Advertisement

Responsive Advertisement

ရွှေတိဂုံဘုရားမှ ရွှေများအကြောင်း


မြန်မာပြည်ရဲ့ အထင်ကရ၊ ဗုဒ္ဓဘာသာနိုင်ငံလို့ သသေပြနိုင်တဲ့ ကမ္ဘာကျော် ရွှေတောင်ကြီးခေါ် ရွှေတိဂုံဘုရားအကြောင်းကို

 ဗုဒ္ဓဘာသာဝင်များ သဒ္ဓါတရား တိုးပွားနိုင်ရန် ရေးသားဖော်ပြရခြင်းဖြစ်ပါတယ်..

တန်ဘိုးမဖြတ်နိုင်တဲ့ ပတ္တမြား လုံးချော ပေါင်း ၂၃၁၇ လုံး

ကမ္ဘာက သုတေသီတွေ ပြုစုထားတဲ့ စာတမ်းတွေအရ ရွှေတိဂုံစေတီတော်ကို ရွှေတုံး ရွှေပြားများ မရေတွက်နိုင်တဲ့ ကျောက်မျက်ရတနာများနဲ့ တည်ထားတယ်လို့ဆိုပါတယ် ။
ရွှေတိဂုံစေတီတော်ရဲ့ လုံးပတ်ကို အခေါက်ရွေ တန်ချိန် ၆၀ ကို ရွှေချပ်အထူတွေသွန်းပြီး ၀က်အူနဲ့ စုတ် ထားတာပါ။
( ၂၀၁၃ ) ဧပြီလစာရင်းအရ ….
၃၂၆ ပေ မြင့်တဲ့ ရွှေတိဂုံစေတီတော်ရဲ့ လုံးပတ်ကို ရွှေချိန် ရွှေချပ် တန် ၆၀ ( ၈ ဘီလျှံ ဒေါ်လာကျော် လက်ရှိတန်ဘိုးရှိတဲ့ ရွှေချပ်တွေ ) နဲ့ ပတ်ပတ်လည် ၀က်အူစုတ် ထားတာပါတဲ့ …။
ပင်မ စေတီတော်ရဲ့ အောက်ပိုင်းကို ရွှေပြား ၈၆၈၈ ချပ်နဲ့ တည်ထားပြီး အလယ်ပိုင်းမှာတော့ ၁၃၁၅၃ ချပ် အထက်ပိုင်း မှာတော့ ရွှေစင် ရွှေချပ်တွေအပြင် တန်ဘိုးကြီးစိန် အလုံးပေါင်း ၅၄၄၈ လုံး ( ၁၈၀၀ ကာရက် ) နဲ့ ပူဇော်ထားတာပါ။
တန်ဘိုးမဖြတ်နိုင်တဲ့ ပတ္တမြား လုံးချော ပေါင်း ၂၃၁၇ လုံး
မြောက်များစွာသော နီလာ မရေတွက်နိုင်သော ကျောက်စိမ်း လုံးချောများနဲ့တခြား တန်ဘိုးကြီး ရတနာမြောက်များစွာဟာ လက်ရှိကာလတန်ဘိုး ဖြတ်မရနိုင်အောင် တန်ဘိုးကြီးပါတယ် ။
ဒါ့အပြင် ရွှေခေါင်းလောင်းပေါင်း ၁၀၆၅ လုံး ( ခန့်မှန်းခြေ ရွှေတန်ချိန် တစ်ဝက် ) နဲ့ ထီးတော် ကလည်း ရွှေတန်ချိန် တစ်ဝက် ကျော်ရှိပါတယ် ။
စိန်ဖူးတော် ကတော့ (၇၂) ကာရက် ရှိတဲ့ တစ်လုံးထဲ ကမ္ဘာ့ ရှားပါး စိန်ကြီးဖြစ်ပါတယ်။
ဒါ တွေက စေတီပြင်ပမှာရှိတဲ့ အရေအတွက်တွေပါ …။
ရင်ပြင်ပတ်လည်က အရံစေတီတွေ ရုပ်ထုတော်တွေမုခ်လေး မုခ်က အဆောက်အဦး ဌာပနာတွေ စာရင်းမပါသေးပါဘူး။
စေတီအတွင်း ဌာပနာတိုက် လှိုဏ်ခေါင်း ထဲက အဖိုးမဖြတ်နိုင်တဲ့ ရွှေသားအတိပြီး ရုပ်တုတွေနဲ့ စေတီအောက်ခြေ ဂူထဲကရတနာတွေ၊ စေတီအောက်မှာ ပန္နရိုက် ဖောင်ဒေးရှင်း ခင်းထားတဲ့ ရွှေချောင်းတွေ မပါသေးပါဘူး …။
လောကသုံးပါးလုံး မှာ သစ္စာတရားကလွဲရင် တည်မြဲတဲ့ အရာ ဆိုတာ မရှိဘူးမဟုတ်လား။ ဖြစ်ချိန်တန်ရင် ဖြစ်မှာဖြစ်သလို ပျက်ချိန်တန်ရင်လည်း တားလို့ရမှာမှမဟုတ်ပါ။
ဒါပေမယ့် ….နူးတို့ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်မှာ တစ်ချိန်တစ်ခါက ….
မြန်မာ ရှေး ဘိုးဘေးတွေ သဒ္ဓါတရား ထက်သန်စွာ တည်ထားခဲ့တဲ့ ဒဂုံဆံတော်ရှင် ကြီးမှာ ဒီလို တန်ဘိုး မဖြတ်နိုင်တဲ့ ကမ္ဘာကတောင် သြချရတဲ့ ကမ္ဘာ့တစ်ခုထဲသော ရွှေချပ်တွေနဲ့ တည်ထားတဲ့ အကြီးဆုံးစေတီတော်ကြီးရှိခဲ့ဘူး တာကို နူးတို့ရဲ့ နောင်လာနောက်သား မြေးမြစ်တွေသိရအောင် မှတ်တမ်းထားခဲ့ကြတာပေါ့။
ချမ်းမြေ့ကြပါစေရှင် …
မာ လု

Post a Comment

0 Comments