Advertisement

Responsive Advertisement

လမ်းသစ်ထွင်ပါ


အချိန်နဲ့အမျှပြောင်းလဲနေတဲ့ မိနစ်တိုင်းမှာ
သင့်အတွက် အခွင့်အလမ်းတစ်ခုစီ ရှိနေတယ်..

သင့်ဘဝတလျှောက်လုံးမှာ
ဘေးပတ်ဝန်းကျင်ရဲ့ ကြိုတင်ခန့်မှန်းမှုတွေ
ဘယ်လောက်တောင် အပြောခံပြီးခဲ့ပြီလဲ..
သင့်ကို မအောင်မြင်စေတဲ့ စကားတွေကို
မယုံကြည်လိုက်မိပါနဲ့..
အဲဒါတွေကိုယုံလိုက်ရင် သင် ညိုးနွမ်းသွားလိမ့်မယ်..
ပြီးရင် သေဆုံးသွားလိမ့်မယ်..
လူသေရင်သေမယ်.. (သို့)
စိတ်ဓာတ်သေဆုံးသွားလိမ့်မယ်..

ပတ်ဝန်းကျင်ပြောစကားတွေထဲကမှ
ကိုယ့်အတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်စကားတွေကို
နားထောင်ပေးပါ..
အောင်မြင်မှုအတွက်သော့ချက်က စိတ်ဓာတ်ခွန်အားများ
ကြံ့ခိုင်လာအောင် အားဖြည့်မွေးမြူထားခြင်းပဲ..
ဘဝမှာ အနိုင်တစ်ခုပိုင်ဆို်င်နိုင်ဖို့အတွက်
အရှုံး (၁၀)ခုကို ရင်ဆိုင်ရမယ်ဆိုတာ သိထားပါ..
လောကမှာ နံပါတ်တစ်ကိုပဲ လူတွေသိကြတယ်..
နံပါတ်နှစ်ကို ဘယ်သူမှ စိတ်မဝင်စားဘူး..
ဒါကြောင့်..
သူတို့လမ်းကို မလျှောက်နဲ့
ကိုယ့်လမ်းကိုယ်ထွင်ပါ..
သူ့စကားကို မပြောနဲ့
ကိုယ့်စကားနဲ့ကို ထွင်ပြီးပြောပါ..
တချိန်မှာတော့ သင်ပေးဆပ်ခဲ့ရခြင်းတွေဟာ
သင့်ဆီ မလွဲမသွေ ပြန်လည်လာမှာပါ..။
အရှင်ဇောတိ - နံ့သာနီ

Post a Comment

0 Comments