ကထိနက္ခန္ဓက
ကထိန်
--------
လောကအဆို..
ကျောင်းမှာ အမြတ်ဆုံး သိမ်၊
အလှူမှာ အမြတ်ဆုံး ကထိန်.။ ဟူ၍
ရှိရာတွင် အဘယ်ကြောင့် အလှူတွေထဲမှာ ကထိန်အလှူက အမြတ်ဆုံးလို့
တင်စားခေါ်ဝေါ်ထားသနည်း..
ကထိန် ဝေါဟာရသည် " ကထိန "
ဟူသော ပါဠိကိုမြန်မာမှုပြုထားခြင်း ဖြစ်ပါသည် ။ "ကထိန" ဟူသည်ကား
ခိုင်မြဲခြင်း မြဲမြံခြင်း ဖြစ်ပါသည်။ အခြားတစ်ဘက်တွင်လည်း လွန်မြောက်ခြင်း
ကင်းလွတ်ခြင်းဟု ညွှန်းဆိုကြပါသည်။
ကထိန်ခင်းရာတွင် သတ်မှတ်ထားသော
ကာလအတွင်း အပြီးခင်းရသည်။ ကျောင်းတစ်ကျောင်းတွင် တစ်နှစ်လျှင် တစ်ခါသာခင်းရသည်။ ကထိန်ဒါယကာကိုလည်း
ဖိတ်ကြားခြင်း ကမ်းလှမ်းခြင်းများ မပြုလုပ်ရယုံသာမက စကားနှင့်
အရိပ်အငွေ့မျှသော်လည်း ပြောကြားခြင်း မလုပ်ရပေ။ ဤမျှလောက် ကထိန်သည် စင်ကြယ်သည်။
ကထိန်ခင်းခြင်း ဆိုသည်မှာ လူများကခင်းခြင်း မဟုတ်ဘဲ ရဟန်းတော်များက ခင်းရခြင်း ဖြစ်သည်။ လူများမှ ရဟန်းတော်များ ကထိန်ခင်းနိုင်ရန် (သံဃဿ ဒေမ) ဟု ကထိန်သင်္ကန်းကို လှုဒါန်းရသော အလှုရှင်များပင် ဖြစ်ပါသည်။ သံဃာတော်များက ထို ကထိန်သင်္ကန်းကို သိမ်ထဲတွင် သင်္ကန်း အလှူခံယူမည့် ကျောင်းတွင်ရှိသော သံဃာတော် တစ်ပါးကို အားလုံး သဘောတူညီစွာ ရွေးချယ်၍ ထို သံဃာတော်က မိမိ ၀ါဆိုရာကျောင်းသို့ ပြန်ကြွပြီး ကထိန်သင်္ကန်းအား ခင်းရခြင်း ဖြစ်သည်။
ကထိန် ဖြစ်ပေါ်လာပုံ
ကထိန်ခင်းခြင်း ဆိုသည်မှာ လူများကခင်းခြင်း မဟုတ်ဘဲ ရဟန်းတော်များက ခင်းရခြင်း ဖြစ်သည်။ လူများမှ ရဟန်းတော်များ ကထိန်ခင်းနိုင်ရန် (သံဃဿ ဒေမ) ဟု ကထိန်သင်္ကန်းကို လှုဒါန်းရသော အလှုရှင်များပင် ဖြစ်ပါသည်။ သံဃာတော်များက ထို ကထိန်သင်္ကန်းကို သိမ်ထဲတွင် သင်္ကန်း အလှူခံယူမည့် ကျောင်းတွင်ရှိသော သံဃာတော် တစ်ပါးကို အားလုံး သဘောတူညီစွာ ရွေးချယ်၍ ထို သံဃာတော်က မိမိ ၀ါဆိုရာကျောင်းသို့ ပြန်ကြွပြီး ကထိန်သင်္ကန်းအား ခင်းရခြင်း ဖြစ်သည်။
ကထိန် ဖြစ်ပေါ်လာပုံ
ကထိန် အလှူကို ပွင့်ပေါ်တော် မူပြီးကြကုန်သော မြတ်ဗုဒ္ဓ ဘုရားရှင်များ လက်ထက်တို့တွင် ရှိခဲ့ပါသည်။ ဂေါတမ ဘုရားရှင် လက်ထက်တွင် ဘဒ္ဒ၀ဂ္ဂီ မင်းသားသုံးကျိပ် (၃၀- ဦး) တို့သည် အဖော် များဖြင့် ကပ္ပါသိက တောအတွင်း ပုထုဇဉ်တို့ သဘောအတိုင်း မြူးထူးပျော်ပါး နေကြစဉ် ဂေါတမ ဘုရားရှင်နှင့် တွေ့ဆုံ ဖူးမြှော်ခွင့်ရပြီး တရားထူး သံဝေဂ ရကြကာ မင်းသား (၃၀-ဦး)လုံး ရဟန်းဘ၀ သို့ ရောက်ကြလေသည်။ ဘဒ္ဒ၀ဂ္ဂီ ရဟန်းတို့ နေထိုင်သီတင်းသုံးသည့် ဝေယျ မြို့မှ အလွန် ဝေးကွာသော နေရာမှ ဘုရားရှိရာ သာဝတ္တိပြည်သို့ ဖူးမြော်ရန် ထွက်ခဲ့ရာ ခရီးဝေးကွာ ခြင်းကြောင့် လမ်းခရီးတွင်ပင် ၀ါဆိုတော် မူရပါသည်။ ဘဒ္ဒ၀ဂ္ဂီ ရဟန်းတို့ ဘုရားရှင်ထံ ရောက်ရှိပြီး လမ်းခရီး တွင် တွေ့ ကြံ ရသော အခြေအနေ အခက်အခဲများကို ကြားသိရသောကြောင့် ''ရဟန်းတို့ ၀ါကျွတ်ပြီးသော ရဟန်းတို့အား ကထိန်ခင်းခြင်းငှာ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူကာ ကထိန် ခင်းခြင်းကန့်သတ်ချက်နှင့် ကထိန်ခင်းခြင်း အကျိုးတို့ဖြင့် ခွင့်ပြုတော်မူပါသည်။
ကန့်သက်ချက်များနှင့် ကထိန်
ကထိန်အလှူတွင် ကာလကန့်သက်ချက်နှင့် ဓမ္မကန့်သက်ချက်တို့ ရှိပါသည် ။
ကာလကန့်သက်ချက် အနေဖြင့် - ကထိန် အလှုတော်ကို သီတင်းကျွတ် လပြည့်ကျော် ( ၁ ) ရက် နေ့မှ စတင်ကာ တန်ဆောင်မုန်း လပြည့်နေ့အထိ တစ်လတာ ကာလအတွင်း ခင်းနိုင်ခြင်း၊ ကထိန် သင်္ကန်း ကို ယနေ့ အလှူခံပြီး ယနေ့ကံဆောင်ကာ ခင်းရခြင်း (နေ့ကူးသွားလျင် ကထိန်ခင်းမှု အထ မမြောက်ခြင်း) တို့ ဖြစ်ပါသည်။ ကထိန်ကို တစ်နှစ်မှာ တစ်ကျောင်း၊ တစ်ကျောင်းမှာ တစ်ခါသာ ခင်းရပါသည်…။
ဓမ္မ ကန့်သက်ချက် အနေဖြင့် -ကထိန်ကို
အလှုရှင်မှ သဒ္ဒါ ဖြင့် လှု ဒါန်းသော သင်္ကန်းကိုသာ ကထိန်ခင်း ထိုက်ခြင်း၊ သာသနာ့
ဝန်ထမ်း ရဟန်းသည် အရိပ်ယောင်မျှဖြင့်ပင် ကထိန်သင်္ကန်းကို အလှုခံခြင်း မပြုရခြင်း၊
သင်္ကန်းမှ လွဲ၍ အခြားသော ပစ္စည်းများဖြင့် ကထိန်မခင်းနိုင်ခြင်း ၊ကထိန် ခင်းသော
ရဟန်းတော်သည် ၀ါဆို ၀ါကပ်တော်မူပြီး ဖြစ်ရခြင်းတို့ ဖြစ်ပါသည်။ကထိန် အလှူသည် ပုဂ္ဂိုလ်စွဲ
ဂိုဏ်း ဂဏစွဲ မထားသော သံဃဂုဏ်ကို အာရုံပြု၍ လှုဒါန်းရသော အလှူဖြစ်ပါသည်။
ကထိန် အလှူသည်ကား အလှူခံ ရဟန်းသံဃာနှင့် အလှူရှင်တို့၏ နှစ်ဖက် နားလည် ညီညွတ်မှု ၊ သတ်မှတ်ချက် ကာလအတွင်း ခင်းမှု ၊ ကထိန် ခင်းရာကျောင်းတွင် ( ၄ ) ပါး နှင့် အထက် ရှိသော သံဃာ အရေအတွက် ပြည့်မှု ၊ အ၀တ် သင်္ကန်း ဖြစ်မှု စသည်တို့ ပြည့်စုံ ရပါမည်။
ရဟန်းတော်များပြည့်စုံရမည့် အချက်များ
ကထိန်ခင်းခြင်းကို ခံယူသည့် ရဟန်းတော်များသည်လည်း အောက်ပါအချက်များနှင့် ပြည့်စုံရပါမည်။
(၁) ပုဗ္ဗကရဏံ ဇာနာတိ- ရှေးဦးစွာ ပြုလုပ်ရမည့်ကိစ္စရပ်တို့ကို သိရ ပြုရခြင်း၊
(၂) ပစ္စုဒ္ဓါရံ- ပစ္စုဒ္ဓိရ်ပြုတတ်ရခြင်း၊
(၃) အဓိဋ္ဌာနံ- အဓိဋ္ဌာန်တင်တတ်ရခြင်း၊
(၄) အတ္ထာရံ- ခင်းပုံခင်းနည်း သိထားရခြင်း၊
(၅) မာတိကံ- မာတိကာကို သိထားရခြင်း၊
(၆) ပလိဗောဓံ- ကြောင့်ကြကို သိထားရခြင်း၊
(၇) ဥဒ္ဓါရံ- ကထိန်နှုတ်ပုံကို သိထားရခြင်း၊
(၈) အာနိသံသံ- အာနိသင်တို့ကို သိထားရခြင်း။
(၂) ပစ္စုဒ္ဓါရံ- ပစ္စုဒ္ဓိရ်ပြုတတ်ရခြင်း၊
(၃) အဓိဋ္ဌာနံ- အဓိဋ္ဌာန်တင်တတ်ရခြင်း၊
(၄) အတ္ထာရံ- ခင်းပုံခင်းနည်း သိထားရခြင်း၊
(၅) မာတိကံ- မာတိကာကို သိထားရခြင်း၊
(၆) ပလိဗောဓံ- ကြောင့်ကြကို သိထားရခြင်း၊
(၇) ဥဒ္ဓါရံ- ကထိန်နှုတ်ပုံကို သိထားရခြင်း၊
(၈) အာနိသံသံ- အာနိသင်တို့ကို သိထားရခြင်း။
ကထိန်းအပ်သော သင်္ကန်း
ကထိန်ခင်းရန်အတွက် ဘုရားရှင်ခွင့်ပြုတော်မူခဲ့သောသင်္ကန်းသုံးထည်ကို ဆိုသည်။
(၁) သံဃာဋိ- ဒုကုဋ်ခေါ် နှစ်ထပ်သင်္ကန်းကြီး၊
(၂) ဥတ္တရာသင်္ဂေါ- ကိုယ်ဝတ်ခေါ် ဧကသီ၊
(၃) အန္တရ ၀ါသကော- ခါးဝတ်ခေါ် သင်းပိုင်။
(၂) ဥတ္တရာသင်္ဂေါ- ကိုယ်ဝတ်ခေါ် ဧကသီ၊
(၃) အန္တရ ၀ါသကော- ခါးဝတ်ခေါ် သင်းပိုင်။
ကထိန်ခြင်းကြောင့် ရဟန်းတော်များ ရရှိမည့် အကျိုး
(၁) အနာမန္တ စာရ- ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ မြို့တွင်းရွာတွင်း ဆွမ်းဖိတ်ရာအိမ်သို့သွားနိုင်ခြင်း၊
(၂) အ သမာဒါန စာရ- အဓိဋ္ဌာန်တင်ပြီး ဆောင်သောသင်္ကန်းကို မယူမူ၍ သွားနိုင် နေနိုင်ခြင်း၊
(၃) ယာဝ ဒတ္ထ စီဝရ- အလိုရှိတိုင်း သင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာမပြုမူ၍ထားနိုင်ခြင်း၊
(၄) ဂဏ ဘောဇန- ထမင်းစားကြွပါ စသည်ဖြင့် မအပ်သောဖိတ်ခြင်းရှိသော ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊
(၅) ကထိန်ခင်းသော ကျောင်းတိုက်၌ ကထိန်ခင်းပြီးနောက် တပေါင်းလပြည့်နေ့အတွင်း သံဃာအားလှူသော သင်္ကန်းလျာပုဆိုးကိုလည်းကောင်း၊ သို့မဟုတ် သင်္ကန်းကိုလည်းကောင်း၊ ထိုကျောင်းတိုက်ရှိ ကထိန် အနုမောဒနာပြုသော ရဟန်းတို့သာ ရနိုင်ခြင်း စတဲ့အကျိုးတွေ ရနိုင်ပါသည်။
ကထိန်ခင်းရန် ကိစ္စ ၈-ပါး။ ။
ခင်းအပ်သောကထိန်တွင်လည်း
(၁) ကထိန်သင်္ကန်းကို အလှူခံမှု၊
(၂) ကထိန်ခံထိုက်သောပုဂ္ဂိုလ်ကို သံဃာတော်တို့က စိစစ်ရွေးချယ်ပေးမှု၊
(၃) ထိုရွေးချယ်ခံရသူအား သိမ်တွင်း၌ ကမ္မ၀ါဖတ်၍ ကထိန်သင်္ကန်းကို ပေးမှု၊
(၄) တိစီဝရိက် အဓိဋ္ဌာန်တင် သင်္ကန်းဟောင်းကို ပစ္စုဒ္ဓိုရ်ပြု အဓိဋ္ဌာန်စွန့်မှု၊
(၅) ခင်းမည့် သင်္ကန်းသစ်ကို ကပ္ပဗိန္ဒုထိုးမှု၊
(၆) သင်္ကန်းအမည်ဖြင့် အဓိဋ္ဌာန်တင်မှု၊
(၇) နှုတ်မြွက်၍ ခင်းမှု၊
(၈) အနုမောဒနာပြုမှု။ အစရှိသော လုပ်ငန်းဆောင်တာများကို အစီအစဉ်အလိုက် ပြုလုပ်ရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်..။ ။
(၁) ကထိန်သင်္ကန်းကို အလှူခံမှု၊
(၂) ကထိန်ခံထိုက်သောပုဂ္ဂိုလ်ကို သံဃာတော်တို့က စိစစ်ရွေးချယ်ပေးမှု၊
(၃) ထိုရွေးချယ်ခံရသူအား သိမ်တွင်း၌ ကမ္မ၀ါဖတ်၍ ကထိန်သင်္ကန်းကို ပေးမှု၊
(၄) တိစီဝရိက် အဓိဋ္ဌာန်တင် သင်္ကန်းဟောင်းကို ပစ္စုဒ္ဓိုရ်ပြု အဓိဋ္ဌာန်စွန့်မှု၊
(၅) ခင်းမည့် သင်္ကန်းသစ်ကို ကပ္ပဗိန္ဒုထိုးမှု၊
(၆) သင်္ကန်းအမည်ဖြင့် အဓိဋ္ဌာန်တင်မှု၊
(၇) နှုတ်မြွက်၍ ခင်းမှု၊
(၈) အနုမောဒနာပြုမှု။ အစရှိသော လုပ်ငန်းဆောင်တာများကို အစီအစဉ်အလိုက် ပြုလုပ်ရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်..။ ။
ကထိနခန္ဓက၊ အရှင်ဇောတိ နံ့သာနီ (2.10.2017)
0 Comments