လူအနာဂါမ်ဖြစ်သော်လည်း ကိုရင်သာမဏေအား ရှိခိုးထိုက်သော အကြောင်းရင်း..
*********************
ဒီနေ့တက်လာတဲ့ ဓါတ်ပုံသတင်းတွေကို ကြည့်ပြီး စိတ်ထဲ မကောင်းလို့ ချရေးလိုက်တာပါ..။
လောကမှာ ငယ်သော်လည်း အထင်မသေးအပ်တဲ့အရာ ၄ မျိုးရှိတယ်..
• မီးပွားလေး ငယ်တယ်ဆိုပြီး ပေါ့ပေါ့တန်တန် မပြုနဲ့၊ အမှိုက်ကစ ပြဿဒ်မီးလောင်တတ်တယ်..။
• မြွေလေး ငယ်တယ်ဆိုပြီး အထင်မသေးနဲ့ ကိုက်ရင် အသက်ပါသွားနိုင်တယ်..။
• အိမ်ရှေ့စံမင်းသားလေး ငယ်တယ်ဆိုပြီး မနောက်မိစေနဲ့ ဘုရင်ဖြစ်လာရင် ရာဇဒဏ်သင့်မယ်..။
• ကိုရင်လေး ငယ်တယ်ဆိုပြီး မထေမဲ့မြင် (အဂါရဝ) မပြုနဲ့ သံသရာမှာ နစ်မွန်းသွားမယ်..။
ကိုရင်လေးတစ်ပါးရဲ့ဂုဏ်ဟာ ဘယ်လောက်အထိ လဲဆိုရင် အနာဂါမ်တည်ပြီးသား လူအရိယာသည်ပင် ဒီနေ့မှ ဝတ်လာတဲ့ ရှင်သာမဏေလေးကို ရှိခိုးထိုက်တဲ့အကြောင်းကို ပါဠိတော်မှာ..
အနာဂါမီပိ စေ ဘိက္ခဝေ ဂိဟိ ဟောတိ၊
တေန တဒဟု ပဗ္ဗဇိတဿာပိ သာမဏေရဿ
အဘိဝါဒနာ ဒီနိ ကတ္တဗ္ဗာနေဝ။ (သုတ္တနိပါတ်၊ဋ္ဌ၊ဆဋ္ဌ၊၂၆၂)
ဘိက္ခဝေ- ချစ်သားရဟန်းတို့၊ ဂိဟိ- လူသည်၊ အနာဂါမီပိ- အနာဂါမ်သည်လည်း၊ စေ ဟောတိ- ဖြစ်စေဦးတော့၊ တေန- ထိုသူသည်၊ တဒဟု ပဗ္ဗဇိတဿာပိ- ထိုနေ့၌ ရှင်ပြုအပ်သည်လည်းဖြစ်သော၊ သာမဏေရဿ- ရှင်သာမဏေ ကိုရင်လေးအား၊ အဘိဝါဒနာဒီနိ- ရှိခိုးခြင်း စသည်တို့ကို၊ ကတ္တဗ္ဗာနေဝ- ပြုအပ် ပြုသင့် ပြုထိုက်သည်သာတည်း..။
မြတ်စွာဘုရားက ကိုရင်လေးတွေကို မထေမဲ့မြင်မပြုဖို့ ဟောကြားထားတာပါ။ ဒါကို ဗုဒ္ဓဘာသာဝင်တွေက ဘာလို့များ ကွယ်ရာတစ်မျိုး ရှေ့တင်တဖုံ အစုံစုံသော ဒုက္ခတွေ ပေးနေကြပါလိမ့်..။
ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေအမည်ခံပြီး ကိုယ့်ဘာသာကို နှိပ်ကွတ်နေကြတယ်..။
နိုင်ငံရေးအတွက်နဲ့ ဘာသာကို ရောင်းစားနေကြတယ်..။
ကိုယ့်ထိုင်ခုံမြဲဖို့အတွက် ဘာသာကို စော်ကားနေကြတယ်..။
လူတစ်စုကောင်းစားဖို့အတွက် ဘာသာကို စတေးနေကြတယ်..။
ဆု တစ်ခုအတွက်နဲ့ ဘာသာကို ချနင်းနေကြတာဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့အရာတွေပါ..။
စာရေးသူဆန္ဒကိုပြောရရင်..
နိုင်ငံကြီးတော့ ချမ်းသာပြီး ဘာသာတရားကြီး ဆုတ်ယုတ်ပျက်စီးသွားမှာ မလိုလားဘူး..။
နိုင်ငံကြီးက ချမ်းသာပြီး ယဉ်ကျေးမှုတွေ ပျောက်ဆုံးသွားမှာ မနှစ်သက်ဘူး..။
ပမာနှိုင်းမှု တစ်ခုပြရမယ်ဆိုရင် ယခုလက်ရှိ စာရေးသူ သီတင်းသုံးနေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကိုကြည့်ပါ..။
ထိုင်းနိုင်ငံကြီး တိုးတတ်ခဲ့တယ်၊ ပြောင်းလဲခဲ့တယ်၊ ချမ်းသာခဲ့တယ်။
သို့သော် .. ဒါတွေနဲ့မတန်အောင် ပေးဆပ်ခဲ့ရတာက ထိုင်းယဉ်ကျေးမှု (လျှပ်ပေါ်လော်လီစွာ ဝတ်စားဆင်ယင်မှု) တွေ ဆုံးရှုံးတယ်၊ ထိုင်းအမျိုးသမီးလေးတွေ (ဆာရီခြုံပြီး ဘာသာကူပြောင်းကုန်တယ်) ဆုံးရှုံးတယ်။ ဥပုသ်နေ့တွေဆိုရင် ဘုန်းကြီးကျောင်းမှာ လူငယ်လေးတွေ မတွေ့ရတော့ပဲ သက်ကြားအိုတွေပဲရှိတယ်..။
ထိုင်းသံဃာတော်တွေ ကိုယ်တိုင်က တရားမဟောတော့ တိုင်းသူပြည်သားတွေမှာ တရားအသိနဲ့ ဝေးကုန်တယ်..။ ဆိုလိုချင်တာက ဗုဒ္ဓဘာသာ ဆုံးရှုံးကုန်တယ်..။
ထိုင်းနိုင်ငံကို ပမာယူပြီး.. မြန်မာပြည်ကြီးလည်း အဲဒီလိုဖြစ်မှာ စိုးရိမ်တယ်..။ ဘာသာပေါင်းစုံ အမည်တတ်ပြီး ဆုတောင်းပွဲတွေ လုပ်တယ်..။ ဟန်ပြပဲ..။ တဖက်ဘာသာဝင်တွေက အင်အားနည်းနေလို့ ဖော်လိုလိုက်ပြီး လုပ်နေတာကို အဟုတ်မှတ်ပြီး ကိုယ့်လူတွေက ကိုယ့်ကိုကိုယ် ဟုတ်လှပြီမှတ်နေကြတယ်..။
ဒီပွဲတွေကို ဦးဆောင်ကျင်းပနေသူ တရားခံကတော့ ရှင်းပါတယ်..။ ပြည်သူတွေ မွေးခဲ့တဲ့ ပြည်သူမျောက်ပါပဲ.. သတိထားကြပေါ့လေ..။
သူတို့တွေ ဆုတောင်းနေသလို.. စာရေးသူလည်း ဆုတောင်းနေပါတယ်.. "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" လို့..
မေတ္တာဖြင့်
အရှင်ဇောတိ နံ့သာနီ
0 Comments