Advertisement

Responsive Advertisement

မသေဘူးတဲ့နေရာ မရှိပါ

သား.. ငါသေရင် ဘယ်အလောင်း ဘယ်သူသေကောင်မှ မြှုပ်နှံခြင်းမပြုသေးတဲ့ နေရာမှာ မြှပ်နှံပါ.. ဖခင် ဘယ် သူသေကောင်မှ မမြှပ်ဘူးတဲ့နေရာကို ရှာဖို့ရန် အင်မတန်ခဲယဉ်းပါတယ် ၄င်းနေရာကို ဖခင်ကိုယ်တိုင် ပြသထားပါ.. လို့ပြောတဲ့အတွက် ဂိဇ္ဈဂုဋ်တောင်ပေါ်ကို သားအဖနှစ်ယောက်တက်ပြီး တောင်ကမူလေးတစ်ခုရဲ့ဘေး ကွက်လပ်လေးကိုလက်ညှိုးထိုးပြတယ်..။ ငါ့သား.. ဒီနေရာတော့ဖြင့် ဘယ်သူမှ မြှပ်နှံဘူးခြင်း မရှိလောက်ဘူး။ ငါသေရင် ဒီနေရာမှာ မြှပ်ရမယ်လို့ သားကိုမှာကြားပြီး တောင်အောက်ဆင်းလာတယ်..။ 


တောင်ခြေမှာ ဘုရားရှင်နဲ့တွေ့တော့ ဗုဒ္ဓကမေးတယ်.. ဥပသာလက ပုဏ္ဏားကြီး တောင်ပေါ်ကို အဘယ်အကြောင်းကြောင့် တတ်ဘိသနည်း.. တပည့်တော်သေရင်မြှပ်နှံဖို့ရန် ဘယ်.. သူသေကောင်မှ မမြှပ်ဘူးသေးတဲ့နေရာကို ရှာခြင်းဖြစ်ပါတယ်ဘုရား.. တွေ့ခဲ့ရဲ့လား ပုဏ္ဏားကြီး.. တင်ပါ့ တွေ့ခဲ့ပါတယ်ဘုရား.. ဒါဆို အဲ့ဒီနေရာ ငါဘုရားကို လိုက်ပြချေ.. ဆိုတဲ့အတွက် တောင်ပေါ်ကိုနောက်တစ်ခါပြန်တတ်ပြီး လိုက်ပြတယ်..။ 

ဥပသာလက တွေ့တဲ့နေရာကို ဗုဒ္ဓက လက်ညှိုးထိုးပြီး.. ပုဏ္ဏားကြီး သည်နေရာဟာ တခြားသူတွေကို မပြောနဲ့ သင်ကိုယ်တိုင် ဥပသာလကအမည်နဲ့ မြှပ်နှံခဲ့ အလောင်းပေါင်း တစ်သောင်းလေးထောင်ရှိနေပြီ ဆိုတဲ့အကြောင်းကို
ဥပသာလက နာမာနိ၊သဟဿာနိ စတုဒ္ဒသ၊
အသိံ္မပဒေသ ဒဍ္ဎာနိ၊ နတ္ထိလောကေ အနာမတံ။
ဂါထာဖြင့် ဟောတော်မူလို့ ဥပသာလက ပုဏ္ဏားကြီး သောတာပန် ဖြစ်တော်မူတယ်..။
အထက်ပါ ဇာတ်တော်ကိုကြည့်ခြင်းအားဖြင့် ကမ္ဘာလောက တစ်ခွင်လုံးသည် သူသေကောင်ပုတ်တို့ မြှပ်နှံသင်္ဂြိုဟ်ရာ သင်္ချိုင်းမြေကြီး ဖြစ်ပါကြောင်း သံဝေဂယူနိုင်ကြပါစေ.. အရှင်ဇောတိ- နံ့သာနီ

Post a Comment

0 Comments