Advertisement

Responsive Advertisement

ပရဟိတလုပ်ရင်း ငရဲကျခဲ့သူ၏ ဖြစ်ရပ်မှန်


ပရဟိတလုပ်ရင်း ငရဲကျခဲ့သူ၏ ဖြစ်ရပ်မှန်
===================

ပရဟိတ အလှူကိုအကြောင်းပြ
အဲ့ထဲကငွေကတော့ရေတောင်ဝယ်မသောက်ကြပါနဲ့ ငရဲပြည်တန်းနေတာပဲဘုရားတကာ ကျောင်းတကာတစ်ယောက်ဟာ ကျောင်းအတွက် အလှူခံလှည့်လည်ရင်း အလှူခံခွက်ထဲက အဲ့ဒီထဲကငွေနဲ့ သူဟာ ကွမ်းဝယ်စားမိတယ် ကျောင်းပြန်ရောက်တော့လည်း အဲ့ငွေကိုပြန်မထည့်မိဘူးဝေရာဝစ္စ ကိစ္စပြီးစီးလို့ ဦးကဟာ သူအိမ်ရောက်တော့မူးတယ်ဆိုပြီးအသက်သေဆုံးသွားရှာတယ်အလှူခံရရှိတဲ့ကွမ်းစာသောငွေကိုပြန်ထည့်ဖို့ အချိန်မရလိုက်ဘူးအဲ့ဒီလိုနဲ့ သူ အိမ် ဘေးနားက ဦးခ တစ်ယောက် မကျန်းမမာဖြစ်နေတာကနေသတိမေ့ပြီးမျှောသွားတယ်

ဦးခဟာ မလွတ်မကျွတ်တဲ့ ဘုံတခုကိုခဏ ရောက်ရှိသွားတယ် သူအိမ်ဘေးက ဘုရား တရား အင်မတန် ရိုသေတဲ့ဘုရားဒကာဦးက ကို ပင်ပမ်းဆင်းရဲနေတာ ဦးခ တွေ့တော့ စိတ်မချမ်းသာပဲထိပ်လန့်စရာဖြစ်တာပေါ့ဦးခကိုဦးကဟာအိမ်ပြန်ရောက်ရင်ပြောပြပေးပါ သူကွမ်းစာဖို့အတွက် အလှူခံလှည့်ရင်း ငွေလေးအနည်းငယ်ယူမိခဲ့တဲ့အတွက် သူငရဲကျနေတာပါသူအိမ်တိုင်ထဲမှာ ငွေနဲ့ရွှေပြားထည့်ထားပါတယ် လူပြည်ပြန်ရောက်ချိန်မှာ သူအိမ်ကိုသေချာပြောပြပေးပါ မှာတယ် ဦးခမေ့မျှောနေရာမှ သတိရချိန်မှာ ဦးကရဲ့မိသားစုကိုခေါ်စေပြီး ဦးကမှာကြားတာကိုပြောပြတယ်

ဒါပေမယ့် ဦးကမိသားစုဟာလူကုံထံတွေပစ္စည်းဥစ္စာပေါကြွယ်သူမို့ သူအဖေရဲ့ သီလ သိက္ခာကိုလဲ ယုံကြည်တဲ့အတွက်ဦးခပြောတာကိုမယုံဘူး ဦးခကိုသူတို့အဖေဂုဏ်သိက္ခာ ချတယ်ဆိုပြီးစိတ်ဆိုးကျ ရုံးရောက်ဂါတ်ရောက်ဖြစ်ကြတယ်
အဲ့ဒီတင် ဦးခဟာ ကျွန်တော်ပြောတာ အမှန်ပါဦးက မှာတဲ့နေရာကိုသာ သေချာပြန်ရှာကြည့်ပါ ခင်ျော ကျွန်တော်ပြပေးပါ့မယ်မတွေကခဲ့လျှင် ခင်ဗျားတို့သဘောပါ တိုင်လိုကတိုင်ပါ အရေးယူလိုကယူပါပြောလိုက်တယ် ဦးကတို့အိမ်ထဲက အိမ်တိုင်ကို သေချာဦးကပြသပြောဆိုတဲ့နေရာမှာပဲဦးကညွန်တဲ့အတိုင်း ဦးခဟာဦးကသားသမီးတွေကို သူဘေးမှနေပြီး ရှာဖွေစေတဲ့အခါငွေ ၃၀၀ကျပ်နဲ ရွှေဒင်္ဂါး ပြားတွေကိုတွေ့ကြတယ်အဲ့ဒီတော့မှ သားသမီးများဆွေမျိုးများ အားလုံးဟာအံအားသင့်လို့ယုံကြည်ကြပါတယ်..

အမှတ်မထင် သူတပါးလှူတန်းထားတာကို မဖြစ်စလောက်လေး ယူခဲ့မိရင်တောင် ငရဲကျခံရတတ်ပါတယ်အဲ့ဒီတာ့ ပရဟိတလုပ်နေကြပြီး သူတပါးအလှူငွေကိုရေတောင်မှဝယ်မသောက်ပါနဲ့သူတပါး အလှူငွေကိုလည်းယူရဲလို့ ယူကျတာမို့ သူအကုသိုလ် သူယူတာမို့ပရဟိတ လုပ်ရင်းငရဲကျမဲ့သူများဟာသူဘ၀အကြောင်းသူပါပဲလို့စိတ်ထားလိုက်ပါတယ်။

Credit: Luckymyanmar

Post a Comment

0 Comments