သေခါနီးမှာ စည်းသုံးတန် ကျော်ရမယ်
( ၁ ) ပထမစည်း
' ဝေဒနာပြင်းထန်လာချိန်မှာ ဒီတောင်ကို ကျော်နိုင်ပါမလား " ဆိုတာ ဒီအချိန်မှာ ကိုယ်စောင့်ဘာဝနာတွေ ပွားမထားခဲ့ရင်
ငါသေတော့မယ်ဆိုတဲ့ အတွေးဝင်တော့မယ်။
ကြောက်စိတ်ဝင်တော့မယ်။
( ၂ ) ဒုတိယစည်း
" ငါမိသားစုနဲ့ ခွဲရတော့မယ် " ဆိုတဲ့အသိ
အတွေး ဒီအသိ ဒီအတွေးနဲ့ တွေးရင် မိသားစု
ခင်တွယ်စိတ်ကြောင့် ပြိတ္တာ ဖြစ်သွားတတ်တယ်။
( ၃ ) တတိယစည်း
မီးစာကုန် ဆီးခမ်းနေချိန် " ကိုယ်တွင်းက ဓါတ်လေးပါး ပဋိပက္ခကြား သတိမဝင်ရင် "
စွဲရာဘဝ သွားရတော့မှာနော်။ လယ်တီဆရာတော်ဘုရားကြီး ပြောခဲ့တာက
ဝိနိပါတိကဘေး ထန်းသီးခိုင်ကြီး ချပြီး ပစ်ထည့်
လိုက်သလို ဟိုတစ်လုံးဒီတစ်လုံး ဖွာလန်ကြဲပြီး
ရောက်မိရောက်ရာ ရောက်တော့မယ်နော်။
(မဟာဗောဓိမြိုင်ဆရာတော်ကြီး)
0 Comments