆင္ျခင္မႈ။

(၆) ေဒဝတာႏုႆတိ - နတ္ျဗဟၼာမ်ားကို သက္ေသျပဳ၍ မိမိ၏ ကုသိုလ္ ေကာင္းမႈမ်ားကို အဖန္ဖန္ ေအာက္ေမ့ ဆင္ျခင္မႈ။

(၇) ဥပသမာႏုႆတိ - နိဗၺာန္၏ ၿငိမ္းေအးပုံ စသည့္ ဂုဏ္ေက်းဇူးမ်ားကို အဖန္ဖန္ ေအာက္ေမ့ ဆင္ျခင္မႈ။

(၈) မရဏာႏုႆတိ - မိမိ၏ ေသျခင္း သေဘာကို အဖန္ဖန္ ေတြးေတာ ေအာက္ေမ့ ဆင္ျခင္မႈ။

(၉) ကာယဂတာသတိ - ဆံပင္၊ ေမြးညင္း အစရွိသည့္ ၃၂ ေကာ႒ာသကို ထင္ေအာင္ အဖန္ဖန္ ေအာက္ေမ့ ဆင္ျခင္မႈ။

(၁၀) အာနာပါနႆတိ - ဝင္သက္၊ ထြက္သက္ကို ေအာက္ေမ့ ဆင္ျခင္ေသာ သတိတရား။

အပၸမညာ (၄) ပါး (သို႔မဟုတ္) ျဗဟၼဝိဟာရ (၄) ပါး

(၁) ေမတၱာ - သတၱဝါ အမ်ားကို ေကာင္းစားေစလိုျခင္း၊ ခ်စ္ခင္ ျမတ္ႏိုးျခင္းသေဘာ။

(၂) က႐ုဏာ - ဒုကၡိတ သတၱဝါ ပညတ္ကို အာ႐ုံျပဳ၍ သနား ၾကင္နာျခင္းသေဘာ။

(၃) မုဒိတာ - သုခိတ သတၱဝါ ပညတ္ကို အ႐ုံျပဳ၍ ဝမ္းေျမာက္ျခင္းသေဘာ။

(၄) ဥေပကၡာ - သတၱဝါ ပညတ္ကို အာ႐ုံျပဳ၍ ကံစီမ့ရာ ျဖစ္ၾက၏ ဟု ေအာက္ေမ့ ဆင္ျခင္ကာ လ်စ္လ်ဴရႈျခင္း သေဘာ။

အာဟာေရပဋိကူလသညာ (၁) ပါး

စားေသာက္ မ်ိဳသြင္းအပ္ေသာ ခဲဖြယ္ေဘာဇဥ္ စသည့္ အစာအာဟာရတို႔၌ စက္ဆုပ္ဖြယ္ဟု ထင္ျမင္လာေအာင္ ေအာက္ေမ့ဆင္ျခင္ ရႈမွတ္တတ္ေသာ သညာကို ေခၚသည္။

စတုဓာတု၀၀တၳာန္ (၁) ပါး

ခႏၶာကိုယ္၌ ပထဝီ၊ အာေပါ၊ ေတေဇာ၊ ဝါေယာ ဟူသည့္ ဧာတ္ ေလပါးကို ပိုင္းျခားတတ္ေသာ ဉာဏ္ကို ေခၚ၏။

အာ႐ုပၸ (၄) ပါး

အာကာသာနၪၥာယတနဈာန္၊ ဝိညာဏၪၥာယတနဈာန္၊ အာကိၪၥညာယတနဈာန္၊ ေနဝသညာ နာ သညာယတနဈာန္ တို႔ ျဖစ္၏။

တိပိဋက ျမန္မာျပန္

Post a Comment

0 Comments