Advertisement

Responsive Advertisement

ငရဲကျကြောင်းတရား ( ၁၀ ) ပါး


(၁) သနားညှာတာခြင်း ကင်းလျက် သွေးစွန်းသောလက်ဖြင့် သူ့အသက်ကိုသတ်လေ့ရှိခြင်း။
(၂) ရွာ၌ဖြစ်စေ တော၌ဖြစ်စေ သူ့ဥစ္စာကို ခိုးယူလေ့ရှိခြင်း။
(၃) မာတုရက္ခိတ (အမိ စောင့်ရှောက်ထားသူ) စသော မိန်းမ ဆယ်မျိုးတို့၌ကာမဖြင့် မှားယွင်းစွာ ကျင့်လေ့ရှိခြင်း။
(၄) ပရိသတ်အလယ်၌ တံစိုးလက်ဆောင် စသော လာဘ်အမိသကြောင့်မဟုတ်မမှန် ပြောလေ့ရှိခြင်း။
(၅) ညီညွှတ်သူများ အချင်းချင်း ကွဲပြားအောင် ကုန်းချောစကား ပြောကြားတတ်ခြင်း။
(၆) သူတစ်ပါးတို့၏ နားစပ်ခါးစေတတ်လျက် အမျက်ထွက်ဖွယ်စကား ကြမ်းတမ်းသော စကားကို ပြောကြားတတ်ခြင်း။
(၇) အကျိုးမဲ့ အခါမဲ့ တရားမဲ့ဖြစ်သော ပြိန်းဖျင်းသော စကားကိုပြောဆိုတတ်ခြင်း။
(၈) သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ အဆောက်အဦတို့သည် ငါ့ဥစ္စာဖြစ်မူကောင်းလေစွ စသည်ဖြင့် သူတစ်ပါး ဥစ္စာပစ္စည်းကို ရှေးရှုကြံစည်မှုအဘိဇ္ဈာစိတ် အကြံရှိခြင်း။
(၉) ဤသတ္တဝါတို့အား ဖမ်းဆီးသတ်ဖြတ် ကြပါစေ စသဖြင့် ဖျက်ဆီးလိုသောစိတ်အကြံရှိခြင်း။
(၁၀) လှူဒါန်းပူဇော်ခြင်းသည် အကျိုးမရှိ အစရှိသဖြင့် မှားသောအမြင်ရှိခြင်းတို့ ဖြစ်ပါတယ်။

Post a Comment

0 Comments