ရပ်ပြစ်ရှစ်ပါး
ရပ်ပြစ်ရှစ်ပါး = မဂ် ဖိုလ် တရားရအောင် အားထုတ်ခွင့် မရသော အရပ်ဖြစ်၍ "ရပ်ပြစ်" ဟု ခေါ်သည်။
"ဘုရားပွင့်ခါ၊ ပါယ်သုံးရွာနှင့်၊ ဒီဃာယုနတ်၊ ဖြစ်လတ်ပစ္စန်၊ မိစ္ဆာဉာဏ်ရှိ၊ ဉာဏ်မရှိသား၊ ဉာဏ်ရှိငြားလည်း၊ ဘုရားမဖြစ်၊ ကျမ်းဂန်လှစ်သည်၊ ရပ်ပြစ်ရှစ်ပါး သရုပ်တည်း။"
(၁၊၂၊၃) ဘုရားပွင့်ခါ ပါယ်သုံးရွာ
ဘုရားပွင့်နေဆဲ ငရဲ ၊ တိရစ္ဆာန် ၊ပြိတ္တာ အပါယ်သုံးဘုံ၌ ဖြစ်ရသူများ (အသူရကယ်ကို ပြိတ္တာဘုံ၌ သွင်းယူရသည်)။
(၄) ဒီဃာယုနတ်
အသက်ရှည်သော နတ် ဗြဟ္မာများ (ဘုရားပွင့်ဆဲအခါ လွန်စွာ အသက်ရှည်ကြ၍ ဘုရားရှင်ကို မဖူးတွေ့နိုင်သော အသညသတ်ဗြဟ္မနှင့် အရူပဗြဟ္မာ တို့ ဖြစ်ကြသည်။) အသညသတ်ဗြဟ္မာ - ရုပ်ခန္ဓာသာရှိ၍ နာမ်ခန္ဓာမရှိ။ အရူပဗြဟ္မာ - နာမ်ခန္ဓာသာရှိ၍ ရုပ်ခန္ဓာမရှိ၊ ထို့ကြောင့် ဘုရားပွင့်သော်လည်း တရား မနာနိုင်ကြပေ။
(၅) ဖြစ်လတ်ပစ္စန်
ဘုရားရှင်နှင့် ရဟန်းသံဃာတော်များ မရောက်နိုင်သော အစွန်အဖျား တောကြိုတောင်ကြား အရပ် (ပစ္စန္တရစ်သား)။
(၆) မိစ္ဆာဉာဏ်ရှိ
ဘုရားပွင့်ဆဲ သာသနာတော်တည်ဆဲ အခါ မိစ္ဆာဒိဋ္ဌိ အယူရှိသူများ
(၇) ဉာဏ်မရှိသား
တရားတော်ကို နားလည်လောက်သော ဉာဏ်မရှိသူများ
(၈) ဉာဏ်ရှိငြားလည်း - ဘုရားမဖြစ်
တရားတော်ကို တတ်သိ နားလည်သော ဉာဏ်ရှိသော်လည်း ဘုရားသာသနာ မရှိသောအခါ လူဖြစ်ရသူများ။
Zawgyi
ရပ္ျပစ္ရွစ္ပါး
ရပ္ျပစ္ရွစ္ပါး = မဂ္ ဖိုလ္ တရားရေအာင္ အားထုတ္ခြင့္ မရေသာ အရပ္ျဖစ္၍ "ရပ္ျပစ္" ဟု ေခၚသည္။
"ဘုရားပြင့္ခါ၊ ပါယ္သုံး႐ြာႏွင့္၊ ဒီဃာယုနတ္၊ ျဖစ္လတ္ပစၥန္၊ မိစာၦဉာဏ္ရွိ၊ ဉာဏ္မရွိသား၊ ဉာဏ္ရွိျငားလည္း၊ ဘုရားမျဖစ္၊ က်မ္းဂန္လွစ္သည္၊ ရပ္ျပစ္ရွစ္ပါး သ႐ုပ္တည္း။"
(၁၊၂၊၃) ဘုရားပြင့္ခါ ပါယ္သုံး႐ြာ
ဘုရားပြင့္ေနဆဲ ငရဲ ၊ တိရစာၦန္ ၊ၿပိတၱာ အပါယ္သုံးဘုံ၌ ျဖစ္ရသူမ်ား (အသူရကယ္ကို ၿပိတၱာဘုံ၌ သြင္းယူရသည္)။
(၄) ဒီဃာယုနတ္
အသက္ရွည္ေသာ နတ္ ျဗဟၼာမ်ား (ဘုရားပြင့္ဆဲအခါ လြန္စြာ အသက္ရွည္ၾက၍ ဘုရားရွင္ကို မဖူးေတြ႕ႏိုင္ေသာ အသညသတ္ျဗဟၼႏွင့္ အ႐ူပျဗဟၼာ တို႔ ျဖစ္ၾကသည္။) အသညသတ္ျဗဟၼာ - ႐ုပ္ခႏၶာသာရွိ၍ နာမ္ခႏၶာမရွိ။ အ႐ူပျဗဟၼာ - နာမ္ခႏၶာသာရွိ၍ ႐ုပ္ခႏၶာမရွိ၊ ထို႔ေၾကာင့္ ဘုရားပြင့္ေသာ္လည္း တရား မနာႏိုင္ၾကေပ။
(၅) ျဖစ္လတ္ပစၥန္
ဘုရားရွင္ႏွင့္ ရဟန္းသံဃာေတာ္မ်ား မေရာက္ႏိုင္ေသာ အစြန္အဖ်ား ေတာႀကိဳေတာင္ၾကား အရပ္ (ပစၥႏၲရစ္သား)။
(၆) မိစာၦဉာဏ္ရွိ
ဘုရားပြင့္ဆဲ သာသနာေတာ္တည္ဆဲ အခါ မိစာၦဒိ႒ိ အယူရွိသူမ်ား
(၇) ဉာဏ္မရွိသား
တရားေတာ္ကို နားလည္ေလာက္ေသာ ဉာဏ္မရွိသူမ်ား
(၈) ဉာဏ္ရွိျငားလည္း - ဘုရားမျဖစ္
တရားေတာ္ကို တတ္သိ နားလည္ေသာ ဉာဏ္ရွိေသာ္လည္း ဘုရားသာသနာ မရွိေသာအခါ လူျဖစ္ရသူမ်ား။
0 Comments