လှပတဲ့ အသားရေ ကို ပိုင်ဆိုင်ဖို့အတွက် အသားရေ ထိန်းသိမ်းနေရတာ တကယ့်ကို ခက်ပါတယ်။ အပျိုပေါ်ဝင်စ ဒါမှမဟုတ်အရွယ်ရောက်ပြီးသူတိုင်း အမြဲကြုံတွေ့နေရတဲ့ ဝက်ခြံ ပြဿနာဟာ ဘာမှမဟုတ်ပေမဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အရာတစ်ခုပါ။ ဝက်ခြံ နဲ့ပတ်သက်လို့ ထုတ်ကုန်အမြောက်အများရှိပေမဲ့ ဈေးနှုန်းပြဿနာရယ် အသားအရေ နဲ့မတည့်တာရယ်နဲ့ အမျိုးမျိုး အခက်တွေ့နေပါတယ်။ ဒါကြောင့်ကျွန်တော့ ပရိတ်သက်ကြီး ကို ဝက်ခြံ နဲ့ပတ်သက်ပြီး လွယ်လွယ်ကူကူဖြေရှင်းနိုင်မဲ့ နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
၁။ အသုံးမပြုရသေးတဲ့ သွားတိုက်တံ တစ်ချောင်း
၂။ သွားတိုက်ဆေး – (ထမင်းစားဇွန်းတစ်ဇွန်းစာ)
၃။ မုန့်ဖုတ်ဆိုဒါ – (ထမင်းစားဇွန်းတစ်ဇွန်းစာ)
၎။ ရေနွေးအနည်းငယ်
အသုံးပြုပုံ
ပထမဦးဆုံး သင့် မျက်နှာ ကို စင်ကြယ်အောင် အရင်ဆေးပါ။ ပြီးလျှင် လက်ကိုင်ပဝါကို ရေနွေးနွေးလေးဖြင့် စိမ်ပြီး ထိုလက်ကိုင်ပါဝါဖြင့် ဝက်ခြံ ပေါက်နေတဲ့ အရေပြား နေရာကို အသာအယာပွတ်တိုက်ပေးပါ။ ထိုအခါ ဝက်ခြံ ပေါက်များ ဖွင့်လာပါလိမ့်မယ်။
သွားတိုက်ဆေး နဲ့ မုန့်ဖုတ်ဆိုဒါ ကို ရေနွေး အနည်းငယ်ထည့်ပြီး သမအောင်ရောမွှေပေးပါ။
သင့် ဝက်ခြံ ပေါက်တဲ့နေရာတစ်ဝိုက်ကို သုတ်လိမ်းပေးပါ။
ဝက်ခြံ ပေါက်ထဲသို့ သင်ဖျော်စပ်ထားတဲ့ဆေးဝင်ရန် သွားတိုက်တံ ဖြင့် အသာအယာပွက်ပေးပါ။ (မှတ်ချက် – ထိုသွားတိုက်တံ သန့်ရှင်ဖို့အတွက် အလွန်အရေးကြီးပါတယ်။)
သုတ်လိမ်းပြီးတစ်မိနစ်ခန့် ကြာလျှင် နုညံ့တဲ့ လက်ကိုင်ပဝါတစ်ခုဖြင့် ဖျက်လိုက်ပါ။ (မှတ်ချက် – အသားရေဟာ နုညံ့တာကြောင့် အသုံးပြုတဲ့အခါ လက်ကိုင်ပဝါကြမ်းကို အသုံးမပြုသင့်ပါ။)
ပြီးလျှင် သင့် မျက်နှာ ကို ရေနွေး ဖြင့် စင်ကြယ်စွာသန့်စင်ပေးပြီး ခရင်(မ်) တစ်ခုခုကို လိမ်းထားလိုက်ပါ။ ဒီဆေးနည်းလမ်းဟာ ပြုလုပ်ရလဲ လွယ်ကူသလို သင့် အသားအရေ အတွက်လဲ အများကြီး ထိရောက်စေပါတယ်။
Credit : today bago
0 Comments