Advertisement

Responsive Advertisement

သဲအင်းစခန်းဝင် ယောဂီများသိစေရန်




ပြည်ပယောဂီများ dmparagu@gmail.com သို့ Passport, Air ticket, Identity (Card) မိတ္တူများနှင့် တကွ..... အောက်ပါ အချက် ၉ ချက် ပေးပို့၍ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။
1# အမည်/မှတ်ပုံတင်                    =       …………………
2# အဘအမည်                            =       …………………
3# အသက်/ဝါ                             =       …………………
4# ဝင်ဖူးသောရိပ်သာ နှင့် စခန်းပွဲ      =       …………………
 5# နေရပ်လိပ်စာ                         =       …………………
6# ရှောင်သော အစားအစာ             =       …………………
7# ဖြစ်ဖူး ဖြစ်ဆဲရောဂါ                   =       …………………
8# Email /လိပ်စာ                        =       …………………
9# ဆက်သွယ်ရန်ဖုံးနံပါတ်               =       …………………
Email နှင့် ပို့သောအခါ Subject နေရာတွင် မိမိနာမည်/မှတ်ပုံတင်နှင့် ဝင်လိုသောစခန်းပွဲအမည်ကို အောက်ပါ format အတိုင်းရေးသားပေးခြင်းဖြင့် ကူညီကြပါရန်။
ဥပမာ(၁)...
Subject: Reg/ May New (or) 2nd (or) longhaul 2017/ Zaw Wan (၁၅/အလန(နိုင်) ၀၀၇၀၀၇
ဥပမာ(၂)...
Reg/January 2nd 2018/ Hla Aung (၁၂/ဗဟန (နိုင်) ၀၀၇၀၀၇)
မှတ်ချက်။ ။
New = ယောဂီသစ်
2nd = အချောသပ်
Longhaul = ဝါတွင်း နာရီရှည် ။
ပြည်တွင်း ယောဂီများ email ဖြင့် ပေးပို့လာပါက လုံးဝလက်မခံပါ။
ပြည်ပယောဂီစာရင်းများကို စခန်းပွဲအလိုက် SHARINNGU32 Group Facebook တွင် post တင်ပေးထားပါသည်။ ယောဂီအသစ်/အဟောင်း အားလုံး Database တွင် တိုက်ဆိုင်စစ်ဆေး ပြီး Blacklist လွတ်ကင်းမှ ဝင်ခွင့်ပြုခြင်းဖြစ်၍ အချက်အလက်ပြည့်စုံမှု မရှိပါက ဝင်ခွင့်အတွက် ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။ တစ်ကြိမ် Blacklist ထိထားလျှင် တိုက်ခွဲ ၃၂၏ မည်သည့်စခန်းပွဲတွင်မှ ဝင်ခွင့်မပြုပါ။

Theinngu32 Policy
Terms and conditions 

>> ခန္ဓာနှင့်အသက် မငဲ့ကွက်ပဲ ကျင့်ကြံအားထုတ်မည် ဆိုသည့် ထက်သန်ပြင်းပြသော သဒ္ဓါဆန္ဒမျိုး ရှိရမည်။

>> ကြုံကြိုက်လို့ အားနေလို့  စမ်းကြည့်ဦးမယ်ဟူသော သဘောဖြင့် ဝင်သူများ မိမိဆန္ဒမပါပဲ သူတစ်ပါး က တိုက်တွန်းလို့ ဝင်သူများ လုံးဝလက်မခံပါ။

>> အသက်၇၀နှစ်အထက် ၁၅နှစ်အောက်ယောဂီများ ၊ သွေးတိုးသွေးကျ ၊ လေဖြတ်လေဖြန်း၊ လိပ်ခေါင်း ဂရင်ဂျီနာ၊ နှလုံးသွေးကြောကျဉ်း၊ နာတာရှည်ခါးနာခါးကိုက်၊ ကူးစက်ရောဂါရှိသူများ၊ဝက်ရူးပျံ စသည့် အတက်ရောဂါရှိသူ၊အသက်အရွယ်ကြီးရင့်သူ၊စိတ်ရောဂါရှိသူ၊ ခန္ဓာကိုယ်မခိုင်ခံ့သူများဝင်ခွင့်မပြုပါ။

>> ဤရိပ်သာ၌ဝင်ဖူးသော ယောဂီများအား database တွင်မှတ်တမ်းတင်ထားပါသည်။

>> ၁၀ ရက်စခန်းပွဲအတွင်း တရားကျင့်သည့်အခါ ခန္ဓာကိုယ်မလှုပ်မပြင်ပဲကျင့်ရမည်။

>> ပထမရက်တွင် ၁ နာရီ ၅ကြိမ်
ဒုတိယရက်တွင် ၁နာရီခွဲ ၂ကြိမ်နှင့် ၂ နာရီ ၂ကြိမ်
တတိယရက် မှစ၍ နောက်ဆုံးနေ့အထိ ၂နာရီ ၄ကြိမ် ကျင့်ရမည်။

>> မဟာပလ္လင်ကျင့်စဉ်လည်း ကျင့်ရမည်။

>> တိုက်ခွဲ၃၂သဲအင်းဂူ ၏ စခန်းပွဲများတွင် ဖုံး နှင့် Internet အသုံးပြုခွင့် မပြုပါ။

>> ကျန်းမာရေး မပြည့်စုံလျှင်ဝင်ခွင့်မပြုပါ။

>> ကိုယ်စား စားရင်းပေးခြင်း လက်မခံပါ။

>> မှတ်ပုံတင်မူရင်း(သို့) သာသနာဝင် စီစစ်ရေးကဒ် မူရင်း ပါရမည်။မပါလျှင်ပြန်လွှတ် မည်။

>> ၁၀ရက်ပြည့်မှပြန်ခွင့်ပြုသဖြင့် နောက်ကြောင်းရှင်းမှဝင်ပါ။

>>  ယောဂီသစ်ပွဲဝင်ပြီးအောင်ြမင်သူများသာ ယောဂီဟောင်းအချောသပ်ပွဲ ဝင်ခွင့်ပြုပါသည်။

Post a Comment

0 Comments