Advertisement

Responsive Advertisement

တော်သလင်း လပြည့် - ဂရုဓမ္မ အခါတော်နေ့

တော်သလင်း လပြည့် {ဂရုဓမ္မ အခါတော်နေ့}
*****************************
`ဂရုဓမ္မ´ဆိုသည်မှာ.....
အလေးအနက်ပြု၍လေးလေးစားစားစောင့်ထိန်းလိုက်နာအပ်သည့်`သီလ´တရားဖြစ်သည်။
<><><><><><><><><><><><>
ရှေးဘုရားလောင်းသူတော်ကောင်းကြီးများရိုရိုသေသေကျင့်သုံးခဲ့သည့်အတွက်`ဂရုဓမ္မ´တရားဟုမည်ရ၏။
လူသားမှန်ရင်လိုက်နာကျင့်သုံးရမည့်ဓမ္မတရားဖြစ်သောကြောင့်`ဓမ္မတာသီလ´ဟုလည်းအမည်ရ၏။
သူတော်ကောင်းတို့အလေးဂရုထား၍ကျင့်သုံးအပ်သောကြောင့်`ဂရုဓမ္မသီလ´လည်းအမည်ရ၏။
စကြာမင်းတို့ဓမ္မသတ်သဖွယ်ကျင့်သုံးသောကြောင့်`စက္ကဝတ္တိဓမ္မ´သတ်လည်းမည်၏။
ကုရုတိုင်းနေလူတို့လိုက်နာကျင့်သုံးသောတရားဖြစ်၍`ကုရုဓမ္မသီလ´လည်းမည်၏။
အရေအတွက်ငါးပါးရှိသောကြောင့်`ပဉ္စသီလ´လူပုဂ္ဂိုလ်တို့အမြဲနိစ္စစောင့်သုံးအပ်သောကြောင့်`နိစ္စသီလ´လည်းမည်၏။
မြတ်စွာဘုရားဟောကြားတားမြစ်သောကြောင့်`ဝါရိတ္တသီလ´လည်းမည်၏။
အရိယာပုဂ္ဂိုလ်တို့နှစ်သက်မြတ်နိုးအပ်သောကြောင့်`အရိယကန္တသီလ´လည်းမည်၏။
ကျင့်သုံးအပ်ကျင့်သုံးသင့်ကျင့်သုံးထိုက်သောကြောင့်`သိက္ခာပဒသီလ´လည်းမည်၏။
*** *** *** *** *** *
ဂရုဓမ္မအခါတော်နေ့ကိုတော်သလင်းလပြည့်နေ့ကျင်းပရခြင်းမှာ.....
ဂရုဓမ္မဇာတ်တော်ဖြစ်လာပုံသမိုင်းကြောင်းနှင့်ဆက်စပ်နေ၏။
တော်သလင်းလသည်မိုးရာသီကာလဖြစ်၏။တော်သလင်းမိုး ကန်သင်းကျိုး
တော်သလင်း နေ ပုဇွန် သေ ဟုရှေးမြန်မာတို့ဆိုရိုးစကားရှိခဲ့သည်။
ဂရုဓမ္မဇာတ်တော်တွင်ကုရုတိုင်းပြည်တွင် ငါးပါးသီလ မြဲကြသည့်အတွက်မိုးရွာသွန်းမှုမှန်ကန်ပြီး ကပ်ကြီးသုံးပါး မှကင်းလွတ်၍သာယာဝပြောသည့်နိုင်ငံဖြစ်သည်။
ကာလိင်္ဂတိုင်းမှာမူ မိုးရာသီပင်ဖြစ်လင့်ကစား မိုး ခေါင်ပြီးဆန်ရေစပါးစိုက်ပျိုးရာတွင်အခက်အခဲများကြုံတွေ့ရပြီး လူများတိရစ္ဆာန်များပါအတိဒုက္ခရောက်ကြသည်။
ထိုအချိန်ကာလသည်ဗုဒ္ဓဂေါတမမြတ်စွာဘုရားရှင်နုစဉ်ကာလဖြစ်၏။
ထိုစဉ်က အိန္ဒိယနိုင်ငံ ကုရုတိုင်းတွင်နေကြသူများတွင်အလောင်းတော်ကောရေဗျဘုရင်ကြီးမှ စ ၍ ပြည့်တန်ဆာမ အထိတစ်တိုင်းပြည်လုံး ငါးပါးသီလ ကိုခါးဝတ်ပုဆိုးကဲ့သို့မြဲကြ၏။
စောင့်ထိန်းကျင့်သုံးလိုက်နာကြသည်။
ထိုအချိန်တွင်ကာလိင်္ဂတိုင်း ပြည့်ရှင်ဘုရင်မင်းမြတ်သည်ကုရုတိုင်း၌မိုးရွာသွန်းပြီးဆန်ရေစပါးပေါများခြင်းသည်အဉ္စနဝဏ္ဏဆင်တော်ကြီးကြောင့်ဟုယူဆကြ၍ဆင်တော်ကြီးကိုရွှေနှင့်လဲရန်ကိုယ်စားလှယ်စေလွှတ်၏။
ကုရုပြည့်ရှင်ဘုရင်မင်းမြတ်သည်သီလမြဲသူပီပီစာနာထောက်ထားဂရုဏာပွားကာသင်တို့တိုင်းပြည်မှာမိုးရွာမည်ဆိုလျှင်ငါ၏ဆင်တော်ကြီးကိုရွှေဖြင့်မရောင်းပါ အခမဲ့မေတ္တာလက်ဆောင်ပေးပါမည်ဟုဆိုကာပေးလိုက်၏။
ဆင်ကြီးရောက်သော်လည်းကာလိင်္ဂတိုင်းတွင်မိုးမရွာ ခေါင်မြဲခေါင်နေ၏။
ထိုအခါမိုးရွာခြင်းမရွာခြင်းသည်ဆင်နှင့်ပတ်သက်မှုမရှိကြောင်းသိသွားကြ၏။
သူတို့တိုင်းပြည်တွင်ဘုရင်မှစ၍တိုင်းသူပြည်သား ပြည့်တန်ဆာမ အထိ ငါးပါးသီလ စောင့်ထိန်းကြသည့်အတွက်မိုးလေဝသ မှန်ကန်သည်ကိုမှန်ကန်စွာနားလည်သဘောပေါက်လာကြသည်။
ကုရုတိုင်းပြည်တစ်ပြည်လုံးသီလမြဲကြသည့်အနက် ရှင်ဘုရင် မယ်တော်ကြီး မိဖုရားကြီး အိမ်ရှေ့မင်း ပုရောဟိတ်ကြီး မြေတိုင်းအမတ် ရထားထိန်း လယ်ပိုင်ရှင်ကြီး တံခါးမှူး နှင့်ပြည့်တန်ဆာမကိုရွှေပြားပေါ်တွင်ရေး၍ကာလိင်္ဂတမန်အဖွဲ့ကရယူခဲ့ကြသည်။
ထိုအချိန်မှစ၍ဘုရင်ကြီးမှတိုင်းသူပြည်သားများ ငါးပါးသီလဂရုဓမ္မ သီလကိုစောင့်ထိန်းကြသည့်အတွက်တစ်တိုင်းပြည်လုံးမိုးရွာသွန်းကာ ကပ်ကြီးသုံးပါး မှလွတ်ကင်း၍သာယာဝပြောသည့်နိုင်ငံဖြစ်ခဲ့၏။
ဂရုဓမ္မဇာတ်တော်ပေါ်ပေါက်လာရခြင်းမှာမိုးတွင်းကာလဖြစ်၍တော်သလင်းလပြည့်နေ့ကို`ဂရုဓမ္မအခါတော်နေ့´အဖြစ်ကျင်းပရခြင်းဖြစ်သည်။ အားလုံး
ကပ်ကြီးသုံးပါးမှလွတ်ကင်း၍သာယာဝပြောကြပါစေ။

တော်သလင်းလပြည့် { ဂရုဓမ္မ အခါတော်နေ့ }

Post a Comment

0 Comments