ပါရဠိဖတ်နည်းကိုနားလည်စေရန် ရှးဦးစွာပါဠိဘာသာ အက္ခရာ ၄၁-လုံးနှင့် ယင်း ၄၁-လုံးမှ သရဗျည်းခွဲခြားခြင်း၊ သကိုသံတိုသံရှည် ခွဲခြားခြင်း၊ ဗျည်းကိုလည်းဌာန်တူရာစုပေါင်း၍ အုပ်စုဖွဲခြင်းများကိုနားလည်ရန် လိုအပ်ပါသည်..။
အက္ခရာ ၄၁-လုံး
သရ
၈ - လုံးနှင့် ဗျည်း ၃၃ - လုံးကိုပေါင်းလျှင် အက္ခရာ ၄၁ -လုံး ဖြစ်၏။
ဗျည်း ၃၃ - လုံး
က
မှ အ အထိ
သရ
၈ - လုံး
= အ - အာ - ဣ - ဤ - ဥ - ဦ - ဧ - သြ
၎င်းတို့ကို သံတို (ရသ) သရ ၃-လုံး၊ သံရှည်
(ဒီဃ) သရ ၅-လုံး ဟူ၍ အောက်ပါအတိုင်းခွဲခြားထားသည်..။
သံတို
ရသ
|
သံရှည်
ဒီဃ
|
သံတို
ရသ
|
သံရှည်
ဒီဃ
|
သံတို
ရသ
|
သံရှည်
ဒီဃ
|
သံရှည်
ဒီဃ
|
သံရှည်
ဒီဃ
|
အ
|
အာ
|
ဣ
|
ဤ
|
ဥ
|
ဦ
|
ဧ
|
သြ
|
ဗျည်း ၃၃-လုံးကို ဌာန်နီးစပ်ရာဌာနတူရာတို့ကိုအုပ်စုဖွဲ့ထားရာ
၎င်းတို့ကို ဝဂ်ဟုခေါ်သည်။ ဌာန်မတူသောဗျည်းများကိုအုပ်စုဖွဲ့ မရသဖြင့် အ-ဝဂ် ဟုခေါ်သည်။
ဝဂ်ဗျည်း ၂၅-လုံးကို ဒေါင်လိုက် ဇယားအရပထမအက္ခရာ၊ ဒုတိယအက္ခရာ၊ တတိယအက္ခရာ၊ စတုတ္ထ အက္ခရာ၊
ပဉ္စမအက္ခရာဟုခေါ်ဆိုရမည်။
ဖို
|
မ
|
ဖို
|
မ
|
ဖို
|
|
ပထမ
|
ဒုတိယ
|
တတိယ
|
စတုတ္ထ
|
ပဉ္စမ
|
|
က-ဝဂ်
|
က
|
ခ
|
ဂ
|
ဃ
|
င
|
စ-ဝဂ်
|
စ
|
ဆ
|
ဇ
|
စ်
|
ည
|
ဋ-ဝဂ်
|
ဋ
|
ဌ
|
ဍ
|
ဎ
|
ဏ
|
တ-ဝဂ်
|
တ
|
ထ
|
ဒ
|
ဓ
|
န
|
ပ-ဝဂ်
|
ပ
|
ဖ
|
ဗ
|
ဘ
|
မ
|
အ-ဝဂ်
|
ယ
|
ရ
|
လ
|
ဝ
|
သ
|
ဟ
|
ဠ
|
အံ
|
ထိုတွင် ပထမအက္ခရာ၊ တတိယအက္ခရာနှင့် ပဉ္စမအက္ခရာတို့ကိုမိမိတို့အချင်းချင်းဆင့်နိုင်သည်။
ပထမအက္ခရာသည် ဒုတိယအက္ခရာပေါ်၌ ဆင့်နိုင်သည်။ တတိယအက္ခရာသည် စတုတ္ထ အက္ခရာပေါ်သို့ ဆင့်နိုင်သည်။
ပဉ္စမအက္ခရာသည် ရှေ့ဗျည်းလေးလုံးပေါ်သို့ ဆင့်နိုင်သည်။
အ-ဝဂ်ဗျည်း ၈-လုံးတို့တွင် ယ-သည် မိမိတို့အချင်းချင်းဆင့်နိုင်၍
ယ-ပေါ်သို့ အခြားဗျည်း ၁၈-လုံး ဆင့်နိုင်သည်။
ရ-သည် အချင်းချင်းမဆင့်နိုင်ဘဲရ-အပေါ်သို့ အခြားဗျည်း
၇-လုံးတို့က လာရောက် ဆင့်နိုင်သည်။
လ-သည် အချင်းချင်းဆင့်နိုင်၍ လ-ပေါ်၌ က-ဗျည်းနှင့်
ပ-ဗျည်းတို့ ဆင့်နိုင်သည်။ ထို့ပြင် လ-သည် ယ-ပေါ်၌လည်းဆင့်နိုင်သေးသည်။
ဝ-သည် အချင်းချင်းဆင့်နိုင်၍ ဝ-ပေါ်သို့ က၊
ခ၊ တ၊ ဒ၊ ဇ၊ န၊ ယ၊ သ၊ ဟ ဗျည်းတို့ ဆင့်နိုင်သည်။ သ-သည် အချင်းချင်းဆင့်နိုင်၍ န၊ မ
အက္ခရာတို့ အပေါ်၌ ဆင့်နိုင်သည်။ ဝဂ်၏ အဆုံးဖြစ်သော ဉ ဏ န မ အက္ခရာတို့သည် ဟ-ပေါ်၌ ဆင့်နိုင်သည်။
ယ ဝ ဠ အက္ခရာတို့သည်လည်း ဟ-အပေါ် ဆင့်နိုင်သည်။ ထိုအခါ အက္ခရာရေးသားရာ၌ ဟထိုးအဖြစ် ရှိနေမည်
ဖြစ်သည်။
မူလဗျည်း
|
အသွင်ပြောင်းဗျည်း
|
ယ
|
ျ - ယပင့်
|
ရ
|
ြ - ရရစ်
|
ဝ
|
-ွ - ဝဆွဲ
|
ဟ
|
-ှ - ဟထိုး
|
အက္ခရာတူဆင့်ခြင်းကိုသဒိသဒွေဘော်ခေါ်ပြီးအက္ခရာမတူဆင့်ခြင်းကိုအသဒိသဒွေဘော်ဟုခေါ်သည်။
(သဒိသ=တူသော၊ အသဒိသ= မတူသော၊ ဒွေဘော်= နှစ်လုံးတပ်ဆင်ပြုခြင်း။)
သဒိသဒွေဘော် (အက္ခရာတူဆင့်ခြင်း)
(၁) ပထမအက္ခရာချင်းဆင့်ပုံ
(အပေါ်စာလုံးကိုအသတ်ဟုမှတ်ထား၍
အသံမထွက်ရအောက်စာလုံးကိုသာအသံထွက်ရမည်)
က+က = က္က(သက္က- သိကြားမင်း) သက်က
စ+စ = စ္စ (သစ္စ- အမှန်တရား) သစ်စ
ဋ+ဋ = ဋ္ဋ (ဝဋ္ဋ- ဝဋ်ဆင်းရဲ) ဝတ်ဋ
တ+တ = တ္တ (သတ္တ- သတ္တဝါ) သတ်တ
ပ+ပ = ပ္ပ (သပ္ပ- မြွေ) သပ်ပ
(၂) တတိယအက္ခရာချင်းဆင့်ပုံ
ဂ+ဂ = ဂ္ဂ (အဂ္ဂ- အမြတ်) အက်ဂ
ဇ+ဇ = ဇ္ဇ (အဇ္ဇ- ယနေ့) အစ်ဇ
ဍ+ဍ = ဍ္ဍ (အဍ္ဍ- တရားဆုံးဖြတ်ခြင်း)
ဒ+ဒ = ဒ္ဒ (သဒ္ဒ- အသံ) သတ်ဒ
ဗ+ဗ = ဗ္ဗ(သဗ္ဗ-အလုံးစုံ)သပ်ဗ
(၃) ပဉ္စမအက္ခရာချင်းဆင့်ပုံ
ဉ
+ ဉ = ည (အညမည- အချင်းချင်း) အင်ညမင်ည
(မြန်မာဘာသာ၌မူညသည်
တစ်လုံးတည်းသာဖြစ်သည်)
ဏ=ဏ
= ဏ္ဏ (ကဏ္ဏ - နား/နားရွက်) ကန်ဏ
န+န = န္န (ဆန္န - အဖုံး/အမိုး) ဆန်န
မ+မ = မ္မ (ကမ္မ- ကံ/အမှုကိစ္စ) ကမ်မ
(၄) အဝဂ် အက္ခရာတူချင်းဆင့်ပုံ
ယ+ယ = ယ် (ေသယ်-အိပ္ရာ) ေသယ်
လ+လ = လ္လ (ကလ္လ- ခံ့ကျန်း) ကန်လ
ဝ+ဝ =ဝွ(ကုဗ္ဗတော-ပြုလုပ်သူအား ဝွ-ကိုဗ္ဗပြု)
ကုပ်ဗတော
သ+သ =
ဿ (ကဿက -လယ်သမား)ကတ်သက
အသဒိသဒွေဘော် (မတူဆင့်ခြင်း)
(၁) ပ မှ/ဒုအက္ခရာပေါ်သို့ ဆင့်ခြင်း
က+ခ =
က္ခ (ယက္ခ-ဘီလူး) ယက်ခ
စ+ဆ =
စ္ဆ (အစ္ဆ- ဝံ) အစ်ဆ
ဋ+ဌ =
ဋ္ဌ (အဋ္ဌ- ရှစ်) အတ်ဌ
(ဌ-ဝမ်းဘဲကိုလည်ရစ်ထည့်လျှင် နှစ်လုံးဆင့်ဟုမှတ်ရမည်)
တ+ထ = တ္ထ
(သတ္ထ-လှည်းကုန်သည်)သတ်ထ
ပ+ဇ =
ပ္ဖ (ပုပ္ဖ = ပန်း) ပုပ်ဖ
(၂)တ မှ/စ အက္ခရာပေါ်သို့ဆင့်ခြင်း
ဂ+ဃ = ဂ္ဃ
(ဗျဂ္ဃ -ကျား) ဗျက်ဃ
ဇ+စ် =
ဇၥ် (မဇၥ် -အလယ္) မစ္စ်
ဍ+ဎ = ၯ (အာကၯန-ဆွဲငင်ခြင်း) အာကတ်ဍန
ဒ+ဓ = ဒ္ဓ (သဒ္ဓွါ- ယုံကြည်ခြင်း ) သတ်ဓါ
ဗ+ဘ = ဗ္ဘ (လဗ္ဘတိ- ရအပ်၏) လပ်ဘတိ
(၃) ပဉ္စမအက္ခရာမှ ရှေ့ဗျည်းများပေါ်ဆင့်ခြင်း
င+က = င်္က (ဝင်္က- ကောက်ခြင်း) ဝင်က
င+ခ = င်္ခ (ကင်္ခါ- ယုံမှားခြင်း ) ကင်ခါ
င+ဂ = င်္ဂ (မင်္ဂလ- မင်္ဂလာ) မင်ဂလာ
င+ဃ = င်္ဃ (သင်္ဃ - သံဃာ) သင်ဃာ
ဉ+စ = ဉ္စ (ပဉ္စ- ငါးခု) ပင်စ
ဉ
+ ဆ = ဉ ၦ(ဥဥ ၦ - ရှာမှီးခြင်း) အုံဆ
ဉ
+ ဇ = ဉ္ဇ (အဉ္ဇန - မျက်စဉ်း) အင်ဇန
ဉ
+ စ် = ဥၥ် (ဝဥၥ်ာ - အၿမံဳမ) ဝင္စ်ာ
ဏ
+ ဋ = ဏၬ (ကဏၬက -ဆူး) ကန္ဋက
ဏ
+ ဌ = ဏ္ဌ (ကဏ္ဌ- လည်ချောင်းအရပ်) ကန်ဌ
ဏ
+ ဍ = ဏ္ဍ ( ကဏ္ဍ- အပိုင်း) ကန်ဍ
န
+ တ = န္တ (အနန္တ - အဆုံးမရှိ) အနန်တ
န
+ ထ =န္ထ (ဂန္ထ - ကျမ်းစာ) ဂန်ထ
န
+ ဒ = န္ဒ (ဆန္ဒ- အလို) ဆန်ဒ
န
+ ဓ = န္ဓ (ဂန္ဓ - အနံ့) ဂန်ဓ
မ
+ ပ = မ္ပ ( ကမ္ပတိ- တုံလှုပ်၏) ကမ်ပတိ
မ
+ ဖ = မ္ဖ (သမ္ဖပ္ပလာပ-ပြိန်ဖျင်းသောစကား) သမ်ဖပ်ပလာပ
မ
+ ဗ = မ္ဗ (အမ္ဗ - သရက်ပင်) အမ်ဗ
မ
+ ဘ = မၻ (သမၻဴလ - မိဖုရား) သမ္ဘူလ
(၄) ယ-အပေါ်သို့ ဆင့်ခြင်း
က+ယ = ကျ (သကျမုနိ- မြတ်စွာဘုရား)
ခ+ယ = ချ (အာချာတ - အာချတ်)
ဂ+ယ = ဂျ (အာရောဂျ - ကျန်းမာခြင်း)
ဃ+ယ = ဃ် (မာဃ်- သင်းခွေပန်း)
စ
+ ယ = ဈ (သဉ္ဈာ - ဆည်းဆာ) သင်စယာ
ဏ+ယ = ဏ် ( အာနဏ်- ကြွေးကင်းသူဘဝ) အာနဏယ
တ+ယ = တျ (တျာဟံ - တေအဟံ)
ဒ+ယ = ဒ် (အဒ်- ယေန႔) အဒယ
ဓ+ယ = ဓ် (မဓ်-အလယ်) မဓယ
န+ယ = နျ (ကနျာ-ကညာ) ကနယာ
ပ+ယ = ပ် (လိပ် - ေရးသား၍) လိပ္ပယ
ဗ+ယ = ဗ် (ဗ်ာဓိ- အနာ)
ဘ+ယ = ဘ် (ဘ်ာဒီဟိ-…) ဘယာဒီဟိ
မ+ယ = မ် (မ်ာယံ- ေမ+အ+အယံ) မ်ာယံ
လ+ယ = လ် (ကလ်ာဏ-ကောင်းသောသူ)
သ+ယ = သ် (နိသ်-မွီရာ) နိတ္သယ
ဟ+ယ = ဟ် (ဂါဟ်- အယူခံရသည့်ပစ္စည်း)
မှတ်ရန်။ ။ ယ-ပေါ်သို့ (က ခ ဂ ပ ဗ ဘ မ)တို့ကိုဆင့်ရာ၌ မြန်မာအသံထွက်
နည်းအရတစ်သံတည်း ဖြစ်အောင် ပူးတွဲသွားသည်၊ အခြားလူမျိုးများမှာမူအသံနှစ်ခုနီးကပ်ရုံမျှသာဖြစ်၍
တစ်သံတည်းအဖြစ် ပူးပေါင်းသွားခြင်းမရှိချေ။ ထို့ကြောင့် ကျကို (ကယ) ချကို (ခယ)၊ ဂျကို
(ဂယ) ပျကို (ပယ) ဗျကို (ဗယ) မျကို (မယ)ဟုအသံချင်းနီးကပ်စွာထွက်ကြသည်။
(၅) ရ-ပေါ်သို့ဆင့်ခြင်း
က+ရ = ကြ (စကြ- စကြာ)စက်ကြာ
ဂ+ရ = ဂြ (ဂြဟ = ဂြိုလ်) ဂရဟ
တ+ရ = တြ (တတြ - ထိုနေရာ၌) တတ်တရ
ဒ
+ ရ = ဒြ (ဒြဝ- အရည်) ဒရဝ
ပ+
ရ = ပြ (ပြဘာ - အရောင်) ပရဘာ
ဗ+
ရ = ဗြ (ဗြဟာ-ကြီးကျယ်သော) ဗရဟာ
မ+ရ = မြ (အမြိတ- အမတ) အမရိတ
(၆) လ-ပေါ်သို့ဆင့်ခြင်း
က+လ = က္လ (က္လေသ- ကိလေသာ) ကလေသ
ပ+လ = ပ္လ (ပရိပ္လဝ - ပေါ်လွင်သော) ပရိပလဝ
(ပ္လဝ - ဖေါင်) ပလဝ
(ယ ရ
လ) တို့အပေါ်သို့ ဆင့်ရာ၌ အပေါ်အလုံးသည် အသတ်အဖြစ် လုပ်ဆောင်ရုံမျှ မကအသံပါ ထွက်ရသည်၊
ပါဌ်ဆင့်နှစ်လုံးကိုပေါင်း၍အသံထွက် ရသည်။)
(၇) ဝ-ပေါ်သို့ဆင့်ခြင်း
က+ဝ = ကွ
ခ+
ဝ = ခွ
တ+ဝ = တွ
(ဂ) သ-ဆင့်ခြင်း
သ+တ =
သ္တ (ဥတ္တသ္တ-ထိတ်လန့်) အုတ်တသတ
သ+န =
သ္န (သ္နေဟ-အစေး) သနေဟ
သ+မ =
သ္မ (ကသ္မာ-အဘယ်ကြောင့်)
သ+တရ = သ္တြ (ဘသ္တြ - သားရေအိတ်) ဘသတရာ
(ပါဌ်ဆင့်နှစ်လုံးအသံထွက်ရသည်)
(၉) ဟ-ပေါ်သို့ဆင့်ခြင်း
ဉ
+ ဟ = ဥှ (ပဥှ -ပြဿနာ)ပင်ညှ
ဏ+ဟ
= ဏှ (ပုဗ္ဗဏှ-နံနက်အခါ)
မ+ဟ = မှ (အမှ- ငါ၊ တုမှ- သင်၊)
ဠ+ဟ = ဠှ (ရုဠှီ-အမည်) ရုံလှီ
မှတ်ရန်
- ဉှ ၊ ဏှ ၊ နှ မှ ယှ ဠှ များ၌ ၄င်းတို့သည် တစ်လုံးတည်းသာ ဖြစ်သော်လည်းနှစ်လုံးဆင့်ကဲ့သို့
ဖြစ်၍ တစ်လုံးကိုအသတ်သံထွက်ပြီးတစ်လုံးကိုဟထိုးသံထွက်ရသည်။
အသတ်အသံထွက်နည်း
ပထမအက္ခရာ (က၊စ၊ဋ၊တ၊ပ)တို့နှင့်
အသတ်ပြုလုပ်ရာ၌ အသံထွက် နည်းကိုနားလည် ကြပြီး ဖြစ်ပါသည်။
ဒုတိယအက္ခရာ (ခ၊ဆ၊ထ၊ဌ၊ဖ)နှင့် စတုတ္ထ အက္ခရာ
(ဃ၊ဈ၊ဎ၊ဓ၊ဘ) တို့ကိုအသတ်အဖြစ် အသုံးမပြုကြချေ၊
တတိယအက္ခရာ (ဂ၊ဇ၊ဍ၊ဒ၊ဗ)တို့ကိုအသတ်အဖြစ် အသုံးပြုနိုင်သည်။
ထိုအခါ မိမိသက်ဆိုင်ရာပထမအသတ်သံအတိုင်းအသံထွက်ရမည်။
ဥပမာ - အဇ္ဇ - အစ်ဇ
သဗ္ဗ- သတ်ဗ
ပဉ္စမအက္ခရာ (င)နှင့်(ဉ)ကိုအသတ်အဖြစ်
အသုံးပြုရာ၌ (င်)သတ်အသံထွက်ရမည်။ ပဉ္စမအက္ခရာ (ဏ၊ န၊ မ)တို့ကိုအသတ်အဖြစ် အသုံးပြုရာ၌
သေးသေးတင်အသံထွက်ရမည်။
ဥပမာ- အည - အင်ည
ဝဏ္ဏ - ဝံဏ
ယနှစ်လုံးဆင့်ရာ၌ အပေါ်ယကို (ယ်)သတ်အဖြစ် မှတ်ယူရမည်။
ဥပမာ - အယျ-အယ်ယ- ဟုအသံထွက်ရမည်။
လနှစ်လုံးဆင့်ရာ၌ အပေါ်လကိုသေးသေးတင် အသံထွက်ရမည်။
ဥပမာ- မလ္လ - မံလ
သ-နှစ်လုံးဆင့်ရာ၌
ရှေ့သရကို (တ်)အသံထွက်ရမည်။
ဥပမာ- ယဿ - ယတ်သ
ဣ-သရနှင့်
ဥ-သရကို (က၊ဂ၊စ၊ဇ) သတ်ရာ၌ (တ်)သတ်အသံထွက်ရမည်။
ဥပမာ- တိက္ခ - တိတ်ခ
ဒုက္ခ
- ဒုတ်ခ
ဣ-သရနှင့်
ဥ-သရကိုကဉ္စမအက္ခရာ (င၊ဉ၊န၊ဏ၊မ)တို့ဖြင့် သတ်ရာ၌ (န်)သတ် (မ်)သတ် အသံထွက်ရမည်။
ဥပမာ- လိင်္ဂ - လိန်ဂ
ကိဉ္စန - ကိန်စန
ဣ-သရနှင့်
ဥ-သရကို (ယ၊လ၊ဠ) သတ်ရာ၌ (န်)သတ်အသံထွက်ရမည်။
ဥပမာ- ဘိယျော - ဘိန်ယော
ဝေပုလ္လ - ဝေပုန်လ
ဣ-သရနှင့်
ဥ-သရကို (သ်) သတ်ရာ၌ (တ်) သတ်အသံထွက်ရမည်။
ဥပမာ- တိဿ - တိတ်သ
ဖုဿ - ဖုတ်သ
ဧ-သရကို
(က် ဂ် စ် ဇ် ဋ် ဍ် တ် ဒ် ပ် ဗ် သ်) တို့သတ်ရာ၌ (အ)ကို (စ)သတ်သည့် အသံ (အစ်သံ) ထွက်ရသည်။
ဥပမာ- ပါဋိယေက္ကံ - ပါဋိယစ်ကံ
ပစ္စ - ပစ်စ
သေဋ္ဌ - သစ်ဌ
ဧ-သရကို(ဉ်)
သတ်ရာ၌ (အောက်) သံထွက်ရမည်။
ဥပမာ- သြက္ကာက - အောက်ကာက
မောက္ခ - မောက်ခ
သြ-သရကို
(ဇ် ဋ် တ် ဒ် ပ် ဗ်) သတ်ရာ၌ (အွတ်) အသံထွက်ရသည်။
ဥပမာ- ပါမောဇ္ဇ - ပါမွတ်ဇ
ဗောဇ္ဈင်္ဂ - ဗွတ်ဇင်ဂ
ဖေါဋ္ဌဗ္ဗ - ဖွတ်ဌတ်ဗ
ယောတ္တ - ယွတ်တ
သောတ္ထာနံ - သွတ်ထာနံ
ပေါတ္ထက - ပွတ်ထက
လောဒ္ဒ - လွတ်ဒ
သောပ္ပ - သွတ်ပ
ယောဗ္ဗန - ယွတ်ဗန
သြ-သရကို (င်)သတ်လျှင် ရိုးရိုးမြန်မာအသံထွက်
အတိုင်း (အောင်) ဟုထွက်ရသည်။
ဥပမာ- ပေါင်္ခ - ပေါင်ခ
သြ-သရကို (ဉ် န် ဏ် မ်) သတ်ရာ၌ (ဝ)ဆွဲ (န်)သတ်
အသံ (အွန်) ဟုအသံထွက်ရသည်။
ဥပမာ- ကောဉ္စ - ကွန်စ
ကေဏ္ဍည - ကွန်ဍင်ည
သောဏ္ဏ - သွန်ဏ
ဗောန္ဒိ - ဗွန်ဒိ
ဟောန္တု - ဟွန်တု
သောမ္မ - သွန်မ
ဤတွင် ပါဠိဖတ်နည်းနိသျရည်းအကျဉ်းချုပ် ပြီးဆုံးပါပြီ…
ဘေးဘယာဝေးကွာအေးမြကြပါစေ..
1 Comments
တပည့်တော်မ သိချင်သည့်အချက်က "ပ-အက္ခရာ ကို ဖို၊ ဒု-အက္ခရာ ကို မ၊ တ-အက္ခရာ ကို ဖို၊ စ-အက္ခရာ ကို မ၊ ပဉ္စမအက္ခရာ ကို ဖို" အစရှိသည်တို့ကို မည်သို့ခွဲခြားသတ်မှတ်ပါသနည်း။ သိလိုပါသဖြင့် မေးမြန်းခြင်းပါ ဘုရာ့။ သိပါရစေ ဘုရာ့။