Advertisement

Responsive Advertisement

ငယ်ဂျိုးတွေနဲ့ပေါင်းခဲ့တဲ့ ဆရာတော်ရဲ့ဒုက္ခ


ငယ်ဂျိုးတွေနဲ့ပေါင်းခဲ့တဲ့ ဆရာတော်ရဲ့ဒုက္ခ
--------😂😂😂---------
Credit
တစ်နေ့သ၌....
ရွာထဲဝယ် နာရေးတစ်ခုမှ ..ဆရာတော်ကုအား
သက်ပျောက်ဆွမ်းကပ်ရန် အလို့ငှါ လာရောက်
ပင့်ဆောင်သဖြင့် ဒကာရင်းလဲဖြစ် ကိုယ့်ရွာသူ
ရွာသားလဲဖြစ်တာမို့ ကြွလာခဲ့ရာ အိမ်ပေါ်လှမ်း
အတက်...သေသူ၏ဇနီးဖြစ်သူမှ အော်၍ငိုလိုက်
ပုံက....
”အမလေး သွားလေသူကြီးရဲ့ ကောင်းလွန်းသူ
ကြီးရဲ့. ဆရာတော်ကြွလာပြီလေ ထပြီးဖူးပါဦး
လား.. မသေခင်ကတော့ ဆရာတော့်ကျောင်း
သွားပြီး ဘော်လုံးပွဲငြင်းရဦးမယ်ဆို...ငယ်ငယ်
တုန်းက ဆရာတော်နဲ့ကစားရင်း အပျိုကြီးရေ
ချိုးပြီးချိန် အခန်းပိတ်သနပ်ခါးလူးတာ အတုတု
ချောင်းခဲ့ဘူးတယ်ဆို ထပြောပါဦးလားတော့.”
ဘုန်းကုလဲ လှမ်းနေတဲ့ခြေလှမ်းတုန့်သွားပြီး...
”ဟဲ့ ဒကာမ ငိုရင်ရိုးရိုးငိုစမ်း ပေါက်ကရတွေ ထဲ့
မပြောနဲ့...”
”သူပြောဖူးတာတွေ သတိရလို့ပါဘုရား တပည့်
တော်အပေါ် အရမ်းကောင်းသူပါဘုရား ကောင်း
လွန်းလို့နှမြောလို့ပါဘုရား...”
”ဘာကောင်းတာရှိလို့လဲဟဲ့...
အမြဲမူးပြီး အလုပ်ကမလုပ် မိန်းမလုပ်စာအရက်သောက် မူးပြီးရိုက်..
အလုပ်ကမဖြစ်စလောက် ကလေးကတစ်နှစ်တစ်
ယောက်...အုဋ်ကြားမြက်ပေါက်...”
”အဲ့ဒီလို မပြောပါနဲ့ဘုရား...ဆရာတော့်ငယ်သူ
ငယ်ချင်း အရင်းကြီးပါဘုရား ဆရာတော်ကိုရင်
ဘဝက. ဘုန်းကြီးကြက်သရေခန်းထဲ ငှက်ပျော
သီးခိုးလဲအတူတူ ဆွမ်းခံရင်း ဆွမ်းခွက်နှိုက်စား
လဲ အတူတူနေခဲ့သူပါဘုရား အရက်သောက်ပြီး
မိန်းမရိုက်တတ်တာရယ် အလုပ်မလုပ်ပဲ ပိုက်ဆံ
ဖြုန်းတာရယ်ကလွဲပြီး ကောင်းလွန်းသူပါဘုရား”
”သူကောင်းတာ နင်ပဲသိမှာပေါ့ ကျောင်းတော့
တစ်ခေါက်မှမရောက်ပဲ အရက်ချည့်သောက်နေ
တာ ခုဆို ငရဲကျနေလောက်ပြီ...”
”အမလေး!!!ဘုရား...ဘုရား..ပြောရက်လိုက်
တာဘုရား...ဆရာတော်ကကြက်သားကြိုက်
တတ်လို့ ကြက်သားကာလသားချက်လေးများ
မပါရင် ဆွမ်းမဘုန်းဘူးဆိုတာ သိရတော့ မုဆိုး
မ ဒေါ်တုတ်အိမ်နောက်ဖေး .အိမ်သာနားကနေ
ချောင်းပြီး ကြက်တွေ ချေးလာယက်တုန်း ဂွနဲ့
ပစ်ဖမ်း ချက်ခြင်းအပြေးကပ်ခဲ့တာ မေ့နေပြီလား
ဘုရား..ဘုန်းဘုန်းတောင် မြိန်လွန်းလို့ သူ့အသား
လေးဝင်မှ နေသာထိုင်သာရှိတယ်လို့မိန့်ခဲ့သေး
တာလေ...”
”ဝေါ့...ဟဲ့.. ဒကာမ..တော်တော့..သူ့ဘာသာခိုး
ပြီးချက်တာ ငါနဲ့မဆိုင်ဘူး.လာလှူလို့စားမိတာပဲ”
”ခုတော့ မဆိုင်ဘူးငြင်းပြီပေါ့ဘုရား..အဲ့ဒီတုန်း
ကတော့ ငါလဲတစ်ဝက်စိုက်မယ်ဆိုပြီးနှစ်ထောင်
စွန့်ခဲ့သေးတယ်လေ...နောက်တစ်ခါကျရင်....
မဆလာလေးအုပ်ခဲ့လို့ မိန့်တာ မေ့နေပြီလားဘု
ရား...”
”တော်...တော်...ငါပြန်ကြွတော့မယ်...”
”အမလေး ယောင်္ကျားရဲ့ ရှင့်ဆရာတော်က ပြန်
ကြွတော့မယ်တဲ့ တရားတောင်မပေးတော့ဘူး
စိမ်းကားလိုက်တာ...ထကြည့်ပါဦးတော့...မိုး
ရွာရင် ဖားတွေပေါမှာပဲလို့..ခဏခဏမိန့်တတ်
တဲ့ ဆရာတော်ဘုရားကို..ထပြီးဖူးလိုက်ပါဦး.”
”ဟာ!!!..ဒီဒကာမနဲ့တော့...”
ဘုန်းကုလဲ.သုတ်ခြေတင်လိုက်တာ မှုန်နေတာပဲ…။
မှတ်ချက်။ဘုန်းကု၏ခွင့်ပြုချက်အရရေးပါသည်။

Post a Comment

0 Comments