ကျနော်တို့ ဗုဒ္ဓဘာသာတွေ ကုသိုလ်လုပ် အမျှဝေတဲ့အခါ ယမမင်းကို အမျှဝေလေ့ရှိပါတယ်..
ယမမင်းကိုဘာလို့အမျှဝေတာလဲဆိုတော့။
ယမမင်းဟာစာတုမဟာရာဇ်ဘုံးသားနတ်တစ်မျိုးဖြစ်တယ်
ဝိနိပါတိကအသူရာနတ်မျိုးလဲဖြစ်တယ် သူဟာတစ်ရံတစ်ခါ နတ်စည်းစိမ်ခံစားရသလို
တစ်ရံတစ်ခါ အကုသိုလ်အကျိုးကိုလဲ ခံစားရသူပါ။ ဒါ့ကြောင့်ယမမင်းဟာ
ကိုယ်ချင်းစာတရားရှိသူပါ ပြီးတော့သူဟာ လူဖြစ်ချင်နေတဲ့သူပါ။
ယမင်းဆီကို လူတိုင်းရောက်မသွားနိုင်ပါဘူး ပြီးတော့ ယမမင်းဟာလဲ တစ်ရောက်ထဲမဟုတ်ပါဘူး လူ့ပြည်မှုာလူတွေ ရုံးထိုင်သလို ယမမင်းတွေဟာလဲ ငရဲလေးဘက်လေးလံမှာ ဗိန့်မာန်နဲ့နေကြတယ် အကုသိုလ်နဲ့ ကုသိုလ်ညီမျှနေသူ တွေသာ
ယမမင်းဆီ အစစ်စေးခံရဖို့ ရောက်သွားကြတယ်။ ယမမင်းဟာ အမြဲပြုံးနေတဲ့မင်းပါ
ငရဲအာရုံတွေကိုတွေ့ပြီး ငရဲသတ္တဝါတွေကြေက်သွားမှာစိုးလို့ အမြဲပြုံးနေတာပါ။ ဒါယမမင်းရဲ့ကိုရေးအကျဉ်းပါပဲ။
ဘာလို့သူ့ကိုမျှဝေခြင်းထဲကို ထဲ့ပြီး တစ်သီးတစ်ခြားထဲ့ဝေရသလဲဆိုရင်။ ဒေဝဒူတသုတ္တာန်မှာ
လာတာလေးကို ပြောပြပါ့မယ်။ ငရဲရောက်လာသူတွေကို ယမမင်းကအမျိုးမျိုးစစ်မေးတယ် ရည်ရွယ်ချက်က ကုသိုလ်တွေကို ပြန်လယ်အမှတ်ရပြီး ကောင်းရာကိုပြန်သွားနိုင်ဖို့မေးစစ်တာပါ။ သူအမျိုးမျိုးမေးပြီးတာတောင် ငရဲရောက်လာသူက ငရဲအာရုံတွေကိုမြင်ပြီး ကြောက်လန့်လို့ အမှတ်မရရင် ယမမင်းဟာ ဒီလူသားင့ါကိုအမျှဝေဖူးလားပြန်တွေးကြည့်တယ် တစ်ခါလေးဝေဖူးရင်တောင် ယမမင်းကမှတ်မိတယ် ဘာလို့လဲဆိုတော့ ယမမင်းဟာ လူဖြစ်ချင်လွန်းလို့ ကုသိုလ်တွေလုပ်ချင်ပေမဲ့ အခက်ခဲရှိနေခဲ့တာမို့ သူများဝေတဲ့အမျှကိုပဲနားစွင့်နေတာလေ ဒါ့ကြောင့်သူ့ကိုအမျှဝေဖူးရင် သူကထောက်ပြတယ် ဘယ်တုန်းဘယ်တုန်းက သင်ငါကိုအမျှဝေဖူးတယ်လေ စသင့်အရိပ်လေးတွေပြတယ် ဒါမှမရသေးရင် နိမိတ်တွေပြတယ် ဆိုပါဆို့သင်္ကန်းလှူတုန်းက ယမမင်းကိုနာမည်တပ်ပြီးအမျှဝေဖူးရင် ယမမင်းဟာ သင်္ကန်းပုံတွေမြင်အောင် လုပ်ပြတယ် အဲ့အခါပြန်မှတ်မိသွားရင် သင်ဟာငရဲနဲ့မတန်ဘူး ဆိုပြီးပြောလိမ့်မယ် ဒါဆိုထိုက်သင့်တဲ့ဘုံကိုရောက်သွားမယ်။ ယမမင်းကိုတိုင်တွေးလို့လဲမရဘူး ငရဲရောက်လာသူကလဲ မမှက်မိနိုင်ဘူးဆိုရင် ယမမင်းဟာဆိတ်ဆိတ်နေလိုက်တယ် ခနကြာရင် ငရဲထိန်းတွေကလာခေါ်သွားရော။ ဒီဒေဝဒူတသုတ္တာန်စကားကို အမှီပြုပြီး အမျှဝေတဲ့အထဲ ရှေ့ဆရာတော်ကြီးတွေက အမျှော်မြင်ကြီးစွာ လူသားတွေအကျိုးများအောင် ယမမင်းကိုသီးခြားနာနည်တပ်ပြီး ထဲ့ထားပေးခဲ့တာပါ။ ရိုးရိုး ၃၁ဘုံခြုံဝေတာနဲ့ နာမည်တပ်ဝေတာက ကွားခြားပါတယ်။

0 Comments