ဆေးလှူခြင်းအကျိုး(၁၀) ပါး
💢💢💢💢💢💢💢💢💢💢
#သဒ္ဓါ၊ မေတ္တာ၊ ကရုဏာ၊ ပညာဖြင့် မကျန်းမာသူအားလုံး
ကျန်းမာအောင် ဆေးဝါးကုသပေးလျှင် ဆေးဝါးဓာတ်စာ
လှူဒါန်းပေးကမ်းလျှင် ဆေးကုသနိုင်အောင် ဆေးရုံဆေးခန်း
ဆောက်လုပ်ပေးလျှင် ထိုမွန်မြတ်သော စိတ်ထားရှိသူ
( ၁ ) ဘဝတိုင်း အသက်ရှည်သည်။ သက်တမ်းစေ့အောင်
ကျော်အောင် နေရသည်။
( ၂) ဥပဓိရုပ်ပြည့်စုံ၍ ရုပ်ဆင်းလှပသည်။
( ၃) ကိုယ်စိတ်နှစ်ပါး ချမ်းသာအေးမြသည်။
( ၄ ) ကာယဗလပြည့်စုံသည်။ ခွန်အားကောင်းသည်။
( ၅ ) ဉာဏ်ကြီးမား ထက်မြက်သည်။
အရာရာ အသိစူးရှထက်မြက်သည်။
( ၆ ) ချစ်ခင်မြတ်နိုးအပ်သည့် ဆွေမျိုးမိတ်ဆွေများနှင့်
မကွဲမကွာ ရာသက်ပန်တစ်သက်လုံး အတူနေရသည်။
( ၇ ) ဆင်းရဲမှုကင်းသည်။ အောက်ကျနောက်ကျ အခြေအနေမဲ့
မဖြစ်ရ။ စိုးရိမ်ကြောင့်ကြ ပူပန်စရာကင်းသည်။
( ၈ ) ဆန့်ကျင်ဖက် ဘေးရန် ကင်းဝေးသည်။
မည်သည့်သက်ရှိသက်မဲ့ ဘေးရန်ကမျှ အနှောင့်အယှက်
မပေးနိုင်ကြ။
( ၉ ) စိတ်၏ချမ်းသာကြောင်း အခြံအရံကောင်းများနှင့်
ပြည့်စုံသည်။ ဆွေမျိုးမိတ်ဆွေကောင်း ပေါများသည်။
( ၁၀ ) အများ၏ ရိုသေလေစားမြတ်နိုးမှုကို ခံယူရသည်။
#တိပိဋကဓမ္မဘဏ္ဍာဂါရိက( ယော ) ဆရာတော်ဘုရားကြီး
0 Comments