Advertisement

Responsive Advertisement

သင်္ကန်း လှူဒါန်းရခြင်းအကျိုး



၁။  ဖြစ်လေရာ ဘ၀၌ ရုပ်ရည်အဆင်း လှပခြင်း၊

၂။ မိမိခန္ဓာကိုယ်ဝယ် ဂျီး မြူ အညစ်အကျေး ကင်းစင်ခြင်း၊

၃။ ကိုယ်ရောင်ကိုယ်ဝါ တောက်ပ တင့်တယ်ခြင်း၊

၎။  တန်ခိုးသြဇာ အာဏာထက်မြက်၍ မိမိစကားကို နားထောင်လွယ်ခြင်း၊

၅။ မိမိခန္ဓာကိုယ်အသားအရေသည် နုးညံ့ ချောမွေ့နေခြင်း၊

၆။ သန့်ရှင်းဖြူစင်သော အ၀တ်အထည်တို့ကို ရရှိတတ်ခြင်း၊

၇။ ရွှေရောင်တောက်ပသော အ၀တ်အထည်တို့ကို ရရှိတတ်ခြင်း၊

၈။ နီထွေးနူးညံ့သော အ၀တ်အထည်တို့ကို ရရှိခြင်း။ 


အမြင့်မြတ်ဆုံး သင်္ကန်းအလှူ ဧဟိဘိက္ခု အကျိုး
ဗုဒ္ဓစာပေတွေမှာ အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည်အဆင်း လှပခြင်းကို ဖြစ်စေတတ်ကြောင်း၊ အမြင့်မြတ်ဆုံး အနေနဲ့ သင်္ကန်းအလှူကို လှူဒါန်းတဲ့သူဟာ ဒကာတွေဆိုရင် ဘုရားတစ်ဆူဆူ အထံ တော်မှာ ဧဟိဘိက္ခု (ချစ်သားလာလော့) အခေါ်ခံရပြီး အလွယ်တကူ ရဟန်းအသွင်ကို ရရှိစေကာ မဂ်ဖိုလ်နိဗ္ဗာန် ဝင်စံနိုင် သလို၊ အမျိုးသမီးတွေ ဆိုရင်လည်း လောကီအကျိုးအနေနဲ့ အလွန် အဖိုး ထိုက်တန်တဲ့ မဟာလတာတန်ဆာကို ဝတ်ဆင် မြန်းနိုင်ပြီး နောက်ပိုင်း ဘုရားသာသနာနဲ့ ကြုံတွေ့ကာ နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်တဲ့အထိ အထောက်အပံ့ကို ဖြစ်စေ ကြောင်း စသဖြင့် ဖွင့်ဆိုရှင်းပြထားတာကို တွေ့ ရပါ တယ်။

ဆောင် -
မဟာလတာ မြတ်တန်ဆာ ကိုးရာ သိန်းထိုက်သား၊
သင်္ကန်းလှူလတ် မိန်းမမြတ်၊ ဆုံးသတ် ကျိုးတရား၊
ဧဟိ ဘိက္ခု ရဟန်းပြု ဆုံးဆု မြတ်ယောကျာ်း။
အမျိုသမီးများ သင်္ကန်းလှူခြင်းကြောင့် သီးသန့် ရရှိသည့် အကျိုးတရားကတော့ ၀ိသာခါကျောင်းအမကြီး - ဗန္ဒုလစစ်သူကြီး၏ဇနီး မလ္လိကာတို့ ၀တ်ဆင်ခွင့်ရသည့် စိန်ရွှေရတနာပေါင်းစုံ စီခြယ်ထားသည့် ကိုးကုဋေတန်သည့် မဟာလတာ မြတ်တန်ဆာကြီးကို ၀တ်ဆင်ခွင့် ရရှိပါမည်။

အမျိုးသားများ သင်္ကန်းလှူဒါန်းခြင်းကြောင့် ကံကောင်းထောက်မစွာ မြတ်စွာဘုရားရှင်နှင့်တွေ့၍ တရားတော်များ နားကြားရသည့်အခါ ဘုရားရှင်က ‘‘ဧဟိ ဘိက္ခု" ရဟန်း လာလော့ ဟု ခေါ်လိုက်ရုံနဲ့ အလိုအလျောက် ၀ါတော် ၆၀ ရ မထေရ်ကြီးကဲ့သို့ သပ္ပါယ်တင့်တယ်စွာ သိမ်တွေ ကမ္မ၀ါတွေ ရွတ်ဖတ်ပေးစရာမလိုဘဲ သင်္ကန်းသပိတ် ရှာစရာ မလိုဘဲ ဧဟိဘိက္ခုရဟန်း ဖြစ်ခွင့်ရပါမည်။

မဟာဝဂ်ပါဠိတော် - ၀ိသာခါဝတ္ထုမှကောက်နုတ်သည်။ 

Post a Comment

0 Comments