*******************
ယဿ မူလေ နိသိန္နော ယော ၊
ဇေတွာ မာရံ သဝါဟိနိံ ၊
သမ္ပတ္တော အဘိသမ္ဗောဓိံ ၊
တဿ တံ ပူဇယာမသေ ။
ယော ဘဂဝါ-
ဘုန်းတော်ခြောက်ပါးသခင် အကြင်ဘုရားရှင်သည်၊
ယဿ ဗောဓိရုက္ခဿဿ -
ညောင်ဗုဒ္ဓဟေခေါ်မှတ် အကြင်ဗောဓိပင်မြတ်၏၊
မူလေ-
အရိပ်သာယာ ညီညာမြင့်မြတ် အနီးရပ်၌၊
နိသိန္နော- ထက်ဝယ်ဖွဲ့ခွေ၊ တင့်တယ်စွာ၊ စံနေတော်မူလျက်၊
သဝါ ဟိနိံ-
နောက်လိုက်ဗိုလ်ပါ
စစ်သည်ပေါင်းများစွာနှင့်တကွသော၊
မာရံ- မာရ်နတ်မင်းကို၊
(သံသရာအတွင်းက ကိလေသာ မာန်မင်းကို)
ဇေတွာ-
ဒါနစသည် ပါရမီတော် ဆယ်ချက် ကောင်းမှုတည်းဟူသော လက်နက်ဖြင့် ပယ်ဖျက်သုတ်သင် အောင်မြင်တော်မူပြီး၍၊
အဘိသမ္ဗောဓိံ- အရဟတ္တမဂ်ဉာဏ်၊
သဗ္ဗညုတဉာဏ်တည်းဟူသော ဘုရားအဖြစ်သို့၊
သမ္ပတ္တော- ကောင်းစွာထမြောက်
ဆိုက်ရောက်တော်မူခဲလေပြီ၊
တဿ ဘဂဝတော-
ဘုန်းတော်ခြောက်ပါးသခင်
ထိုဘုရားရှင်ကိုယ်တော်မြတ်၏၊
တံဗောဓိရုက္ခံ-
ညောင်ဗုဒ္ဓဟေခေါ်မှတ် ထိုဗောဓိပင်မြတ်ကို၊
မယံ- ငါတို့သည်၊
(ပူဇယာမသေ-
မြတ်ဗုဒ္ဓ၏ပရိဘောဂ ကို ရှင်သန်ကာ ကြီးပွားစေကြောင်း ရေစင်လောင်းလျှက် နှစ်ထောင်းရွှင်ပြ ပူဇော်ကြပါကုန်၏၊
ပူဇယာမသေ-
ကိလေသာမာရ်တစ်သင်းကို ပယ်ခွင်းကာ နိဗ္ဗာန်ရောက်ကြောင်း ရေစင်လောင်းလျှက်
နှစ်ထောင်းရွှင်ပြ ပူဇော် ကြ ပါကုန်၏၊ )
ပူဇယာမသေ-
အေးမြစေကြောင်း၊ ရေစင်လောင်းလျက်၊
နှစ်ထောင်းရွှင်ပြ၊ ပူဇော်ကြပါကုန်သတည်း။

0 Comments