သင်ရေစုန်မျောနေတယ်။
အနှုတ်လက္ခဏာ
ဆောင်တဲ့ လူတွေနဲ့ ပေါင်းသင်းနေတယ်။
တိုးတက်မှု့ အတွက်
ဦးနှောက်အချောက်မခံဘူး၊
လက်ထဲ မှာပိုင်ဆံမရှိဘူး ၊
မျနာကျတော့
အသေလိုချင်တယ်။
မိဘ နဲ့ ခွဲရမှာ ကိုကြောက်တယ်
ဆွေမျိုးတွေ ရဲ့စကား ကို အမြဲ
နားထောင်တယ်။
ကိုယ့် ကိုယ်ကို ဘယ်တော့မှ ဆုံးဖြတ်ချက်ရဲရဲ မချရဲ ဘူး ၊
ယဉ်ကျေးတယ်ဆိုတာကို အကြောင်းပြပြီး ရှေးရိုးစွဲ တယ်။
ဘ၀ ကို ကံကြမ္မာ
ပေးတဲ့အတိုင်းပဲ အသက်ရှိင်ချင်တယ်။
ထိုးဖောက်ဖို့  ဘယ်တော့ မှ
မစဉ်းစားရဲဘူး။
အရင်းမစိုက်ပဲ အမြတ်များများရတဲ့ အလုပ်ပဲလုပ် ချင်တယ်။
အိမ်မှာ အေးအေးဆေးဆေး နေပြီး လဘ်လာဘ ကောင်းကင်ပေါ်က နေကျလာမှာ ကို
မျှော်လင့် နေတယ်။
ထီပေါက်ဖို့ လောက် ပဲ အိမ်မက် စောင့်နေတတ်တယ်။
အခွင့်အရေး မကြုံဘူး လို့  ခဏခဏ ပြစ်တင်ပြောဆိုတယ်။
တစ်ကယ်အခွင့်
ကြုံလာပြန်တော့ လည်း သင် မဖမ်းထား နိုင်ခဲ့ဘူး။
ဘာကြောင့်လဲ ဆိုတော့ သင်ဖမ်းကို မဖမ်းတတ်လို့ ပါ။
ဒါတွေကြောင့် သင်ဆင်းရဲနေပါတယ်။
ဆင်းရဲတော့
စိတ်အားငယ်တယ် ။
စိတ်သိမ်ငယ်တော့ တွန့်ဆုပ် တွန့် ဆုပ်ဖြစ်တယ်။
ဘာဆို
ဘာမှ မလုပ်ရဲတော့ဘူး ။
ဘာတစ်ခုမှ ကျွမ်းကျင်အောင် လည်းတတ်မြောက်အောင်
မသင်ကြားထားဘူး၊
အဆိုးဘ၀ သံသရာ ကြီးထဲမှာ ဒီလို ပဲ တစ်ဝဲလည်လည်ဖြစ်နေတယ် ။
လူတော်တော် များများဟာ အခွင့် ရှိတုန်း တစ်ခုခုတော့ လုပ် ချင်ပါရဲ့  ၊
အခက်အခဲ နည်းနည်းတွေ့ တာနဲ့ ကိုယ့် ကိုယ် ကိုအကြောင်းပြချက်
သောင်းခြောက်ထောင် နဲ့  ဆုပ်လမ်း ရှာထားပြန်တယ်။
အကြောင်းပြချက်ပေါင်း စုံ
နဲ့  အချိန်ဖြုန်းတီးနေကြပါတယ်။
အများ ဆုံး တွေ့ တတ် တဲ့ ဥပမာ များက တော့…
၁။ ပိုက်ဆံမရှာတတ်ဘူး ။ ။ မှားတယ်။ အမှန် က ပိုက်ဆံ ရှာတတ် တဲ့ ဦးနှောက်
မရှိလို့  ပါ။ စုလည်း မစု ဆောင်းတတ်လို့  ။ ကိုယ့်ကိုယ် ကို လည်း တန်ဖိုး
တက်အောင် မလုပ် လို့  ၊ ဝေးဝေး လည်းမစဉ်းစား တတ်လို့ ။
၂။
အရည်အချင်းမရှိလို့။ ။ မှားတယ်။ ကိုယ့်ကိုယ် ကို မှ မလေ့ကျင်ဘူးဆို ရင်
ဘယ်သူက မွေးကတည်း က အရည်းအချင်းရှိတာလဲ ၊ ဘယ်သူ မှ ဘွဲ့ ရရချင်း
မအောင်မြင်ပါဘူး ။ ဘယ်သူ ကမှ လည်းအလုပ်လုပ်ချင်း မအောင်မြင်ပါဘူး။
လူတစ်ယောက် အောင်မြင်တဲ့ အတိုင်းအတာဟာ သူ ဆုံးရှုံး ခဲ့တဲ့ ပမာဏ နဲ့
တိုက်ရိုက် အချိုးကျတတ်ပါတယ် ။ အလုပ် ကို နည်းနည်းလုပ် ရုံနဲ့ ပျင်းသွား
တယ်။ စာတစ်အုပ်ကို အရွက်နည်းနည်း လှန်ဖတ်လိုက်ရုံ နဲ့ ငြီးငွေ့ သွားတဲ့
လူဟာ ဘယ်မှာ အရည်းအချင်း ရှိလာနိုင်မှာလဲ။
၃။ စကားမပြောတတ်လို့ ။
။မှားတယ် ။ ဘယ်သူက မွေးရာပါ စကားပြောကောင်းနေလို့ လဲ ။ စင်ပေါ်မှာ
စကားပြောကောင်းတဲ့ လူမှန်သမျှ စင်အောက်မှာ အကြိမ်ကြိမ် ကြိုးစားခဲ့ တဲ့
ရလဒ်ကြောင့်ပဲဖြစ်တယ်။
၎။ အချိန်မရှိ လို့ ။ ။ မှား တယ်။
တစ်ရက်တစ်ရက် လက်ကိုင်ဖုန်း ဆော့တဲ့အချိန် ကိုတွက်ကြည့်ပါ။ ဂိန်းဆော့ တဲ့
အချိန် တွေကို တွက်ကြည့် လိုက်ပါ။ စီမံခန့် ခွဲမှု့  ပညာမှာ အချိန်ကို
စီမံခန့် ခွဲမှု့  အတတ်ပညာ ဟာ ပညာအပါဆုံး ဖြစ်တယ်။ မယုံ ရင်
အချိန်မှတ်တမ်းလေး တစ်ခုမှတ်ကြည့်ပါ။ ကိုယ် ဘာလုပ်လုပ် ၊ အချိန်
ကိုမှတ်ကြည့် ၊ နှစ်ပတ်လောက် မှတ်ပြီးရင် ကိုယ်မှတ်ထား တာ ကို
ပြန်ဆန်းစစ်ကြည့်၊ အလုပ်အရမ်းများ ပါတယ်ဆိုတဲ့ လူတွေ တောင်မှ
အချိန်တစ်ဝက်ကျော်ဟာ အရေးသိပ် မကြီး တဲ့ အရာတွေ မှာ အချိန်ပိုကုန် နေတာကို
တွေ့ ရတတ်ပါတယ်။
၅။ ၀ါသနာမပါ လို့ ။ မှားတယ်။ စားမယ်၊ သောက်မယ် ၊
ဆိုင်ထိုင်မယ် ၊ ပွဲလည်မယ်၊ ဘယ်လူငယ်မဆို ၀သနာ ပါမှာပဲ။ အလုပ်ကို
ပင်ပင်ပမ်းပမ်း လုပ်မယ်။ အကြွေးဆပ်မယ်။ ဘတ်စ်ကား တိုးစီးမယ်။
ဘယ်သူဝါသနာပါမှာ လဲ ။ ၀ါသနာ ဆို တာ တစ်ခုခု ကိုကြိုကြိုးစားစား လုပ် လိုက်
လို့ ပြီးမြောက်သွားရင် အဲဒီ ပြီးမြောက်ခြင်းရဲ့  အရသာ ကို ခံစားရင်
ဝါသနာပါသွား တာပဲ။ ၀ါသနာ ဆိုတာ ပျိုးထောင်ရင် ရ ပါတယ်။
၆။စဉ်းစားကြည့်ဦးမယ်။ ။ ဒါအမှားဆုံးပဲ။ အထူးသဖြင့် မသေချာရင်
ခြင်တောင်မရိုက်တတ် တဲ့ လူတန်းစား အတွက်ပြောတာပါ။ ဘာပဲ လုပ်လုပ်၊
တစ်ဝက်သေချာ တယ်လို့  ထင်ရင်စ လို့ ရပြီ။ ရာနှုန်းပြည့် သေချာ တဲ့ အထိ
စောင့် နေရင် အခွင့် အရေး က အဲဒီနေရာမှာ မရှိတော့ဘူး။ စဉ်းစားဦးမယ်။
စဉ်းစားရင်း နဲ့  အိုသွား တဲ့ လူတွေ မနည်းလှ တော့ပါ။
Credit : စာဖတ်ကြရအောင် Page, လီကာရှင်း,Sayar Aung Ko Latt. Ref:WeCha
0 Comments