နီဝရဏတရား ခြောက်ပါး
၁။ကာမစ္ဆန္ဒနီဝရဏ
အဆင်း အသံ အနံ့ အရသာ တွေ့ထိစရာ ခံစားမှု
ကြံစည်မှု အာရုံတွေပေါ်မှာ နှစ်သက်သာယာပြီး
မခွဲမခွါချင်အောင် တပ်မက်စွဲလန်းမှုတွေဖြစ်ပါတယ်။
ငါးဖြာအာရုံကာမဂုဏ်ကို ခုံမင်ခင်တွယ်မှုပဲဖြစ်ပါတယ်။
၂။ဗျာပါဒနီဝရဏ
စိတ်ထဲမှာ စိုးရိမ်ပူဆွေး သောကတွေ ဖြစ်ပေါ်မယ်။စိတ်ဆိုး စိတ်ပျက်စရာတွေ၊
ဒေါသတွေ ဖြစ်နေမယ်။သူတစ်ပါးကို
မကောင်းမြင် မကောင်းကြံတဲ့စိတ်တွေ
လွှမ်းမိုးကြီးစိုး အုပ်ချုပ်နေတာမျိုးဖြစ်ပါတယ်။
၃။ထိနမိဒ္ဓနီဝရဏ
စိတ်ရောကိုယ်ပါ ညှိုးနွမ်းပြီး ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့
အိပ်ချင်စိတ် ငိုက်ချင်စိတ်က ဖိစီးပြီး လုံ့လဝီရိယလျော့စေသော တွန့်ဆုတ်စေသော
စိတ်ဖြစ်ပေါ်နေတာမျိုး ကိုခေါ်ပါတယ်။
ပျင်းရိစေတတ်သောသဘောပါ။
၎။ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ
စိတ်ဟာ ပစ္စုပ္ပန်မှာမရှိပဲ အတိတ် အနာဂတ်တွေ
ဆီမှာ ပျံ့လွင့်နေတာမျိုးတွေ၊ခန္ဓာကိုယ် ခြေလက်
တွေ မငြိမ်မသက်ဖြစ်နေတာမျိုးတွေ ၊စိတ်ကူးယဉ်လွင့်မျောနေမှုတွေ ဖြစ်ပေါ်နေတာပါ။
စိတ်မှာ ပူပင်ကြောင့်ကြသဘောဖြစ်နေရပါတယ်။
၅။ဝီစိကိစ္ဆာနီဝရဏ
တွေဝေငေးမောစိတ်တွေဝင်လာပြီးတော့
ခုတရားအားထုတ်နေတာ လုပ်ကိုင်ဆောင်ရွက်
နေတာတွေဟာ ဟုတ်မှဟုတ်ရဲ့လားလို့
ယုံမှားသံသယဖြစ်နေခြင်းပါ၊သို့လော သို့လော
တွေးတောနေခြင်း မျိုးတွေပေါ့။
အလွန်စဉ်းစား ဝေဖန်တန်သူ၊ကြံစည်စိတ်ဝိတက်
များသူတွေ ဟာ အဖြစ်များတတ်ပါတယ်တဲ့။
၆။အဝိဇ္ဇာနီဝရဏ
အမှန်ကိုမမြင်တဲ့သဘော၊ ဘာမှရေရေရာရာမသိ
တဲ့သဘော၊သိချင်သလိုတလွဲသိနေတဲ့သဘော
တို့ပဲဖြစ်ပါတယ်။အကြောင်းအကျိုးတရားတွေကိုလည်း မသိ။အတ္တစွဲ ငါစွဲ
ကိုပဲမာန်မာနနဲ့စွဲလန်းယူ
ဆနေတဲ့သဘောဖြစ်တာမို့ သဘာဝအမှန်တရား
သစ္စာတရားကို သိမြင်ဖို့ အကြီးမားဆုံး အဟန့်အ
တား အဆိုးတရားကြီးပဲ ဖြစ်ပါတယ်။
0 Comments