Advertisement

Responsive Advertisement

အာဇီဝဋ္ဌမက သီလရှင်းတမ်းနှင့် သီလစောင့်တည်ပုံ


Uni & Zawgyi


အာဇီဝဋ္ဌမက သီလရှင်းတမ်းနှင့် သီလစောင့်တည်ပုံ

ဤအာဇီဝဋ္ဌမကသီလ ကို ကျွန်တော်တို့လို အိမ်ထောင်ကျပြီး စီးပွားရေးနှင့် ရုန်းကန်နေသူများအတွက် အလွန်သင့်လျော်လှပေသည် ။

သီလထဲကတစ်ပါးကျိုးပေါက်သွားရင်

အကုန်လုံးမကျိုးပေါက်ပါဘူး ။ အဲဒီ ကျိုးပေါက်သွားတဲ့ တစ်ပါးကို ပဲ ပြန်တည်ဆောက် ရင်

သီလပြန်တည်တယ်လို့သိရပါတယ် ။

ဤအာဇီဝဋ္ဌမကသီလသည် တစ်ကြိမ်လောက် ဆောက်တည်ပြီးဖြစ်လျှင် အသက်မွေး

စင်ကြယ်သမျှ ပိသုဏဝါစာ စသည်ကို မပြောဆိုသမျှ သီလမပျက်သောကြောင့် နေ့စဉ်

ဆောက်တည်ဖွယ် မလို ။ အခြားသော ၅ပါး ၈ပါးသီလများလည်း မကျိုးမပျက်သမျှ ထပ်၍

ဆောက်တည်ဖွယ် မလို ။ သို့သော် ထပ်၍ ဆောက်တည်ခြင်းကြောင့်ကား အပြစ်မဖြစ်ပါ ။

အာဇီဝဋ္ဌမက ။ ။ အသက်မွေးဝမ်းကျောင်းအတွက် ပစ္စည်းဥစ္စာ ရှာဖွေရသော အလုပ်

အကိုင် အရောင်းအဝယ် ဟူသမျှကို ပါဠိလို " အာဇီ၀ " ဟုခေါ်၏ ။ မတရားသော ပစ္စည်း

ရှာဖွေမှုကို " မိစ္ဆာဇီ၀ " ဟုခေါ်၏ ။ ထိုမိစ္ဆာဇီ၀ မှ ရှောင်ကြဉ်လျက် တရားသဖြင့် ပစ္စည်းရ

အောင် ရှာဖွေမှုကို " သမ္မာအာဇီ၀ " ဟုခေါ်၏ ။ ၈ပါး မြောက် သိက္ခာပုဒ်တော် ကို ပါဠိလို

" အဋ္ဌမ " ဟုခေါ်၏ ။ ပါဏာတိပါတာ ဝေရမဏိမှစ၍ ရေတွက်လျှင် မိစ္ဆာဇီဝါ ဝေရမဏိသည်

၈ပါး မြောက် သိက္ခာပုဒ်တည်း ။ ထို့ကြောင့် မိစ္ဆာဇီဝမှ ရှောင်ကြဉ်မှုလျှင် ၈ပါးမြောက်ရှိသော

သီလကို " အာဇီဝဋ္ဌမကသီလ " ဟုခေါ်သည် ။

ငါးပါးသီလကို ဆောက်တည်သည်ဖြစ်စေ ၊ မဆောက်တည်သည်ဖြစ်စေ လွန်ကျူး

လျှင်အပြစ်ရှိသကဲ့သို့ ဤ အာဇီဝဋ္ဌမကသီလ ကိုလည်း ဆောက်တည်သည်ဖြစ်စေ ၊

မဆောက်တည်သည်ဖြစ်စေ လွန်ကျူးမိလျှင် အပြစ်ရှိ၏ ။ ငါးပါးသီလသည် သူတော်ကောင်း

တို့ အမြဲစောင့်ထိန်းရမည့် ကိုယ်ကျင့်သီလ ဖြစ်သကဲ့သို့ ဤ အာဇီဝဋ္ဌမကသီလလည်း

အထက်တန်း သူတော်စင်တို့ အမြဲထိန်းရမည့် ကိုယ်ကျင့်သီလ ဖြစ်သည် ။ ဤအာဇီဝဋ္ဌမက

သီလ လုံခြုံမှ မဂ်ဖိုလ် ကို ရနိုင်၏ ။ အာဇီဝဋ္ဌမကသီလ မလုံခြုံလျှင် မဂ်ဖိုလ် မရနိုင် ။

ထို့ကြောင့် " ဤ အာဇီဝဋ္ဌမကသီလ သည် မဂ် ဟူသော မြတ်သောအကျင့်၏ အစ အခြေခံ

သီလ ဖြစ်သည် " ဟုမှတ်ပါ ။ ( အရှင်ဇနာကာဘိဝံသ ၏ ပထမကျမ်းစာ ရတနာ့ဂုဏ်ရည် )


အာဇီဝဋ္ဌမကသီလ

အဟံ ဘန္တေ တိသရဏေန သဟ ၊ အာဇီဝဋ္ဌမကသီလံ ဓမ္မံယာစာမိ ၊ အနုဂ္ဂဟံ ကတွာ ၊

သီလံ ဒေထ မေ ဘန္တေ ၊

ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ၊ အာဇီဝဋ္ဌမကသီလံ ဓမ္မံယာစာမိ ၊ အနုဂ္ဂဟံ

ကတွာ ၊ သီလံ ဒေထ မေ ဘန္တေ ၊

တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ၊ အာဇီဝဋ္ဌမကသီလံ ဓမ္မံယာစာမိ ၊ အနုဂ္ဂဟံ

ကတွာ ၊ သီလံ ဒေထ မေ ဘန္တေ ၊

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ၊

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ၊

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊တတိယမ္ပိ သံဃံ သရဏံ

ဂစ္ဆာမိ ၊

၁ ။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ၊

၂ ။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ၊

၃ ။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ၊

၄ ။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ၊

၅ ။ ပိသုဏဝါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ၊

၆ ။ ဖရုသဝါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ၊

၇ ။ သမ္ဖပ္ပလာပဝါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ၊

၈ ။ မိစ္ဆာဇီဝါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။

( ကြည့်ရှုရန် အဓိပ္ပာယ် )

အရှင်ဘုရား တပည့်တော် ( တပည့်တော်မ ) သည် ၊ သရဏဂုံသုံးပါးနှင့်တကွ အာဇီဝဋ္ဌမက

သီလ ဟူသော သိက္ခာပုဒ်အကျင့်ကို တောင်းပါ၏ ။

၁ ။ ပါဏာတိပါတာ = သူတစ်ပါး အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ပါ၏ ။

၂ ။ အဒိန္နာဒါနာ = သူတစ်ပါး ပစ္စည်းဥစ္စာ ကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏ ။

၃ ။ ကာမေသုမိစ္ဆာစာရာ = သူတစ်ပါးသားမယား ကို ကျူးလွန်ခြင်းမှရှောင်ကြဉ်ပါ၏ ။

၄ ။ မုသာဝါဒါ = မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏ ။

၅ ။ ပိသုဏဝါစာ = ချောပစ် ကုန်းတိုက်မှု မှ ရှောင်ကြဉ်ပါ၏ ။

၆ ။ ဖရုသဝါစာ = အယုတ်တမာဆဲဆိုမှု မှ ရှောင်ကြဉ်ပါ၏ ။

၇ ။ သမ္ဖပ္ပလာပဝါစာ = ပြိန်ဖျင်းသော စကားကို ပြောဆိုမှုမှရှောင်ကြဉ်ပါ၏ ။

၈ ။ မိစ္ဆာဇီဝါ = မတရားသောဥစ္စာပစ္စည်းရှာဖွေမှုမှ ရှောင်ကြဉ်ပါ၏ ။

သတိပြုရန် ။ ။ ရဟန်းများထံ သီလမတောင်းဘဲ မိမိဘာသာ ရုပ်ပွားတော် ၊ စေတီ

ရှေ့ဝယ် ဆောက်တည်ကြရာ၌ " အဟံ ဘန္တေ " စသော သီလ

တောင်းများကို ဆိုစရာမလိုပါ ။ " ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ " ကစ၍

" မိစ္ဆာဇီဝါ ဝေရမဏိ " တိုင်အောင် ဆိုပါလေ ။

အာဇီဝဋ္ဌမကသီလ ကို အသက်ထက်ဆုံး ဆောက်တည်နိုင်သော ပုဂ္ဂိုလ်ထူး ၊ ပုဂ္ဂိုလ်မြတ်

ဖြစ်ပါစေ ။


ဤ အာဇီဝမဋ္ဌမက သီလသည် တစ်ကြိမ်လောက်ဆောင်တည်ပြီးလျှင် အသက်မွေးစင်ကြယ်သမျှ ပိသုဏဝါစာ စသည်ကို မပြောဆိုသမျှ သီလမပျက်သောကြောင့် နေ့စဉ်ဆောက်တည်ဖွယ် မလို၊အခြားသော ငါးပါး ရှစ်ပါးသီလများလည်း မကျိုးပျက် သေးသမျှ နောက်ထပ်ဆောက်တည်ဖွယ်မလို ၊ သို့သော် ထပ်၍ဆောက်တည်ခြင်း၌ကား အပြစ်မရှိ။



အာဇီဝမဋ္ဌမက- အသက်မွေးဝမ်းကြောင်းအတွက် ပစ္စည်းဥစ္စာ ရှာဖွေရသော အလုပ်အကိုင် အရောင်းအဝယ်ဟူသမျှကို ပါဠိလို အာဇီဝဟုခေါ်၏၊ မတရားသော ပစ္စည်းရှာဖွေမှုကို မိစ္ဆာဇီ၀ ဟုခေါ်၏၊ ထိုမိစ္ဆာဇီဝမှ ရှောင်ကြဉ်လျက် တရားသဖြင့် ပစ္စည်းရအောင် ရှာဖွေမှုကို သမ္မာအာဇီဝဟု ခေါ်၏၊ ရှစ်ပါးမြောက် သိက္ခာပုဒ်တော်ကို ပါဠိလို အဋ္ဌမက ဟုခေါ်၏။


ပါဏာတိပါတမှ ရေတွက်လျင် မိစ္ဆာဇီဝါ ဝေရမဏိသည် ရှစ်ပါးမြောက်တည်း၊ ထို့ကြောင့် မိစ္ဆာဇီဝမှ ရှောင်ကြဉ်မှုလျင် ရှစ်ပါးမြောက်ရှိသော သီလကို အာဇီဝမဋ္ဌမက သီလဟုခေါ်၏၊


ဤအာဇီဝမဋ္ဌမက သီလဆောက်တည်ပုံကို ပါဠိတော် အဋ္ဌကထာတို့၌ တိုက်ရိုက်မပြကြ၊ ငါးပါးဆောက်တည်ပုံကို နည်းယူ၍ ရှေးပညာရှိတို့ ဆောက်တည်ကြဟန်တူ၏၊ ထိုရှစ်ပါးတို့တွင် နံပတ် တစ်မှ နံပတ် ခုနစ်ထိ သိက္ခာပုဒ်တို့မှာ သုစရိုက်ဆယ်ပါးတွင် ကာယကံ သုံးပါးနှင့် ဝစီကံလေးပါးတည်း၊ ထို ၇ ပါးလုံခြုံသော သူတော်ကောင်း၌ အသက်မွေးဝမ်းကြောင်းနှင့်ဆိုင်သော အရောင်းအဝယ် အလုပ်အကိုင်များ စင်ကြယ်ပါမူ အာဇီဝမဋ္ဌမက သီလ ဆောက်တည်သည်ဖြစ်စေ မဆောက်တည်သည်ဖြစ်စေ အမြဲလုံခြုံနေပါသည်၊

ငါးပါးသီလကို ဆောက်တည်သည်ဖြစ်စေ မဆောက်တည်သည်ဖြစ်စေ လွန်ကျူးလျှင် အပြစ်ရှိသကဲ့သို့ အာဇီဝမဋ္ဌမက သီလကိုလည်း ဆောက်တည်သည်ဖြစ်စေ မဆောက်တည်သည်ဖြစ်စေ လွန်ကျူးလျှင် အပြစ်ရှိ၏၊ငါးပါးသီလသည် သူတော်ကောင်းတို့ အမြဲစောင့်ထိန်းရမည့် သီလဖြစ်သကဲ့သို့ ဤအာဇီဝမဋ္ဌမက သီလသည်လည်း အထက်တန်းသူတော်စင်တို့ အမြဲထိန်းရမည့် သီလဖြစ်သည်၊ဤ အာဇီဝမဋ္ဌမက သီလကို ကျမ်းဂန်များ၌ အာဒိဗြဟ္မစရိယသီလ ဟုလည်းခေါ်သေး၏၊ဤ အာဇီဝမဋ္ဌမက သီလလုံခြုံမှ မဂ်ဖိုလ်ကို ရနိုင်၏၊ ဤအာဇီဝမဋ္ဌမက သီလ မလုံခြုံလျှင် မဂ်ဖိုလ်မရနိုင် ။ ထို့ကြောင့် ဤအာဇီဝမဋ္ဌမကသီလသည် မဂ်ဟူသော မြတ်သောအကျင့်၏ အခြေခံသီလ ဖြစ်သည်၊






zawgyi


အာဇီဝ႒မက သီလရွင္းတမ္းႏွင့္ သီလေဆာက္တည္ပုံ


ဤအာဇီဝ႒မကသီလ ကို ကြၽန္ေတာ္တို႔လို အိမ္ေထာင္က်ၿပီး စီးပြားေရးႏွင့္ ႐ုန္းကန္ေနသူမ်ားအတြက္ အလြန္သင့္ေလ်ာ္လွေပသည္ ။

သီလထဲကတစ္ပါးက်ိဳးေပါက္သြားရင္

အကုန္လုံးမက်ိဳးေပါက္ပါဘူး ။ အဲဒီ က်ိဳးေပါက္သြားတဲ့ တစ္ပါးကို ပဲ ျပန္တည္ေဆာက္ ရင္

သီလျပန္တည္တယ္လို႔သိရပါတယ္ ။

ဤအာဇီဝ႒မကသီလသည္ တစ္ႀကိမ္ေလာက္ ေဆာက္တည္ၿပီးျဖစ္လွ်င္ အသက္ေမြး

စင္ၾကယ္သမွ် ပိသုဏဝါစာ စသည္ကို မေျပာဆိုသမွ် သီလမပ်က္ေသာေၾကာင့္ ေန႔စဥ္

ေဆာက္တည္ဖြယ္ မလို ။ အျခားေသာ ၅ပါး ၈ပါးသီလမ်ားလည္း မက်ိဳးမပ်က္သမွ် ထပ္၍

ေဆာက္တည္ဖြယ္ မလို ။ သို႔ေသာ္ ထပ္၍ ေဆာက္တည္ျခင္းေၾကာင့္ကား အျပစ္မျဖစ္ပါ ။

အာဇီဝ႒မက ။ ။ အသက္ေမြးဝမ္းေက်ာင္းအတြက္ ပစၥည္းဥစၥာ ရွာေဖြရေသာ အလုပ္

အကိုင္ အေရာင္းအဝယ္ ဟူသမွ်ကို ပါဠိလို " အာဇီ၀ " ဟုေခၚ၏ ။ မတရားေသာ ပစၥည္း

ရွာေဖြမႈကို " မိစာၦဇီ၀ " ဟုေခၚ၏ ။ ထိုမိစာၦဇီ၀ မွ ေရွာင္ၾကဥ္လ်က္ တရားသျဖင့္ ပစၥည္းရ

ေအာင္ ရွာေဖြမႈကို " သမၼာအာဇီ၀ " ဟုေခၚ၏ ။ ၈ပါး ေျမာက္ သိကၡာပုဒ္ေတာ္ ကို ပါဠိလို

" အ႒မ " ဟုေခၚ၏ ။ ပါဏာတိပါတာ ေဝရမဏိမွစ၍ ေရတြက္လွ်င္ မိစာၦဇီဝါ ေဝရမဏိသည္

၈ပါး ေျမာက္ သိကၡာပုဒ္တည္း ။ ထို႔ေၾကာင့္ မိစာၦဇီဝမွ ေရွာင္ၾကဥ္မႈလွ်င္ ၈ပါးေျမာက္ရွိေသာ

သီလကို " အာဇီဝ႒မကသီလ " ဟုေခၚသည္ ။

ငါးပါးသီလကို ေဆာက္တည္သည္ျဖစ္ေစ ၊ မေဆာက္တည္သည္ျဖစ္ေစ လြန္က်ဴး

လွ်င္အျပစ္ရွိသကဲ့သို႔ ဤ အာဇီဝ႒မကသီလ ကိုလည္း ေဆာက္တည္သည္ျဖစ္ေစ ၊

မေဆာက္တည္သည္ျဖစ္ေစ လြန္က်ဴးမိလွ်င္ အျပစ္ရွိ၏ ။ ငါးပါးသီလသည္ သူေတာ္ေကာင္း

တို႔ အၿမဲေစာင့္ထိန္းရမည့္ ကိုယ္က်င့္သီလ ျဖစ္သကဲ့သို႔ ဤ အာဇီဝ႒မကသီလလည္း

အထက္တန္း သူေတာ္စင္တို႔ အၿမဲထိန္းရမည့္ ကိုယ္က်င့္သီလ ျဖစ္သည္ ။ ဤအာဇီဝ႒မက

သီလ လုံၿခဳံမွ မဂ္ဖိုလ္ ကို ရႏိုင္၏ ။ အာဇီဝ႒မကသီလ မလုံၿခဳံလွ်င္ မဂ္ဖိုလ္ မရႏိုင္ ။

ထို႔ေၾကာင့္ " ဤ အာဇီဝ႒မကသီလ သည္ မဂ္ ဟူေသာ ျမတ္ေသာအက်င့္၏ အစ အေျခခံ

သီလ ျဖစ္သည္ " ဟုမွတ္ပါ ။ ( အရွင္ဇနာကာဘိဝံသ ၏ ပထမက်မ္းစာ ရတနာ့ဂုဏ္ရည္ )


အာဇီဝ႒မကသီလ

အဟံ ဘေႏၲ တိသရေဏန သဟ ၊ အာဇီဝ႒မကသီလံ ဓမၼံယာစာမိ ၊ အႏုဂၢဟံ ကတြာ ၊

သီလံ ေဒထ ေမ ဘေႏၲ ၊

ဒုတိယမၸိ အဟံ ဘေႏၲ တိသရေဏန သဟ ၊ အာဇီဝ႒မကသီလံ ဓမၼံယာစာမိ ၊ အႏုဂၢဟံ

ကတြာ ၊ သီလံ ေဒထ ေမ ဘေႏၲ ၊

တတိယမၸိ အဟံ ဘေႏၲ တိသရေဏန သဟ ၊ အာဇီဝ႒မကသီလံ ဓမၼံယာစာမိ ၊ အႏုဂၢဟံ

ကတြာ ၊ သီလံ ေဒထ ေမ ဘေႏၲ ၊

ဗုဒၶံ သရဏံ ဂစာၦမိ ၊ ဓမၼံ သရဏံ ဂစာၦမိ ၊ သံဃံ သရဏံ ဂစာၦမိ ၊

ဒုတိယမၸိ ဗုဒၶံ သရဏံ ဂစာၦမိ ၊ ဒုတိယမၸိ ဓမၼံ သရဏံ ဂစာၦမိ ၊ဒုတိယမၸိ သံဃံ သရဏံ ဂစာၦမိ ၊

တတိယမၸိ ဗုဒၶံ သရဏံ ဂစာၦမိ ၊တတိယမၸိ ဓမၼံ သရဏံ ဂစာၦမိ ၊တတိယမၸိ သံဃံ သရဏံ

ဂစာၦမိ ၊

၁ ။ ပါဏာတိပါတာ ေဝရမဏိသိကၡာပဒံ သမာဒိယာမိ ၊

၂ ။ အဒိႏၷာဒါနာ ေဝရမဏိသိကၡာပဒံ သမာဒိယာမိ ၊

၃ ။ ကာေမသုမိစာၦစာရာ ေဝရမဏိသိကၡာပဒံ သမာဒိယာမိ ၊

၄ ။ မုသာဝါဒါ ေဝရမဏိသိကၡာပဒံ သမာဒိယာမိ ၊

၅ ။ ပိသုဏဝါစာ ေဝရမဏိသိကၡာပဒံ သမာဒိယာမိ ၊

၆ ။ ဖ႐ုသဝါစာ ေဝရမဏိသိကၡာပဒံ သမာဒိယာမိ ၊

၇ ။ သမၹပၸလာပဝါစာ ေဝရမဏိသိကၡာပဒံ သမာဒိယာမိ ၊

၈ ။ မိစာၦဇီဝါ ေဝရမဏိသိကၡာပဒံ သမာဒိယာမိ ။

( ၾကည့္ရႈရန္ အဓိပၸာယ္ )

အရွင္ဘုရား တပည့္ေတာ္ ( တပည့္ေတာ္မ ) သည္ ၊ သရဏဂုံသုံးပါးႏွင့္တကြ အာဇီဝ႒မက

သီလ ဟူေသာ သိကၡာပုဒ္အက်င့္ကို ေတာင္းပါ၏ ။

၁ ။ ပါဏာတိပါတာ = သူတစ္ပါး အသက္ကိုသတ္ျခင္းမွ ေရွာင္ၾကဥ္ပါ၏ ။

၂ ။ အဒိႏၷာဒါနာ = သူတစ္ပါး ပစၥည္းဥစၥာ ကို ခိုးယူျခင္းမွ ေရွာင္ၾကဥ္ပါ၏ ။

၃ ။ ကာေမသုမိစာၦစာရာ = သူတစ္ပါးသားမယား ကို က်ဴးလြန္ျခင္းမွေရွာင္ၾကဥ္ပါ၏ ။

၄ ။ မုသာဝါဒါ = မဟုတ္မမွန္ေသာစကားကို ေျပာဆိုျခင္းမွ ေရွာင္ၾကဥ္ပါ၏ ။

၅ ။ ပိသုဏဝါစာ = ေခ်ာပစ္ ကုန္းတိုက္မႈ မွ ေရွာင္ၾကဥ္ပါ၏ ။

၆ ။ ဖ႐ုသဝါစာ = အယုတ္တမာဆဲဆိုမႈ မွ ေရွာင္ၾကဥ္ပါ၏ ။

၇ ။ သမၹပၸလာပဝါစာ = ၿပိန္ဖ်င္းေသာ စကားကို ေျပာဆိုမႈမွေရွာင္ၾကဥ္ပါ၏ ။

၈ ။ မိစာၦဇီဝါ = မတရားေသာဥစၥာပစၥည္းရွာေဖြမႈမွ ေရွာင္ၾကဥ္ပါ၏ ။

သတိျပဳရန္ ။ ။ ရဟန္းမ်ားထံ သီလမေတာင္းဘဲ မိမိဘာသာ ႐ုပ္ပြားေတာ္ ၊ ေစတီ

ေရွ႕ဝယ္ ေဆာက္တည္ၾကရာ၌ " အဟံ ဘေႏၲ " စေသာ သီလ

ေတာင္းမ်ားကို ဆိုစရာမလိုပါ ။ " ဗုဒၶံ သရဏံ ဂစာၦမိ " ကစ၍

" မိစာၦဇီဝါ ေဝရမဏိ " တိုင္ေအာင္ ဆိုပါေလ ။

အာဇီဝ႒မကသီလ ကို အသက္ထက္ဆုံး ေဆာက္တည္ႏိုင္ေသာ ပုဂၢိဳလ္ထူး ၊ ပုဂၢိဳလ္ျမတ္

ျဖစ္ပါေစ ။


ဤ အာဇီဝမ႒မက သီလသည္ တစ္ႀကိမ္ေလာက္ေဆာင္တည္ၿပီးလွ်င္ အသက္ေမြးစင္ၾကယ္သမွ် ပိသုဏဝါစာ စသည္ကို မေျပာဆိုသမွ် သီလမပ်က္ေသာေၾကာင့္ ေန႔စဥ္ေဆာက္တည္ဖြယ္ မလို၊အျခားေသာ ငါးပါး ရွစ္ပါးသီလမ်ားလည္း မက်ိဳးပ်က္ ေသးသမွ် ေနာက္ထပ္ေဆာက္တည္ဖြယ္မလို ၊ သို႔ေသာ္ ထပ္၍ေဆာက္တည္ျခင္း၌ကား အျပစ္မရွိ။



အာဇီဝမ႒မက- အသက္ေမြးဝမ္းေၾကာင္းအတြက္ ပစၥည္းဥစၥာ ရွာေဖြရေသာ အလုပ္အကိုင္ အေရာင္းအဝယ္ဟူသမွ်ကို ပါဠိလို အာဇီဝဟုေခၚ၏၊ မတရားေသာ ပစၥည္းရွာေဖြမႈကို မိစာၦဇီ၀ ဟုေခၚ၏၊ ထိုမိစာၦဇီဝမွ ေရွာင္ၾကဥ္လ်က္ တရားသျဖင့္ ပစၥည္းရေအာင္ ရွာေဖြမႈကို သမၼာအာဇီဝဟု ေခၚ၏၊ ရွစ္ပါးေျမာက္ သိကၡာပုဒ္ေတာ္ကို ပါဠိလို အ႒မက ဟုေခၚ၏။


ပါဏာတိပါတမွ ေရတြက္လ်င္ မိစာၦဇီဝါ ေဝရမဏိသည္ ရွစ္ပါးေျမာက္တည္း၊ ထို႔ေၾကာင့္ မိစာၦဇီဝမွ ေရွာင္ၾကဥ္မႈလ်င္ ရွစ္ပါးေျမာက္ရွိေသာ သီလကို အာဇီဝမ႒မက သီလဟုေခၚ၏၊


ဤအာဇီဝမ႒မက သီလေဆာက္တည္ပုံကို ပါဠိေတာ္ အ႒ကထာတို႔၌ တိုက္႐ိုက္မျပၾက၊ ငါးပါးေဆာက္တည္ပုံကို နည္းယူ၍ ေရွးပညာရွိတို႔ ေဆာက္တည္ၾကဟန္တူ၏၊ ထိုရွစ္ပါးတို႔တြင္ နံပတ္ တစ္မွ နံပတ္ ခုနစ္ထိ သိကၡာပုဒ္တို႔မွာ သုစ႐ိုက္ဆယ္ပါးတြင္ ကာယကံ သုံးပါးႏွင့္ ဝစီကံေလးပါးတည္း၊ ထို ၇ ပါးလုံၿခဳံေသာ သူေတာ္ေကာင္း၌ အသက္ေမြးဝမ္းေၾကာင္းႏွင့္ဆိုင္ေသာ အေရာင္းအဝယ္ အလုပ္အကိုင္မ်ား စင္ၾကယ္ပါမူ အာဇီဝမ႒မက သီလ ေဆာက္တည္သည္ျဖစ္ေစ မေဆာက္တည္သည္ျဖစ္ေစ အၿမဲလုံၿခဳံေနပါသည္၊

ငါးပါးသီလကို ေဆာက္တည္သည္ျဖစ္ေစ မေဆာက္တည္သည္ျဖစ္ေစ လြန္က်ဴးလွ်င္ အျပစ္ရွိသကဲ့သို႔ အာဇီဝမ႒မက သီလကိုလည္း ေဆာက္တည္သည္ျဖစ္ေစ မေဆာက္တည္သည္ျဖစ္ေစ လြန္က်ဴးလွ်င္ အျပစ္ရွိ၏၊ငါးပါးသီလသည္ သူေတာ္ေကာင္းတို႔ အၿမဲေစာင့္ထိန္းရမည့္ သီလျဖစ္သကဲ့သို႔ ဤအာဇီဝမ႒မက သီလသည္လည္း အထက္တန္းသူေတာ္စင္တို႔ အၿမဲထိန္းရမည့္ သီလျဖစ္သည္၊ဤ အာဇီဝမ႒မက သီလကို က်မ္းဂန္မ်ား၌ အာဒိျဗဟၼစရိယသီလ ဟုလည္းေခၚေသး၏၊ဤ အာဇီဝမ႒မက သီလလုံၿခဳံမွ မဂ္ဖိုလ္ကို ရႏိုင္၏၊ ဤအာဇီဝမ႒မက သီလ မလုံၿခဳံလွ်င္ မဂ္ဖိုလ္မရႏိုင္ ။ ထို႔ေၾကာင့္ ဤအာဇီဝမ႒မကသီလသည္ မဂ္ဟူေသာ ျမတ္ေသာအက်င့္၏ အေျခခံသီလ ျဖစ္သည္၊



Post a Comment

0 Comments