Advertisement

Responsive Advertisement

ဂါရဝတရား ၁၀ ပါး




ဂါရဝတရား ဆိုတာ ရိုသေလေးစားမှုပဲ..
လူကြီး၊ မိဘ၊ ဆရာသမား၊ ကိုယ့်ကိုယ် ပြောဆိုဆုံးမတဲ့သူ၊ တရားဟောဆရာ၊ ကျေးဇူးရှိသူ၊ အသက်ဂုဏ်ဝါကြီးသူ၊ သက်တူရွယ်တူ၊ မိမိထက် ငယ်သူ အားလုံးကို ရိုသေလေးစားစွာ ပြုမူပြောဆို ဆက်ဆံခြင်းကိုပင် ဂါရဝတရား ရှိတယ်လို့ဆိုတယ်..။

ကြီးသူ ရိုသေ ရွယ်တူ လေးစား ငယ်သူသနားဆိုပြီး ယဉ်ကျေးသော လူမှုအသိုင်းဝိုင်းတွေမှာ သုံးဆွဲကြတယ်.. ရိုသေလေးစားမှုမှမရှိရင် လူယဉ်ကျေးလို့ မဆိုထိုက်ဘူး..
ဘုရားရှင်ကိုယ်တော်တိုင် ဂါဝတရားရှိသူသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်း ဟောကြားခဲ့တယ်..။
ဂါဝတရား မရှိသူသည် ကျေးဇူးပြစ်မှားသူနဲ့ အတူတူသာဖြစ်တယ်..
သည်အကြောင်းနဲ့ပတ်သတ်လို့ စာပေမှာလာတဲ့ ဂါရဝတရားတွေကို ရှုစေလိုပါတယ်..
~~~~ ဂါရဝတရား (၁၀) ပါး ~~~~~~
(
၁) ဗုဒ္ဓဂါရ၀- ဘုရားရှင်အားလေးစားရခြင်း၊
(၂) ဓမ္မဂါရ၀- တရားတော်အား လေးစားရခြင်း၊
(၃) သံဃဂါရ၀- သံဃာတော်အားလေးစားရခြင်း၊
(၄) သိက္ခာ ဂါရ၀- ကျင့်ကြံလေ့လာမှု၌ လေးစားရခြင်း၊
(၅) သမာဓိ ဂါရ၀-တည်ကြည်ဖြောင့်မတ်မှု၌ လေးစားရခြင်း၊
(၆) အပ္ပမာဒ ဂါရ၀-ကောင်းမှုမင်္ဂလာ၌ မမေ့မပေါ့ လေးစားရခြင်း၊
(၇) ပဋိသန္တာရ ဂါရ၀- ပေါင်းသင်းဆက်ဆံမှု ပြေပြစ်ချောမောရေး၌လေးစားရခြင်း၊
(၈) ဟိရီ ဂါရ၀- မကောင်းမှုပြုလုပ်ရမည်မှ ရှက်ခြင်း၌ လေးစားရခြင်း၊
(၉) သြတ္တပ္ပ ဂါရ၀- မကောင်းမှုပြုလုပ်ရမည်မှ ကြောက်ခြင်း၌ လေးစားရခြင်း၊
(၁၀) အညမည ဂါရ၀-အချင်းချင်း အတူနေသူများအား တစ်ဦးကိုတစ်ဦး လေးစားရိုသေမှုရှိရခြင်း။ စသည်တို့ဖြစ်သည်…။ ။ အင်္ဂုတ္ထိုရနိကာယ

Post a Comment

0 Comments