ပိဋကတော် သင်ယူနည်း ၃- ပါး။
၁။ အလဂဒ္ဒူပမာ ပရိယတ္တိ =
မြွေဖမ်းသူသည် အဖမ်းမတတ်လျှင် မြွေကိုက်၍ ဒုက္ခရောက်ရသလို ပရိယတ်တရားကိုလည်း
သူတပါးတို့ အယူဝါဒကို ပြစ်တင်ရှုပ်ချရန် ပြိုင်ဆိုင်ကဲ့ရဲ့ရန်၊ သူတပါးတို့
မိမိအယူဝါဒကို ပြစ်တင်လာသော် ဖယ်ရှောင်ရှား၍ ချေပနိုင်ရန်၊
ကျော်စောထင်ရှားရန်၊ ဒကာများ၍ လာဘ်လာဘပေါစေရန် ရည်ရွယ်၍ သင်ယူလျှင်
စိတ်ထားမကောင်းသောကြောင့် အပါယ်ငရဲကျ ဆင်းရဲဒုက္ခရောက်ရ၍ အလဂဒ္ဒူပမာ
ပရိယတ္တိသင်ယူနည်းခေါ်၏။
၂။ နိဿရဏတ္ထ - ပရိယတ္တိ= သီလ သမာဓိ ပညာ
ဝိပဿနာတရားမှန်တို့ကို တက်ကျွမ်း၍ မဂ်ဖိုလ်ရယူနိုင်ရန်
ကျင့်ကြံအားထုတ်ရေးအတွက် သင်ယူလျှက် မြင့်မြတ်သောစိတ်ထားကြောင့် ဝဋ်ဒုက္ခမှ
ထွက်မြောက်ရာ လွတ်မြောက်ရာသည် နိဿရဏတ္ထ ပရိယတ္တိသင်ယူနည်းမည်၏။
၃။
ဘဏ္ဍာဂါရိက - ပရိယတ္တိ= မြတ်စွာဘုရားရှင်၏ ဓမ္မခန္ဓာပေါင်း တိမ်းစောင်း
ပျောက်ပျက်ခြင်း မရှိရအောင် ထိမ်းသိမ်းစောင့်ရောက်ရန် သင်ကြားမူမျိုးကို
မင်း
0 Comments