+++++++++
((စရိုက်မပြင်ခင် စရိုက် (၆) ပါးရှိတဲ့အကြောင်းကို ရှေ့တွင် ရေးသားထားပြီးဖြစ်သည်.. ))
စရိုက်ပြင်ချင်တယ်။ ဘာနဲ့ ပြင်မလဲ။
“ရာဂစရိုက်”
အလှအပတွေ သိပ်ကြိုက်တယ်နော်။ မက်မောတယ်။ အဆင်းလှတာ သဘောကျတယ်။ အသံကောင်းတာ သဘောကျတယ်။ အနံ့မွှေးတာ သဘောကျတယ်။ ဟင်းကောင်းကြိုက်တယ်။ တွယ်တာမှုတွေ အားကြီးတယ်။ လောဘတွေ အားကြီးတယ်။
ဒီစရိုက်တွေ များလာပြီဆိုရင် ဘာနဲ့ ဖျောက်ဖို့ကြိုးစားမလဲ။ အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ ကမ္မဋ္ဌာန်း ၄၀ လို့ဆိုပြီး ထိုထိုကျမ်းဂန်တွေကနေထုတ်ပြီးတော့ မှတ်တမ်း တင်ထားတယ်။ အဲဒီအထဲမယ် “ရာဂစရိုက်” ရှိတဲ့ ပုဂ္ဂိုလ်တဲ့အတွက် “အသုဘဘာဝနာ-မတင့်တယ်မှု” ကို ဆင်ခြင်စဉ်းစားမှု အရေးကြီးဆုံးပဲ။
သူက ဘာဖြစ်လို့တုန်းဆိုတော့ အမြဲတမ်း လှတယ်ချည့်တွေးနေတဲ့ ပုဂ္ဂိုလ်ကိုး။ အဲဒီတော့ မလှဘူး၊မစင်ကြယ်ဘူးဆိုတာ မြင်အောင် ကြည့်ဖို့ပေါ့။
အဲဒါမှ သူ့ရဲ့ တွယ်တာမှုကို လျှော့ချနိုင်မှာ။ “အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ”- ရာဂစရိုက်ကို ဖယ်ရှားနိုင်ဖို့အတွက် “အသုဘ ကမ္မဋ္ဌာန်း” ကို ပွါးပါတဲ့။
အေး၊လူတွေက အသုဘလို့ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် ဟို-မသာအိမ်သွား အောက်မေ့နေတယ်နော်။
အသုဘ ဆိုတာ အသက်ရှင်နေတုန်းလည်းပဲ “အသုဘ” ၊ “အသုဘ” ဆိုတဲ့စကားလုံးက မတင့်တယ်ဘူး။
ရွံစရာကောင်းတယ်။ကဲ- ကိုယ့်ကိုယ်ကို ရွံစရာ ကောင်း၊ မကောင်း ကိုးပေါက်ဒွါရကနေ ထွက်နေတာတွေကို နမ်းကြည့်ပေါ့။ အတွင်းထဲမှာ မွှေးကြိုင်နေတယ်ဆိုတာ တစ်ခုမှမရှိဘူးနော်။
မျက်စိကထွက်ရင် မျက်ချေး၊ နှာခေါင်းကထွက်ရင် နှပ်ချေး၊ (အမယ် နန်းတော်သူတွေကတော့ မျက်ချေးကို “မျက်ဝတ်”လို့ခေါ်လိုက်သေးတာနော်။နာမည်လေးကိုလှလှပပ ထားပြီးတော့ ရွံစရာမကောင်းအောင်လို့။)
နှာခေါင်းကထွက်တော့ နှပ်ချေး၊ နားကထွက်တော့ နားဖာချေးပေါ့။ အဲဒီလို ခန္ဓာကိုယ်က ထွက်သမျှ အရာတွေဟာ သိမ်းထားလို့ရတဲ့ဟာ တစ်ခုမှ မရှိဘူး။ မွှေးကြိုင်တယ် ဆိုတာလည်းတစ်ခုမှ မရှိဘူး။
လူတွေမွှေးကြိုင်တယ်ဆိုတာ ပြင်ပကခေတ္တခဏ လိမ်းကျံထားတဲ့ အနံ့ကမွှေးတာ။ လူက မွှေးတာ မဟုတ်ဘူး။ စနိုးလိမ်းထားရင် စနိုးက၊
ပေါင်ဒါလိမ်းထားရင် ပေါင်ဒါက မွှေးတာနော်။ ရေမွှေးဆွတ်ထားရင် ရေမွှေးက မွှေးတာ။ အဲဒါကို လူကမွှေးတယ် ထင်နေကြတာ။ အဲဒီတော့ လူရဲ့ခန္ဓာကိုယ်ဟာ မွှေးတယ်၊ကြိုင်တယ်ဆိုတာ တစ်ခုမှမရှိဘူး။ ဒါစဉ်းစားဖို့ ပြောတာနော်။
အဲဒီလို စဉ်းစားဆင်ခြင် တတ်လာမယ်ဆိုရင် လှပတယ်၊ တင့်တယ်တယ်ဆိုတာ မရှိဘူးတဲ့။ ရွံစရာကောင်းတယ်ဆိုတာတွေ တွေ့လာမှာပဲ။
အဲဒီလို ရွံစရာကောင်းတာတွေကို တွေးပြီးတော့ ရာဂစိတ်ကို ပယ်ဖျောက်ရမယ်တဲ့။ တွယ်တာမှုကို လျှော့ချရမယ်။ ဒါက “ရာဂစရိုက်ကို ပြုပြင်တဲ့နည်းတစ်နည်း” ပေါ့နော်။
ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ ဆံပင်၊ မွှေးညင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ၊ ခန္ဓာကိုယ်ကြီးကို တစ်ခုစီ၊ တစ်ခုစီ ဖျက်ချကြည့်လိုက်။ ဆံပင်ကလည်း ခေါင်းပေါ်မှာတော့ လှနေတယ်လေ။
အဲဒီ ခေါင်းပေါ်ကဆံပင်လေးတစ်ခုဟာ ထမင်းပန်းကန်ထဲ ရောက်သွားရင် ရွံစရာကောင်းတယ်။ လူက အဲဒီကျမှ ရွံစရာကောင်းမှန်း သိတာ။
ခေါင်းပေါ်နေတုန်းကတော့ အရောင်အမျိုးမျိုးဆိုးပြီး အလှအပတွေလုပ်၊အမွှေးအကြိုင်တွေ လိမ်းဒီလို လုပ်ကြတယ်။
အဲဒီတော့ ခေါင်းပေါ်မှာရှိတဲ့ဆံပင်နဲ့ ကျွတ်လာတဲ့ ဆံပင်ဟာ အတူတူပါပဲ။အတူတူပဲ။ အဲဒီလို ဆံပင်၊ မွှေးညင်း၊ ခြေသည်းလက်သည်း၊ သွား၊
အရေ၊ ခန္ဓာကိုယ်မှာရှိတာတွေ သဘာဝရဲ့ မလှပ၊ မတင့်တယ်မှုတွေကို ဆင်ခြင်စဉ်းစားပေးခြင်းအားဖြင့် ရာဂစရိုက်ကို လျှော့ချပေးလို့ရပါတယ်။
“ဒေါသစရိုက်”
ဒါဖြင့် “ဒေါသစရိုက်” ကိုတော့ ဘာနဲ့လျှော့ချရမလဲ ဆိုလို့ရှိရင် ဒေါသဆိုတာ ဘယ်အာရုံပေါ်မှာမှ သူက ကြည်လင်တာ မဟုတ်ဘူး။ အမြဲတမ်း မုန်းတီးမှုနဲ့ ဆက်ဆံနေတယ်။ ဒါကြောင့်မို့ ဒေါသစရိုက်ကို ဖယ်ရှားဖို့ရာကျတော့ ကိုယ့်ရင်ထဲ၊ နှလုံးသားထဲမှာ “မေတ္တာတရား” ကို ဖြစ်ပွါးအောင် ကြိုးစားရမယ်။
“မေတ္တာ ဘာဝေတဗ္ဗာဒေါသဿ ပဟာနာယ” တဲ့။ အမုန်းတရားလို့ ဆိုတဲ့ ဒေါသစရိုက် ပျောက်သွားအောင် မေတ္တာတရားကို မိမိရင်ထဲမှာ ဖြစ်ပွါးအောင်ကြိုးစားပါတဲ့။ အများအကျိုးကို လိုလားခြင်းဆိုတဲ့ မေတ္တာကို
တည်ဆောက်တဲ့အခါမှာ “ခန္တီ”ဟာ များစွာ အကူအညီပေးတယ်။
ဒါကြောင့်မို့ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဖြင့် မေတ္တာတရားကို ထိန်းသိမ်းထားပြီး၊ဒေါသတရားကို ဖယ်ရှားနိုင်အောင် ကြိုးစားရမယ်။
အဲဒီလို မကြိုးစားနိုင်လို့ အကျင့်ကြီး ပါသွားပြီဆိုရင် လူဖြစ်ရင်လည်း လူစိတ်တိုကြီးဖြစ်တယ်။ တိရစ္ဆာန် ဖြစ်ရင်လည်း ကျားတို့၊ ခြသေ့ၤတို့
ဒေါသကြီးတဲ့ အကောင်မျိုးတွေ သွားဖြစ်တယ်။ အဲဒီလို မဖြစ်ရအောင် သိတတ်တဲ့ဘဝမှာ မေတ္တာတရားများများ ပွါးပြီးတော့၊ အဲဒီစရိုက် ပျောက်ဖို့ရာအတွက် ကိုယ့်ရဲ့နှလုံးသားကို မေတ္တာတရားတွေနဲ့ ဆွတ်ဖြန်းပေးဖို့ လိုအပ်တယ်တဲ့။
“မောဟစရိုက်”
“မောဟစရိုက်” ပျောက်ဖို့ရာအတွက် ဘာလုပ်မလဲ၊ တရားနာရမယ်။ မောဟစရိုက် ပျောက်အောင် တရားနာတယ်၊နှလုံးသွင်းတယ်။ မြတ်စွာဘုရားဟောကြားထားတဲ့ တရားရေးသားထားတဲ့ စာအုပ်တွေဖတ်ရှုတယ်၊ လေ့လာတယ်။
မေးမြန်းတယ်၊ဆရာသမားတွေဆီ ချဉ်းကပ်တယ်၊ မသိတာတွေကို မေးတယ်၊အဲဒီလို မေးမြန်းစုံစမ်းခြင်း၊ သင်ယူခြင်း၊ မှတ်သားခြင်းဖြင့် “မောဟစရိုက်” ကို ပျောက်ကင်းစေနိုင်ပါတယ်။
အဲဒီလို ပညာရလာအောင် လုပ်တဲ့အခါမှာ အရေးကြီးတာက ဘာလဲဆိုရင် စိတ်ကလေးငြိမ်အောင်နဲ့ မိမိရဲ့သန္တာန်မှာ သတိတရားတွေ ခိုင်မာလာအောင် လေ့ကျင့်ရမယ်။ “သတိသမ္ပဇည” ထားရမယ်။ သတိရှိလာလို့ရှိရင် ပညာဟာ ရှိလာမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ သတိကို ထူထောင်ပေးရမယ်။
“အာနာပါနံ မောဟစရိတဿ”-မောဟစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ဟာ သတိလေးထားပြီး ထွက်လေ၊ဝင်လေလေးကို ရှုမှတ်ပွါးများနေရမယ်။ ဒီလိုနေမယ်ဆိုရင် မောဟစရိုက် နည်းပါးသွားမယ်။ သတိရှိလာတာနဲ့ တစ်ပြိုင်နက် အသိပညာလည်း ရတယ်။
အသိပညာ ရအောင်လည်း ရရာရကြောင်းတွေကို ဆည်းပူးရတယ်။လေ့လာရတယ်။နာယူရတယ်။ မှတ်သားရတယ်။ ဟော-ဒီလိုနည်းနဲ့ မောဟစရိုက်တွေ ပျောက်ကွယ်ပြီးတော့ သွားနိုင်တယ်။
စရိုက်ဆိုးတွေကို ဒီဘဝမှာ ပြင်ရင်ပြင်၊ မပြင်လို့ရှိရင် သံသရာမှာ စရိုက်ဆိုးတွေနဲ့ပဲ ကျင်လည်ကြရမှာဖြစ်တယ်။ လူ့ဘဝ ရောက်လာရင်ပဲ စရိုက်ဆိုးတဲ့လူ၊ လောကလူတွေ ကြည့်လေ၊တစ်ယောက်နဲ့ တစ်ယောက် စရိုက်မှ မတူတာ။ စရိုက်ဆိုးတဲ့လူတွေ ရှိတာပဲ။ စရိုက်ကောင်းတဲ့လူတွေ ရှိသလို၊ စရိုက်ဆိုးတဲ့ လူတွေ ရှိတာပဲ။
ဒီဘဝမှာ မပြင်ဘူးဆိုလို့ရှိရင် နောင်ဘဝမှာလည်းပဲ အကျင့်ကြီးတွေ ပါသွားမှာပဲ။ အဲဒီ မကောင်းတဲ့ အကျင့်ကြီးတွေ ပါသွားပြီ ဆိုလို့ရှိရင် အဲဒီစရိုက်ဟာ နောက်ဆုံးမှာ ဖျောက်လို့မရနိုင်တဲ့ အဆင့်ထိအောင်
ရောက်သွားပြီးတော့၊ အထုံဝါသနာကြီး ပါပြီးတော့ ဘုရားတောင်မှ ချွတ်ဖို့ရာ ခက်သွားတယ်။ ဥပမာမယ် “ဖွတ်ဖို့၊လျှော်ဖို့ မလွယ်ကူတဲ့ လက်နှီးစုတ်”လို ဖြစ်သွားမှာပေါ့နော်။
မကောင်းတဲ့စရိုက်တွေ ကိုယ့်စိတ်မှာ လွှမ်းမိုးသွားပြီ ဆိုလို့ရှိရင် သံသရာ နစ်မွန်းသွားနိုင်တယ်တဲ့။ ဒါကြောင့်မို့လို့ ဒီလို ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်နဲ့ ကြုံတဲ့အခိုက်မှာ …
ရာဂစရိုက်ကိုလည်း လျော့ချဖို့ ကြိုးစားရမယ်။
ဒေါသစရိုက်ကိုလည်း လျော့ချဖို့ ကြိုးစားရမယ်။
မကောင်းတဲ့ မောဟစရိုက်ကိုလည်း လျော့ချဖို့ ကြိုးစားရမယ်။
ကောင်းတဲ့စရိုက်တွေကိုတော့ ကြီးထွားလာအောင် ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ ပေးရမယ်လို့ ဒီလိုမြတ်စွာဘုရား ဟောကြားတော်မူခဲ့တယ်။
အခုလို တရားဓမ္မတွေကို နာယူမှတ်သားပြီးတဲ့အခါမှာ မိမိတို့ရဲ့ ဘဝမှာ ကောင်းမြတ်တဲ့ စရိုက်တွေကို မွေးမြူခြင်းဖြင့်၊ ကောင်းမြတ်တဲ့ ဝါသနာတွေနဲ့ နောက်ဆုံးမှာ ထာဝရချမ်းသာတဲ့ အငြိမ်းဓာတ်နိဗ္ဗာန်ကို
မျက်မှောက် ပြုနိုင်မှာဖြစ်တယ်လို့ အားလုံးသဘောကျပြီး ဝါသနာတို့၊စရိုက်တို့ကို ဖယ်ရှားနိုင်ကြောင်း၊အကျင့်ကောင်းကို ကျင့်ကြံကြိုးကုတ် အားထုတ်ကာ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။ ။
【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】
Zawgyi
စ႐ိုက္ျပင္နည္း
*****************
((စ႐ိုက္မျပင္ခင္ စ႐ိုက္ (၆) ပါးရွိတဲ့အေၾကာင္းကို ေရွ႕တြင္ ေရးသားထားၿပီးျဖစ္သည္.. ))
စ႐ိုက္ျပင္ခ်င္တယ္။ ဘာနဲ႔ ျပင္မလဲ။
“ရာဂစ႐ိုက္”
အလွအပေတြ သိပ္ႀကိဳက္တယ္ေနာ္။ မက္ေမာတယ္။ အဆင္းလွတာ သေဘာက်တယ္။ အသံေကာင္းတာ သေဘာက်တယ္။ အနံ႔ေမႊးတာ သေဘာက်တယ္။ ဟင္းေကာင္းႀကိဳက္တယ္။ တြယ္တာမႈေတြ အားႀကီးတယ္။ ေလာဘေတြ အားႀကီးတယ္။
ဒီစ႐ိုက္ေတြ မ်ားလာၿပီဆိုရင္ ဘာနဲ႔ ေဖ်ာက္ဖို႔ႀကိဳးစားမလဲ။ အဘိဓမၼတၳသဂၤဟက်မ္းမွာ ကမၼ႒ာန္း ၄၀ လို႔ဆိုၿပီး ထိုထိုက်မ္းဂန္ေတြကေနထုတ္ၿပီးေတာ့ မွတ္တမ္း တင္ထားတယ္။ အဲဒီအထဲမယ္ “ရာဂစ႐ိုက္” ရွိတဲ့ ပုဂၢိဳလ္တဲ့အတြက္ “အသုဘဘာဝနာ-မတင့္တယ္မႈ” ကို ဆင္ျခင္စဥ္းစားမႈ အေရးႀကီးဆုံးပဲ။
သူက ဘာျဖစ္လို႔တုန္းဆိုေတာ့ အၿမဲတမ္း လွတယ္ခ်ည့္ေတြးေနတဲ့ ပုဂၢိဳလ္ကိုး။ အဲဒီေတာ့ မလွဘူး၊မစင္ၾကယ္ဘူးဆိုတာ ျမင္ေအာင္ ၾကည့္ဖို႔ေပါ့။
အဲဒါမွ သူ႔ရဲ႕ တြယ္တာမႈကို ေလွ်ာ့ခ်ႏိုင္မွာ။ “အသုဘာ ဘာေဝတဗၺာ ရာဂႆ ပဟာနာယ”- ရာဂစ႐ိုက္ကို ဖယ္ရွားႏိုင္ဖို႔အတြက္ “အသုဘ ကမၼ႒ာန္း” ကို ပြါးပါတဲ့။
ေအး၊လူေတြက အသုဘလို႔ ဆိုလိုက္တာနဲ႔ တစ္ၿပိဳင္နက္ ဟို-မသာအိမ္သြား ေအာက္ေမ့ေနတယ္ေနာ္။
အသုဘ ဆိုတာ အသက္ရွင္ေနတုန္းလည္းပဲ “အသုဘ” ၊ “အသုဘ” ဆိုတဲ့စကားလုံးက မတင့္တယ္ဘူး။
႐ြံစရာေကာင္းတယ္။ကဲ- ကိုယ့္ကိုယ္ကို ႐ြံစရာ ေကာင္း၊ မေကာင္း ကိုးေပါက္ဒြါရကေန ထြက္ေနတာေတြကို နမ္းၾကည့္ေပါ့။ အတြင္းထဲမွာ ေမႊးႀကိဳင္ေနတယ္ဆိုတာ တစ္ခုမွမရွိဘူးေနာ္။
မ်က္စိကထြက္ရင္ မ်က္ေခ်း၊ ႏွာေခါင္းကထြက္ရင္ ႏွပ္ေခ်း၊ (အမယ္ နန္းေတာ္သူေတြကေတာ့ မ်က္ေခ်းကို “မ်က္ဝတ္”လို႔ေခၚလိုက္ေသးတာေနာ္။နာမည္ေလးကိုလွလွပပ ထားၿပီးေတာ့ ႐ြံစရာမေကာင္းေအာင္လို႔။)
ႏွာေခါင္းကထြက္ေတာ့ ႏွပ္ေခ်း၊ နားကထြက္ေတာ့ နားဖာေခ်းေပါ့။ အဲဒီလို ခႏၶာကိုယ္က ထြက္သမွ် အရာေတြဟာ သိမ္းထားလို႔ရတဲ့ဟာ တစ္ခုမွ မရွိဘူး။ ေမႊးႀကိဳင္တယ္ ဆိုတာလည္းတစ္ခုမွ မရွိဘူး။
လူေတြေမႊးႀကိဳင္တယ္ဆိုတာ ျပင္ပကေခတၱခဏ လိမ္းက်ံထားတဲ့ အနံ႔ကေမႊးတာ။ လူက ေမႊးတာ မဟုတ္ဘူး။ စႏိုးလိမ္းထားရင္ စႏိုးက၊
ေပါင္ဒါလိမ္းထားရင္ ေပါင္ဒါက ေမႊးတာေနာ္။ ေရေမႊးဆြတ္ထားရင္ ေရေမႊးက ေမႊးတာ။ အဲဒါကို လူကေမႊးတယ္ ထင္ေနၾကတာ။ အဲဒီေတာ့ လူရဲ႕ခႏၶာကိုယ္ဟာ ေမႊးတယ္၊ႀကိဳင္တယ္ဆိုတာ တစ္ခုမွမရွိဘူး။ ဒါစဥ္းစားဖို႔ ေျပာတာေနာ္။
အဲဒီလို စဥ္းစားဆင္ျခင္ တတ္လာမယ္ဆိုရင္ လွပတယ္၊ တင့္တယ္တယ္ဆိုတာ မရွိဘူးတဲ့။ ႐ြံစရာေကာင္းတယ္ဆိုတာေတြ ေတြ႕လာမွာပဲ။
အဲဒီလို ႐ြံစရာေကာင္းတာေတြကို ေတြးၿပီးေတာ့ ရာဂစိတ္ကို ပယ္ေဖ်ာက္ရမယ္တဲ့။ တြယ္တာမႈကို ေလွ်ာ့ခ်ရမယ္။ ဒါက “ရာဂစ႐ိုက္ကို ျပဳျပင္တဲ့နည္းတစ္နည္း” ေပါ့ေနာ္။
ေကသာ၊ ေလာမာ၊ နခါ၊ ဒႏၲာ၊ တေစာ၊ ဆံပင္၊ ေမႊးညင္း၊ ေျခသည္း၊ လက္သည္း၊ သြား၊ အေရ၊ ခႏၶာကိုယ္ႀကီးကို တစ္ခုစီ၊ တစ္ခုစီ ဖ်က္ခ်ၾကည့္လိုက္။ ဆံပင္ကလည္း ေခါင္းေပၚမွာေတာ့ လွေနတယ္ေလ။
အဲဒီ ေခါင္းေပၚကဆံပင္ေလးတစ္ခုဟာ ထမင္းပန္းကန္ထဲ ေရာက္သြားရင္ ႐ြံစရာေကာင္းတယ္။ လူက အဲဒီက်မွ ႐ြံစရာေကာင္းမွန္း သိတာ။
ေခါင္းေပၚေနတုန္းကေတာ့ အေရာင္အမ်ိဳးမ်ိဳးဆိုးၿပီး အလွအပေတြလုပ္၊အေမႊးအႀကိဳင္ေတြ လိမ္းဒီလို လုပ္ၾကတယ္။
အဲဒီေတာ့ ေခါင္းေပၚမွာရွိတဲ့ဆံပင္နဲ႔ ကြၽတ္လာတဲ့ ဆံပင္ဟာ အတူတူပါပဲ။အတူတူပဲ။ အဲဒီလို ဆံပင္၊ ေမႊးညင္း၊ ေျခသည္းလက္သည္း၊ သြား၊
အေရ၊ ခႏၶာကိုယ္မွာရွိတာေတြ သဘာဝရဲ႕ မလွပ၊ မတင့္တယ္မႈေတြကို ဆင္ျခင္စဥ္းစားေပးျခင္းအားျဖင့္ ရာဂစ႐ိုက္ကို ေလွ်ာ့ခ်ေပးလို႔ရပါတယ္။
“ေဒါသစ႐ိုက္”
ဒါျဖင့္ “ေဒါသစ႐ိုက္” ကိုေတာ့ ဘာနဲ႔ေလွ်ာ့ခ်ရမလဲ ဆိုလို႔ရွိရင္ ေဒါသဆိုတာ ဘယ္အာ႐ုံေပၚမွာမွ သူက ၾကည္လင္တာ မဟုတ္ဘူး။ အၿမဲတမ္း မုန္းတီးမႈနဲ႔ ဆက္ဆံေနတယ္။ ဒါေၾကာင့္မို႔ ေဒါသစ႐ိုက္ကို ဖယ္ရွားဖို႔ရာက်ေတာ့ ကိုယ့္ရင္ထဲ၊ ႏွလုံးသားထဲမွာ “ေမတၱာတရား” ကို ျဖစ္ပြါးေအာင္ ႀကိဳးစားရမယ္။
“ေမတၱာ ဘာေဝတဗၺာေဒါသႆ ပဟာနာယ” တဲ့။ အမုန္းတရားလို႔ ဆိုတဲ့ ေဒါသစ႐ိုက္ ေပ်ာက္သြားေအာင္ ေမတၱာတရားကို မိမိရင္ထဲမွာ ျဖစ္ပြါးေအာင္ႀကိဳးစားပါတဲ့။ အမ်ားအက်ိဳးကို လိုလားျခင္းဆိုတဲ့ ေမတၱာကို
တည္ေဆာက္တဲ့အခါမွာ “ခႏၲီ”ဟာ မ်ားစြာ အကူအညီေပးတယ္။
ဒါေၾကာင့္မို႔ သည္းခံျခင္း၊ ခြင့္လႊတ္ျခင္းျဖင့္ ေမတၱာတရားကို ထိန္းသိမ္းထားၿပီး၊ေဒါသတရားကို ဖယ္ရွားႏိုင္ေအာင္ ႀကိဳးစားရမယ္။
အဲဒီလို မႀကိဳးစားႏိုင္လို႔ အက်င့္ႀကီး ပါသြားၿပီဆိုရင္ လူျဖစ္ရင္လည္း လူစိတ္တိုႀကီးျဖစ္တယ္။ တိရစာၦန္ ျဖစ္ရင္လည္း က်ားတို႔၊ ျခေသ့တႋု႔
ေဒါသႀကီးတဲ့ အေကာင္မ်ိဳးေတြ သြားျဖစ္တယ္။ အဲဒီလို မျဖစ္ရေအာင္ သိတတ္တဲ့ဘဝမွာ ေမတၱာတရားမ်ားမ်ား ပြါးၿပီးေတာ့၊ အဲဒီစ႐ိုက္ ေပ်ာက္ဖို႔ရာအတြက္ ကိုယ့္ရဲ႕ႏွလုံးသားကို ေမတၱာတရားေတြနဲ႔ ဆြတ္ျဖန္းေပးဖို႔ လိုအပ္တယ္တဲ့။
“ေမာဟစ႐ိုက္”
“ေမာဟစ႐ိုက္” ေပ်ာက္ဖို႔ရာအတြက္ ဘာလုပ္မလဲ၊ တရားနာရမယ္။ ေမာဟစ႐ိုက္ ေပ်ာက္ေအာင္ တရားနာတယ္၊ႏွလုံးသြင္းတယ္။ ျမတ္စြာဘုရားေဟာၾကားထားတဲ့ တရားေရးသားထားတဲ့ စာအုပ္ေတြဖတ္ရႈတယ္၊ ေလ့လာတယ္။
ေမးျမန္းတယ္၊ဆရာသမားေတြဆီ ခ်ဥ္းကပ္တယ္၊ မသိတာေတြကို ေမးတယ္၊အဲဒီလို ေမးျမန္းစုံစမ္းျခင္း၊ သင္ယူျခင္း၊ မွတ္သားျခင္းျဖင့္ “ေမာဟစ႐ိုက္” ကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။
အဲဒီလို ပညာရလာေအာင္ လုပ္တဲ့အခါမွာ အေရးႀကီးတာက ဘာလဲဆိုရင္ စိတ္ကေလးၿငိမ္ေအာင္နဲ႔ မိမိရဲ႕သႏၲာန္မွာ သတိတရားေတြ ခိုင္မာလာေအာင္ ေလ့က်င့္ရမယ္။ “သတိသမၸဇည” ထားရမယ္။ သတိရွိလာလို႔ရွိရင္ ပညာဟာ ရွိလာမွာျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ သတိကို ထူေထာင္ေပးရမယ္။
“အာနာပါနံ ေမာဟစရိတႆ”-ေမာဟစ႐ိုက္ရွိတဲ့ ပုဂၢိဳလ္ဟာ သတိေလးထားၿပီး ထြက္ေလ၊ဝင္ေလေလးကို ရႈမွတ္ပြါးမ်ားေနရမယ္။ ဒီလိုေနမယ္ဆိုရင္ ေမာဟစ႐ိုက္ နည္းပါးသြားမယ္။ သတိရွိလာတာနဲ႔ တစ္ၿပိဳင္နက္ အသိပညာလည္း ရတယ္။
အသိပညာ ရေအာင္လည္း ရရာရေၾကာင္းေတြကို ဆည္းပူးရတယ္။ေလ့လာရတယ္။နာယူရတယ္။ မွတ္သားရတယ္။ ေဟာ-ဒီလိုနည္းနဲ႔ ေမာဟစ႐ိုက္ေတြ ေပ်ာက္ကြယ္ၿပီးေတာ့ သြားႏိုင္တယ္။
စ႐ိုက္ဆိုးေတြကို ဒီဘဝမွာ ျပင္ရင္ျပင္၊ မျပင္လို႔ရွိရင္ သံသရာမွာ စ႐ိုက္ဆိုးေတြနဲ႔ပဲ က်င္လည္ၾကရမွာျဖစ္တယ္။ လူ႔ဘဝ ေရာက္လာရင္ပဲ စ႐ိုက္ဆိုးတဲ့လူ၊ ေလာကလူေတြ ၾကည့္ေလ၊တစ္ေယာက္နဲ႔ တစ္ေယာက္ စ႐ိုက္မွ မတူတာ။ စ႐ိုက္ဆိုးတဲ့လူေတြ ရွိတာပဲ။ စ႐ိုက္ေကာင္းတဲ့လူေတြ ရွိသလို၊ စ႐ိုက္ဆိုးတဲ့ လူေတြ ရွိတာပဲ။
ဒီဘဝမွာ မျပင္ဘူးဆိုလို႔ရွိရင္ ေနာင္ဘဝမွာလည္းပဲ အက်င့္ႀကီးေတြ ပါသြားမွာပဲ။ အဲဒီ မေကာင္းတဲ့ အက်င့္ႀကီးေတြ ပါသြားၿပီ ဆိုလို႔ရွိရင္ အဲဒီစ႐ိုက္ဟာ ေနာက္ဆုံးမွာ ေဖ်ာက္လို႔မရႏိုင္တဲ့ အဆင့္ထိေအာင္
ေရာက္သြားၿပီးေတာ့၊ အထုံဝါသနာႀကီး ပါၿပီးေတာ့ ဘုရားေတာင္မွ ခြၽတ္ဖို႔ရာ ခက္သြားတယ္။ ဥပမာမယ္ “ဖြတ္ဖို႔၊ေလွ်ာ္ဖို႔ မလြယ္ကူတဲ့ လက္ႏွီးစုတ္”လို ျဖစ္သြားမွာေပါ့ေနာ္။
မေကာင္းတဲ့စ႐ိုက္ေတြ ကိုယ့္စိတ္မွာ လႊမ္းမိုးသြားၿပီ ဆိုလို႔ရွိရင္ သံသရာ နစ္မြန္းသြားႏိုင္တယ္တဲ့။ ဒါေၾကာင့္မို႔လို႔ ဒီလို ဗုဒၶျမတ္စြာရဲ႕ သာသနာေတာ္နဲ႔ ႀကဳံတဲ့အခိုက္မွာ …
ရာဂစ႐ိုက္ကိုလည္း ေလ်ာ့ခ်ဖို႔ ႀကိဳးစားရမယ္။
ေဒါသစ႐ိုက္ကိုလည္း ေလ်ာ့ခ်ဖို႔ ႀကိဳးစားရမယ္။
မေကာင္းတဲ့ ေမာဟစ႐ိုက္ကိုလည္း ေလ်ာ့ခ်ဖို႔ ႀကိဳးစားရမယ္။
ေကာင္းတဲ့စ႐ိုက္ေတြကိုေတာ့ ႀကီးထြားလာေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ၿပီးေတာ့ ေပးရမယ္လို႔ ဒီလိုျမတ္စြာဘုရား ေဟာၾကားေတာ္မူခဲ့တယ္။
အခုလို တရားဓမၼေတြကို နာယူမွတ္သားၿပီးတဲ့အခါမွာ မိမိတို႔ရဲ႕ ဘဝမွာ ေကာင္းျမတ္တဲ့ စ႐ိုက္ေတြကို ေမြးျမဴျခင္းျဖင့္၊ ေကာင္းျမတ္တဲ့ ဝါသနာေတြနဲ႔ ေနာက္ဆုံးမွာ ထာဝရခ်မ္းသာတဲ့ အၿငိမ္းဓာတ္နိဗၺာန္ကို
မ်က္ေမွာက္ ျပဳႏိုင္မွာျဖစ္တယ္လို႔ အားလုံးသေဘာက်ၿပီး ဝါသနာတို႔၊စ႐ိုက္တို႔ကို ဖယ္ရွားႏိုင္ေၾကာင္း၊အက်င့္ေကာင္းကို က်င့္ႀကံႀကိဳးကုတ္ အားထုတ္ကာ နိဗၺာန္ခ်မ္းသာကို မ်က္ေမွာက္ျပဳႏိုင္ၾကပါေစကုန္သတည္း။ ။

0 Comments