သီတင်းကျွတ် လပြည့်နေ့ ၏ ဂုဏ်ပုဒ်များ
******
@ ဘုရား သားတော် ရဟန်း တော်များ ၀ါတွင်း သုံးလ အတွင်းမှ ၀ါကျွတ် သောနေ့၊
@ အပြစ်ရှိ က ပြောကြား ပါရန် ၀ါဆို သော သံဃာ အချင်းချင်း ဖိတ်မာန် အမှုပြု ကြသော မဟာ ပ၀ါရဏာနေ့၊
@ဘုရားရှင် တာဝတိံ သာ နတ်ပြည် ၌ အဘိဓမ္မာ တရားတော် ကို ဟောကြား အောင်မြင် တော်မူ သော အဘိဓမ္မာ အခါ တော် နေ့၊
@ နတ်ဗြဟ္မာ အပေါင်း ခြံရံ လျက် တာဝတိံသာ မှ သင်္ကဿ နဂိုရ် ပြည် သို့ ဆင်းသက် တော် မူသောနေ့၊
@ ထိုသို့ ဘုရားရှင် ဆင်းသက် တော်မူ သည် ကို ရည်စူး ပူဇော်သော အားဖြင့် ဆီးမီး စသည် ထွန်းညှိ ပူဇော် သောနေ့၊
@ စကြာဝဠာ တိုက် တစ်သောင်း မှ လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံး တို့သည် တဦး ကို တဦး အချင်းချင်း မြင်နေကြ ရပြီး လူ့ ပြည် နတ် ပြည် ဗြဟ္မာ့ ပြည် အား ဖြင့် ဒိုးယိုပေါက် ထုတ်ချင်း ပေါက် ရောင်ခြည် တော်များ ဖြင့် လင်ထိန် နေကာ ဘုရားရှင် အား အတူ တကွ ကြည်ညို ပူဇော် ရသော နေ့၊
@ နတ်လူ အများ တို့သည် ဘုရားရှင် ၏ တန်ခိုးတော် အနန္တ ကို ဖူးမြင် ကြရကား အားကျ ကြည်ညို စိတ် ဖြင့် သင်္ကဿ မြို့ တွင် စုဝေး နေကြသော ပရိသတ် အများစု ၏ ဘုရား ဆုပန် သော နေ့ စသော ဂုဏ်ပေါင်း တို့ဖြင့် ပြည့်စုံ သော နေ့ထူး နေ့  မြတ် ဖြစ်ပါသောကြောင့် ကောင်းမှုကုသိုလ်တစ်ခုခု မှတ်မှတ်ရရပြုကြပါလို့ တိုက်တွန်းအပ်ပါသည်..
0 Comments