ဝါဆို သင်္ကန်း လှူဒါန်းရခြင်းအကျိုး (၇) မျိုး
(၁) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်
စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ… မိမိခန္ဓာကိုယ်
ကို ဆင်မြန်းရန် အဝတ်အထည်အတွက် စိုးရိမ်
သောကများမဖြစ်စေရခြင်း။
(၂) ယခု ဘဝ ကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်
စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ… မိမိ၏ ခန္ဓာကိုယ်
မှ အသားအေ ရတို့သည် ရွှေရောင်လို ဝင်းဝါတောက်
ပနေရခြင်း။
(၃) ယခု ဘဝ ကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်
စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ… မိမိခန္ဓာကိုယ်
မှ နှစ်လိုဖွယ် အရောင်ထွက်ပေါ်ခြင်း။
(၄) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်
စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ… မိမိခန္ဓာကိုယ်
အသားအရည်တို့သည် နုညံ့ချောမွေ့နေခြင်း။
(၅) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်
စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ… မိမိခန္ဓာကိုယ်
မှာ မှဲ့ခြောက် တင်းတိတ် ဝတ်ခြံ စသောအညစ်အ
ကြေးတို့မရှိခြင်း။
(၆) ၁) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်
စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ… ခေတ်ကာလ
အလျောက်ပေါ်ပေါက်လာသည့် အဝတ်အထည်တို့
ကို မိမိတို့စိတ်ထဲကနေ တောင်းတလိုက်ရုံဖြင့်အ
လွယ်တကူရရှိ၍ ဝတ်ဆင်နိုင်ရခြင်း။
(၇) နောင်ပွင့်တော်မူကြမည့် ဘုရားရှင်တို့နှင့် ကံ
ကောင်းထောက်မစွာ ကြုံတွေ့သည့်အခါ ထိုဘုရား
ရှင်သည် ဝါဆိုသင်္ကန်း လှူဒါန်းဘူးခဲ့သည့် ကုသိုလ်
ရှင်အား… ဧဟိ ဘိက္ခု…လာလော့ရဟန်းဟုခေါ်
လိုက်ရုံဖြင့် ခေါင်း ကဆံပင် ခန္ဓာကိုယ် မှာဆင်မြန်
ထားသည့် အဝတ်အစား စသည့်လူ့အသုံးအဆောင်
များပျောက်ကွယ်၍ (၁၅၀၀)ကိလေသာကုန်ခမ်းကာ
ရဟန္တာ စစ်စစ် ဧကန်ဖြစ်ရခြင်းဟူသော…ကောင်း
ကျိး(၇)မျိးကို ဝါဆိုသင်္ကန်းအလှူရှင်များ ရရှိနိုင်၏။
ထို(၇)မျိးတို့တွင် (၁)မှ(၆)သည် လောကီကောင်း
ကျိးများဖြစ်၏ ။ နံပါတ်(၇)သည် လောကုတ္တရာ
ကောင်းကျိးဖြစ်၏..။ သို့ဖြစ်၍ ဝါဆိုသင်္ကန်းအလှူ
ရှင်တို့သည် လောကီကောင်းကျိး လောကုတ္တရာ
ချမ်းသာ အဖြာဖြာတို့ကို ရရှိကြမှာဖြစ်လို့ ဤနှစ်ဝါ
တွင်းကာလ၌ သံဃာတော် များအား ဝါဆိုသင်္ကန်း
လှူဒါန်းဆပ်ကပ်ဖြစ်အောင်ကြိုးစားအားထုတ်ကြဖို့
တိုက်တွန်းလိုက်ရပါသတည်း……။
0 Comments