သွေးမလှူခင် သိထားရမည့် ဆောင်ရန်ရှောင်ရန်များ
လိုအပ်ချက်များ
- သင်သည် အသက် (၁၅) နှစ် မှ (၅၅)
နှစ် အတွင်းဖြစ်ရမည်
- အမျိုးသားများအတွက်
ကိုယ်အလေးချိန် ပေါင် (၁၁၀) နှင့် အထက် ရှိရမည်
- အမျိုးသမီးများအတွက်
ကိုယ်အလေးချိန် ပေါင် (၁၀၀) နှင့် အထက် ရှိရမည်
- လတ်တလောရောဂါဝေဒနာခံစားမှု့မရှိခြင်း၊ နှာစေး၊ ချောင်းဆိုး၊ ဆေးမှီဝဲမှု့မရှိခြင်း
ရှောင်ရန်များ
- လွန်ခဲ့သော (၆) လ အတွင်း
ဆေးမှင်ကြောင်ထိုးခဲ့ခြင်း၊ နားဖောက်ခဲ့ခြင်း၊ ဆေးအပ်စိုက်ခဲ့ခြင်း
- ကိုယ်ဝန်ဆောင်ခြင်း၊
နို့တိုက်ခြင်း၊ ဓမ္မတာသွေးလာခြင်း
- လွန်ခဲ့သော (၁) နှစ် အတွင်း
ခွဲစိတ်ကုသမှု့ ခံယူခဲ့ခြင်း
- လွန်ခဲ့သော (၃) ပတ် အတွင်း
ရေခြောက်၊ သွေးလွန်တုပ်ကွေး ကဲ့သို့သော ဗိုင်းရပ်စ်ကြောင့်ဖြစ်သည့်ရောဂါများ
ဖြစ်ခဲ့ခြင်း
- လွန်ခဲ့သော (၃) ရက် အတွင်း
ဆေးဝါးများမှီဝဲခြင်း (ဥပမာ - Aspirin,
Ponstan, Antibiotic)
သွေးလှူဒါန်းခြင်းနှင့်ပတ်သက်၍သိသင့်သောအချက်အလက်များ
၁။
သွေးလှူဒါန်းခြင်းဖြင့် ကျွန်ုပ်တွင် သွေးအားနည်းနိုင်ပါသလား
အကြမ်းဖျင်းအားဖြင့် အရွယ်ရောက်ပြီးသူများတွင် သွေးပမာဏ (၅) လီတာ မှ (၆) လီတာ အထိရှိပါသည်။ သွေးလှူဒါန်းမှု့ တစ်ကြိမ်တွင်
သွေး (၄၅၀) မီလီမီတာ သာထုတ်ယူပါသည်။ ထုတ်ယူလိုက်သော သွေးပမာဏ သည် (၇၂) နာရီ အတွင်း ပြန်လည်ပြည့်သွားမည်ဖြစ်သည်။
သွေးအား (Hemoglobin) မပြည့်သူများ သွေးမလှူဒါန်းမိစေရန် စစ်ဆေးမှု့များ ပြုလုပ်ပြီးမှ လက်ခံသဖြင့် သွေးအားမနည်းနိုင်ပါ။
၂။ သွေးလှူဒါန်းခြင်းဖြင့် ကျွန်ုပ်တွင် ရောဂါရနိုင်ပါသလား
သွေးလှူဒါန်းခြင်းဖြင့် မည်သည့်ရောဂါ မှ ကူးစက်ခြင်း မရှိပါ။ အသုံးပြုနေသောအပ်များ နှင့် ပိုက်များသည် ပိုးသတ်ထားသော တစ်ခါသုံး
များသာဖြစ်ပါသဖြင့် ရောဂါများ မရနိုင်ပါ။
၃။ သွေးဖောက်ထုတ်ရာတွင် နာကျင်ပါသလား
သွေးလှူရှင်တိုင်း ပထမအကြိမ်တွင် ကြောက်ရွံတက်ပါသည်။ သို့သော် သွေးဖောက်ထုတ်ရာတွင် အရေပြားအား ဖောက်ချိန်တွင်သာ
အနည်းငယ် နာကျင်ပါသည်။ ယင်းနောက် နာကျင်မှု့ လုံးဝ မရှိပါ။
၎။ ကျွန်ုပ်သည် သွေးလှူဒါန်းနိုင်အောင် ကျန်းမာပါရဲ့လား
ဆရာဝန်မှ သွေးလှူဒါန်းခြင်း မပြုမီ ကျန်းမာရေး စစ်ဆေးမှု့ ပြုလုပ်ပါသည်။ ကျန်းမာရေးနှင့်မညီညွတ်သော သွေးများကို လက်မခံပါ။
သင့်တော်သော လမ်းညွှန်မှု့ ပေးပါသည်။ ထို့ကြောင့် သွေးလှူဒါန်းခြင်းသည် သင့် ကျန်းမျာရေးအား စစ်ဆေးခြင်းလည်းဖြစ်ပါသည်။
၅။ ကျွန်ုပ်သည် သွေးလှူဒါန်းပြီးပါပြီ၊ သို့ပေမယ့် သွေးထပ်မံလှူဒါန်းရန် လိုအပ်ပါသလား
လူနာများအတွက် နေ့စဉ် သွေး (၁၀၀) ယူနစ် မှ (၁၅၀) ယူနစ် အတွင်း လိုအပ်နေပါသည်။ သွေးလှူရှင်များသည် (၄) လ လျှင် တစ်ကြိမ်
သာလှူဒါန်းနိုင်ပါသောကြောင့် သွေးလိုအပ်နေသော လူနာများအား အစဉ်သင့် ထောက်ပံ့နိုင်စေရန် အစဉ်ကြိုးပမ်းနေရပါသည်။ ထို့ကြောင့်
လူနာများအား ကူညီရန် သင့်ကဲ့သို့ အချိန်မှန်မှန် လှူဒါန်းနေကြသော သွေးလှူရှင်များအပေါ် အားကိုးနေရပါသည်။
၆။ သွေးလှူဒါန်းခြင်းဖြင့် ကိုယ်အလေးချိန် တိုးလာနိုင်ပါသလား
သွေးလှူဒါန်းခြင်းဖြင့် ကိုယ်အလေးချိန် တိုးလာခြင်းများ မဖြစ်နိုင်ပါ။ သင့်အတွက် သေချာပေါက်ရရှိသွားမည်မှာ သွေးလိုအပ်နေသော
လူနာတစ်ဦးအား ကူညီနိုင်မှု့အတွက် ဖြစ်ပေါ်လာသော ပီတိ သာဖြစ်ပါသည်။
၇။ သွေးအတုများ ရရှိနိုင်ပါသလား
သွေး ဆဲလ်များအား လုံးဝ အစားမထိုးနိုင်သေးပါ။ လူသားမှ လှူဒါန်းမှသာ သွေးလိုအပ်နေသော ဝေဒနာရှင်များအား ကယ်တင်နိုင်မည်။
၈။ သွေးများ အသုံးပြုရန် ငွေကြေးပေးရပါသလား
စေတနာရှင် သွေးလှူရှင်များမှ အခမဲ့ လှူဒါန်းထားသောကြောင့် အသုံးပြုရန် ငွေကြေးပေးရန် မလိုအပ်ပါ။ သို့သော် သွေးသွင်း ကုသနိုင်
သည်အထိရောက်ရန် ပြုလုပ်ခဲ့ရသော သိုလှောင်စရိတ်၊ စမ်းသပ်စစ်ဆေးစရိတ်များအတွက် သုံးစွဲသူများမှ နိုင်ငံတော်နှင့်အတူ မျှဝေကျခံ
ပေးပါသည်။
၉။ လှူဒါန်းပြီးသော သွေးများအား မည်ကဲ့သို့ ပြုပြင်ပါသနည်း
ထုတ်ယူပြီးသော သွေးများအား (HIV, Hepatitis, Syphilis) အစရှိသည့် ရောဂါပိုးများအား ဓာတ်ခွဲကျွမ်းကျင် ၀န်ထမ်းများမှ စစ်ဆေးရပါ
သည်။ ထုတ်ယူပြီးသော သွေးများမှ (၃၀) ရာခိုင်နှုန်း သော သွေးအိပ်များကို (၆) နာရီ အတွင်း သွေးရည်ကြည်၊ သွေးဥမွှာ၊ သွေးနီဥများ
(Concentrate) အဖြင့် လိုအပ်သလို ခွဲထုတ်ရပါသည်။
၁၀။ သွေးလှူဒါန်းရန်အတွက် အချိန်မည်မျှကြာမည်နည်း၊ မည်သည့်ဆောင်ရွက်ချက်များ ပြုလုပ်ရပါသနည်း
ပျမ်းမျှအားဖြင့် သွေးဖောက်ထုတ်ရန် အချိန် (၁၀) မိနစ် မှ (၁၅) မိနစ် အတွင်းသာကြာမြင့်ပါသည်။ သို့သော် မှတ်ပုံတင်ခြင်းမှ စတင်၍
အနားယူပြီးသည့် အချိန်အထိ အချိန် (၆၀) မိနစ် ခန့် လိုအပ်ပါသည်။

ဤသို့သွေးလှူဒါန်းခြင်းဖြင့်
ရရှိနိုင်မည့် အကျိုးကျေးဇူးမှာ ခံစားချက်ပီတိသာဖြစ်ပါသည်။ ထို့အပြင်
သွေးလှူခြင်းအားဖြင့် လူ့လောကတွင် လိုအပ်နေသော ကွက်လပ်များ၏တစ်ခုကို ဖြည့်ဆည်းပေး
ရာ ရောက်ပါသည်။ သွေးသည်ယခုအချိန်အထိ အတုလုပ်၍ မရသေးပါ။ အလှူရှင်မှ လှူဒါန်းမှသာ
လျှင် လူနာများအတွက် သွေးကိုရရှိနိုင်ပါသည်။ လူသားချင်း မကယ်တင်လျှင် ကယ်တင်မည့်
သတ္တ၀ါဟူ၍ ဤကမ္ဘာတွင် မရှိပါ။
ထို့ကြောင့် လူသားတစ်ယောက်ဖြစ်သောမိတ်ဆွေသင်လည်း သွေးလိုအပ်ချက်ဆိုသည့် ကွက်လပ် ကိုဖြည့်ဆည်းပေးခြင်းအားဖြင့် လူသားတို့၏ အသက်ကိုကယ်တင်သည့် အဓိကစွမ်းဆောင်ရှင် ဖြစ်သွားပါမည်။ ထို့ကြောင့် သင့်သွေးဖြင့် လူသားတို့၏အသက်ကိုကယ်တင်ပါ။

Blood Fact
- လူ့ခန္ဓာကိုယ်အလေးချိန်၏ ၇
ရာခိုင်နှုန်းမှာ သွေးများဖြစ်သည်။
- ပျမ်းမျှပုံမှန်အလေးချိန်ရှိသော
အရွယ်ရောက်ပြီးသူများတွင်မူ ခန္ဓာကိုယ်အလေးချိန်၏ 10 to 12 unit ခန့်ရှိတတ်ကြသည်။
- မွေးကာစကလေးများ၏ ခန္ဓကိုယ်တွင်
သွေးပါဝင်မှု ခန့်မှန်းခြေ တစ်ပုလင်းခန့်သာရှိသည်။
- ကမ္ဘာ့လူဦးရေ၏
ခြောက်ဆယ်ရာခိုင်နှုန်းမှာ သွေးလှူရန်သင့်လျော်သောအခြေအနေတွင်ရှိသော်လည်း
ငါးရာခိုင်နှုန်းခန့်သာ သွေးလှူဒါန်းကြသည်။
- သွေးသည် ရောဂါဝင်ရောက်မှုကို
ဟန့်တားပေးပြီး ဒဏ်ရာအနာတရဖြစ်ခြင်းကို
လျှင်မြန်စွာပြန်လည်ကောင်းမွန်လာစေသည်။
- သွေးအမျိုးအစားလေးမျိုးရှိပြီး
၎င်းတို့မှာ A ၊ B ၊ AB နှင့် O
သွေးတို့ဖြစ်ကြသည်။
- ၁၀ ယောက်မှာ သွေးစစ်ရင်၊ ၉
ယောက်လောက်ဟာ ရောဂါပိုးရှိတဲ့လူတွေဖြစ်နေတတ်တယ်။ ဒါကြောင့် ၁၀ ယောက်မှာ ၁
ယောက်သာ သွေးလှူဒါန်းမှုကို ကောင်းစွာ အကောင်းဆုံးလှူဒါန်းနိုင်ကြသည်။
- စံနှုန်းမြင့်သွေးသည်
လူပေါင်းများစွာ၏ အသက်ကိုကယ်တင်နိုင်စွမ်းရှိသည်။
- စံနှုန်းမြင့်သွေးသည်
ခန္ဓာကိုယ်အစိတ်အပိုင်းများစွာသို့ ဖြန့်ဝေပေးနိုင်သည်။ (red blood cells, white blood cells, plasma, platelets
and cryoprecipitate).
- သွေးနီဥအုပ်စုသည် အောက်ဆီဂျင်ကို
ခန္ဓာကိုယ်မှအစိတ်အပိုင်းများနှင့် တစ်ရှူးများသို့ ပို့ဆောင်ပေးသည်။
- Platelets များသည်
သွေးခဲစေရန်ကူညီပြီး သွေးကင်ဆာနှင့် အခြားကင်ဆာ ဝေဒနာရှင်များအား
အသက်ရှင်ခွင့် ရရှိစေရန် အခွင့်အရေးပေးသည်။
- သွေးစက် ၂ စက်မှ ၃ စက်တွင်
သွေးနီဥ cells များ
တစ်ကုဌေ (တစ်ဘီလီယံ) ခန့်ပါဝင်သည်။
- လူ့ခန္ဓာကိုယ်၏
ရိုးတွင်းခြင်ဆီသည် သွေးနီဥဆဲလ်များ၊ သွေးဖြူဥဆဲလ်များ၊ platelets များဖြင့် ဖွဲ့စည်းထားသည်။
- သွေးနီဥဆဲလ်များသည် သွေးလည်ပတ်မှု
စနစ်တွင် ရက်(၁၂၀) ခန့် သက်တမ်းကြာရှည်ခံသည်။
- လက်ခံရရှိသော သွေးနီဥဆဲလ်များကို
၄၂ ရက်အတွင်း အသုံးပြုရမည်။
- လက်ခံရရှိသော platelets များကို ၅ ရက်အတွင်း
အသုံးပြုရမည်။
- Plasma များကို
အအေးခံထားပါက၊ ၁ နှစ်အထိကြာရှည်၊ အသုံးပြုနိုင်သည်။
- ကျမ်းမာသန်စွမ်းသော
ရိုးတွင်းခြင်ဆီသည် သွေးနီဥဆဲလ်များ၊ plasma,
platelets များကို အစဉ်မပြတ်ထောက်ပံပေးနေသည်။
- သွေးနီဥအားနည်းသော လူနာအချို့အား
သူတို့၏ သံဓါတ်အားဖြည့်ရန်သွေးသွင်းပေးရမည်။
- ယာဉ်မတော်တဆမှုကြုံတွေ့သူများ၊
သွေးဆုံးရှုံးမှု ပမာဏ များသူတို့သည် သွေးနီဥ ဆဲလ် ယူနစ် (၅၀) နှင့် အထက်
သွေးသွင်းရန်လိုအပ်သည်။
- Plasma သည်
ပရိုတင်းဓါတ်၊ ရေနှင့်ဆားတို့ ပေါင်းစပ်ထားပြီးအ၀ါရောင်
ဖျော့သောအရောင်ရှိသည်။
- Plasma သည် ရေ ၉၀
ရာခိုင်နှုန်းပါဝင်ပြီး၊ သွေးပမာဏ ၅၅ ရာခိုင်နှုန်းပါဝင်သည်။
- Platelets များသည်
သွေးထွက်ခြင်းကို ထိန်းချူပ်ရာ၌ ကူညီသော သေးငယ်သည့် သွေးဥဆဲလ်များဖြစ်သည်။
- ကင်ဆာရောဂါဝေဒနာရှင်များ၊
ကိုယ်တွင်းအင်္ဂါအစားထိုး ကုသထားသူများ၊ သွေးပျက်ခြောက်ခြားမှုနှင့် ကြုံတွေ့သူများ၊
ခွဲစိတ်မှုခံယူထားသူများသည် platelets
သွင်းရန်လိုအပ်သည်။
- သွေးဖြူဥဆဲလ်များသည်
ရောဂါကူးစက်ခြင်းကို တိုက်ဖျက်ပေးသော ခန္ဓာကိုယ်၏ အဓိကသွေးဥဆဲလ်များဖြစ်သည်။
- လူသားတို့၏ သွေးအား
အစားထိုးနိုင်မည့်အရာမရှိပါ။
- ယနေ့ခတ်၏ ဆေးဝါးကုသမှုများသည်
ကျမ်းမာသော သွေးလှူရှင်များထံမှ သွေးလှူဒါန်းမှု ပုံမှန်ရ၇ှိရန် အရေးကြီးသည်။
- Volunteer မျးသည်
သွေးသွင်းရန် လိုအပ်သော သွေးပမာဏနီးပါး သွေးလှူကြသည်။
- 3 စက္ကန့်တိုင်း၌
လူတစ်ဦး သွေးလိုအပ်မှု ဖြစ်ပွားတတ်သည်။
- Blood Centre များသည်
မကြာခဏ O သွေး နှင့် B
သွေးပြတ်လပ်မှု နှင့် ကြုံတွေ့ရတတ်သည်။
- နွေရာသီနှင့်ဆောင်းရာသီ၌
သွေးအမျိုးအစားအားလုံး မကြာခဏ ပြတ်လပ်တတ်သည်.
- သွေးလှူရှင်အားလုံး တစ်နှစ်လျှင်
နှစ်ကြိမ် သွေးလှူပါက သွေးထောက်ပံမှုကို ပိုမို အရှိန်မြင့်နိုင်လိမ့်မည်။
- အသက် ၁၇ နှစ်ပြည့်ပြီး
ကိုယ်အလေးချိန် အနည်းဆုံး ၅၀ KG
ရှိသော ကျမ်းမာရေးကောင်းသူတိုင်း ၅၆ ရက်
တစ်ကြိမ်သွေးလှူနိုင်သည်။
- သွေးလှူဒါန်းခြင်းဖြစ်စဉ်သည်
အဆင့် ၄ ဆင့်ပါဝင်သည်။ ၄င်းတို့မှာ
- ဆေးမှတ်တမ်း
- ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း
- သွေးလှူခြင်း
- အဟာရ ဖြည့်ခြင်းတို့ဖြစ်သည်။
- အလှူရှင်ထံမှ သွေးယူခြင်းသည် (၅)
မိနစ်မှ (၁၀) မိနစ်အထိသာ ကြာသည်။ သွေးလှူခြင်းဖြစ်စဉ် process တစ်ခုလုံးသည် စာရင်းသွင်းချိန်မှစ၍
အဟာရဖြည့်ပြီး ထွက်ခွာချိန်အထိ ၄၅ မိနစ်မှ ၁ နာရီအထိကြာနိုင်သည်။
- သွေးလှူခြင်းဖြင့်
သင်၏ကိုယ်ခံအားကို မထိခိုက်စေပါ။
- တစ်ဦးခြင်း သွေးလှူရှင်များ၊
ကုမ္ပဏီများ၊ အဖွဲ့အစည်းများအားလုံး မည်သူမဆို သွေးလှူလိုပါက နီးစပ်ရာ Blood Centre ကိုဆက်သွယ်နိုင်ပါသ်ည်။
- Aphaeresis သည်
သွေးထဲတွင် ပါဝင်သော အစိတ်အပိုင်းများကို တိကျစွာနာမည်တပ်၍
လှူဒါန်းခြင်းဖြစ်သည်။ (ဥပမာ။ platelets များလှူဒါန်းခြင်း)
- သွေးလှူဒါန်းခြင်းကြောင့် AIDS နှင့် အခြားသွေးနှင့်ပက်သက်သော
ရောဂါများ မရစေနိုင်ပါ။
- နှလုံးခွဲစိတ်မှုသည် သွေးနီဥဆဲလ်
(၆) ယူနစ်နှင့် platelets (၆)
ယူနစ်ပျမ်းမျှ အသုံးပြုသည်။
- အသည်းအစားထိုး ကုသသော လူနာသည်
သွေးနီဥ (၄၀) ယူနစ်၊ platelets (၃၀)
ယူနစ်၊ cryoprecipitate (၂၀) အိပ်နှင့် အေးခဲထားသည့်
လတ်ဆတ်သော plasma (25) ယူနစ်ပျမ်းမျှ လိုအပ်သည်။
- ရိုးတွင်းခြင်ဆီ
အစားထိုးကုသမှုသည် platelets (20) ယူနစ်နှင့်
သွေးနီဥဆဲလ် (20) ယူနစ်ခန့် ပျှမ်းမျှ လိုအပ်သည်။
- အရေးပြားလောင်ကျွမ်းမှု
ပြင်းထန်စွာခံစားရသူများသည် ကုသမှုခံယူစဉ် platelets
(20) ယူနစ် လိုအပ်သည်။
- သင်သည် အသက်(၁၇) နှစ်မှ စတင်၍
(၅၆) ရက်တစ်ခါ သွေးလှူပါက အသက် (၇၆) နှစ်ပြည့်လျှင် သင်သည် သွေး ၄၈ ဂါလံ
လှူဒါန်းပြီးဖြစ်လိမ့်မည်။
- ဆေးရုံတတ်သူ (၁၀)ဦးအနက် (၁)
ဦးသည်သွေးလိုတတ်သည်။
- သွေးနီဥဆဲလ် သွင်းမှုသည်
ပျှမ်းမျှ 3.4 ယူနစ်ဖြစ်သည်။
- အမျိုးသမီးများသည် သွေးသွင်းမှု
၅၃ ရာခိုင်နှုန်းရရှိပြီး အမျိုးသားများသည် ၄၇ ရာခိုင်နှုန်းလက်ခံရရှိသည်။
စေတနာသွေးလှူရှင်ဆိုသည်မှာ
-
- မိမိဆန္ဒအရ သွေးလှူဒါန်းပြီး၊
ငွေကြေး၊ ပစ္စည်း စသည်များကို ရယူခြင်း မရှိသူများ။
- မိမိမသိသော သွေးလိုအပ်သူများကို
ကူညီရန် သက်သက်သာရည်ရွယ် ချက်ထားသူများ ၊
- ပိုးကင်းစင်သောသွေးသန့်ဖြစ်ရေး၏
အရေးကြီးပုံကို သိရှိနားလည်ပြီး၊သွေးမှ ကူးစက်သောရောဂါများမရှိအောင်၊
ကျန်းမာရေးကောင်းမွန်အောင် မိမိကိုယ်ကို ဆင်ခြင်စောင့်ထိန်း နေထိုင်သူများ၊
- သွေးလုံလောက်စွာရရှိရေးအတွက်
ပုံမှန်လှူဒါန်းသူများ။
- အရေးပေါ်လိုအပ်ပါကလည်း လှူဒါန်းသူများ။
- စသည့်အရည်အချင်းနှင့်ပြည့်
စုံသူများအားလုံးသည်
- ပေးဆပ်နိုင်စွမ်းရှိ၍
စွမ်းဆောင်နိုင်သော
- စွန့်လွှတ်ရဲသူများဖြစ်သည့်
- စေတနာသွေးလှူရှင်များ ဖြစ်ကြသည်။
Who can Donate?
ဘယ်သူတွေသွေးလှူနိုင်ပါသလဲ။
ဘယ်သူတွေသွေးလှူနိုင်ပါသလဲ။
- အသက် (၁၈) နှစ်မှ (၅၅)
နှစ်အကြားရှိ ကျန်းမာရေးကောင်းမွန်သူအားလုံး သွေးလှူဒါန်းနိုင်ပါသည်။
အမျိုးသားများ နှင့် အမျိုးသမီးများအတွက်ကိုယ်အ လေးချိန် ပေါင် (၁၀၀)
အထက်ရှိရမည်။
- လက်တလော ရောဂါဝေဒနာ
ခံစားမှုမရှိခြင်း (နှာစေးချောင်းဆိုး၊ ဆေးမီဝဲမှု မရှိခြင်း) တို့နှင့်ပြည့်စုံသူ
မည်သူမဆို သွေးလှူဒါန်း နိုင်ပါသည်။
Who Shouldnot Donate?
ဘယ်သူတွေသွေးမလှူသင့်သလဲ
ဘယ်သူတွေသွေးမလှူသင့်သလဲ
- ရောဂါဖြစ်နေသူများ၊
ကျန်းမာရေးမကောင်းသူများ၊ အရက် သေစာသောက် ထားသူများနှင့်
ဆေးဝါးကုသခံနေသူများ။
- မူးယစ်ဆေးဝါးသုံး စွဲသူများ၊
အထူးသဖြင့် မူးယစ်ဆေးဝါး အကြောထဲထိုး သူများ။
- လိင်အပျော်အပါး လိုက်စားသူများ၊
ကာလသားရောဂါဖြစ်ဖူးသူများ။
- လွန်ခဲ့သော ၃ နှစ်အတွင်း
ငှက်ဖျားရောဂါခံစားဖူးသူများ။
- လွန်ခဲ့သော ၃ ပတ်အတွင်း ၀က်သက်၊
ပါး ချိတ်ရောင်၊ ရေယုံ၊ ဂျိုက်သိုး၊ ရေကျောက်ဖြစ်သူများ။
- လွန်ခဲ့သော ၂၁ ရက် အတွင်း
ကာကွယ်ဆေး တစ်မျိုးမျိုးထိုးထားသူများ။
- လွန်ခဲ့သော ၆ လအတွင်း
ခွဲစိတ်ကုသခံရသူများ။
- လွန်ခဲ့သော ၆ လ အတွင်းက
ဆေးမင်ကြောင် ထိုးခဲ့ခြင်း၊ နားဖောက်ခဲ့ခြင်း၊
- ဆေးအပ်စိုက်ခဲ့ခြင်း
အစရှိသည်တို့ကိုပြုလုပ်ထားသောသူ များ။
- ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊
နို့တိုက်မိခင်လောင်းများ၊ ရာသီသွေး လာ နေသော အမျိုးသမီးများ။
- လွန်ခဲ့သော (၁)နှစ်အတွင်း
ခွဲစိတ်ကုသမှုခံ ယူခဲ့သူများ။
- လွန်ခဲ့သော တစ်နှစ်အတွင်း
သွေးသွင်းခံရသူများ။
- မိမိ (သို့) မိမိ မိသားစုအတွင်း
အသည်းရောဂါ အသားဝါရောဂါဖြစ်နေ သူများ။
- လွန်ခဲ့သော ၁၄ ရက်အတွင်း
ပဋိဇီဝဆေးဝါးသုံးစွဲခဲ့သူများ။
- လွန်ခဲ့သော ၃ ရက်အတွင်း ဆေး
ဝါးများ မှီဝဲခြင်း ( ဥပမာ - Aspirin,
Ponstan, Antibiotic)
- လွန်ခဲ့သော ၃ လအတွင်း
ကိုယ်အလေးချိန်သိသိသာသာလျော့ကျလာ သူများ။
- လွန်ခဲ့သော ၇ ရက်အတွင်း
ဝမ်းပျက်၊ ၀မ်းလျောရောဂါဖြစ်သူများ။
- လွန်ခဲ့သော ၃ ရက်အ တွင်း
သွားနှုတ်ထားသူများ။
- ပြီးခဲ့သည့်ညက အနည်းဆုံး ၆ နာရီ
အိပ်ရေးဝ အောင်မအိပ်ခဲ့သူများ။
စသည်တို့ဖြစ်ပါသည်...
0 Comments