ဓမ္မဒူတဆရာတော်ကြီး၏
တရားသိမ်းဂါထာ
ဓမ္မဒူတဆရာတော်ကြီး
အရှင်ပညာဇောတ
ဗောဓိယာပစ္စယောဟောတု၊
ဣဒံနော ပုညမင်္ဂလံ၊
ပုညဘာဂံ
သုလဘန္တု၊ ပမောဒန္တု သဒေဝကာ။
နော- မြင့်မြတ်သာကြည် ပါရမီရင့်ကျုး ဇာနည်ထူး သူတော်စင် ကုသိုလ်ရှင် အကျွန်ုပ်တို့၏၊ ဣဒံ
ပုညမင်္ဂလံ- ဗုဒ္ဓဟောကြား
တရားဒေသနာမြတ်သြဝါကို နာခံမှတ်သား ပြန်ဟောကြား၍ ပွားများကျင့်ကြံ ဖန်ဖန်ကြိုးကုတ် အားထုတ်ရသည့် ဤကုသိုလ်မင်္ဂလာသည်၊ ဗောဓိယာ သစ္စာလေးအင် ခိုင်သဇင်ကို
ပြိုင်ယှဉ်ဆွတ်ခူး ထွတ်ဖူးရင့်သန် ဗောဓိဉာဏ်၏၊ ပစ္စယော- ဥပနိဿယ
အမှီရ၍ မုချရောက်ကြောင်း ကောင်းမြတ်သော အထောက်အပံ့သည်၊
ဟောတု စင်စစ်မသွေ ဖြစ်ပါစေသတည်း။ ဣဒံ ပုညဘာဂဉ္စ - ဗုဒ္ဓဟောကြား
တရားဒေသနာ မြတ်သြဝါကို နာခံမှတ်သား ပြန်ဟောကြား၍ ပွားများကျင့်ကြံ ဖန်ဖန်ကြိုးကုတ် အားထုတ်ရသည့် ဤကုသိုလ်မင်္ဂလာ၏ အဖို့ဘာဂကိုလည်း၊ သဒေဝကာ- ကမ္ဘာမှာ
နေသမျှ ဝေနေယျများစွာ သတ္တဝါအနန္တ မှန်သမျှတို့သည်၊
သုလဘန္တု - ရွှင်လန်းကြည်မြေ့
ဝါဂွမ်းပုံ ဆီတွေ့သကဲ့သို့ ပီတိငွေ့
စိတ်မှာထုံလျက် ဣဋ္ဌာရုံ အတွေ့ထူးလို့မို့
ကြည်နူးကိုယ်ပိုင် ရယူနိုင်ကြပါစေကုန်သတည်း။ သုလဒ္ဓါ ကိုယ်စီကိုယ်စီ အလိုညီ၍
ကြည်သာရွှင်ပြုံး အားလုံးမျှတူ ရယူတော်မူကြကုန်ပြီး၍၊ ပမောဒန္တု- ကိုယ်စိတ် နှစ်ဖြာ လိုဣစ္ဆာဖြင့် ပြည့်ကာကြွယ်မောက်
ဝမ်းမြောက်နိုင် ကြပါစေကုန်သတည်း၊ဝါ- ပမောဒန္တု - လူ့ပြည်တွင်မက နတ်ပြည်မှာဆက်သွယ်လျက်
အထက်နန်း ဗြဟ္မာချဉ်းလို့မို့ ဖြာသတင်း ကမ္ဘာတုန်အောင်
သဒ္ဓါဟုန် လျှမ်းလျှမ်းမောက်ပြီးလျင်
ဝမ်းမြောက်ဝမ်းသာ ပတ္ထနာအောင်ဆု
အခါခါပြုလျှက် သာဓုသံအောင်နိမိတ်ဖြင့် အောင်ဘိသိက်
သွန်းလောင်းနိုင်ကြပါစေကုန်သတည်း။
|
0 Comments