<^>
#အာနာပါနကျင့်စဉ် ••••••••••••••••
ဝိပဿနာတရားအားထုတ်ဖို့အတွက် အာနာပါန ဖြင့် စပြီး အားထုတ်ကြရမည်။
အာနာပါနဟူသည် သတိဖြင့် ထွက်သက် ဝင်သက်
သိမှုကိုသာ ရှုကြည့်ရခြင်း ဖြစ်၏။
လေ နှင့် နှာခေါင်းကို ရှုတာ မဟုတ်ပါ။
ဦးစွာပထမ မျက်စေ့ကို မှိတ်ထားပြီး နှာသီးဝကို
ဉာဏ်နှင့်ကြည့် နှာသီးဝကိုဉာဏ်ရောက်လျှင် သာမာန်
ရှုရှိုက်နေစဉ် အခါထက် ပို၍သိလာသည်။
ဝင်လေ ထွက်လေကို သတိကလေးနဲ့စောင့်ပြီး
ဉာဏ် နဲ့သိပေးပါ။
ဝင်လေသိ ထွက်လေသိကို သတိထားပြီး
အားထုတ်နေစဉ် စိတ်သည် နှာသီးဝ အာရုံမှာ မနေပဲ
အခြား အာရုံ (အလုပ် သားသမီး ချစ်သူ မုန်းသူ)
များထံ ရောက်သွားတတ်ပါသည်။
ဝင်လေသိ ထွက်လေသိကို သတိမထားမိသောပဲ
အခြားအတွေးစိတ် ကြံစည်စိတ်များဖြစ်ပြီး
ဥဒ္ဒစ္စ စိတ်ပြန့်လွင့်နေတတ်သည်။ ရှုမှတ်စိတ်သည်
ထားရာမှာမနေ အပြင်ထွက်နေသည်။ သတိမထား
မိဘူး။ နည်းနည်းကြာမှ စိတ်ပြန့်လွင့်နေတာကို
သတိထားမိသည်။
အဲလို သတိထားမိလာခြင်းသည် သတိရှိလို့ သိခြင်း
ဖြစ်သည်။ သိသိခြင်း နှာသီးဝ လေဝင်လေထွက်
တာကို ပြန်ထား ဒီပြင်အာရုံတွေဆီမရောက်အောင်
သတိကပ်ထား။ သေချာသတိထားပြီး အတွေးတွေ
ထဲ မမျှောစေနဲ့။ ခက်တာက ကျွန်နော်တို့ကလည်း
အတွေးရှည်မှကြိုက်ကြတာ။ ဥပမာ ငါထီပေါက်ရင်
ဘာကားဝယ်စီးမလဲဆိုပြီး ကားတွေရွေးတယ်။
ဆက်မတွေးပဲ သတိနဲ့ဖြတ်ရမှာကို သတိက
လွတ်သွားတော့ ကြံစည်စိတ်ထဲမျောနေတယ်။
စရှုခါစလူဆို ပိုဆိုး။ စိတ်မပျက်ပါနဲ့ တနေ့နဲ့တနေ့
သတိ အားကောင်းလာပါလိမ့်မယ်။
နေ့စဉ်လုပ်နိုင်အောင်သာလုပ်ပါ။ သတိထားမိတဲ့
နေရာကနေရှုပြီး သိပေး။ လေရှု လေထုတ်ကို
အိပ်ပျော်နေသလို ပုံမှန်ရှု ပုံမှန်ထုတ်ပါ။
လေကိုရှည်အောင်လည်းမရှုမထုတ်နဲ့ တိုအောင်လည်း
မရှုမထုတ်နဲ့ ပုံမှန်ထုတ်ပါ။စိတ်ကိုပုံမှန်ထားပြီး
လေရှု လေထုတ်ပါ။ လေရှုလေထုတ်မှန်အောင်
စိတ်ငြိမ်သက်မှု ရအောင်အရင်ကြိုးစားပါ။
စိတ်မငြိမ်သက်ရင် လေရှုလေထုတ်သည်တိုသည်။
ကျင့်သားရလာရင် လေရှုတာကို အစ အလယ် အဆုံး
၎စက္ကန့်လောက်ကို သတိထားပြီးကြည့် ပြီးရင်
၁စက္ကန့်လောက်ရပ်သည့် အချိန်ကိုလည်းသိ ရပ်ပြီး
လေထုတ်တာကိုလည်း ၄စက္ကန့်လောက် အစ အလယ်
အဆုံး သတိထားပြီးပွတ်တိုက်မှုကို သိပေး။
ဒါဆို စိတ်ပြန့်လွင့်မှု့(ဥဒ္ဒစ္စ) မလာနိုင်တော့ဘူး။
၁၅မိနစ်စလုပ်သူများ ၅မိနစ်လောက်သတိထားနိုင်ရင်
မိမိစိတ်ကိုမိမိ ၅မိနစ် သခင်လုပ်ရသည်။စိတ်ကို
မိမိထားရာနေခိုင်းတော့ မိမိကသခင်ဖြစ်နေတာပေါ့။
ကျန်တဲ့ ၁၀မိနစ်က ဥဒ္ဒစ္စ ခေါ်ရာလိုက်ရတဲ့ကျွန်ပေါ့။
ရှုပါ များလာရင် သခင်ဖြစ်ရတဲ့အချိန်တိုးလာပါလိမ့်
မယ်။ မနက်မိုးလင်းတာနဲ့ တဏာကျွန်မဖြစ်အောင်
လည်းသတိထားနိုင်အောင်ကြိုးစား။အားရင်
မိမိစိတ်မိမိအကဲခတ်နေ။ တနေ့ထက်တနေ့
သတိအားတွေကောင်းလာလိမ်မယ်။
အာနာပါနကျင့်စဉ်သည် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင်လက်မလွတ်ပဲကျင့်သုံးသောနည်းဖြစ်
သည်။
အာနာပါန ပိုင်ရင် ဝိပဿနာကိုကူးလို့ရပါပြီ။
အချို့ ဉာဏ်ထက်မြတ်သူတွေ ကတော့
အာနာပါနနဲ့ ဈာန်အဆင့်ဆင့် ရပြီးမှ ဝိပဿနာဘက်
ကူးကြသည်။
ဈာန်ကိုကြိုးစားနိုင်ရင်တော့ကောင်းပါတယ်။
တော်ကြာ ဝိပဿနာမကူးခင် အသေဦးသွားရင်
သွားပြီ။ သာသနာနဲ့ကြုံဖို့ လူဖြစ်ဖို့က မလွယ်ဘူး။
ဘုရားမပွင့်မှီ အနှစ်နှစ်သောင်းရဟန်းတရားအားထုတ်
သူသည် ကုက္ကုစ္စဆွဲချလို့ နဂါးဖြစ်တော့
ဂေါတမဘုရားပွင့်အောင်စောင့်ပြီး သစ္စာတရားနာမလို့
ဘုရားပွင့်လာသော်လည်း နဂါးဖြစ်နေသည့်အတွက်
လူ့ဘဝရအောင်ကြိုးစားပါဦးကွာလို့ ဘုရားကပြော
တယ်။
ဒါကြောင့် လူဖြစ်လာတာ သာသနာနဲ့ကြုံလာတာ
ဟာ အတိတ်ကကုသိုလ်တွေကြောင့်လို့မှတ်။
အချို့လူတွေ မျက်မမြင်ဆွံအနားမကြားနဲ့
သစ္စာတရားကိုနားမထောင်နိုင်ကြဘူး။
မိမိမှာ ပြည့်စုံနေရဲ့သားနဲ့ အတိတ်က ကုသိုလ်
တွေက သစ္စာတရားကို တွေ့ခွင့်ကြုံခွင့်တွေပေးနေပေမဲ့
လျစ်လျူ ရှုနေသူများ နောက်တဖန်ဒီလိုအခြေအနေမျိုး
ထပ်ရမယ်လို့ ထင်နေလို့လား မိုးရွာတုန်ရေခံမှရမယ်
အခု သက်တမ်းတွေကဆုတ်ယုတ်လာပြီ။
လူဖြစ်ရတဲ့အခိုက် သာသနာနဲ့ကြုံတဲ့အခိုက်
မှာ လုပ်ဖြစ်အောင် ကျင့်ဖြစ်အောင် တနေ့နည်းနည်း
အကျင့်လုပ်သွားကြပါ လူဖြစ်ဖို့ဆိုတာမလွယ်ကြောင့်ကို
ဘုရားက " လူတစ်သိန်းသေလို့ တယောက်တောင်
လူ့ပြည် နတ်ပြည် ဗြဟ္မာပြည် ရောက်ဖို့မလွယ်ဘူး"
လို့ ဟောကြားတော်မူတယ်။
မိမိရရှိသောဘဝကို စိတ်ညစ်လို့သတ်သေတာ
စိတ်အလိုလိုက်ပြီး တဏှာကျွန်နဲ့ ဘဝကို
မဖြတ်သန်းကြပါနဲ့။
လူအချို့က အူမတောင့်ဖို့သာ အဓိကဟု ပြော
သော်လည်း အူမတောင့်လာပြီး အဆင်ပြေလာ
သော်လည်း ဝိပဿနာမလုပ် ချမ်းသာဖို့အဓိက
ဖြစ်သွားသည်။ ဆင်ခြေအမျိုးမျိုးပေးပြီး
ဘုရားလမ်းစဉ်ကိုရှောင်ကြသည်။
လူဖြစ်လာတုန်း တစ်ခဏမှာ အမှန်မြင်နိုင်ပါစေ
ပိုးဖလံမျိုး မီးကို တိုးသည့်ပမာမဖြစ်အောင်
ချမ်းသာစစ် ချမ်းသာမှန်ကို ခွဲခြားနိုင်ပါစေ
မင်္ဂလာရှိသောအချိန်မှာ မိမိစိတ်မိမိအကဲခတ်နိုင်ပါစေ
ထူးထူး မှန်တာပြော ဟုတ်တာလုပ်
©©©©©©©©©©©©©©©
0 Comments