မေး။ ။ အဘယ့်ကြောင့် ဂါထာခေါ်သလဲ?
မေး။ ။ ဘာကြောင့် စုဏ္ဏိယခေါ်သလဲ?
မေး။ ။ ဘာကြောင့် ပုဒ် ခေါ်သလဲ?
မေး။ ။အစီ,အကုံး,အနှုန်း,အဖွဲ့၌ အနှုန်းဟူသည် ဘာလဲ?
မေး။ ။အဖွဲ့ဆိုတာ ဘာလဲ?
မေး။ ။ဘာကြောင့် ကာရန္တ(ကာရန်)ဟုခေါ်သလဲ?
မေး။ ။ဘာကြောင့် ပကတိဟု ခေါ်သလဲ?
**********************************
မေး။ ။ အဘယ့်ကြောင့် ဂါထာခေါ်သလဲ?
ဖြေ။ ။ဂါထာ-(၈)လုံးလျှင် (၁)ပိုဒ်, (၄)ပိုဒ်လျှင် (၁)ဂါထာ စသည်ဖြင့် ပိုင်းခြား၍ ဆန်းကျမ်း၌
လာသော အစီအစဉ်အတိုင်း ရေးသားစီကုံး
အပ်သည့်အတွက် ရွတ်ဆိုသင့် ရွတ်ဆိုထိုက်
ရွတ်ဆို၍ ချောမောလှပသော......
``အသေဝနာ စ ဗလာနံ (၁),
ပဏ္ဍိတာနဉ္စ သေဝနာ (၂)၊
ပူဇာ စ ပူဇနီယာနံ(၃),
ဧတံ မင်္ဂလ.မုတ္တမံ(၄)´´စသည်ကို `ဂါထာ´ဟု
ခေါ်သည်။`ဂါယိတဗ္ဗာတိ ဂါထာ´ ဂါယိတဗ္ဗာ-
ရွတ်ဆိုအပ် ရွတ်ဆိုထိုက်၏၊ဣတိ-ထို့ကြောင့်၊
ဂါထာမည်၏။
မေး။ ။ ဘာကြောင့် စုဏ္ဏိယခေါ်သလဲ?
ဖြေ။ ။ ဂါထာကဲ့သို့ အက္ခရာကန့်သတ်ချက်,
အပိုဒ်ကန့်သတ်ချက်မရှိသော ပါဠိစကားပြင်
ဟူသမျှကို ယခုကာလ၌ `စုဏ္ဏိယ´ဟု ခေါ်ကြသည်။
မေး။ ။ ပါဠိစီဟူရာ၌ `အစီ´ဟူသည် အဘယ်
နည်း?
ဖြေ။ ။လှပသော ပန်းကလေးများကို တစ်ပွင့်စီ
တစ်ပွင့်စီ စီတန်းထားသကဲ့သို့ ပုဒ်များကို သဒ္ဒါ
နည်းကျကျ စီတန်းမှုကို `အစီ´ဟုခေါ်၏၊၎င်း
အစီကို ပါဠိလို `ရစနာ´ဟု ခေါ်သည်။
မေး။ ။ ဘာကြောင့် ပုဒ် ခေါ်သလဲ?
ဖြေ။ ။ အနက်ကို သိခြင်း၏အကြောင်းဖြစ်
သောကြောင့် ပဒံ (ပုဒ်)မည်သည်။
မေး။ ။ အနက်ကို ဘာတို့ဖြင့် သိရသလဲ?
ဖြေ။ ။ အက္ခရာတို့ဖြင့်သာ သိရမည်။အဓိပ္ပါယ်ကိုလည်း အက္ခရာတို့်ဖြင့်သာ သိရမည်။
မေး။ ။အစီအကုံး၌ `အကုံး´ဟူသည် အဘယ်
ပါလဲ?
ဖြေ။ ။ပန်းများကို တစ်ပွင့်စီ တစ်ပွင့်စီ သီကုံး
ထားသကဲ့သို့ ပုဒ်များကို လှပချောမောအောင်
ရေးသားမှုကို `အကုံး´ဟု ခေါ်သည်။
မေး။ ။အစီ,အကုံး,အနှုန်း,အဖွဲ့၌ အနှုန်းဟူ
သည် ဘာလဲ?
ဖြေ။ ။စကားပြောကောင်းသူသည် ယဉ်ကျေး
သောစကားလုံးကိုသာ သုံးနှုန်းပြောဆိုလေ့ရှိ
သကဲ့သို့ ကောင်းမွန်သော ပါဠိစကားကိုသာ
သုံးနှုန်းရေးသားနိုင်ခြင်းကို `အနှုန်း´ဟု ခေါ်သည်။
မေး။ ။အဖွဲ့ဆိုတာ ဘာလဲ?
ဖြေ။ ။အဖိုးတန်သော ဝတ္ထုများကို ပေါင်းစုဖွဲ့
ထားသကဲ့သို့ ဆိုင်ရာအဓိပ္ပါယ်ကို ဖော်ပြသည့် ပါဠိများကို ပေါင်းစုဖွဲ့ထားခြင်းကို
အဖွဲ့ဟု ခေါ်သည်။ဤ အစီ,အကုံး,အနှုန်း, အဖွဲ့တို့ကို ပါဠိလို `ဗန္ဓ(ဗန္ဓန)ဟု ခေါ်သည်။
မေး။ ။ဘာကြောင့် ကာရန္တ(ကာရန်)ဟုခေါ်
သလဲ?
ဖြေ။ ။(ကာရ+အန္တ၊ကာရ=အက္ခရာ+အန္တ=
အဆုံးရှိသည်)
တည်သောအခါ၌လည်းကောင်း,ပြီးသောအခါ
၌လည်းကောင်း `အ အာ ဣ ဤ ဥ ဥု( ဧ )ဩ
ဗိန္ဓု ´ဟု အက္ခရာရှစ်လုံးတို့တွင် တစ်လုံးလုံး
ဆုံးလျက်ရှိသည်ကို ကာရန္တ(ကာရန်)ဟု ခေါ်သည်။
မေး။ ။ဘာကြောင့် ပကတိဟု ခေါ်သလဲ?
ဖြေ။ ။တစ်စုံတစ်ခု ဝိဘတ် မသက်ခင် ပင်ကို
ပုဒ်အတိုင်းကို ပကတိ ဟုခေါ်သည်။ထို့ကြောင့် ပုရိသသည် အ ကာရန္တပကတိရှိ၏၊ပင်ကို ပုဒ်အတိုင်းမှာ သ၌
`အ´အက္ခရာအဆုံးရှိ၏။
အခြေပြုသဒ္ဒါ နှင့် ပုဒ်စစ်

0 Comments