ဒီလ
ဒီည
ဒီအချိန် ရောက်ရှိလာပါပြီ.. အားလုံး စောင့်မျှော်နေရတဲ့ နေ့ထူးနေ့မြတ်လည်းဖြစ်၊ ဆေးပေါင်းခ ညလည်းဖြစ်၊ ပျှော်ရွှင်စရာ သူခိုးကြီးညလည်းဖြစ် တဲ့အတွက်ကြောင့် ရသစုံပေးတဲ့ ညတစ်ညလို့ဆိုက မှားအံ့မထင်ပါ..။
မြတ်စွာဘုရားရှင် အဇာတသတ်မင်းကို သာမညဖလသုတ် ဟောကြားတော်မူလို့ နေ့မြတ်တစ်နေ့လို့ ဆိုတယ်..။
ကောင်းကင်မှာ နက္ခတ်တာရာ ကြယ်တကာတို့ စုံတဲ့အတွက်ကြောင့် ဆေးပေါင်းခတယ်လို့ လူကြီးမိဘများက ဆိုကြပြန်တယ်..။
ဒီညမှာပဲ တစ်နှစ်လုံး မပွင့်တဲ့ ကုမုဒြာကြာပန်းက ခုညမှ ပွင့်တာဖြစ်တဲ့အတွက် ထူးခြားမူတွေ ပေးတယ်..။
သဒ္ဓါတရား ထက်သန်တဲ့ သူများကလည်း လမ်းစုံလမ်းခွ စသည်တို့မှာ ပံသုကူပစ္စည်းလေးတွေ ပြစ်ထားခြင်းဖြင့် အလှူအတန်း ပြုရလို့ ကုသိုလ်ရတဲ့ ညလို့လည်း မိန့်ကြတယ်..။
ဘုရားတို့ ကျောင်းတို့လို လူသွားများတဲ့နေရာနဲ့ ရပ်ကွက်တွေမှာ လာရောက်သူတွေကို နိဗ္ဗာန်းဈေး ပြုလုပ်ပေးခြင်းဖြင့် အစားအသောက်တွေ လှူခွင့်ရလို့ ဝမ်းမြောက်ရတဲ့နေ့လည်းဖြစ်တယ်။
လူငယ်သဘာဝ စကြနောက်ကြရင်း ဟိုအိမ်ကပစ္စည်း ဒီအိမ်ရွှေ့၊ ဒီကပစ္စည်း တနေရာဖွက်ထားခြင်း စသည်ဖြင့် ပျော်ရွှင်စရာ မြန်မာတို့ဓလေ့ကို ဖော်ကျူးတဲ့ ညတစ်ညလည်း ဖြစ်ပါတယ်..။
ပြောချင်တာက ဆေးပေါင်းခပြီး ထူးမြတ်တဲ့ညအတွက် မယ်ဇလီဖူးသုပ်နည်းလေး မျှဝေချင်ပါတယ်..
- မယ်ဇလီဖူး - 100 g
- ကြက်သွန်နီတစ်လုံး ကိုပါးပါးလှီးပြီး ရေစိမ်ထားပါ။
- ဆား၊ အရသာမှုန်.- ငံပြာရည်- အနဲငယ်စီ၊
- ကြက်သွန်ဖြူ၊နီဆီချက်- ထမင်းစာဇွန်း ၂ ဇွန်း၊
- ပုဇွန်ခြောက်ထောင်း - ထမင်းစာဇွန်း ၁ ဇွန်း၊
- မြေပဲလှော်ထောင်း ထမင်းစာဇွန်း ၂ ဇွန်း၊
- နှမ်းလှော်.. ထမင်းစာဇွန်း ၁ ဇွန်း၊
- သံပုရာသီးတခြမ်း။
- မန်းကျဉ်းမှည့် - ထမင်းစာဇွန်း ၁ ဇွန်း၊
မယ်ဇလီဖူးကို ရေဆေးပြီး ရိုးတံ နှင့် အရင့်တွေ ဖယ်ပြီး ပြုတ်ပါ …၁၀ မိနစ် လောက်ပြုတ်ပြီး ၊ ရေသွန်
ပြီး ရေသစ်လဲ၍ မန်ကျဉ်းမှည့် ထည့် ၁၀ မိနစ် ထပ်ပြုတ်ပြီး ရေစစ်ကာ မညှက် တညှက် ထောင်း ပြီး ပါး
ပါး လှီး ထားသော ကြက်သွန်နီ၊ ဆား၊ အရသာ မှုန့် ငံပြာရည်၊ ကြက်သွန် ဖြူ၊ နီ ဆီချက်၊ ပုဇွန်ခြောက်
ထောင်း မြေပဲလှော်ထောင်း၊ နှမ်းလှော်တို့ကို ထည့်ကာ သံပုရာရည် ညှစ်ထည့်ပြီး သမအောင်နယ်ကာ သုံးဆောင်လို့ရပါပြီ..။
သာမညဖလသုတ် နာကြားမည့်သူများအတွက် သီတဂူဆရာတော်ကြီး ဟောကြားတော်မူသော သာမညဖလသုတ္တံ ဒေသနာတော်ကို အောက်ပါလင့်သို့ သွားရောက်နာယူနိုင်ကြပါသည်..။
https://www.youtube.com/watch?v=apxcYe7Pfpw&t=3s
မေတ္တာဖြင့် အရှင်ဇောတိ နံ့သာနီ
0 Comments