မြတ်ဗုဒ္ဓ နှင့် ခုနှစ် နှစ်သား ရဟန္တာလေး ရှင်သောပါက တို့ စင်္ကြန်အတူ လျှောက်တော်မူကြစဉ် မြတ်ဗုဒ္ဓက မေးတော်မူကာ သောပါကသာမဏေလေး ဖြေကြားတော်မူတဲ့
တစ်-နှစ်-သုံး ဂဏာန်းလေးများရဲ့ စိတ်ဝင်စားဖွယ် အဓိပ္ပါယ်လေးတွေပါ ....
(၁) ဧကံနာမ ကိံ = “တစ်” ဆိုတာ ဘာတဲ့လဲ ?
သဗ္ဗေသတ္တာ အာဟာရ ဋ္ဌိတိကာ = အကြောင်းကြောင့်သာ တည်ရှိပါ “ ခန္ဓာ ” ဆိုတာပဲ ။
(၂) ဒွေနာမ ကိံ = “ နှစ် ” ဆိုတာ ဘာတဲ့လဲ ?
နာမဉ္စ ရူပဉ္စ = “ ရုပ်+နာမ်” တရား နှစ်ပါးပဲ ။
(၃) တီဏိ နာမ ကိံ = “ သုံး ” ဆိုတာ ဘာတဲ့လဲ ?
တိဿော ဝေဒနာ = ဝေဒနာတရား သုံးပါးပဲ ။
” ဝေဒနာသုံးပါး ” ဆိုတာ ...
1 . သုခဝေဒနာ - ကိုယ်စိတ်ချမ်းသာ ခံစားမှု ၊
2 . ဒုက္ခဝေဒနာ - ကိုယ်စိတ်ဆင်းရဲ ခံစားမှု ၊
3 . အဒုက္ခမသုခဝေဒနာ - ချမ်းသာခြင်းလည်းမဟုတ်+ဆင်းရဲခြင်း မဟုတ်တဲ့ ( ထူးခြားမှုမရှိ ) စပ်ကြား ခံစားမှု ၊
{ ဥပေက္ခာဝေဒနာ - ဣဋ္ဌာရုံလောက်လည်း မကောင်း ၊ အနိဋ္ဌာရုံလောက်လည်း မဆိုး အလယ်အလတ်မျှ အလိုရှိအပ် လျစ်လျူရှုအပ်သော ခံစားမှု ။
(၄) စတ္တာရိ နာမ ကိံ = “လေး” ဆိုတာ ဘာတဲ့လဲ ?
စတ္တာရိ အရိယသစ္စာနိ = အရိယသစ္စာ လေးပါးပဲ ။
” အရိယသစ္စာ လေးပါး ” ဆိုတာ
ဒုက္ခအရိယသစ္စာ - ဆင်းရဲကြောင်း ဟူသော အရိယာတို့ သိအပ်သော အမှန်တရား ၊
ဒုက္ခသမုဒယအရိယသစ္စာ - ဆင်းရဲမှုကို ဖြစ်စေတတ်သော အကြောင်းခံ ဟူသော အရိယာတို့ သိအပ်သော အမှန်တရား ၊
ဒုက္ခနိရောဓ အရိယသစ္စာ - ဆင်းရဲမှု ချုပ်ငြိမ်းခြင်း အရိယာတို့ သိအပ်သော အမှန်တရား ၊
ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ - ဆင်းရဲမှုချုပ်ငြိမ်းရာ အကျင့်ဟူသော အရိယာတို့ သိအပ်သော အမှန်တရား ... တို့ ဖြစ်ပါတယ် ။
(၅) ပဉ္စ နာမ ကိံ = ” ငါး ” ဆိုတာ ဘာတဲ့လဲ ?
ပဉ္စုပါဒါနက္ခန္ဓာ = ဥပါဒါနက္ခန္ဓာ ငါးပါး ပဲ ။
ပဉ္စ + ဥပါဒါန + ခန္ဓာ = ဥပါဒါန်၏ အာရုံဖြစ်သော လောကီခန္ဓာ ငါးပါး
( ဘဝတဏှာ၌ စွဲလမ်းခြင်း၏ အစု )
(၆) ဆ နာမ ကိံ = “ခြောက်” ဆိုတာ ဘာတဲ့လဲ ?
ဆ အဇ္ဈတ္တိကာနိ အာယတနာနိ = အတွင်းအာယတန ခြောက်ပါးပဲ။
“ အတွင်းအာယတန ခြောက်ပါး ” ဆိုတာ
1 . စက္ခာယတန - (စက္ခု + အာယတန = မျက်စိအကြည်၏ တည်ရာ ။
2 . သောတာယတန - ( သောတ + အာယတန = နားအကြည်၏ တည်ရာ ။
3 . ဃာနာယတန - ( ဃာန + အာယတန = နားအကြည်၏ တည်ရာ ။
4 . ဇိဝှာယတန - ( ဇိဝှ + အာယတန = လျှာအကြည်၏ တည်ရာ ။
5 . ကာယာယတန - ကာယ + အာယတန = ကိုယ်အကြည်၏ တည်ရာ / ကာယဝိညာဉ်၏ တည်ရာ ဖြစ်ရာ အကြောင်း ။
6 . မနာယတန - မန + အာယတန = သိတတ်သော တရား၏ တည်ရာ / သမ္ပယုတ်တရားတို့၏ ဖြစ်ကြောင်းစိတ် ။
(၇) သတ္တ နာမ ကိံ = “ခုနှစ်” ဆိုတာ ဘာတဲ့လဲ ?
သတ္တဗောဇ္ဈင်္ဂါ = ဗောဇ္ဈင် ခုနှစ်ပါးပဲ ။
ဗောဇ္ဈင်ဆိုတာ
ဗောဓိ + အင်္ဂ = သိတတ်တဲ့ပုဂ္ဂိုလ် (သို့မဟုတ် ) အသိဉာဏ် ရဲ့ သိကြောင်း အထောက်အပံ့ အင်္ဂါရပ် )
{ တနည်း } ဗောဓိဿ + အင်္ဂါ = ဗောဇ္ဈင်္ဂါ “ ဗောဓိဿ = သစ္စာလေးပါး တရားအပေါင်းကို သိခြင်း - မဂ်ဖိုလ်ဉာဏ်၏ ၊ အင်္ဂါ = အကြောင်းတို့တည်း/ အစိတ်အပိုင်းတို့တည်း ။
ခုနှစ်ပါးဆိုတာ ...
1 . သတိသမ္ဗောဇ္ဈင် - သတိတရားစွဲမြဲခြင်း တိုးပွားမှု = အောက်မေ့ခြင်း မဂ်ဖိုလ်ဉာဏ် အစိတ် “ သတိစေတသိက် ” ၊
2 . ဓမ္မဝိဇယသမ္ဗောဇ္ဈင် - တရားဓမ္မဆင်ခြင်သုံးသပ်မှု = တရားစိစစ်ခြင်း မဂ်ဖိုလ်ဉာဏ် အစိတ် “ ပညာစေတသိက် ” ၊
3 . ဝီရိယသမ္ဗောဇ္ဈင် - အကုသိုလ်တွေ ပယ်ရှား - ကုသိုလ်တွေ ပြည့်ဝအောင် ကြိုးစားအားထုတ်မှု = လုံ့လစိုက်ခြင်း မဂ်ဖိုလ်ဉာဏ် အစိတ် “ ဝီရိယစေတသိက် ” ၊
4 . ပီတိသမ္ဗောဇ္ဈင် - စိတ်ထဲမှာ တရားဓမ္မဖြင့် ကျေနပ်နှစ်သက်မှု = နှစ်သက်ခြင်း မဂ်ဖိုလ်ဉာဏ် အစိတ် “ ပီတိစေတသိက် ” ၊
5 . ပဿဒ္ဓိသမ္ဗောဇ္ဈင် - ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးမှု = အေးမြခြင်း မဂ်ဖိုလ်ဉာဏ် အစိတ် “ ကာယ-စိတ္တ ပဿဒ္ဓိစေတသိက် ” ၊
6 . သမာဓိသမ္ဗောဇ္ဈင် - စိတ်တည်ငြိမ်မှု = စိတ်၏ တည်ကြည်ခြင်း မဂ်ဖိုလ်ဉာဏ် အစိတ် “ ဧကဂ္ဂတာစေတသိက် ” ၊
7 . ဥပေက္ခာသမ္ဗောဇ္ဈင် - သဘာဝတရားအားလုံးဟာ တညီတည်း ဆောင်ရွက်နေမှု = လျစ်လျူရှုခြင်း မဂ်ဖိုလ်ဉာဏ် အစိတ် “ တတြမဇ္ဈတ္တတာ စေတသိက် ” ၊
{ သမာဓိအားကောင်းလာသော် လျစ်လျူရှုသောအားဖြင့် အာရုံ၌ စိတ်ကိုလွှတ်ထား၍ ပွားများမှု }
(၈) အဋ္ဌ နာမ ကိံ = “ရှစ်” ဆိုတာ ဘာတဲ့လဲ ?
အရိယောအဋ္ဌင်္ဂ ိကော မဂ္ဂေါ = မဂ္ဂင် ရှစ်ပါး ဆိုတာပဲ ။
“ မဂ္ဂင် (၈) ပါး ” ဆိုတာ
1 . သမ္မာဒိဋ္ဌိ - မှန်ကန်သောအမြင်၊
2 . သမ္မာသင်္ကပ္ပ - မှန်ကန်သောအကြံ၊
3 . သမ္မာဝါစာ - မှန်ကန်သော စကား ၊
4 . သမ္မာကမ္မ န္တ - မှန်ကန်သောအပြုအမူ ၊
5 . သမ္မာအာဇီ၀ - မှန်ကန်သော အသက်မွေးမှု ၊
6 . သမ္မာဝါယာမ - မှန်ကန်သော အားထုတ်မှု ၊
7 . သမ္မာသတိ - မှန်ကန်သော သတိ ၊
8 . သမ္မာသမာဓိ - မှန်ကန်သော သမာဓိ ...တို့ ဖြစ်ပါတယ် ။
(၉) န၀ နာမ ကိံ = “ ကိုး ” ဆိုတာ ဘာတဲ့လဲ ?
နဝသတ္တာဝါသာ = သတ္တာဝါသ ဘုံကိုး၀ ဆိုကြတာပါပဲ ။
“ သတ္တာဝါသ ဘုံကိုး၀ ” ဆိုတာ ...
1 . နာနတ္တကာယ နာနတ္တသညီ = ပဋိသန္ဓေအမျိုုးမျိုး ရုပ်သွင်အမျိုးမျိုး -“ ဝိနိပါတိက အသုရာဘုံ ၊ လူ့ဘုံ ၊ နတ်ဘုံ ”
2 . နာနတ္တကာယ ဧကတ္တသညီ = ရုပ်သွင်အမျိုးမျိုး ၊ ပဋိသန္ဓေတစ်မျိုးတည်း - ” အပါယ်လေးဘုံ ၊ ပထမဈာန်သုံးဘုံ ”
3 . ဧကတ္တကာယ နာနတ္တသညီ = ရုပ်သွင်တစ်မျိုးတည်း ၊ ပဋိသန္ဓေအမျိုးမျိုး - “ ဒုတိယဈာန်သုံးဘုံ ”
4 . ဧကတ္တကာယ ဧကတ္တသညီ = ရုပ်သွင်တစ်မျိုး ၊ ပဋိသန္ဓေတစ်မျိုး - ” တတိယဈာန်သုံးဘုံ ၊ ဝေဟပ္ဖိုလ်ဘုံ ၊ သုဒ္ဓါဝါသ ငါးဘုံ ”
5 . အသညီ = အသညသတ်ဗြဟ္မာ - “ နာမ်မရှိ+ရုပ်သာရှိ “
6 . အာကာသာနဉ္စာယတနုပဂ = ပထမ အရူပဘုံ ဗြဟ္မာ ။
7 . ဝိညာနဉ္စာယတနုပဂ = ဒုတိယ အရူပဘုံ ဗြဟ္မာ ။
8 . အာကိဉ္စညာယတနုပဂ = တတိယ အရူပဘုံ ဗြဟ္မာ ။
9 . နေဝသညာ နာသညာယတနုပဂ = စတုတ္ထ အရူပဘုံ ဗြဟ္မာ + တို့ ဖြစ်ပါတယ် ။
(၁၀) ဒသ နာမ ကိံ = “ တစ်ဆယ် ” ဆိုတာ ဘာတဲ့လဲ ?
ဒသဟင်္ဂေဟိ သမန္နာဂတော အရဟာတိ ဝုစ္စတိ = ဆယ်ပါးအင်္ဂါ ပြည့်စုံပါ ရဟန္တာဥစ္စာပဲ ။
“ ရဟန္တာဥစ္စာဖြစ်တဲ့ အင်္ဂါ (၁၀) ပါး ” ဆိုတာ
မဂ္ဂင်ရှစ်ပါး နှင့် သမ္မာဉာဏ် ၊ သစ္စာဝိမုတ္တိဉာဏ် တို့ဖြစ်ပါတယ် ။
တိေဿာ ဝေဒနာ = ဝေဒနာတရား သုံးပါးပဲ ။
” ဝေဒနာသုံးပါး ” ဆိုတာ ...
ဗောဇ္ဈင်ဆိုတာ
ဗောဓိ + အင်္ဂ = သိတတ်တဲ့ပုဂ္ဂိုလ် (သို့မဟုတ် ) အသိဥာဏ် ရဲ့ သိကြောင်း အထောက်အပံ့ အင်္ဂါရပ် )
{ တနည်း } ဗောဓိဿ + အင်္ဂါ = ဗောဇ္ဈင်္ဂါ “ ဗောဓိဿ = သစ္စာလေးပါး တရားအပေါင်းကို သိခြင်း - မဂ်ဖိုလ်ဥာဏ်၏ ၊ အင်္ဂါ = အကြောင်းတို့တည်း/ အစိတ်အပိုင်းတို့တည်း ။
ခုနှစ်ပါးဆိုတာ ...
1 . သတိသမ္ဗောဇ္ဈင် - သတိတရားစွဲမြဲခြင်း တိုးပွားမှု = အောက်မေ့ခြင်း မဂ်ဖိုလ်ဥာဏ် အစိတ် “ သတိစေတသိက် ” ၊
2 . ဓမ္မ၀ိဇယသမ္ဗောဇ္ဈင် - တရားဓမ္မဆင်ခြင်သုံးသပ်မှု = တရားစိစစ်ခြင်း မဂ်ဖိုလ်ဥာဏ် အစိတ် “ ပညာစေတသိက် ” ၊
3 . ၀ီရိယသမ္ဗောဇ္ဈင် - အကုသိုလ်တွေ ပယ်ရှား - ကုသိုလ်တွေ ပြည့်ဝအောင် ကြိုးစားအားထုတ်မှု = လုံ့လစိုက်ခြင်း မဂ်ဖိုလ်ဥာဏ် အစိတ် “ ၀ီရိယစေတသိက် ” ၊
4 . ပီတိသမ္ဗောဇ္ဈင် - စိတ်ထဲမှာ တရားဓမ္မဖြင့် ကျေနပ်နှစ်သက်မှု = နှစ်သက်ခြင်း မဂ်ဖိုလ်ဥာဏ် အစိတ် “ ပီတိစေတသိက် ” ၊
5 . ပဿဒ္ဓိသမ္ဗောဇ္ဈင် - ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးမှု = အေးမြခြင်း မဂ်ဖိုလ်ဥာဏ် အစိတ် “ ကာယ-စိတ္တ ပဿဒ္ဓိစေတသိက် ” ၊
6 . သမာဓိသမ္ဗောဇ္ဈင် - စိတ်တည်ငြိမ်မှု = စိတ်၏ တည်ကြည်ခြင်း မဂ်ဖိုလ်ဥာဏ် အစိတ် “ ဧကဂ္ဂတာစေတသိက် ” ၊
7 . ဥပေက္ခာသမ္ဗောဇ္ဈင် - သဘာဝတရားအားလုံးဟာ တညီတည်း ဆောင်ရွက်နေမှု = လျစ်လျူရှုခြင်း မဂ်ဖိုလ်ဥာဏ် အစိတ် “ တတြမဇ္ဈတ္တတာ စေတသိက် ” ၊
“ မဂ္ဂင် (၈) ပါး ” ဆိုတာ
1 . နာနတ္တကာယ နာနတ္တသညီ = ပဋိသန္ဓေအမျိုးမျိုး ရုပ်သွင်အမျိုးမျိုး -“ ၀ိနိပါတိက အသုရာဘုံ ၊ လူ့ဘုံ ၊ နတ်ဘုံ ”
မဂ္ဂင်ရှစ်ပါး နှင့် သမ္မာဥာဏ် ၊ သစ္စာဝိမုတ္တိဥာဏ် တို့ဖြစ်ပါတယ် ။

0 Comments