Advertisement

Responsive Advertisement

အသက်ကြီးသောအခါ

"" အသက်ကြီးသော အခါ ""

"မျောက်လို လှုပ်ရှား"၊ "ကြောင်လို စား"၊
"နွားလို ရေသောက်"၊
"လိပ်လို လျှောက်"၊ "တုတ်ထောက် မပျင်းနှင့်"။


၁။ မျောက်လို လှုပ်ရှား
အသက်ကြီးလာလျှင် လှုပ်လှုပ်ရှားရှားနေရပါတယ်၊
ငြိမ်ကုတ်နေတာဟာ
ရောဂါတွေကို ဖိတ်ခေါ်နေတာနဲ့ အတူတူပါပဲ ။

၂။ ကြောင်လို စား
အသက်ကြီးလာတာနဲ့ အမျှ အစာခြေဖျက်မှု့တွေနှေးကွေးသွားပြီဖြစ်လို့
တစ်ခါစားရင် နည်းနည်းနဲ့အကြိမ်များများ စားပေးရပါတယ်။
လူငယ်တွေလို တစ်ထိုင်တည်း အဝ စားလို့မရတော့ပါဘူး။

၃။နွားလို ရေသောက်
အသက်ကြီးလာလျှင် သွေးလည်ပတ်မှုနဲ့ဝမ်းမှန်အောင်
ရေကိုများများ သောက်ပေးရပါတယ်။

၎။ လိပ်လို လျှောက်
အသက်ကြီးလာတာနဲ့အမျှ သွားလာလှုပ်ရှားတဲ့ အခါ ခြေချော်မလဲစေဖို့ ဖြေးဖြေးနဲ့မှန်မှန် လမ်းလျှောက်ပေးရပါတယ်။

၅။ တုတ်ထောက် မပျင်းနှင့်
မကြာခဏ လဲပြိုမှု့မဖြစ်ရလေအောင် တုတ်ကောက်ဆောင်ရပါမယ်။
လဲပြိုသွားခဲ့ရင် ပြန်ကောင်းဖို့မလွယ်ကူတော့ပါဘူး။
တုတ်ကောက်ဆောင်ထားခြင်းက တော်တန်ရုံ လဲပြိုမှု့ကို မဖြစ်စေတော့ပါဘူး။

San Nyuntoo
MM Book City
Credit......

Post a Comment

0 Comments